Pular para o conteúdo
Publicidade

Ganância

Por Bíblia Online

O dinheiro e os bens materiais ocupam um espaço enorme na nossa rotina. Quase sem perceber, corremos atrás de segurança, conforto e conquistas, e o que era apenas um meio de sobrevivência pode facilmente se tornar o centro da nossa vida. A busca desenfreada por ter mais cega o olhar e esfria a alma.

As Escrituras tratam desse tema com muita franqueza e sem rodeios. Deus conhece o peso que a ânsia por riquezas exerce sobre você e aponta para um caminho bem diferente, baseado no contentamento genuíno e na confiança diária no cuidado dele, que nunca falha.

A ganância é raiz de todos os males. A Bíblia alerta contra a cobiça, o acúmulo egoísta e o amor ao dinheiro, chamando-nos ao contentamento e à confiança em Deus.

O amor ao dinheiro

O amor ao dinheiro é raiz de todos os males. Quem quer enriquecer cai em tentação, armadilha e desejos insensatos.

အ​ကြောင်း​မူ​ကား၊ ငွေ​ကို​တပ်​မက်​ခြင်း​သည် မ​ကောင်း​သော အ​မှု​အ​ပေါင်း​တို့​တွင် မူ​လ​အ​မြစ်​ဖြစ်​သ​တည်း။ လူ​အ​ချို့​တို့​သည် ငွေ​ကို တပ်​မက်​သော​ကြောင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွှဲ​သွား၍၊ ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​များ​နှင့် ကိုယ်​ကို​ကိုယ် ထုတ်​ချင်း​ခပ်​အောင် ထိုး​ကြ​ပြီ။

ငွေ​ရ​တတ်​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​တို့​သည် အ​ပြစ်​သွေး​ဆောင်​ခြင်း၊ ဖမ်း​မိ​ခြင်း၊ မိုက်​မဲ​ဖျက်​ဆီး​တတ်​သော တပ်​မက်​ခြင်း​များ​ထဲ​သို့ ကျ​ရောက်​တတ်​ကြ၏။ ထို​သို့​သော​အား​ဖြင့် လူ​တို့​သည် အ​ကျိုး​နည်း​ခြင်း၊ ပျက်​စီး​ခြင်း၌ နစ်​မွန်း​တတ်​ကြ၏။-

သ​ခင်​နှစ်​ဦး

အ​ဘယ်​သူ​မျှ သ​ခင်​နှစ်​ဦး​အ​စေ​ကို မ​ခံ​နိုင်။ သ​ခင်​တစ်​ဦး​ကို​မုန်း၍ တစ်​ဦး​ကို​ချစ်​မည်။ သ​ခင်​တစ်​ဦး​ကို မှီ​ခို၍ တစ်​ဦး​ကို မ​ခန့်​မ​ညား​ပြု​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ အ​စေ​ကို​လည်း​ကောင်း၊ လော​ကီ​စည်း​စိမ်၏ အ​စေ​ကို​လည်း​ကောင်း မ​ခံ​နိုင်​ကြ။-

လူဟောင်း​နှင့်​လူ​သစ်

ထို​ကြောင့် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ​ပူ​ပန်​ခြင်း၊ ဆိုး​ညစ်​သော တပ်​မက်​ခြင်း၊ ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း​ဖြစ်​သော လော​ဘ​လွန်​ကျူး​ခြင်း​တည်း​ဟူ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော သင်​တို့၏ ကိုယ်​အင်္ဂါ​တို့​ကို သေ​စေ​ကြ​လော့။-

မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ အ​မျိုး​မျိုး​သော ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း အ​မှု​တို့​ကို သန့်​ရှင်း​သူ​တို့​သည် ရှောင်​သင့်​သည်​အ​တိုင်း၊ စ​ကား​ဖြင့်​မျှ မ​ဆက်​ဆံ​ကြ​နှင့်။-

Contentamento

Tende cuidado e guardai-vos de toda espécie de ganância. A vida de um homem não consiste na abundância dos bens que possui.

ထို​မှ​တစ်​ပါး လော​ဘ​လွန်​ကျူး​ခြင်း​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ စည်း​စိမ်​ရှိ​သော်​လည်း စည်း​စိမ်၌ အ​သက်​မ​တည်​ဟု မိန့်​တော်​မူ၏။

လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ်​ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။-

ကောင်း​ကင်​ဘ​ဏ္ဍာ

သံ​ချေး၊ ပိုး​ရွ​ဖျက်​ဆီး၍ သူ​ခိုး​ထွင်း​ဖောက်​ခိုး​ယူ​ရာ မြေ​ကြီး​ပေါ်​မှာ ဘ​ဏ္ဍာ​ကို မ​ဆည်း​ပူး​ကြ​နှင့်။-သံ​ချေး၊ ပိုး​ရွ မ​ဖျက်​ဆီး၍ သူ​ခိုး​မ​ထွင်း​မ​ဖောက်၊ မ​ခိုး​မ​ယူ​ရာ ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​လော့။-

ငွေ​ရ​တတ်​ခြင်း​ငှာ မ​ကြိုး​စား​နှင့်။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။

လျှပ်​ပေါ်​ခြင်း​အား​ဖြင့် ဥ​စ္စာ​သည်​လျော့​တတ်၏။ ကြိုး​စား​အား​ထုတ်၍ ဆည်း​ပူး​သော​သူ၏​ဥ​စ္စာ​မူ​ကား၊ ပြန့်​ပွား​တတ်၏။

Riqueza ilusória

As riquezas são passageiras. Quem ama o dinheiro nunca terá o suficiente. O contentamento com o que se tem é verdadeira riqueza.

ငွေ​ကို​တပ်​မက်​သော​သူ​သည် ငွေ​နှင့် အ​လို​ဆ​န္ဒ​မ​ပြေ​နိုင်။ စည်း​စိမ်​ကို တပ်​မက်​သော​သူ​သည် စည်း​စိမ် တိုး​ပွား​သော်​လည်း မ​ရောင့်​ရဲ​နိုင်။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။

သို့​မ​ဟုတ်၊ စည်း​စိမ်​ရှင်​သည် အ​မိ​ဝမ်း​ထဲ​က အ​လျှင်း​မ​ပါ​ဘဲ ထွက်​လာ​သ​ကဲ့​သို့၊ ထို​နည်း​တူ ပြန်​သွား​ရ​မည်။ ကြိုး​စား​အား​ထုတ်၍ ရ​သော​ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ လက်​နှင့်​စွဲ​ကိုင်​လျက် ယူ၍​မ​သွား​ရ။

တစ်​နေ့​လုံး တပ်​မက်​အား​ကြီး​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား မ​နှ​မြော​ဘဲ စွန့်​ကြဲ​တတ်၏။

ထို​အ​ကြောင်း​ကြောင့် အ​ခွန်​အ​တုတ်​ကို ပေး​ကြ​လော့။ မင်း​တို့​သည် ဘု​ရား​သ​ခင်၏ အ​မှု​စောင့်​ဖြစ်၍၊ အ​မှု​တော်​ကို အ​မြဲ​ထမ်း​ကြ၏။-

အ​ကျွန်ုပ်​စိတ်​နှ​လုံး​ကို လော​ဘ​ဘက်​သို့​မ​ဟုတ်၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ဘက်​သို့ ဆွဲ​တော်​မူ​ပါ။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.