Pular para o conteúdo
Publicidade

Honestidade

Por Bíblia Online

A integridade marca a vida de quem anda com Deus. Ser verdadeiro nos negócios, nas palavras e nos relacionamentos reflete o caráter daquele que não suporta a falsidade e ama a retidão.

As Escrituras mostram que viver sem máscaras agrada ao Criador e traz paz à consciência. As palavras de Deus orientam cada passo para que a sua caminhada seja firme, transparente e marcada pela verdade em todos os momentos.

A honestidade é virtude cristã fundamental. Deus é Deus de verdade e nos chama a viver com integridade, transparência e retidão em todos os nossos relacionamentos e negócios.

Integridade diante de Deus

O Senhor abomina a balança falsa, mas o peso justo é seu prazer. A integridade dos justos os guia pelos caminhos retos.

မ​မှန်​သော​ချိန်​ခွင်​သည် ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​ဖွယ်၊ မှန်​သော​အ​လေး​မူ​ကား၊ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။ ဖြောင့်​သော​သ​ဘော​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ပဲ့​ပြင်​တတ်၏။ ကောက်​သော​သ​ဘော​မူ​ကား၊ လွန်​ကျူး​သော​သူ​တို့​ကို ဖျက်​ဆီး​တတ်၏။

ဖြောင့်​သော​သ​ဘော​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ပဲ့​ပြင်​တတ်၏။ ကောက်​သော​သ​ဘော​မူ​ကား၊ လွန်​ကျူး​သော​သူ​တို့​ကို ဖျက်​ဆီး​တတ်၏။

ကျေး​ဇူး​တော်​ကြောင့် သင်​သည် ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း၊ တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ လျစ်​လျူ​စွာ ဆုံး​ဖြတ်​ခြင်း​မှ​စ၍၊ ကောင်း​သော​လမ်း​ရှိ​သ​မျှ​တို့​ကို သိ​နား​လည်​လိမ့်​မည်။

ယဇ်​ပူ​ဇော်​ခြင်း​ကို နှစ်​သက်​သည်​ထက် ဖြောင့်​မတ်​စွာ​ပြု​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် သာ၍ နှစ်​သက်​တော်​မူ၏။

သင်၏​မျက်​စိ​သည်​ရှေ့​ရှု​ကြည့်၍၊ မျက်​ခမ်း​တို့​သည် တည့်​တည့်​အာ​ရုံ​ပြု​စေ​လော့။

ဆိတ်​ကွယ်​ရာ​အ​ရပ်၌​ပြု​သော ရှက်​ဖွယ်​သော အ​မှု​များ​ကို​ပယ်​ကြ၏။ ပ​ရိ​ယာယ်​ကို​မ​သုံး၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိမ်​ဝှက်​မှောက်​လှန်​ခြင်း မ​ရှိ။ သ​မ္မာ​တ​ရား​ကို အ​တည့်​အ​လင်း ဖော်​ပြ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ လူ​အ​ပေါင်း​တို့၏ စိတ်​အ​ထင်​အ​တိုင်း ချီး​မွမ်း​ဖွယ်​သော အ​ကျင့်​ဓ​လေ့​ကို ကျင့်​ကြ၏။-

သ​ခင်​ဘု​ရား​ရှေ့​တော်၌​သာ​မ​က၊ လူ​တို့​ရှေ့၌ တင့်​တယ်​လျှောက်​ပတ်​သော အ​ကျင့်​ကို ကြံ​စည်​ကြ၏။-

Praticar a honestidade

Falai a verdade, pagai o que deveis, não negueis ao próximo o bem. A honestidade prática é testemunho do evangelho.

အ​ချင်း​ချင်း မု​သား​စ​ကား​ကို မ​ပြော​မ​သုံး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် လူ​ဟောင်း၏ အ​ကျင့်​တို့​နှင့် လူ​ဟောင်း၏​ကိုယ်​ကို ချွတ်​ပယ်၍၊-

ထို​ကြောင့်၊ လူ​အ​သီး​အ​သီး ခံ​ထိုက်​သည်​အ​တိုင်း ပေး​ကြ​လော့။ အ​ခွန်​ကို​ခံ​ထိုက်​သော​သူ​အား အ​ခွန်​ကို​လည်း​ကောင်း၊ အ​ကောက်​ကို ခံ​ထိုက်​သော​သူ​အား အ​ကောက်​ကို လည်း​ကောင်း ပေး​ကြ​လော့။ ကြောက်​ထိုက်​သော​သူ​ကို ကြောက်​ကြ​လော့။ ရို​သေ​ထိုက်​သော​သူ​ကို ရို​သေ​ကြ​လော့။

ထို​အ​ကြောင်း​ကြောင့် အ​ခွန်​အ​တုတ်​ကို ပေး​ကြ​လော့။ မင်း​တို့​သည် ဘု​ရား​သ​ခင်၏ အ​မှု​စောင့်​ဖြစ်၍၊ အ​မှု​တော်​ကို အ​မြဲ​ထမ်း​ကြ၏။-

အ​ဘယ်​သူ​ကို​မျှ ရန်​တုံ့​မ​မူ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​မှာ တင့်​တယ်​လျောက်​ပတ်​သော​အ​ကျင့်​ကို ကြံ​စည်​ကြ​လော့။-

ကျေး​ဇူး​ကို​ခံ​သင့်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ရ​သော​အ​ခွင့်​ရှိ​လျှင် မ​ပြု​ဘဲ​မ​နေ​နှင့်။

ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​နှင့် ယှဉ်​သော ဥ​စ္စာ​အ​နည်း​ငယ်​သည်၊ မ​တ​ရား​သ​ဖြင့်​ရ​သော ဥ​စ္စာ​အ​များ​ထက်​သာ၍​ကောင်း၏။

မ​တ​ရား​သော ဥ​စ္စာ​ဘ​ဏ္ဍာ​သည် အ​ကျိုး​မ​ရှိ။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​မူ​ကား၊ သေ​ခြင်း​မှ ကယ်​တင်​တတ်၏။

Confissão e transparência

Confessai as vossas ofensas uns aos outros. Quem confessa e deixa o pecado encontra misericórdia e restauração.

မိ​မိ​အ​ပြစ်​ကို ဝှက်​ထား​သော​သူ​သည် ချမ်း​သာ​မ​ရ။ မိ​မိ​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ချ၍ စွန့်​ပစ်​သော​သူ​မူ​ကား၊ က​ရု​ဏာ​တော်​ကို ခံ​ရ​လိမ့်​မည်။

အ​ချင်း​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ကြ​လော့။ ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ သူ​တော်​ကောင်း​ဆု​တောင်း၍ အ​ရှိန်​ကြီး​သော​ပ​တ္ထ​နာ​သည် အ​လွန်​တန်​ခိုး​ပါ၏။-

ငါ့​ညီ​အစ်​ကို​တို့၊ ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​တွင် ကျိန်​ဆို​ခြင်း​ကို သာ၍​ရှောင်​ကြ​လော့။ ကောင်း​ကင်​ဘုံ​ကို တိုင်​တည်၍ မ​ကျိန်​ကြ​နှင့်။ မြေ​ကြီး​ကို​တိုင်​တည်၍ မ​ကျိန်​ကြ​နှင့်။ ထို​မှ​တစ်​ပါး၊ အ​ဘယ်​အ​ကျိန်​အား​ဖြင့်​မျှ မ​ကျိန်​ကြ​နှင့်။ အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ သင်​တို့​စ​ကား​မှာ၊ ဟုတ်​သည်​ကို အ​ဟုတ်၊ မ​ဟုတ်​သည်​ကို မ​ဟုတ်​ဖြစ်​စေ​ကြ​လော့။

အ​ထက်​မှ သက်​ရောက်​သော​ပ​ညာ​မူ​ကား၊ ရှေ့​ဦး​စွာ​စင်​ကြယ်၏။ ထို​မှ​တစ်​ပါး၊ အ​သင့်​အ​တင့်​နေ​တတ်၏။ ဖြည်း​ညင်း​သော​သ​ဘော ရှိ၏။ သွေး​ဆောင်​လွယ်၏။ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ ကောင်း​ကျိုး​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။ လျစ်​လျူ​သော​စိတ်​ရှိ၏။ လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စင်၏။-

ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီ​ဟု ဆို​လျက်​ပင်၊ မှောင်​မိုက်၌​ကျင်​လည်​လျှင်၊ သ​စ္စာ​တ​ရား​ကို​မ​ကျင့်။ မု​သား​ကို​သုံး​သော​သူ ဖြစ်​ကြ၏။-

ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ရဲ​ရင့်ခွင့်

ချစ်​သား​တို့၊ ငါ​တို့​သည် စ​ကား​ပြော​ကာ​မျှ​အား​ဖြင့်​သာ မ​ချစ်​ဘဲ၊ စိတ်​ပါ​ကိုယ်​ရောက် ဧ​ကန်​အ​မှန် ချစ်​ကြ​ကုန်​အံ့။-

Coração puro

Bem-aventurados os puros de coração, porque verão a Deus. A honestidade começa no interior e se manifesta nas ações.

စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​ရ​ကြ​လ​တ္တံ့။-

ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ၍၊ ကိုယ်​တော်​ကို​ငံ့​လင့်​လော့။ မိ​မိ​အ​မှု၌ အောင်​တတ်​သော​သူ၊ မ​ကောင်း​သော​အ​ကြံ​အ​စည်​တို့​ကို ပြီး​စေ​သော​သူ၏​အ​ကြောင်း​ကြောင့် စိတ်​မ​ပူ​နှင့်။

က​ရု​ဏာ​စိတ်​ရှိ၍ ချေး​ငှား​တတ်​သော​သူ​သည် ကောင်း​စား​တတ်၏။ တ​ရား​ဆုံး​ဖြတ်​ရာ​ကာ​လ၌ အောင်​ခြင်း​သို့ ရောက်​လိမ့်​မည်။

သင်​မူ​ကား၊ ဝန်​ခံ​တော်​မူ​သော​သူ၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ၊ သ​မ္မာ​တ​ရား​ကို မှန်​ကန်​စွာ ပိုင်း​ခြား​တတ်​သော ဆ​ရာ​သ​မား​ဖြစ်​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၌ ကိုယ်​ကို​ကိုယ် ဆက်​သ​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​လော့။-

အိုး​ဖြ​င့်​ဖုံး​ထား​သော​ဆီ​မီး

ဆီ​မီး​ထွန်း​ပြီး​လျှင် အိုး​မှောက်၍ ဖုံး​ထား​လေ့​မ​ရှိ။ ခု​တင်​အောက်၌​လည်း ထား​လေ့​မ​ရှိ။ ဝင်​သော​သူ​သည် အ​လင်း​ကို​မြင်​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​အ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။-

စ​ကား​လွန်​ကျူး​ရာ​တွင် ဆိုး​သော​ကျော့​ကွင်း​ရှိ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ အ​မှု​ထဲ​က ထ​မြောက်​တတ်၏။

မှန်​သော​စ​ကား​ကို ပြော​သော​သူ​သည် ဖြောင့်​မတ်​ခြင်း​တ​ရား၊ မ​မှန်​သော​သက်​သေ​ကို​ခံ​သော​သူ​မူ​ကား၊ မု​သား​တ​ရား​ကို ပြ​သ​တတ်၏။

သ​ဘော​ကောက်​သော​သူ​သည် ရန်​မျိုး​စေ့​ကို ကြဲ​တတ်၏။ ကုန်း​တိုက်​သော​သူ​သည်​လည်း၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ​တတ်၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.