Honestidade
A honestidade é virtude cristã fundamental. Deus é Deus de verdade e nos chama a viver com integridade, transparência e retidão em todos os nossos relacionamentos e negócios.
Integridade diante de Deus
O Senhor abomina a balança falsa, mas o peso justo é seu prazer. A integridade dos justos os guia pelos caminhos retos.
ငါရို့သည် ဖုံးအုပ်ထားသော အရာအားလုံးနှင့် ရှက်ဖွယ်ကောင်းသော အပြုအမူများကို စွန့်ပယ်၍ လိမ်လည်မှုကိုမပြုဘဲ ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို မှောက်လှန်၍ မဟောပြော။ ငါရို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ သမ္မာတရား၏အလင်းတွင် အသက်ရှင်လှုပ်ရှား၍ လူအပေါင်းရို့၏ အသိစိတ်ကို ကြည်လင်အောင် ပြုမူဆောင်ရွက်ကြ၏။
ငါရို့သည် သခင်ဘုရား၏ ရှိ့တော်၌သာမက လူတိရှိ့၌လည်း မှန်ကန်သည့် အမှုကိုသာပြုကြရန် ရည်ရွယ်ချက် ဟိကြ၏။
Praticar a honestidade
Falai a verdade, pagai o que deveis, não negueis ao próximo o bem. A honestidade prática é testemunho do evangelho.
အချင်းချင်း လိမ်လည်၍ မပြောဆိုကတ်ကေ့။ အကြောင်းမူကား သင်ရို့သည် လူဟောင်းနှင့်အတူ လူဟောင်း၏အကျင့်တိကို ချွတ်ပယ်ကာ၊
ထို့ကြောင့်သင်ရို့သည် မိမိရို့ပီးစရာဟိသောအကြွီးများကို ပီးဆပ်ကြလော့။ မိမိရို့ ပိုင်ဆိုင်ကြသည့်အလျှောက် အကောက်ခွန်ကို ပီးကြလော့။ ရိုသီထိုက်သောသူတိကို ရိုသီကြလော့၊ ဂုဏ်ပြုထိုက်သောသူတိကို ဂုဏ်ပြုကြလော့။
အုပ်ချုပ်သောသူရို့သည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်သောသူတိဖြစ်ကြသောကြောင့် သင်ရို့သည် သူရို့အား အကောက်ခွန်ကို ပီးကြလော့။
သင်ရို့ကို ပြစ်မှားသောသူအား ပြန်၍ အပြစ်မပြုကတ်ကေ့။ လူတိုင်းရှိ့မှာ ဖြောင့်မတ်သောအမှုကို ပြုခြင်းငှာ ဂရုစိုက်ကြလော့။
Confissão e transparência
Confessai as vossas ofensas uns aos outros. Quem confessa e deixa o pecado encontra misericórdia e restauração.
သို့ဖြစ်၍ သင်ရို့သည် ကျန်းမာခြင်းကို ရစီမည့်အကြောင်း တစ်ယောက်ကို တစ်ယောက် မိမိရို့၏ အပြစ်များကို ဖော်ပြဝန်ခံလျက် တစ်ယောက်ကို တစ်ယောက် ဆုတောင်းပီးကြလော့။ ဖြောင့်မတ်သောသူတစ်ယောက်၏ ဆုတောင်းပတ္ထနာသည် အလွန်တန်ခိုးပါ၍ အကျိုးဟိ၏။
ညီအစ်ကို မောင်နှမရို့၊ အထူးသဖြင့် ကျိန်ဆိုခြင်းကို မပြုကတ်ကေ့။ ကောင်းကင်ကိုဖြစ်စီ၊ မြီကြီးကိုဖြစ်စီ၊ အခြားသော ကတိသစ္စာတစ်စုံတစ်ခုကို ပြုလျက်ဖြစ်စီ၊ ကျိန်၍ ပြောဆိုခြင်းကို မပြုကြနှင့်။ သင်ရို့သည် ဟုတ်သည်ကို "အဟုတ်" ဟူ၍ လည်းကောင်း၊ မဟုတ်သည်ကိုလည်း "မဟုတ်" ဟူ၍ လည်းကောင်း ပြောဆိုကြလော့။ သို့မဟုတ်လျှင် တရားစီရင်ခြင်းကို ခံရကြလိမ့်မည်။
သို့သော် အထက်အရပ်မှ လာသော ဉာဏ်ပညာသည် သန့်ယှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သော အရာအားလုံးတွင် ပထမဖြစ်၏၊ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ထောက်ထားညှာတာတတ်သောသဘော၊ နူးညံ့သိမ်မွိ့သောသဘော ဟိသည်ဖြစ်၍ ကရုဏာနှင့် ပြည့်ဝကာ ကောင်းမြတ်သော လုပ်ဆောင်မှု၏ အသီးအပွင့်ကို တိုးပွားစီတတ်၏။ ထိုဉာဏ်ပညာ၌ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းဟူ၍ မဟိပေ။
သို့ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် မိတ်ဖွဲ့ရကြပြီဟု ဆိုလျက် မှောင်မိုက်ထဲ၌ အသက်ရှင်လျှောက်လှမ်းနိန်ပါက နှုတ်အားဖြင့် လည်းကောင်း၊ အပြုအမူအားဖြင့် လည်းကောင်း ငါရို့သည် မုသားသုံးသောသူများဖြစ်ကြ၏။
သားသမီးရို့၊ ငါရို့၏ မေတ္တာသည် အပြော၌သာ မတည်ဘဲ လက်တွိ့လုပ်ဆောင်ခြင်းအားဖြင့် စစ်မှန်သောမေတ္တာကို ဖော်ပြကြကုန်အံ့။
Coração puro
Bem-aventurados os puros de coração, porque verão a Deus. A honestidade começa no interior e se manifesta nas ações.
စိတ်နှလုံး သန့်ယှင်းဖြူစင်သော သူရို့သည် မင်္ဂလာဟိကြ၏။
သူရို့သည် ဘုရားသခင်ကို မြင်တွိ့ကြရလိမ့်မည်။
သင်မူကား ရှက်ကြောက်စရာမဟိဘဲ သမ္မာတရားနှင့်ဆိုင်သော နှုတ်ကပတ်တော်ကို မှန်ကန်စွာ သွန်သင်တတ်သောသူ၊ ဘုရားသခင်နှစ်သက်တော်မူသောသူ တစ်ယောက်အဖြစ်ဖြင့် မိမိကိုယ်ကို ဆက်ကပ်အပ်နှံခြင်းငှာ အစွမ်းကုန် ကြိုးစား အားထုတ်လော့။
တောင်းနှင့် အုပ်ထားသော ဆီမီး
"ဆီးမီးကိုထွန်းပြီး တောင်းနှင့်အုပ်ထားခြင်း၊ ကုတင် အောက်၌ထားခြင်းကို ဇာသူလေ့ မပြုတတ်။ ဝင်လာသောလူတိ အလင်းကိုမြင်စီဖို့ ဆီးမီးခုံထက်၌ တင်ထားလေ့ ဟိ၏။"