Pular para o conteúdo
Publicidade

Sinais do fim dos tempos

Por Bíblia Online  - 

Olhar para o noticiário e para o mundo ao redor muitas vezes traz uma sensação de instabilidade e cansaço. A violência cresce, as relações se esfriam e a confusão parece dominar a sociedade, gerando dúvidas legítimas sobre o rumo da história humana. Diante desse cenário, a Bíblia não deixa você sem respostas e aponta claramente para os acontecimentos que antecedem o retorno de Cristo.

As Escrituras orientam a sua atenção para o que realmente importa, substituindo o medo pela sobriedade e vigilância. Conhecer essas profecias ajuda a firmar o coração na esperança correta, mantendo a fé firme e a vida pronta para o dia em que o Senhor voltará para buscar o seu povo.

A Bíblia descreve sinais que precederão a volta de Jesus. Guerras, falsos mestres, sinais cósmicos e a pregação do evangelho a todas as nações — tudo aponta para o fim dos tempos.

Sinais proféticos

Este evangelho do Reino será pregado em todo o mundo e então virá o fim. Os sinais dos últimos tempos já se manifestam.

နိုင်ငံတော်နဲ့ဆိုင်လဲ့ သတင်းကောင်း အကျောန်းဟို ကမ္ဘာတဝန်းလုံးဆိ လူမျိုးအပေါင်းလို့အား သက်သေခံ ဟောပြောပင်းမှ ကပ်ကမ္ဘာကုန်ဆုံးချိန် ရောက်လိမ့်မယ်။

ထိတ်လန့်စက်ဆုတ်ဖွယ်ကောင်းလဲ့အရာ

(မာကု ၁၃.၁၄–၂၃; လုကာ ၂၁.၂၀–၂၄)

"အေးနေ့ရက်ရဲ့ ဆင်းရဲဒုက္ခများ ကျရောက်လာပင်းနောက် ခုတုံးပင် နေဟ မိုက်သွားလိမ့်မယ်။ လဟ အလင်းရောင်ပေးလိမ့်မယ် မဟုတ်၊ ကြယ်များဟလည်း ခေါန်းခင်မှ ကြွေလိမ့်မယ်။ ခေါန်းခင်လည်း တုန်လှုပ်ကြလိမ့်မယ်။ အဲပင်းရင် လူသားရဲ့ နိမိတ်လက္ခဏာဟ မိုးခေါန်းခင်တွင် ပေါ်ထွန်းလာလိမ့်မယ်။ မိုးချေးသားဟိုစီးလျက် ကြီးသောဘုန်းတန်ခိုးတော်ဖြင့် လူသားကြွလာတာဟို မြေကြီးပေါ်ဆိ လူအပေါင်းလို့ဟ မျော်ကြသောအခါ ငိုကြွေးမြည်တမ်း ကြလိမ့်မယ်။ အေးနောက် လူသားဟ ကြီးမားသော တံပိုးခရာသံနဲ့အတူ မိမိရဲ့ခေါန်းခင်တမန်များအား အရပ်လေးမျက်နှာဟို စေလွတ်ယွေ့ ကမ္ဘာမြေကြီးတစွန်းမှ တစွန်းအထိဆိကြသော ကိုယ်တော် ရွေးချယ်ထားသော သူလို့ဟို စုသိမ်းစေလိမ့်မယ်။

သင်္ဘောသဖန်းပင် ပုံဥပမာ

(မာကု ၁၃.၂၈–၃၁; လုကာ ၂၁.၂၉–၃၃)

သို့ဖြစ်ယွေ့ သတိနဲ့စောင့်နေကြလော့၊ ပစာကို့ နင်လို့ရဲ့ အဆှင်ဟ ပစာအခါ ကြွလာမယ်ဟို နင်လို့ မသိကြ။ အိုင်ဆှင်ဟ သူခိုးလာမယ့် အချိန်ဟိုသာ သိရရင် သတိနဲ့နေလျက် မိမိနေအိုင်ဟို သူခိုးဖောက်ခွင့်ပြုမယ် မဟုတ်ကျောန်း နင်လို့ သိမှတ်ကြလော့။ အဲလိုမို့ လူသားဟ နင်လို့ မထင်မှတ်သော အချိန်နှိုက် ကြွလာမယ် ဖြစ်ယွေ့ နင်လို့ဟလည်း အဆင့်သင့်ဆိနေကြလော့။

သစ္စာဆိသောကျွန်နဲ့ သစ္စာမဆိ သောကျွန်

(လုကာ ၁၂.၄၁–၄၈)

နင်လို့အား ငါပေးသမျှသော ပညတ်လို့ဟို စောင့်ထိန်းကြစေရန် သူလို့အား သွန်သင်ကြလော။ ငါဟ ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောန် နင်လို့နဲ့အတူ အစဉ်မပြတ် ဆိမယ်" ဟု မိန့်အယ်။

"အဲလိုလဲ နေ့ရက် အဲဟာမဟုတ်ရင် နာရီရဲ့ အကျောန်းဟို ခမည်းတော်မှတပါး စသူမှ မသိ။ ခေါန်းခင်ဘုံဆိ ခေါန်းခင်တမန်များ မသိ၊ သားတော်လည်း မသိ။

Os últimos dias

Nos últimos dias virão tempos difíceis, homens amantes de si mesmos. Mas derramarei o meu Espírito sobre toda a carne.

နောက်ဆုံးသော ကာလ

နောက်ဆုံးသော ကာလလို့နှိုက် ခဲယဉ်းသော အချိန်ကာလများ ကျရောက်မယ်ဖြစ်ကျောန်း သိမှတ်လော့။ အကျောန်းမှာ လူလို့ဟ မိမိတတ်တိုင်း ချစ်သောသူ၊ ပိတ်ဆန်ဟို တပ်မက်စွဲလန်းသောသူ၊ ဝါကြွားသောသူ၊ မာနထောင်လွှားသောသူ၊ စော်ကားပြောဆိုသောသူ၊ မိဘစကားဟို နားမထောင်သောသူ၊ ကျေးဇူးမသိသောသူနဲ့ မသန့်ဆှင်းသောသူ၊ ကြင်နာစိတ်ကင်းမဲ့သောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ကုန်းတိုက်တတ်သောသူ၊ မိမိစိတ်ဟို မချုပ်တည်းနိန်သောသူ၊ ကြမ်းကြုတ်သောသူ၊ ကောင်းသောအမှုဟို မုန်းသောသူ၊ သစ္စာဖောက်သောသူ၊ မဆင်မခြင်ပြုသောသူ၊ မောက်မာသောသူ၊ ဘုရားသခင်ဟို နှစ်သက်တာထက် ကာမဂုဏ်ခံစားခြင်းဟို သာယွေ့ နှစ်သက်သောသူ၊ ဘုရားဝတ်နှိုက် မွေ့လျော်ဟန်ဆိသော်လည်း ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းရဲ့ တန်ခိုးဟို ငြင်းပယ်သောသူများ ဖြစ်ကြလိမ့်မယ်။ အဲသူလို့ဟို ဆှောင်လော့။

" ‘ဘုရားသခင် ပြောတာဟ နောက်ဆုံးသော နေ့ရက်များမှာ ငါ လုပ်မဲ့အရာဟ ဟေလို ဖြစ်လိမ့်မယ်၊

လူတိုင်းအပေါ်ဟို ငါရဲ့ ဝိညာဉ်တော် သွန်းလောင်းမယ်။

နင်လို့ရဲ့ အောင်နီငယ်များနဲ့ မိနီငယ်များဟ ငါရဲ့ သတင်းစကားဟို ဟောပြောလိမ့်မယ်၊

လူငယ်များဟ ဗျာဒိတ် ရူပါရုံများဟို မျော်ရကြလိမ့်မယ်၊

အားပင်း လူအိုလို့ဟ အိပ်မက်များ မက်ကြလိမ့်မယ်။

ဟုတ်အယ်၊ ငါရဲ့ အစေခံများ ယောက်ျားနဲ့ မိန်းမများတောင်မှ

ငါရဲ့ ဝိညာဉ်တော်ဟို အေးနေ့ရက်များမှာ သွန်းလောင်းလိမ့်မယ်၊

အားပင်း သူလို့ဟ ငါရဲ့ သတင်းစကားဟို ဟောပြောကြလိမ့်မယ်။

အထက် မိုးခေါန်းခင်တွင် အံ့ဩဖွယ်သော အရာများဟို လည်းကောင်း၊

အားပင်း အောက်အရပ် မြေကြီးပေါ်တွင် နိမိတ်လက္ခဏာများဟို ငါ ပြလိမ့်မယ်၊

အသွေး၊ မီး၊ မီးခိုးတည်းဟူသော အတိတ်နိမိတ်များ ဖြစ်လိမ့်မယ်။

အဆှင်ရဲ့ နေ့ထူးနေ့မြတ်ကြီး မရောက်ခင်

နေဟ မိုက်အတိ ဖြစ်လိမ့်မယ်၊

လဟ အသွေးလိုမျိုး အနီရောင် ပြောင်းသွားလိမ့်မယ်။

အေးနောက်၊ အဆှင်ဟို ခေါ်သောလူ စသူမဆို ကယ်တင်ခြင်းဟို ခံရကြလိမ့်မယ်’

ဟု ဟောပြောခဲ့အယ်။

Esperança e prontidão

O dia do Senhor virá como ladrão. Mas nós não somos das trevas — estejamos sóbrios, vigiliando e esperando.

သခင်ဘုရားရဲ့ သွန်သင်ချက်ဟ အခု ငါလို့သင်ကြားသောအရာ ဖြစ်အယ်၊ သခင်ဘုရား ကြွလာသောနေ့နှိုက် အသက်ဆှင်လျက် ဆိကြသူ ငါလို့ဟ သေသောသူလို့ထက် အရင်ရောက်ကြလိမ့်မယ် မဟုတ်။ ကြွေးကြော်အမိန့်ပေးသံ၊ ခေါန်းခင်တမန်ရဲ့အသံ၊ ဘုရားသခင်ရဲ့ တံပိုးမှုတ်သံ၊ သခင်ဘုရား တတ်တိုင်း ခေါန်းခင်ဘုံမှ ဆင်းသက်လာလိမ့်မယ်။ ခရစ်တော်ကို ယုံကြည်ပင်း သေဆုံးသွားသူများဟ ဦးရင်ဆုံး ထမြောက်ကြလိမ့်မယ်။ အေးနောက် အသက်ဆှင်လျက် ကျန်ရစ်သော ငါလို့ဟ အာကာသခေါန်းခင်နှိုက် သခင်ဘုရားနဲ့တွေ့ဆုံရန် အေးသူလို့နဲ့အတူ မိုးချေးသားအားဖြင့် ချီဆောင်ခြင်း ခံရကြလိမ့်မယ်။ ဟေလို့ဖြင့် ငါလို့ဟ သခင်ဘုရားနဲ့ အမြဲတမ်းနေရကြလိမ့်မယ်။ အေးလို့မို့ ဟေစကားများအားဖြင့် အချင်းချင်း ခွန်အားပေးကြလော့။

အဲလိုမို့ ငါလို့ဟ တခြားသောသူများလိုမျိုး အိပ်မွေယွေ့ မနေရကြပေမဲ့ သမ္မာသတိဆိလျက် နိုးကြားစွာ စောင့်နေကြစို့။ အကျောန်းမှာ အိပ်မွေနေလဲ့သူလို့ဟ ညအခါနှိုက် အိပ်မွေတတ်ကြပင်း အရက်မူးလဲ့သူလို့ဟလည်း ညအခါနှိုက် မူးတတ်ကြအယ်။ အဲလိုလဲ နေ့ရဲ့ ပိုင်ဆိုင်သော ငါလို့ဟ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာလို့ဟို ရင်အုပ်တန်ဆာအဖြစ် ဝတ်ဆင်လျက် ကယ်တင်ခြင်းနှိုက် မျှော်လင့်ခြင်းဟို သံခမောက်အဖြစ်ဆောင်းကာ သမ္မာသတိ ဆိကြကုန်စို့။ အကျောန်းမှာ ဘုရားသခင်ဟ ငါလို့ဟို အူထော့တာ သက်ရောက်စေရန် သတ်မှတ်ထားတာ မဟုတ်ဘဲ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ရဆိစေရန် သတ်မှတ်ထားအယ်။

သတိနဲ့ စောင့်နေရန် လိုအပ်ခြင်း

"နင်လို့ဟ ကိုယ်ကိုကိုယ် သတိပြုကြလော့။ အေးလို့မဟုတ် အစားသောက်လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နေလုံး ပင်ပန်းလျက်နေစဉ် အဲနေ့ရက်ဟ အမှတ်တမဲ့ နင်လို့ဆေ ရောက်လာလိမ့်မယ်။ အေးနေ့ရက်ဟ ကမ္ဘာပေါ်ဆိ လူအပေါင်းလို့ အပေါ်ဟို ရောက်လာလိမ့်မယ်။ အေးလိုမို့ ကျရောက်လာလိမ့်မယ် ဖြစ်သော အမှုအရာလို့နဲ့ ကင်းလွတ်ယွေ့ လူသားရဲ့ ဆေ့နှိုက် မတ်တတ်ရပ်နိန်ရန် နိုးနိုးကြားကြား ဆိပင်း အစဉ် ဆုတောင်းလျက် စောင့်နေကြလော့" ဟု ပြောလေအယ်။

အဲလိုလဲ ချစ်သောသူလို့ ထာဝရဘုရားအတွက် နေ့ရက်တရက်ဟ အနှစ်တထောင်လိုမျိုး လည်းကောင်း၊ အနှစ်တထောင်ဟ နေ့ရက်တရက်လိုမျိုး လည်းကောင်း ဖြစ်အယ်ဟူသော အချက်တခုဟို မမေ့လျော့ကြနဲ့။ နှောင့်နှေးတာဟု အချို့လို့ဟ မှတ်ယူသလိုမျိုး ထာဝရဘုရားဟ ကတိတော်ဟို နှောင့်နှေးစေတာ မဟုတ်။ စသူမျှ မပျက်စီးဘဲ လူတိုင်း နောင်တရစေရန် အလိုတော် ဆိယွေ့ နင်လို့အပေါ် စိတ်ဆှည်သည်းခံလျက် နေခြင်းသာ ဖြစ်အယ်။

အဲလိုလဲ သခင်ဘုရားရဲ့ နေ့ရက်ဟ သူခိုးလာသလိုမျိုး ရောက်လာလိမ့်မယ်။ အဲနေ့ရက်နှိုက် ခေါန်းခင်ဟ ကျယ်လောင်သော အသံဖြင့် ကွယ်ပျောက်သွားယွေ့ လောကဓာတ်လို့ဟ ပြင်းထန်သော အပူရှိန်ဖြင့် ပျက်သုဉ်းသွားလိမ့်မယ်။ မြေကြီးမှစယွေ့ ၎င်းပေါ်နှိုက် ပြုလုပ်သော အရာလို့ဟလည်း လောင်ကျွမ်းလိမ့်မယ်။ အေးအရာအားလုံးလို့ဟ အေးလို့ ပျက်သုဉ်းသွားမယ် ဖြစ်သောကျောန့် နင်လို့ဟ စလိုသောသူများ ဖြစ်သင့်လုန်း။ နင်လို့ဟ သန့်ဆှင်းစွာ အသက်ဆှင်နေထိန်လျက် ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းအားဖြင့်၊ သခင်ဘုရားရဲ့ နေ့ရက်ဟို စောင့်မျှော်ယွေ့ အေးနေ့ရက်ရဲ့ ရောက်ဆိလာခြင်းဟို လျင်မြန်စေသင့်အယ်။ အေးနေ့နှိုက် ခေါန်းခင်ဟ လောင်မြိုက်ခြင်းဟို ခံရလျက် ပျက်သုဉ်းသွားလိမ့်မယ်။ လောကဓာတ်လို့ဟလည်း ပြင်းထန်သော အရှိန်ဖြင့် အရည်ပျော်သွားကြလိမ့်မယ်။ အဲလိုလဲ ငါလို့ဟ ဘုရားသခင်ရဲ့ ကတိတော်အတိုင်း ဖြောင့်မတ်ခြင်းတရား ကိန်းဝပ်ရာ ခေါန်းခင်သစ်နဲ့ မြေကြီးသစ်ဟို စောင့်မျှော်နေကြအယ်။

လျှို့ဝှက်နက်နဲသောအရာ တခုဟို နားထောင်ကြလော့။ ငါလို့အားလုံးဟ သေလွန်သွားကြမယ် မဟုတ်။ ငါလို့ဟ နောက်ဆုံး တံပိုးမှုတ်သောအခါ တခဏချင်း မျက်စေ့တမှိတ် အတွင်းနှိုက် ပြောင်းလဲခြင်းသို့ ရောက်ကြမယ်။ အဲတံပိုးမှုတ်ချိန် ရောက်သောအခါ သေလွန်သောသူလို့ဟ ဆှင်ပြန်ထမြောက်ကြယွေ့ သေခြင်းနဲ့ ထာဝရ ကင်းလွတ်ကြလိမ့်မယ်။ ငါလို့အားလုံးလည်း ပြောင်းလဲကြမယ်။

ခေါန်းခင်သစ်နဲ့ မြေကြီးသစ်

အဲပင်းရင် ခေါန်းခင်သစ်နဲ့ မြေကြီးသစ်ဟို ငါ မျော်ရအယ်။ အကျောန်းမှာ ပထမ ခေါန်းခင်နဲ့ ပထမ မြေကြီးဟ ပျောက်ကွယ်သွားယွေ့ ပင်လယ်ဟလည်း မဆိ။ တဖန် သန့်ဆှင်းသော ယေရုရှလင်မြို့သစ်ဟ သတို့သားအတွက် ဆင်မြန်းထားလဲ့ သတို့သမီးလို ပြင်ဆင်လျက် ဘုရားသခင်ဆေ ခေါန်းခင်မှ ဆင်းသက်လာတာဟို ငါ မျော်ရအယ်။ အဲပင်းရင် ပလ္လင်တော်မှ အသံအကျယ်ရီးဖြင့် "ကျေ့လော့၊ ဘုရားသခင်ရဲ့ တဲတော်ဟ လူလို့တွင် ဆိယွေ့ ကိုယ်တော်ဟ သူလို့နဲ့အတူ ကျိန်းဝပ်လိမ့်မယ်။ သူလို့ဟလည်း ကိုယ်တော်ရဲ့ လူမျိုးတော် ဖြစ်ကြပင်း ဘုရားသခင်တတ်တိုင်း သူလို့နဲ့အတူ ဆိယွေ့ သူလို့ရဲ့ ဘုရားသခင် ဖြစ်ကြလိမ့်မယ်။ ကိုယ်တော်ဟ သူလို့ရဲ့ မျက်စေ့မှ မျက်ရည်ဆိသမျှလို့ဟို သုတ်ပေးလိမ့်မယ်။ သေခြင်းဟ ဆိတော့မှာ မဟုတ်၊ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ် ငိုကခြင်းနဲ့ နာကျင်ခြင်း ဝေဒနာလို့ဟလည်း ဆိတော့မှာ မဟုတ်၊ အကျောန်းမှာ မခင် ဖြစ်ခဲ့လဲ့အရာလို့ဟ ပျောက်ကွယ်သွားကြပီ" ဟု ဆိုတာဟို ငါ ကြားရအယ်။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.