Fim do mundo
A Bíblia fala sobre o fim do mundo como evento certo e definitivo. Céus e terra passarão, mas as palavras de Jesus jamais passarão. A questão não é se, mas quando.
Os céus passarão
Os céus e a terra passarão, mas as palavras de Jesus permanecerão para sempre. O mundo presente é temporário.
ကောင်းကင်နှင့် မြီကြီး ပျောက်ကွယ်လားသော်လည်း၊ ငါ့စကားသည် တစ်ခါလည်း ကွယ်ပျောက်လားလိမ့်မည် မဟုတ်ချေ။
လူသား ကြွလာတော်မူခြင်း
"ဤဒုက္ခကပ်ဆိုးကြီးကာလ ကုန်ဆုံးလားပြီးနောက် မကြာခင်မှာ နီကို မိုက်လားစီပြီးလျှင် လသည် မိမိ၏အလင်းရောင်ကို ပီးလိမ့်မည် မဟုတ်။ ကြယ်တိသည် အာကာပြင်မှ ကြွီကျကြပြီးလျှင် ကောင်းကင်တန်ခိုးများကို တုန်လှုပ်စီလိမ့်မည်။
မသိနိုင်သော အချိန်ကာလ
"သို့သော်လည်း ထိုနိ့ရက်ကာလနှင့် ပတ်သက်၍ ဇာသူလည်း မသိ — ကောင်းကင်တမန်များသော်လည်းကောင်း၊ သားတော်သော်လည်းကောင်း မသိကြ၊ သို့သော်လည်း အဖ တစ်ပါးတည်းသာ သိတော်မူ၏။
ထိုနိ့ရက် အချိန်ကို မည်သူမျှ မသိ
"သို့သော်၊ ယင်းအမှုအရာများ ဖြစ်ပျက်မည့် ကာလအချိန်ကိုကား — ခမည်းတော်မှတစ်ပါး ဇာသူမျှမသိ၊ ကောင်းကင်တမန်တိလည်း မသိ၊ သားတော်လည်းမသိ။
O dia do Senhor
O dia do Senhor virá como ladrão. Os céus passarão com grande estrondo, e os elementos se dissolverão no fogo.
သို့ရာတွင် သူခိုးလာသကဲ့သို့ သခင်ဘုရား၏ နိ့ရက်သည် ရောက်လာလိမ့်မည်။ ထိုနိ့ရက်၌ မိုးကောင်းကင်သည် အသံမြည်ဟီးလျက် ကွယ်ပျောက်လားလိမ့်မည်။ ကောင်းကင်နှင့်ဆိုင်သော အရာများသည်လည်း လောင်ကျွမ်းကြလိမ့်မည်။ ထိုအခါ မြီကြီးနှင့်တကွ ဟိသမျှသောအရာအားလုံးသည် ပျောက်ကွယ်လားလိမ့်မည်။
သို့သော်လည်း ဘုရားသခင်သည် အဂုဟိသော မိုးကောင်းကင်နှင့် မြီကြီးကို မီးအားဖြင့် ဖျက်ဆီးသည့် နိ့တိုင်အောင် ဘုရားသခင်၏ အမိန့်တော်အားဖြင့် ဆက်လက် တည်စီတော်မူပေ၏။ ဘုရားတရားမဲ့သော သူရို့အား တရားစီရင်၍ ဖျက်ဆီးခြင်းကို ခံရမည့်နိ့တိုင်အောင် ထိုအရာများကို ထိန်းသိမ်းလျက်ဟိ၏။
ဤအရာ အားလုံးသည် ဤသို့ ပျက်စီးလားရမည် ဖြစ်သောကြောင့် သင်ရို့သည် မည်သို့သောသူတိ ဖြစ်သင့်ကြသနည်း။ သင်ရို့သည် သန့်ယှင်းစွာ အသက်ရှင်လျက် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်းအားဖြင့်၊ ဘုရားသခင်၏နိ့ရက်ကို စောင့်မျှော်၍ ထိုနိ့ရက် အယင် ရောက်လာစီရန် အကောင်းဆုံး ကြိုးစားအားထုတ်လျက်နိန်ကြလော။ ထိုနိ့ရက်၌ မိုးကောင်းကင်သည် မီးလောင်ကျွမ်း၍ ဖျက်ဆီးခံရပြီးလျှင် မိုးကောင်းကင်နှင့်ဆိုင်သော အရာများသည်လည်း အပူကြောင့် အရည်ပျော် ကြလိမ့်မည်။
သခင်ဘုရား ကြွလာတော်မူချိန်အတွက် အဆင်သင့်ပျင်ထားပါ
ညီအစ်ကိုမောင်နှမရို့၊ ဤအမှုအရာများ ဖြစ်ပျက်လာမည့် အချိန်ကာလများအကြောင်းကို သင်ရို့အား ရီးသားရန် မလိုယာ။ အကြောင်းမူကား သခင်ဘုရား၏ နိ့ရက်သည် ညဉ့်အခါ၌ သူခိုးလာသကဲ့သို့ ရောက်လာလိမ့်မည်ဖြစ်ကြောင်းကို သင်ရို့ကိုယ်တိုင် ကောင်းစွာ သိကြ၏။ "အရာရာတိုင်းသည် ငြိမ်ဝပ်ခြင်းနှင့် လုံခြုံမှုဟိ၏" ဟု လူတိပြောဆိုနိန်စဉ်တွင် ကိုယ်ဝန်ဆောင်မိန်းမ၌ သားဖွားခြင်း ဝေဒနာ ရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူရို့ပါးသို့ ရုတ်ကနဲ ရောက်လာ၍ သူရို့သည် လွတ်မြောက်ကြလိမ့်မည် မဟုတ်။ သို့ရာတွင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့မူကား မှောင်မိုက်ထဲ၌ မဟိသောကြောင့် ထိုနိ့ရက်သည် သင်ရို့ပါးသို့ သူခိုးကဲ့သို့ အထိတ်တလန့် ရောက်လာမည် မဟုတ်။ သင်ရို့အားလုံးသည် အလင်း၏ သားသမီးတိ၊ နိ့၏ သားသမီးတိ ဖြစ်ကြ၏။ ငါရို့သည် ညတွင်လည်းကောင်း၊ မှောင်မိုက်တွင်လည်းကောင်း ကျင်လည်သောသူတိ မဟုတ်။
သို့ရာတွင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့မူကား မှောင်မိုက်ထဲ၌ မဟိသောကြောင့် ထိုနိ့ရက်သည် သင်ရို့ပါးသို့ သူခိုးကဲ့သို့ အထိတ်တလန့် ရောက်လာမည် မဟုတ်။ သင်ရို့အားလုံးသည် အလင်း၏ သားသမီးတိ၊ နိ့၏ သားသမီးတိ ဖြစ်ကြ၏။ ငါရို့သည် ညတွင်လည်းကောင်း၊ မှောင်မိုက်တွင်လည်းကောင်း ကျင်လည်သောသူတိ မဟုတ်။ သို့ဖြစ်၍ ငါရို့သည် အခြားသူတိကဲ့သို့ အိပ်ပျော်လျက်မနိန်ကြဘဲ၊ သမ္မာသတိဖြင့် နိုးကြားလျက် နိန်ကြရမည်။ အကြောင်းမူကား အိပ်ပျော်တတ်သောသူရို့သည် ညအချိန်၌ အိပ်တတ်ကြ၏၊ သီရည်သီရက်နှင့် မူးယစ်တတ်သော သူရို့သည် ညအချိန်၌ မူးယစ်တတ်ကြ၏။ သို့ရာတွင် ငါရို့သည် နိ့အချိန်၌ ကျင်လည်သောသူတိ ဖြစ်ကြသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ကယ်တင်ခြင်းခံရရန် မျှော်လင့်ခြင်းတည်းဟူသော သံခမောက်ကို ဆောင်းကာ သမ္မာသတိဟိကြကုန်အံ့။ အကြောင်းမူကား ဘုရားသခင်သည် ငါရို့အား အမျက်တော်သင့်စီရန် ရွီးကောက်တော်မူသည် မဟုတ်။ ငါရို့၏ အသျှင် ယေသျှုခရစ်အားဖြင့် ကယ်တင်ခြင်း ခံရကြစီရန် ရွီးကောက်တော်မူ၏။
Destruição e renovação
O Dia do Senhor trará juízo sobre os ímpios, mas também novos céus e nova terra onde habita a justiça.
ထို့နောက် သိုးသူငယ်တော်သည် ဆဋ္ဌမတံဆိပ်ကို ဖွင့်သောအခါ မြီငလျင်ပြင်းစွာ လှုပ်လေ၏။ နီသည် အမွီးဖြင့်ရက်ထားသော လျှော်တေအဝတ်ကဲ့သို့ မည်းနက်လာ၏။ လတစ်ခုလုံးသည်လည်း သွီးကဲ့သို့ နီလာ၏။ အာကာပြင်၌ဟိသော ကြယ်များသည် လီပြင်းဒဏ်ကြောင့် သင်္ဘောသဖန်းပင်မှ ကြွီကျလားသော သင်္ဘောသဖန်းသီး အစိမ်းများကဲ့သို့ မြီကြီးထက်သို့ ကျကြကုန်၏။
မြီကြီးသားရို့အား လှည့်ဖြားသော နတ်မိစ္ဆာဟူ၍ လည်းကောင်း၊ စာတန်မာရ်နတ်ဟူ၍ လည်းကောင်း ခေါ်ဝေါ်ခြင်းကို ခံရသူ ရှိ့ဟောင်း မြွီနဂါးကြီးသည် မိမိ၏ ကောင်းကင်တမန်တိနှင့်အတူ မြီကြီးထက်သို့ ပစ်ချခြင်းကို ခံရလေ၏။
လူသား ကြွလာတော်မူမည့်အကြောင်း
"နီ၊ လ၊ ကြယ်နက္ခတ်များ၌ ပုဗ္ဗနိမိတ်တိ ထင်ရှားလိမ့်မည်။ မြီကြီးထက်၌လည်း လူမျိုးအသီးသီးရို့သည် သမုဒ္ဒရာလှိုင်းတံပိုး ကြီးခြင်းကြောင့် မငြိမ်မသက်ဖြစ်ခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်း ဖြစ်ကြလိမ့်မည်။ လူတိက ကမ္ဘာမြီကြီး၌ ကျရောက်လတ္တံ့သော ကပ်ဖီးများကို မျှော်ကြည့်၍ ကြောက်လန့်ကာ မိ့မောကြလိမ့်မည်။ အကြောင်းမူကား ကောင်းကင်တန်ခိုးများ တုန်လှုပ်ကြသောကြောင့် ဖြစ်၏။
နိုးနိုးကြားကြားနီ၍ အစဉ်မပြတ် ဆုတောင်းကြလော့။ အကြောင်းမူကား ကျရောက်လာမည့်ဖီးနှင့် ကင်းလွတ်ပြီး လူသား၏ရှိ့တော်မှောက်၌ မတ်မတ်ရပ်နိုင်မည် အကြောင်းတည်း" ဟု မိန့်တော်မူ၏။
ကောင်းကင်သစ်နှင့် မြီကြီးသစ်
ထို့နောက် ကောင်းကင်သစ်နှင့် မြီကြီးသစ်ကို ငါ မြင်ရ၏။ ယခင်က ကောင်းကင်နှင့် မြီကြီးကား ပျောက်ကွယ်လားလေယာ။ ပင်လယ်သမုဒ္ဒရာသည်လည်း မဟိယာ။ ဘုရားသခင်၏ သန့်ယှင်းသောမြို့တည်းဟူသော ယေရုဆလင်မြို့သစ်ကို ငါမြင်၏။ ထိုမြို့သည် သတို့သားအဖို့ လှပစွာ ဆင်ယင်ထားသည့် သတို့သမီးကဲ့သို့ အဆင်သင့် ပျင်ဆင်လျက်၊ ဘုရားသခင်ထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ငါမြင်ရ၏။ ငါသည် ပလ္လင်တော်မှ ကျယ်လောင်သော အသံတစ်သံကို ကြားရ၏။ ထိုအသံကား "အဂုအခါ ဘုရားသခင်သည် လူသားရို့၌ ကိန်းဝပ်တော်မူယာ။ ကိုယ်တော်သည် သူရို့နှင့်အတူ ကိန်းဝပ်တော်မူလိမ့်မည်။ ထိုသူရို့သည် ကိုယ်တော်၏လူတိ ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်ပင်လျှင် သူရို့နှင့်အတူ ဟိနိန်တော်မူပြီး သူရို့၏ဘုရားဖြစ်လိမ့်မည်။ ကိုယ်တော်သည် သူရို့၏ မျက်ရည်ဟိသမျှကို သုတ်တော်မူလိမ့်မည်။ နောက်တဖန် သီဆုံးခြင်း၊ ဝမ်းနည်းပူဆွီးခြင်း၊ ငိုကြွီးခြင်းနှင့် နာကျင်ခြင်းများသည် မဟိရ။ ရှိ့ဖြစ်ဖူးသော အရာများသည် ပျောက်ကွယ်လားယာ" ဟု ဆို၏။
ပလ္လင်တော်ထက်တွင် စံတော်မူသောအသျှင်က "အဂုအခါ၌ ခပ်သိမ်းသော အရာများကို ငါ အသစ်ဖန်ဆင်းယာ" ဟု မိန့်တော်မူ၏။ ကိုယ်တော်က "ဤစကားများသည် သစ္စာစကား၊ ဟုတ်မှန်သောစကား ဖြစ်၏၊ ရီးမှတ်၍ ထားလော့" ဟု ငါ့အား မိန့်တော်မူ၏။