Gratidão a Deus
A gratidão a Deus é atitude que transforma a vida. Reconhecer que toda boa dádiva vem de Deus nos leva a louvar, servir e viver com alegria e propósito.
Tudo vem de Deus
Toda boa dádiva vem do alto. Agradecer a Deus é reconhecer que Ele é a fonte de toda bênção e sustento.
ဘုရားသခင် ဖန်ဆင်းထားသောအရာအားလုံးသည် ကောင်းမြတ်သည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ခံယူကြလျှင် ငြင်းပယ်စရာဟူ၍ တစ်ခုမျှ မဟိ။
ဘုရားသခင် ဖန်ဆင်းထားသောအရာအားလုံးသည် ကောင်းမြတ်သည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ခံယူကြလျှင် ငြင်းပယ်စရာဟူ၍ တစ်ခုမျှ မဟိ။ အကြောင်းမူကား ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့် လည်းကောင်း ထိုအရာများသည် သန့်ယှင်းစင်ကြယ်လျက် ဟိသောကြောင့်ဖြစ်၏။
ဘုရားသခင်၏ ကရုဏာတော်အတွက် ကျေးဇူးတော်ချီးမွမ်းခြင်း
ငါသည် ငါ၏လုပ်ဆောင်မှုအတွက် ငါ့ကို ခွန်အား ပီးတော်မူသော ငါရို့အသျှင် ခရစ်တော်ယေသျှု၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အကြောင်းမူကား ကိုယ်တော်သည် ငါ့ကို ထိုက်တန်သည်ဟု ထင်မှတ်တော်မူ၍ ကိုယ်တော်အဖို့ အမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်ထားသောကြောင့် ဖြစ်၏။
အသင်းတော် ဝတ်ပြုကိုးကွယ်ခြင်း
သို့ဖြစ်၍ လူအပေါင်းရို့အတွက် ဘုရားသခင်အား အသနားခံခြင်း၊ ဆုတောင်းခြင်း၊ တောင်းပန်ခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းကို ပူဇော်ကြရန် ပထမဦးဆုံးအနေဖြင့် ငါ တိုက်တွန်းလိုက်၏။
ထိုမှတစ်ပါး အလင်းထဲ၌ဟိကြသော သန့်ယှင်းသူရို့ ပိုင်ထိုက်သည့် အမွီများကို သင်ရို့အား ခံစားစီတော်မူသော အဖဘုရားသခင်၏ ကျေးဇူးတော်ကို ဝမ်းမြောက်စွာဖြင့် ချီးမွမ်းနိုင်ကတ်ပါစီ။
သင်ရို့သည် သင်ယူခသည့်အတိုင်း ကိုယ်တော်၌ အမြစ်စွဲ၍ တည်ဆောက်ကာ သင်ရို့၏ ယုံကြည်ခြင်းကို ပို၍ ခိုင်မြဲစီကြလော့။ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်လည်း ပြည့်စုံကြလော့။
သင်ရို့၏ စိတ်နှလုံးထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးပါစီ။ အကြောင်းမူကား ဤငြိမ်သက်ခြင်းအတွက် ခန္ဓာတစ်ခုထဲသို့ သင်ရို့ကို ခေါ်ယူထားတော်မူ၏။ သို့ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
Louvor e gratidão
Louvai ao Senhor e dai-lhe graças! Ele fez maravilhas e é digno de todo louvor e agradecimento.
Expressões de gratidão
Dar graças com oração e súplica. A gratidão se expressa em palavras, atos e atitudes que glorificam a Deus.
ဇာအမှုကိုမျှ မစိုးရိမ်ဘဲ ခပ်သိမ်းသော အမှု၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းပတ္ထနာပြုလျက် သင်ရို့လိုအပ်သော အရာတိကို ဘုရားသခင်အား လျှောက်ထားကြလော့။
ငါရို့ အသျှင်ယေသျှုခရစ်၏ နာမတော်ကို အမှီပြု၍ ခပ်သိမ်းသောအရာများအဖို့ အဖဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြလော့။
ညစ်ညူးသောစကား၊ မိုက်မဲသောစကား၊ မဖွယ်မရာသော စကားများကိုလည်း မပြောဆိုအပ်။ ထိုအရာများထက် ကျေးဇူးတော်ကို ချီးမွမ်းသည့် စကားများကိုသာ ပြောဆိုကြလော့။
သင်ရို့သည် အချိန်တိုင်း၌ ရက်ရောစွာ ပီးကမ်းနိုင်ကြစီရန် ကိုယ်တော်သည် သင်ရို့အား အစဉ် ချမ်းသာကြွယ်ဝ စီတော်မူလိမ့်မည်။ သင်ရို့ ပီးကမ်းသော အလှူများကို ငါရို့ပါးက ခံယူကြသော များစွာသော သူရို့သည်လည်း ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတော်မူကြလိမ့်မည်။
ဤအမှုအရာအားလုံးသည် သင်ရို့၏ အကျိုးအလို့ငှာ ဖြစ်ကြ၏။ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသူ ပို၍ပို၍ တိုးပွားလာသည်နှင့်အမျှ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းသောသူများသည်လည်း ပို၍ များပြားလာသောကြောင့် ဘုန်းတော် ထင်ရှားလာလိမ့်မည်။
အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ဤသည်ကား သင်ရို့အဖို့အလို့ငှာ ခရစ်တော်ယေသျှု၌ ဘုရားသခင် အလိုတော် ဖြစ်၏။
"အတိတ်၊ ပစ္စုပ္ပန်ကာလရို့၌ ဟိတော်မူသော အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော အသျှင်ဘုရားသခင်၊
ကိုယ်တော်သည် မိမိ၏ မဟာတန်ခိုးတော်ကို ယူဆောင်တော်မူလျက်
လောကကို စတင်အုပ်စိုးတော်မူပြီဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။