Homem
A Bíblia fala sobre o homem como criação de Deus — feito à sua imagem e semelhança, mas também frágil, mortal e necessitado de redenção.
Criado à imagem de Deus
Deus criou o homem à sua imagem. Mas pelo pecado, o homem caiu e passou a depender da graça para ser restaurado.
အာဒံနှင့် ခရစ်တော်
အပြစ်တရားသည် လူတစ်ယောက်အားဖြင့် ဤလောကသို့ ဝင်ရောက်လာ၍ ထိုအပြစ်တရားအားဖြင့် သီခြင်းတရားသည် ဝင်ရောက်လာသည်နှင့်အညီ လူသားအားလုံးသည် အပြစ်ပြုကြသည်ဖြစ်သောကြောင့် လူသားအားလုံး၌ သီခြင်းတရားသည် သက်ရောက်ခ၏။
ကျမ်းစာလာသည်ကား "ပထမလူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်လာ၏" ဟု လာ၏။ နောက်ဆုံးဖြစ်သော အာဒံသည်ကား အသက်ရှင်စီတတ်သော ဝိညာဉ်ဖြစ်၏။ ဝိညာဉ်ခန္ဓာသည် အယင်ဦးစွာ ဖြစ်လာသည် မဟုတ်။ ဇာတိခန္ဓာဖြစ်ပေါ်ပြီးမှ ဝိညာဉ်ခန္ဓာ ဖြစ်ပေါ်လာ၏။ ပထမလူအာဒံသည် မြီကြီးမှ ဖန်ဆင်းထားသောသူဖြစ်၏။ ဒုတိယလူမူကား ကောင်းကင်ဘုံမှ လာသောသူဖြစ်၏။ မြီကြီးသားရို့သည် မြီမှုန့်မှ ဖန်ဆင်းထားသောသူနှင့် တူကြ၏။ ကောင်းကင်ဘုံနှင့်ဆိုင်သော လူရို့သည် ကောင်းကင်ဘုံမှ လာသောသူနှင့် တူကြ၏။ ငါရို့သည် မြီကြီးမှ ဖန်ဆင်းထားသူ၏ ပုံသဏ္ဌာန်၌ မွီးဖွားသကဲ့သို့ ကောင်းကင်ဘုံမှ ကြွလာတော်မူသော သူ၏ပုံသဏ္ဌာန်၌လည်း မွီးဖွားခြင်းကို ခံရကြလိမ့်မည်။
Fragilidade humana
O homem nascido de mulher é de poucos dias e cheio de inquietação. Deus conhece nossa fragilidade e cuida de nós.
ကျမ်းချက် တစ်ချက်၌ ဆိုထားသည်မှာ၊
"အို၊ ဘုရားသခင် လူသားသည် ဇာပိုင်သူတိဖြစ်လို့
ကိုယ်တော်သည် သူ့အကြောင်းကို စဉ်းစားနိန်ပါလဲ။ သူ့ကို ဂရုစိုက်နိန်ရပါလဲ။
Renovação e chamado
Despojados do velho homem e revestidos do novo, somos chamados a buscar a justiça, a piedade e o amor.
ထို့ကြောင့် အယင်က ကျင်လည်ခသော လူဟောင်းဘဝကို စွန့်ပစ်ကြလော့။ လိမ်လည်လှည့်ဖြားတတ်သော ဆန္ဒများကြောင့် ပျက်စီးယိုယွင်းတတ်သော လူဟောင်းကို စွန့်ပစ်ကြလော့။ သင်ရို့သည် အသစ်သော စိတ်နှလုံးကို ခံယူပြီးလျှင်၊ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းကို ခံရ၍ သန့်ယှင်းဖြောင့်မတ်ခြင်းတည်းဟူသော စစ်မှန်သော လူသစ်ဖြစ်ကြရမည်။
ကိုယ်တော်သည် ယုဒပညတ်တရားနှင့် စည်းမျဉ်းဥပဒေများကို ပယ်ဖျက်တော်မူသဖြင့် လူမျိုးနှစ်မျိုးကို မိမိ၌ အသစ်သော လူမျိုးတစ်မျိုးကို ဖြစ်စီတော်မူ၏။ ဤနည်း အားဖြင့် ရန်ကို ငြိမ်းစီတော်မူ၏။
တိမောသေအား ပေါလု၏သွန်သင်ဆုံးမခြင်း
သို့သော်လည်း ဘုရားသခင်၏လူဖြစ်သော သင်သည် ဤအရာအားလုံးကို ယှောင်ယှားလော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌ မွိ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွိ့ခြင်းနှင့် ပြည့်စုံစီခြင်းငှာ ကြိုးစားအားထုတ်လော့။
ငါသည် အသျှေဖြစ်စဉ်အခါက၊ အသျှေကဲ့သို့ စကားကို ပြော၏။ အသျှေကဲ့သို့ စဉ်းစားရ၏၊ အသျှေကဲ့သို့ ဆင်ခြင်တွီးတော၏။ အဂု ကြီးပြင်းလာသောအခါမူကား အသျှေ၏အလေ့များကို ငါသည် ပယ်ယှား၏။
A confiança errada
Maldito o homem que confia no homem. O homem de duplo ânimo é instável em todos os seus caminhos.
ထိုသူသည် ဘုရားသခင်ထံပါးမှ တစ်စုံတစ်ခုကိုမျှ ရလိမ့်မည်ဟု ထင်မှတ်စရာ မဟိပေ။ ထိုသို့သောသူသည် စိတ်နှစ်ခွ ဟိသောသူ၊ မိမိပြုလေသမျှ၌ ဂနာမငြိမ်သောသူ ဖြစ်၏။
ယုံကြည်သူရို့ကို စောင့်ရှောက်ရမည့် တာဝန်များ
အသက်ကြီးသူ တစ်ယောက်ကို အပြစ်တင်ဆုံးမခြင်း မပြုကေ့၊ သင်၏ဖခင်ကဲ့သို့ တောင်းပန်ပြောဆိုလော့။ ငယ်ရွယ်သောသူရို့ကို သင်၏ညီတိကဲ့သို့ လည်းကောင်း၊