Sinais do fim dos tempos
A Bíblia descreve sinais que precederão a volta de Jesus. Guerras, falsos mestres, sinais cósmicos e a pregação do evangelho a todas as nações — tudo aponta para o fim dos tempos.
Sinais proféticos
Este evangelho do Reino será pregado em todo o mundo e então virá o fim. Os sinais dos últimos tempos já se manifestam.
နိုင်ငံတော်နှင့်ပတ်သက်သော ဤသတင်းကောင်းကို လူမျိုးအပေါင်းရို့အား သက်သီခံ၍ တစ်ကမ္ဘာလုံး၌ ဟောပြောကတ်လိမ့်မည်။ ထို့နောက် ကပ်ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။
လူသား ကြွလာတော်မူခြင်း
"ဤဒုက္ခကပ်ဆိုးကြီးကာလ ကုန်ဆုံးလားပြီးနောက် မကြာခင်မှာ နီကို မိုက်လားစီပြီးလျှင် လသည် မိမိ၏အလင်းရောင်ကို ပီးလိမ့်မည် မဟုတ်။ ကြယ်တိသည် အာကာပြင်မှ ကြွီကျကြပြီးလျှင် ကောင်းကင်တန်ခိုးများကို တုန်လှုပ်စီလိမ့်မည်။ ထို့နောက် လူသား၏နိမိတ်လက္ခဏာသည် အာကာပြင်၌ ပေါ်ထွန်းလာလိမ့်မည်။ ကောင်းကင်တိမ်တိုက်များထက်တွင် ကြီးမြတ်သောဘုန်းတန်ခိုးတော်နှင့် ကြွလာတော်မူသော လူသားကို မြင်ကြသောအခါ မြီကြီးထက်၌ဟိသော လူမျိုးနွယ်စုအားလုံးသည် ဝမ်းနည်းကြီကွဲကြလိမ့်မည်။ ထို့နောက် လူသားသည် ကျယ်လောင်သော တံပိုးမှုတ်သံဖြင့် သူ၏ကောင်းကင်တမန်များကို စီရွှတ်လိမ့်မည်၊ ထိုအခါ ကောင်းကင်တမန်များသည် မိမိရွီးကောက်ထားသောသူတိကို ကောင်းကင်တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် အရပ်လေးမျက်နှာမှ စုသိမ်းကြလိမ့်မည်။
"ထို့ကြောင့် သင်ရို့၏သခင်ဘုရားသည် ဇာနိ့မှာ ကြွလာမည်ကို မသိသောကြောင့် သင်ရို့သည် သတိနှင့် စောင့်ကြည့်နိန်ကြလော့။ သူခိုးလာမည့်အချိန်ကို အိမ်သျှင် သိလျှင် သူသည် သတိနှင့် စောင့်ကြည့်နိန်သောကြောင့် ထိုသူခိုးသည် မိမိအိမ်ကို ဖောက်ထွင်းခွင့် ရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သင်ရို့ မမျှော်လင့်သောအချိန်မှာ လူသားသည် ကြွလာမည်ဖြစ်၍ သင်ရို့သည်လည်း အဆင်သင့် ဖြစ်နိန်ကြရမည်။
ငါသည် သင်ရို့အား ပီးထားသမျှသော ပညတ်တော်တိကို စောင့်ထိန်းကြစီခြင်းငှာ သူရို့အား ဆုံးမဩဝါဒ ပီးကြလော့။ ငါသည် ကပ်ကမ္ဘာ ကုန်သည့်တိုင်အောင် သင်ရို့နှင့်အတူ အမြဲတမ်း ဟိနိန်လိမ့်မည်" ဟု မိန့်တော်မူ၏။
ထိုနိ့ရက် အချိန်ကို မည်သူမျှ မသိ
"သို့သော်၊ ယင်းအမှုအရာများ ဖြစ်ပျက်မည့် ကာလအချိန်ကိုကား — ခမည်းတော်မှတစ်ပါး ဇာသူမျှမသိ၊ ကောင်းကင်တမန်တိလည်း မသိ၊ သားတော်လည်းမသိ။
Os últimos dias
Nos últimos dias virão tempos difíceis, homens amantes de si mesmos. Mas derramarei o meu Espírito sobre toda a carne.
နောက်ဆုံးသော အချိန်ကာလ
နောက်ဆုံးသော နိ့ရက်များသည် ခဲယဉ်းသော ကာလများဖြစ်လာမည် ကို သိမှတ်လော့။ တစ်ကိုယ်ကောင်းဆန်သူ၊ ငွီကို တပ်မက်သောသူ၊ ကြွားဝါသောသူ၊ မာနထောင်လွှားသောသူ၊ ကျိန်ဆဲတတ်သောသူ၊ မိဖ၏စကားကို နားမထောင်သောသူ၊ ကျေးဇူးမသိတတ်သောသူ၊ မသန့်ယှင်းသောသူ၊ မေတ္တာတရားကင်းမဲ့သောသူ၊ ခွင့်မလွှတ်တတ်သောသူ၊ အခြင်းပြောတတ်သောသူ၊ ကိုယ့်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ အကြမ်းဖက်သောသူ၊ ကောင်းမြတ်သည့်အရာကို မုန်းသောသူ၊ သစ္စာဖောက်သောသူ၊ ဆင်ခြင်တုံတရားကင်းမဲ့သောသူ၊ မိမိကိုယ်ကို အထင်ကြီးသောသူများနှင့် ဘုရားဝတ်၌ မွိ့ပျော်ခြင်းထက် လောကီပျော်မွိ့ခြင်းကို သာ၍ နှစ်သက်သောသူတိ ပေါ်လာကြလိမ့်မည်။ ထိုသူရို့သည် ဘုရားဝတ်၌ မွိ့လျော်ယောင် ဆောင်ကြသော်လည်း ဘုရားသျှင်၏တန်ခိုးတော်ကို ငြင်းပယ်ကြ၏။ ထိုကဲ့သို့သော သူတိကို ယှောင်ယှားလော့။
" ‘ဘုရားသခင် မိန့်တော်မူသည်ကား နောက်ဆုံးသောနိ့တွင်၊
ငါသည် လူအပေါင်းရို့အထက်၌ ငါ့ဝိညာဉ်တော်ကို သွန်းလောင်းမည်။
သင်ရို့၏ သားသမီးရို့သည် ငါ့နှုတ်ကပါတ်တရားတော်ကို ဟောပြောကြလိမ့်မည်။
သင်ရို့၏ လူငယ်တိ ဗျာဒိတ်ရူပါရုံကို ရကြပြီးလျှင်၊
သင်ရို့၏ လူအိုတိလည်း အိပ်မက်တိကို မြင်မက်ရကြလိမ့်မည်။
ထိုနိ့ရက်၌ ငါ၏အခိုင်းအစီ ယောက်ျားနှင့် မိန်းမတိအထက်၌
ငါ့ဝိညာဉ်တော်ကို သွန်းလောင်းပြီးလျှင်၊
သူရို့သည် ပရောဖက်ဉာဏ်ဖြင့် ဟောပြောကြလိမ့်မည်။
အာကာပြင်ထက်၌ နိမိတ်လက္ခဏာတိကိုလည်းကောင်း၊
အောက်အရပ် မြီကြီးထက်၌ အံ့သြဖွယ်ရာတိ ဖြစ်ကြသော
သွီး၊ မီးလျှံ၊ မီးခိုးလုံး စသည်ရို့ကိုလည်းကောင်း ငါပြမည်။
သခင်ဘုရား၏ ထူးမြတ်သောနိ့ မကျရောက်ခင်၊
နီမင်းသည် မှောင်မိုက်အတိ ဖြစ်၍
လသည်လည်း သွီးကဲ့သို့ နီလိမ့်မည်။
ထိုအခါ သခင်ဘုရားထံ ကူညီမစခြင်းကို တောင်းခံကြသောသူမှန်သမျှသည် ကယ်တင်တော်မူခြင်းကို ခံရလိမ့်မည်’ ဟူ၍ ဟောပြောခ၏။
Esperança e prontidão
O dia do Senhor virá como ladrão. Mas nós não somos das trevas — estejamos sóbrios, vigiliando e esperando.
အဂု ငါရို့သည် သင်ရို့အား သခင်ဘုရား၏ သွန်သင်တော်မူချက်ကို ဖော်ပြလိုသည်မှာ သခင်ဘုရား ကြွလာတော်မူသောနိ့၌ အသက်ရှင်လျက်ဟိကြသော ငါရို့သည် သီလွန်ပြီးသောသူတိထက် အလျင် ရောက်ကြလိမ့်မည် မဟုတ်။ အကြောင်းမူကား ကြွေးကြော်ခြင်းနှင့်တကွ ကောင်းကင်တမန်မင်း၏ အသံ၊ ဘုရားသခင်၏ တံပိုးမှုတ်သံတိကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှ ဆင်းသက် ကြွလာတော်မူလိမ့်မည်။ ခရစ်တော်ကို ယုံကြည်၍ သီလွန်ပြီးသောသူများသည် ဦးစွာ ထမြောက်ကြလိမ့်မည်။ ထို့နောက် အသက်ရှင်လျက် ကျန်ခသော ငါရို့သည် အာကာသ၌ သခင်ဘုရားနှင့် တွိ့ဆုံရန် ထိုသူရို့နှင့်အတူ မိုးတိမ်အားဖြင့် ချီဆောင်ခြင်းကို ခံရကြလိမ့်မည်။ ဤသို့ဖြင့် ငါရို့သည် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် ဟိကြလိမ့်မည်။ သို့ဖြစ်၍ ဤစကားများဖြင့် တစ်ယောက်ကို တစ်ယောက် အားပီးတိုက်တွန်းကြလော့။
သို့ဖြစ်၍ ငါရို့သည် အခြားသူတိကဲ့သို့ အိပ်ပျော်လျက်မနိန်ကြဘဲ၊ သမ္မာသတိဖြင့် နိုးကြားလျက် နိန်ကြရမည်။ အကြောင်းမူကား အိပ်ပျော်တတ်သောသူရို့သည် ညအချိန်၌ အိပ်တတ်ကြ၏၊ သီရည်သီရက်နှင့် မူးယစ်တတ်သော သူရို့သည် ညအချိန်၌ မူးယစ်တတ်ကြ၏။ သို့ရာတွင် ငါရို့သည် နိ့အချိန်၌ ကျင်လည်သောသူတိ ဖြစ်ကြသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ကယ်တင်ခြင်းခံရရန် မျှော်လင့်ခြင်းတည်းဟူသော သံခမောက်ကို ဆောင်းကာ သမ္မာသတိဟိကြကုန်အံ့။ အကြောင်းမူကား ဘုရားသခင်သည် ငါရို့အား အမျက်တော်သင့်စီရန် ရွီးကောက်တော်မူသည် မဟုတ်။ ငါရို့၏ အသျှင် ယေသျှုခရစ်အားဖြင့် ကယ်တင်ခြင်း ခံရကြစီရန် ရွီးကောက်တော်မူ၏။
သတိနှင့်နီရန် လိုအပ်ခြင်း
"သင်ရို့သည် သောက်စားမူးယစ်ခြင်း၊ လောကီမှုအတွက် စိုးရိမ်ပူပန်ခြင်းများနှင့် အချိန်မကုန်စီရန် သတိနန့် နိန်ကြလော့။ သို့မဟုတ် ငါပြန်ကြွလာမည့် ထိုနိ့ရက်သည် ထောင်ချောက်ပိုင် သင်ရို့ပါးသို့ ရုတ်တရက် ရောက်လာလိမ့်မည်။ အကြောင်းမူကား ထိုနိ့ရက်သည် လောက၌ဟိသော လူသားအားလုံးကို အုပ်မိလိမ့်မည်။ နိုးနိုးကြားကြားနီ၍ အစဉ်မပြတ် ဆုတောင်းကြလော့။ အကြောင်းမူကား ကျရောက်လာမည့်ဖီးနှင့် ကင်းလွတ်ပြီး လူသား၏ရှိ့တော်မှောက်၌ မတ်မတ်ရပ်နိုင်မည် အကြောင်းတည်း" ဟု မိန့်တော်မူ၏။
သို့သော်လည်း ငါ့ အဆွီရို့၊ သခင်ဘုရားအတွက် တစ်ရက်သည် နှစ်တစ်ထောင်ကဲ့သို့ လည်းကောင်း၊ နှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့ လည်းကောင်း ဖြစ်သည်ကို မမိ့လျော့ကတ်ကေ့။ လူတချို့ ထင်မှတ်ထားသည့်အတိုင်း သခင်ဘုရားသည် မိမိ၏ ကတိတော်အရာ၌ ကြန့်ကြာတော် မူသည်မဟုတ်။ မည်သူတစ်ယောက်မျှ မပျက်စီးနိုင်ဘဲ လူတိုင်း အပြစ်မှ နောင်တရစီရန် အလိုတော်ဟိသောကြောင့် သင်ရို့ကို စိတ်ရှည်သည်းခံတော်မူ၏။
သို့ရာတွင် သူခိုးလာသကဲ့သို့ သခင်ဘုရား၏ နိ့ရက်သည် ရောက်လာလိမ့်မည်။ ထိုနိ့ရက်၌ မိုးကောင်းကင်သည် အသံမြည်ဟီးလျက် ကွယ်ပျောက်လားလိမ့်မည်။ ကောင်းကင်နှင့်ဆိုင်သော အရာများသည်လည်း လောင်ကျွမ်းကြလိမ့်မည်။ ထိုအခါ မြီကြီးနှင့်တကွ ဟိသမျှသောအရာအားလုံးသည် ပျောက်ကွယ်လားလိမ့်မည်။ ဤအရာ အားလုံးသည် ဤသို့ ပျက်စီးလားရမည် ဖြစ်သောကြောင့် သင်ရို့သည် မည်သို့သောသူတိ ဖြစ်သင့်ကြသနည်း။ သင်ရို့သည် သန့်ယှင်းစွာ အသက်ရှင်လျက် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်းအားဖြင့်၊ ဘုရားသခင်၏နိ့ရက်ကို စောင့်မျှော်၍ ထိုနိ့ရက် အယင် ရောက်လာစီရန် အကောင်းဆုံး ကြိုးစားအားထုတ်လျက်နိန်ကြလော။ ထိုနိ့ရက်၌ မိုးကောင်းကင်သည် မီးလောင်ကျွမ်း၍ ဖျက်ဆီးခံရပြီးလျှင် မိုးကောင်းကင်နှင့်ဆိုင်သော အရာများသည်လည်း အပူကြောင့် အရည်ပျော် ကြလိမ့်မည်။ သို့ရာတွင် ငါရို့သည် ဘုရားသခင်၏ ကတိထားတော်မူသော ဖြောင့်မတ်ခြင်းတရား ကိန်းဝပ်ရာ ကောင်းကင်သစ်နှင့် မြီကြီးသစ်ကို စောင့်မျှော်လျက် နိန်ကြ၏။
နားထောင်ကြလော့။ နက်နဲသော အရာကို သင်ရို့အား ငါပြောဦးမည်။ ငါရို့အားလုံးသည် အိပ်ပျော်ကြရမည် မဟုတ်။ သို့သော် နောက်ဆုံး တံပိုးခရာမှုတ်သောအခါ မျက်စိတစ်မှိတ်လျှပ်တပြတ်၌ ပြောင်းလဲကြမည်။ အကြောင်းမူကား တံပိုးခရာမှုတ်သောအခါ အိပ်ပျော်သောသူရို့သည် ရှင်ပြန်ထမြောက်ကြ၍ သီခြင်းတရားနှင့် အစဉ် ကင်းလွတ်ကြ လိမ့်မည်။ ငါရို့အားလုံးသည်လည်း ပြောင်းလဲကြမည်။
ကောင်းကင်သစ်နှင့် မြီကြီးသစ်
ထို့နောက် ကောင်းကင်သစ်နှင့် မြီကြီးသစ်ကို ငါ မြင်ရ၏။ ယခင်က ကောင်းကင်နှင့် မြီကြီးကား ပျောက်ကွယ်လားလေယာ။ ပင်လယ်သမုဒ္ဒရာသည်လည်း မဟိယာ။ ဘုရားသခင်၏ သန့်ယှင်းသောမြို့တည်းဟူသော ယေရုဆလင်မြို့သစ်ကို ငါမြင်၏။ ထိုမြို့သည် သတို့သားအဖို့ လှပစွာ ဆင်ယင်ထားသည့် သတို့သမီးကဲ့သို့ အဆင်သင့် ပျင်ဆင်လျက်၊ ဘုရားသခင်ထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ငါမြင်ရ၏။ ငါသည် ပလ္လင်တော်မှ ကျယ်လောင်သော အသံတစ်သံကို ကြားရ၏။ ထိုအသံကား "အဂုအခါ ဘုရားသခင်သည် လူသားရို့၌ ကိန်းဝပ်တော်မူယာ။ ကိုယ်တော်သည် သူရို့နှင့်အတူ ကိန်းဝပ်တော်မူလိမ့်မည်။ ထိုသူရို့သည် ကိုယ်တော်၏လူတိ ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်ပင်လျှင် သူရို့နှင့်အတူ ဟိနိန်တော်မူပြီး သူရို့၏ဘုရားဖြစ်လိမ့်မည်။ ကိုယ်တော်သည် သူရို့၏ မျက်ရည်ဟိသမျှကို သုတ်တော်မူလိမ့်မည်။ နောက်တဖန် သီဆုံးခြင်း၊ ဝမ်းနည်းပူဆွီးခြင်း၊ ငိုကြွီးခြင်းနှင့် နာကျင်ခြင်းများသည် မဟိရ။ ရှိ့ဖြစ်ဖူးသော အရာများသည် ပျောက်ကွယ်လားယာ" ဟု ဆို၏။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.