Pular para o conteúdo
Publicidade

Filhos

Por Bíblia Online  - 

Criar filhos exige paciência diária, escuta atenta e uma dose constante de dependência de Deus. No meio das dúvidas comuns sobre como educar, corrigir e transmitir valores firmes, a Palavra oferece direção prática para o dia a dia da família.

As Escrituras lembram que a responsabilidade de guiar os pequenos passa pelo exemplo, pelo amor paciente e pela transmissão dos princípios divinos. Você encontra orientação para acalmar o coração cansado, firmeza para corrigir com sabedoria e esperança para ver os frutos dessa dedicação ao longo dos anos.

Os filhos são herança do Senhor — bênção e responsabilidade sagrada. A Bíblia orienta sobre a criação dos filhos com amor, disciplina e instrução nos caminhos de Deus.

Herança do Senhor

Os filhos são herança do Senhor e o fruto do ventre é seu galardão. Bem-aventurado o homem que enche deles a sua aljava.

ဖွား​မြင်​သော သား​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဆု​ချ၍ ပေး​သ​နား​တော်​မူ​သော အ​မွေ​ဥ​စ္စာ​ဖြစ်​ကြ၏။ အ​သက်​ပျို​စဉ်၊ ဖွား​မြင်​သော​သား​သ​မီး​တို့​သည် သူ​ရဲ​လက်၌​ရှိ​သော မြား​ကဲ့​သို့ ဖြစ်​ကြ၏။ မိ​မိ​မြား​တောင့်​ကို သူ​တို့​နှင့်​ပြည့်​စေ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ သူ​တို့​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ။ ရန်​သူ​တို့​ကို တံ​ခါး​ဝ၌ ဆီး​တား​ကြ​လိမ့်​မည်။

ထာ​ဝရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း​အ​ကျိုး

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ လမ်း​ခ​ရီး​တော်​သို့​လိုက်​သွား​သ​မျှ​သော သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ ထို​သို့​ပြု​လျှင် သင်​သည် မိ​မိ​လက်​နှင့် လုပ်​ဆောင်၍​ရ​သော​အ​စာ​ကို စား​ရ​လိမ့်​မည်။ မင်္ဂ​လာ​ရှိ၍ ကောင်း​စား​ရ​လိမ့်​မည်။ သင်၏​မ​ယား​သည် သင့်​အိမ်​နား​မှာ များ​စွာ​အ​သီး​သီး​သော စ​ပျစ်​နွယ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊ သား​သ​မီး​တို့​သည် သင့်​စား​ပွဲ​ပတ်​လည်၌ စိုက်​ပျိုး​သော​သံ​လွင်​ပင်​များ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​သည် ထို​သို့​သော​မင်္ဂ​လာ​ရှိ​ရ​လိမ့်​မည်။

ထာ​ဝရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း​အ​ကျိုး

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ လမ်း​ခ​ရီး​တော်​သို့​လိုက်​သွား​သ​မျှ​သော သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ ထို​သို့​ပြု​လျှင် သင်​သည် မိ​မိ​လက်​နှင့် လုပ်​ဆောင်၍​ရ​သော​အ​စာ​ကို စား​ရ​လိမ့်​မည်။ မင်္ဂ​လာ​ရှိ၍ ကောင်း​စား​ရ​လိမ့်​မည်။ သင်၏​မ​ယား​သည် သင့်​အိမ်​နား​မှာ များ​စွာ​အ​သီး​သီး​သော စ​ပျစ်​နွယ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊ သား​သ​မီး​တို့​သည် သင့်​စား​ပွဲ​ပတ်​လည်၌ စိုက်​ပျိုး​သော​သံ​လွင်​ပင်​များ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။

အ​ကျွန်ုပ်​တို့၏​သား​တို့​သည် အ​ရွယ်​ပျို​စဉ်​တွင်၊ ကြီး​ပွား​သော ပျိုး​ပင်​ကဲ့​သို့​လည်း​ကောင်း၊ သ​မီး​တို့​သည် ဘုံ​ဗိ​မာန်​နည်း​တူ ထု​သော တိုက်​ထောင့်​ကျောက်​တိုင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ​စေ​သော။

ထို​သူ၏ သား​မြေး​တို့​သည် မြေ​ပေါ်​မှာ​အား​ကြီး​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​သော သူ​တို့၏​အ​မျိုး​အ​နွယ်​သည် မင်္ဂ​လာ​ရှိ​တတ်၏။

အ​ချင်း​တို့၊ များ​ပြား​စွာ​မွေး​ဖွား​ကြ​လော့။ မြေကြီး​ကို ပြည့်​စေ​၍ နိုင်​ကြ​လော့။ ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ အ​သက်​ရှင်​၍ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အုပ်​စိုး​ကြ​လော့​ဟု​မိန့်​တော်​မူ​၍၊ သူ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။

သား​သ​မီး​အား​ဖြင့်​လည်း​ကောင်း၊ မြေ​အ​သီး​အ​နှံ​အား​ဖြင့်​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​ဖွား​သော သား​ငယ်​အား​ဖြင့်​လည်း​ကောင်း၊ သိုး​နွား အ​စီး​အ​ပွား​အား​ဖြင့်​လည်း​ကောင်း မင်္ဂ​လာ​ရှိ​လိမ့်​မည်။

သင်​သည် လူ​မျိုး​တ​ကာ​တို့​ထက် သာ၍​ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်၍၊ သင်၌​မြုံ​သော ယောက်ျား​မိန်း​မ​တစ်​ယောက်​မျှ၊ တိ​ရ​စ္ဆာန်​တွင် မြုံ​သော​အ​ထီး​အ​မ တစ်​ကောင်​မျှ​မ​ရှိ​ရ။

Instruir e disciplinar

Instrui a criança no caminho em que deve andar, e quando envelhecer não se desviará dele. Disciplina é amor em ação.

သူ​ငယ်​သွား​ရာ​လမ်း​ဝ၌ ဆုံး​မ​သွန်​သင်​လော့။ သို့​ပြု​လျှင် သူ​သည် အို​သော​အ​ခါ ထို​လမ်း​မှ​မ​လွှဲ၊ လိုက်​သွား​လိမ့်​မည်။

မိုက်​သော​သ​ဘော​သည် သူ​ငယ်၏​စိတ်​နှ​လုံး​ထဲ​မှာ ထုပ်​ထား​လျက်​ရှိ၏။ သို့​သော်​လည်း၊ ဆုံး​မ​သော​ကြိမ်​လုံး​သည် ထို​သ​ဘော​ကို ဝေး​စွာ​နှင်​တတ်၏။

ကြိမ်​လုံး​ကို မ​သုံး​သော​သူ​သည် မိ​မိ​သား​ကို မုန်း​ရာ​သို့​ရောက်၏။ သား​ကို​ချစ်​သော​သူ​မူ​ကား၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ဆုံး​မ​တတ်၏။

ကြိမ်​လုံး​နှင့်​ရိုက်​ခြင်း၊ နှုတ်​နှင့် ဆုံး​မ​ခြင်း​အား​ဖြင့် ပ​ညာ​တိုး​ပွား​တတ်၏။ တတ်​တိုင်း​နေ​စေ​သော သူ​ငယ်​သည် အ​မိ​ကို အ​ရှက်​ခွဲ​တတ်၏။

သူ​ငယ်​ကို မ​ဆုံး​မ​ဘဲ မ​နေ​နှင့်။ ကြိမ်​လုံး​နှင့်​ရိုက်​သော်​လည်း သူ​သည်​မ​သေ။

မိ​ဘ​ပေး​သော​အ​ကြံ​ဉာဏ်

ငါ့​သား​တို့၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်၍၊ ဉာဏ်​သ​ဘော​ကို နား​လည်​ခြင်း​ငှာ စေ့​စေ့​မှတ်​ကြ​လော့။

ရှော​လ​မုန်​မင်း​၏သု​တ္တံ​စ​ကား​များ

ရှော​လ​မုန်​မင်း၏​သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊ ပ​ညာ​ရှိ​သော​သား​သည် အ​ဘ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း၊ မိုက်​သော​သား​မူ​ကား၊ အ​မိ​ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ဖြစ်​စေ​တတ်၏။

ယ​နေ့ ငါ​မှာ​ထား​သော​စ​ကား​ကို နှ​လုံး​သွင်း​ရ​မည်။ထို​စ​ကား​ကို သင်၏​သား​သ​မီး​တို့​အား ကြိုး​စား၍​သွန်​သင်​ရ​မည်။ အိမ်၌​ထိုင်​လျက် နေ​သည်​ဖြစ်​စေ၊ ခ​ရီး၌​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိ​သည်​ဖြစ်​စေ၊ ထို​စ​ကား​ကို​ပြော​ရ​မည်။

O amor de Deus por crianças

Deixai vir a mim as crianças. Jesus acolheu, abençoou e honrou as crianças como modelo de fé e humildade.

ယေ​ရှု​သည် မြင်​တော်​မူ​လျှင် အ​မျက်​တော်​ထွက်၍၊ ထို​သူ​ငယ်​တို့​ကို ငါ့​ထံ​သို့​လာ​ပါ​လေ​စေ။ မ​ဆီး​တား​ကြ​နှင့်။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။-

သင်​တို့​သည် အ​ဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သား​တို့​အား ကောင်း​သော​အ​ရာ​ကို ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဆု​တောင်း​သော​သူ​တို့​အား ကောင်း​သော​အ​ရာ​ကို​သာ၍ ပေး​တော်​မူ​မည် မ​ဟုတ်​လော။-

ယေ​ရှု​သည်​လည်း အ​စဉ်​အ​တိုင်း​ကြီး၍ ပ​ညာ​တိုး​ပွား​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၊ လူ​တို့​ရှေ့​မှာ မျက်​နှာ​ရ​တော်​မူ၏။

အ​ဘ​သည် သား​တို့​ကို သ​နား​စုံ​မက်​သည်​နည်း​တူ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြောက်​ရွံ့​သော​သူ​တို့​ကို သ​နား​စုံ​မက်​တော်​မူ၏။

ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ

ဘု​ရား​သ​ခင်၏ သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ငါ​တို့​သည်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ လော​ကီ​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​ကြောင့်၊ ငါ​တို့​ကို​လည်း မ​သိ​ကြ။-

Bênção e promessa

O Senhor te abençoe e te guarde. Os filhos dos justos serão abençoados e suas gerações caminharão na retidão.

ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​ကို​ကောင်း​ချီး​ပေး၍ စောင့်​မ​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​မျက်​နှာ​တော်​အ​လင်း​ကို​လွှတ်၍ က​ရု​ဏာ​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​မျှော်​ကြည့်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ​စေ​သော​ဟု

ထို​ကြောင့် ဘု​ရား​သ​ခင်​သည်​မိုး​ကောင်း​ကင်၏​နှင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး၏​ဆီ​ဥ​ကို​လည်း​ကောင်း၊ များ​စွာ​သော​ဆန်​စ​ပါး၊ စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ သင့်​အား​ပေး​တော်​မူ​စေ​သ​တည်း။ သူ​တစ်​ပါး​တို့​သည်​သင်၌​ကျွန်​ခံ၍၊ အ​ပြည်​ပြည်​တို့​သည် သင့်​ရှေ့​မှာ ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည် သင်၏​ညီ​အစ်​ကို​တို့၌​အ​ရှင်​ဖြစ်၍၊ သင့်​အ​မိ​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကျိန်​ဆဲ သော​သူ​အ​ပေါင်း​တို့​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​ကို​ခံ​ရ​ကြ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​လေ၏။

အ​ကြောင်း​မူ​ကား၊ ရေ​ငတ်​သော​သူ​အ​ပေါ်​မှာ ရေ​ကို ငါ​သွန်း​လောင်း၍၊ သွေ့​ခြောက်​သော​မြေ​ကို ရေ​လွှမ်း​မိုး​စေ​မည်။ သင်၏ အ​မျိုး​အ​ပေါ်​မှာ ငါ့​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ သင်၏​အ​နွယ်​အ​ပေါ်​မှာ ငါ့​ကောင်း​ချီး​မင်္ဂ​လာ​ကို​လည်း​ကောင်း ငါ​သွန်း​လောင်း​မည်။ သူ​တို့​သည်​လည်း ရေ​မြောင်း​အ​နား​မှာ မိုး​မ​ခ​ပင်​ကဲ့​သို့၊ မြက်​ပင်​ထဲ​တွင် ပေါက်​ကြ​လိမ့်​မည်။

သင်၏​သား​သ​မီး​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်၍၊ များ​စွာ​သော စည်း​စိမ်​ချမ်း​သာ​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။

သင့်​ကို အ​မိ​ဝမ်း​ထဲ၌ ငါ​မ​ဖန်​ဆင်း​မီ သင့်​ကို​ငါ​သိ​ပြီ။ မ​ဖွား​မီ​က​ပင် သင့်​ကို ငါ​သန့်​ရှင်း​စေ၍၊ လူ​အ​မျိုး​မျိုး​တို့​အ​ဖို့၊ ပ​ရော​ဖက်​အ​ရာ၌ ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။

သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​မည်။ ကိုယ်​အ​ကျိုး​အ​လို​ငှာ​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော သား​သ​မီး​တို့၏ အ​ကျိုး​အ​လို​ငှာ​လည်း​ကောင်း၊ ငါ့​ကို အ​စဉ် ကြောက်​ရွံ့​စေ​ခြင်း​ငှာ တ​ညီ​တ​ညွတ်​တည်း ကျင့်​ကြံ​နိုင်​သော​သ​ဘော​ကို ငါ​ပေး​မည်။

ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကျောက်​ကပ်​ကို​ပင် ဖန်​ဆင်း၍၊ အ​မိ​ဝမ်း​ထဲ​မှာ အ​ကျွန်ုပ်​ကို ဖုံး​အုပ်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။ မ​ထင်​ရှား​သော အ​ရပ်၌ အ​ကျွန်ုပ်​ကို​ဖန်​ဆင်း၍၊ မြေ​ကြီး​အောက်​အ​ရပ်၌ စေ့​စပ်​စွာ ပြု​ပြင်​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်၏​ကိုယ်​ခ​န္ဓာ​သည် ရှေ့​တော်၌ ထင်​ရှား​လျက်​ရှိ​ပါ၏။ မ​စုံ​လင်​သေး​သော အ​ကျွန်ုပ်၏​အ​လုံး​အ​ထွေး​ကို​လည်း ကိုယ်​တော်​သည် ကြည့်​ရှု၍ မြင်​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​ကို ပြု​ပြင်၍ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​မီ​ကာ​လ​တွင်၊ ကိုယ်​တော်၏​စာ​ရင်း၌ အ​ကုန်​အ​စင်​မှတ်​သား​လျက် ရှိ​ကြ​ပါ၏။

အ​ကျွန်ုပ်​သည် ဖွား​က​တည်း​က​ပင် လက်​တော်​သို့​ရောက်​ပါ၏။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​ပြီ။

ဖြောင့်​မတ်​သော​သူ​သည် စွန့်​ပစ်​ခြင်း​ကို​ခံ​ရ​သည်​အ​ကြောင်း၊ သူ၏​သား​မြေး​တို့​သည် တောင်း၍​စား​ရ​သည်​အ​ကြောင်း​ကို ငါ​သည် အ​သက်​ပျို​သည်​ကာ​လ​မှ​စ၍ အို​သည်​တိုင်​အောင် မ​မြင်​စ​ဖူး။ သူ​သည် အ​စဉ်​သ​နား​သော​စိတ်​ရှိ​သည်​နှင့်၊ သူ​တစ်​ပါး​တို့​အား ချေး​ငှား​တတ်​သည်​ဖြစ်၍၊ သူ၏​သား​မြေး​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ၏။

သား​မြေး​တို့​မှ မ​ဝှက်​မ​ထား။ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​နှင့် တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​ကို​လည်း​ကောင်း၊ ဖြစ်​လ​တ္တံ့​သော​သူ​တို့​အား ဖော်​ပြ​ကြ​မည်။

မြေး​တို့​သည် အ​သက်​ကြီး​သော​သူ၏ သ​ရ​ဖူ​ဖြစ်၏။ သား​တို့၏​ဘုန်း​ကား အ​ဘ​တည်း။

ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​လမ်း​သို့​လိုက်၍၊ သူ၏​သား​စဉ်​မြေး​ဆက်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

Criação e obediência

Pais, criai vossos filhos na disciplina e instrução do Senhor. Filhos, obedecei a vossos pais — isto é justo e agradável a Deus.

သား​သ​မီး​နှ​င့်​မိ​ဘ

သား​သ​မီး​တို့၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​အ​ညီ မိ​ဘ​စ​ကား​ကို နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား ကို​နား​ထောင်​ခြင်း​အ​မှု​သည် တ​ရား​သော​အ​မှု ဖြစ်၏။- မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ဤ​ပ​ညတ်​တော်​ကား၊ သင်​သည် ပြည်​တော်၌ ကောင်း​စား၍ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း ဟူ၍ က​တိ​တော်​နှင့်​ဆိုင်​သော ပ​ထ​မ​ပ​ညတ်​ဖြစ်၏။-

အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​ညီ​သော ဆုံး​မ သွန်​သင်​ခြင်း​ကို​ပြု​လျက် ကျွေး​မွေး​ကြ​လော့။

သား​သ​မီး​တို့၊ မိ​ဘ​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား​ကို နား​ထောင်​ခြင်း​အ​မှု​သည် သ​ခင်​ဘု​ရား နှစ်​သက်​တော်​မူ​သော အ​မှု​ဖြစ်၏။-

အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ ထို​သို့​ပြု​လျှင်၊ သူ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။

သင်​တို့​သည် ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​လျှင်၊ သား​တို့​ကို​ပြု​သ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ပြု​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ အ​ဘ​မ​ဆုံး​မ​သော​သား တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။- သား​အ​ပေါင်း​တို့​သည် ခံ​တတ်​သော​ဆုံး​မ​ခြင်း​ကို သင်​တို့​သည် မ​ခံ​ဘဲ​နေ​လျှင်၊ သား​ရင်း​မ​ဟုတ်၊ မင်း​ဦး မင်း​လွင်​ရ​သော သား​ဖြစ်​ကြ၏။-

သား​မြေး​ရှိ​သော မု​ဆိုး​မ​ဖြစ်​လျှင်၊ ထို​သား​မြေး​တို့​သည် ရှေ့​ဦး​စွာ ဘု​ရား​ဝတ်​ကို ရည်​မှတ်​လျက်၊ မိ​မိ​အိမ်​ကို ပြု​စု၍ မိ​ဘ​ဘိုး​ဘွား၌ ကျေး​ဇူး​ဆပ်​ခြင်း​ငှာ သင်​ကြ​စေ။ ထို​အ​မှု​သည် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော​အ​မှု​ဖြစ်၏။-

မိန်း​မ​သည်​သား​ကို ဖွား​စဉ်​အ​ခါ ဖွား​ရ​သော​အ​ချိန်​စေ့​သော​ကြောင့် ဝမ်း​နည်း​ခြင်း​ရှိ၏။ ဖွား​မြင်​ပြီး​မှ ဤ​လော​က၌ လူ​တစ်​ယောက်​ကို​ဖွား​မြင်​သော​ကြောင့် ဝမ်း​မြောက်​ခြင်း​ရှိ၍၊ အ​ထက်​ခံ​ရ​သော​ဝေ​ဒ​နာ​ကို မေ့​လျော့​တတ်၏။-

ရန်​သူ​လု​ယူ​ရာ​ဖြစ်​မည်​ဟု သင်​တို့​ဆို​သော​သူ​ငယ်​များ၊ ထို​အ​ခါ ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား​မ​သိ​နိုင်​သေး​သော သား​သ​မီး​များ​တို့​သည် ထို​ပြည်​ကို ဝင်​စား၍၊ ငါ​ပေး​သည်​အ​တိုင်း သိမ်း​ယူ​ကြ​လိမ့်​မည်။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.