Humildade
A soberba convence você de que o seu valor depende de aplausos, títulos e posições de destaque. No entanto, o evangelho aponta para uma direção totalmente oposta, onde a grandeza se manifesta no serviço e a verdadeira força se esconde na mansidão.
As Escrituras lembram constantemente que Deus olha para o coração quebrantado e rejeita a autossuficiência. Olhar para o exemplo de Jesus revela que o Criador do universo escolheu lavar pés e carregar o peso da humanidade sem reclamar, ensinando que esvaziar-se de si mesmo é o único caminho para uma vida que realmente tem valor diante dele.
A humildade é o caminho da honra verdadeira. Deus resiste aos soberbos, mas dá graça aos humildes. Jesus lavou os pés dos discípulos e nos ensinou que o maior é aquele que serve.
Humilhar-se diante de Deus
Humilhai-vos diante do Senhor e Ele vos exaltará. Quem se humilha será exaltado, e quem se exalta será humilhado.
ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကို ချီးမြှောက်တော် မူလိမ့်မည်။
ထိုကြောင့် ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။-
ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကိုနှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပတ္ထနာပြု၍ အဓမ္မလမ်းကိုလွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကိုဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။
ထာဝရဘုရားသည် ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ်ရှိသောသူတို့ကို လမ်းပြတော်မူ၏။ နှိမ့်ချလျက်ရှိသောသူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏။ နှိမ့်ချလျက်ရှိသောသူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏။
မိမိမာနသည် မိမိကို နှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချသောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။
ပျက်စီးခြင်းအရင်၌ လူသည် စိတ်မြင့်ခြင်း၏နေရာ၊ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
Humildade como virtude
Considerai os outros como superiores a vós mesmos. Revesti-vos de humildade, mansidão e paciência no trato uns com os outros.
ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ကြလော့။-
ငါတို့အဘတည်းဟူသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
ထိုကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင် ကြလော့။-
အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တစ်ယောက်ကို တစ်ယောက် သည်းခံခြင်းရှိကြ၍၊-
ညီအစ်ကိုတို့၊ သင်တို့သည် လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့။-
သုစရိုက်ကိုပြု၍ဆင်းရဲခံခြင်း
အချုပ်အခြာစကားဟူမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်း ရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြလော့။-
သင်တို့၌ တန်ဆာဆင်ခြင်းမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာ ဆင်ခြင်းမဖြစ်စေဘဲ၊- ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန် မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့။-
O exemplo de Jesus
Aprendei de mim, que sou manso e humilde de coração. O maior entre vós seja o que serve — esse é o caminho do Reino.
ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။-အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။-
ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူ တို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။-
ထိုအခါ ကိုယ်တော်သည် ထိုင်လျက် တစ်ကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူ၍၊ အရင်အဦးဖြစ်လိုသောသူ မည်သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံးစုံတို့၏ အစေခံလည်း ဖြစ်ရမည်ဟု မိန့်တော်မူ၏။-
အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤသူငယ်ကိုလက်ခံ၏၊ ထိုသူသည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသော သူကိုပင်လက်ခံ၏။ သင်တို့တွင် အငယ်ဆုံးသောသူသည် သာ၍ကြီးမြတ်သောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။-
စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။
ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
မာနထောင်လွှားသောအခါ အရှက်ကွဲခြင်းဖြစ်တတ်၏။ စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။
Humildade verdadeira
O que se exige de ti? Praticar a justiça, amar a misericórdia e andar humildemente com teu Deus.
အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတပါး အဘယ်ပူဇော်သကာကို ထာဝရဘုရား တောင်းတော်မူသနည်း။
ခရစ်ယာန်မိသားစု၏တာ၀န်
အချင်းမိန်းမတို့၊ သခင်ဘုရား၌ လျောက်ပတ်သည်အတိုင်း၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။- အချင်းယောက်ျားတို့၊ ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ ကြမ်းတမ်းစွာ မပြုကြနှင့်။-
အချင်းချင်း စိတ်သဘော တညီတညွတ်တည်း ရှိကြလော့။ ဂုဏ်စည်းစိမ်ကို ငဲ့ကွက်ခြင်းမရှိကြနှင့်။ နှိမ့်ချသောသူတို့ကို အပေါင်းအဖော်လုပ်ကြလော့။ ငါသည် ပညာရှိ၏ဟု ကိုယ်ကိုမထင်ကြနှင့်။-
မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီအရာ၌ ဆင်းရဲသောသူ၊ မရေရာသောသူ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ၏။- ထိုကြောင့်၊ ဘုရားသခင်ရှေ့၌ အဘယ်သူမျှ ဝါကြွားစရာ အကြောင်းမရှိ။-
အထက်မှသက်ရောက်သောပညာ
သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိ တစ်စုံတစ်ယောက်ရှိလျှင်၊ ထိုသူသည် ပညာ၏ နူးညံ့သိမ်မွေ့ခြင်းနှင့်တကွ၊ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကို ပြပါစေ။-
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.