Gratidão a Deus
A gratidão a Deus é atitude que transforma a vida. Reconhecer que toda boa dádiva vem de Deus nos leva a louvar, servir e viver com alegria e propósito.
Tudo vem de Deus
Toda boa dádiva vem do alto. Agradecer a Deus é reconhecer que Ele é a fonte de toda bênção e sustento.
ဘုရားသခင် ဖန်ဆင်းထားသောအရာ ဆိသမျှဟ သုံးဆောင်ထိုက်တာ ဖြစ်ယွေ့ စလို အစားအစာဟိုမျှ ဆှောင်ကြဉ်ရန် မလိုဘဲ အစားအစာ ဆိသမျှဟို ကျေးဇူးတော် ချီးမွန်းလျက် ခံယူရကြမယ်။
ဘုရားသခင် ဖန်ဆင်းထားသောအရာ ဆိသမျှဟ သုံးဆောင်ထိုက်တာ ဖြစ်ယွေ့ စလို အစားအစာဟိုမျှ ဆှောင်ကြဉ်ရန် မလိုဘဲ အစားအစာ ဆိသမျှဟို ကျေးဇူးတော် ချီးမွန်းလျက် ခံယူရကြမယ်။ အကျောန်းမှာ အဲအရာလို့ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့် လည်းကောင်း၊ သန့်ဆှင်းစေခြင်းဟို ခံရကြသောကျောန့် ဖြစ်အယ်။
ငါ့ဟို ခွန်အားနဲ့ ပြေ့စုံသော ငါလို့ သခင် ခရစ်တော် ယေရှုရဲ့ ကျေးဇူးတော်ဟို ငါ ချီးမွန်းအယ်၊ ပစာကို့ ကိုယ်တော်ဟ ငါ့ဟို အမှုတော် ဆောင်ရွက်ခြင်းအတွက် ခန့်ထားယွေ့ သစ္စာဆိသောသူအဖြစ် မှတ်ယူသောကျောန့် ဖြစ်အယ်။
အဲကျောန့် လူအပေါင်းလို့အတွက် ဆှင်ဘုရင်များနဲ့ အထက်အာဏာပိုင်အားလုံးလို့အတွက် လည်းကောင်း အသနားခံခြင်း၊ ဆုတောင်းခြင်း၊ တောင်းခံခြင်းနဲ့ ကျေးဇူးတော် ချီးမွန်းခြင်းလို့ဟို ပြုရန် ဦးရင် ငါ တိုက်တွန်းနှိုးဆော်အယ်။
နင်လို့ဟ အရာခပ်သိမ်းဟို စိတ်ဆှည်စွာ သည်းခံနိန်စေရန် ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးတော်မှ ရဆိလဲ့ စွမ်းရည်အမျိုးမျိုးဖြင့် ရပ်တည်နိန်ကြပါစေသော။ အဲမှ အလင်း နိုင်ငံတော်တွင် ဘုရားသခင်ရဲ့ လူမျိုးနွယ်အတွက် ထားလဲ့ ကောင်းချီးမင်္ဂလာများဟို နင်လို့အား ခံစားထိုက်သူများဖြစ်သော ခမည်းတော် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ဝမ်းမြောက်စွာ ချီးမွန်းနိန်ကြပါစေသော။
ကိုယ်တော်နှိုက် အမြစ်တွယ်ယွေ့ တည်ဆောက်ခြင်း ခံရကာ နင်လို့ သင်ယူခဲ့လဲ့အတိုင်း ယုံကြည်ခြင်းနှိုက် တည်မြဲစေကြလော။ ကျေးဇူးတော် ချီးမွန်းခြင်းနဲ့ ပြေ့စုံကြလော။
နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခရစ်တော်ရဲ့ ငြိမ်သက်ခြင်း အုပ်စိုးစေကြလော့၊ အကျောန်းမှာ နင်လို့ဟ ဟေငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာ တခုတည်းထဲသို့ ခေါ်ယူခြင်း ခံရကြပီ။ ကျေးဇူးသိတတ်သောစိတ် ဆိကြလော့။
Louvor e gratidão
Louvai ao Senhor e dai-lhe graças! Ele fez maravilhas e é digno de todo louvor e agradecimento.
Expressões de gratidão
Dar graças com oração e súplica. A gratidão se expressa em palavras, atos e atitudes que glorificam a Deus.
ပစာအမှုဟိုမျှ မစိုးရိမ်ဘဲ ခပ်သိမ်းသောအမှုလို့တွင် ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ဆုတောင်းလျက် နင်လို့ လိုသောအရာများဟို ဘုရားသခင်အား ကြားဆှောက်ကြလော့။
ငါလို့ သခင် ယေရှုခရစ်ရဲ့ နာမတော်အားဖြင့်၊ အရာအားလုံးအတွက် ခမည်းတော် ဘုရားသခင်အား အစဉ်အမြဲ ကျေးဇူးတင်ကြလော့။
ညစ်ညမ်းခြင်း၊ ရှုတ်ချခြင်း အဲဟာမဟုတ်ရင် ရိုင်းစိုင်းသောစကားကို သုံးရန်လည်း မသင့်တော်ပါ။ အဲအစား နင်ဟ ဘုရားသခင်ဟို ကျေးဇူးတင်ခြင်းသာ ပြုရမယ်။
အဲအခါ နင်လို့ဟ ရက်ရောစွာ ပေးကမ်းခြင်း အလုံးစုံလို့အတွက် အရာရာနှိုက် ကြွယ်ဝပြေ့စုံသဖြင့် အဲအမှုအရာဟ ငါလို့အားဖြင့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းစရာ ဖြစ်စေအယ်။
ခပ်သိမ်းသောအရာလို့ဟ နင်လို့အတွက် ဖြစ်ကြအယ်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ခံစားရသောသူ ပိုမိုများပြားလာတာနဲ့အမျှ ဘုရားသခင်ရဲ့ ဘုန်းအသရေ ထင်ဆှားစေရန် ချီးမွန်းလဲ့ ဆုတောင်းခြင်းလည်း ပိုမိုများပြားလာလိမ့်မယ်။
အရာရာနှိုက် ကျေးဇူးတော်ဟို ချီးမွန်းကြလော့၊ အကျောန်းမှာ နင်လို့ဟ အေးလို့လုပ်ကြရန် ခရစ်တော် ယေရှုနှိုက် ဘုရားသခင် အလိုဆိအယ်။
"အနန္တတန်ခိုးနဲ့ ပြေ့စုံယွေ့ အခု ဆိလျက် မခင်ဟလည်း ဆိလဲ့ အဆှင် ဘုရားသခင်၊
ကိုယ်တော်ရဲ့ မဟာတန်ခိုးဟို ယူဆောင်ယွေ့
စိုးစံသောကျောန့် ကျေးဇူးတော်ဟို ငါလို့ဟ ချီးမွန်းအယ်။