Irmãos de Jesus
Os irmãos de Jesus são mencionados nos Evangelhos. Embora inicialmente céticos sobre sua missão, alguns, como Tiago, tornaram-se líderes da igreja primitiva.
Menções nos Evangelhos
Jesus teve irmãos chamados Tiago, José, Simão e Judas. Eles conviveram com Ele na casa de Nazaré e participaram de sua vida pública.
သူသည် လက်သမား၏သားဖြစ်သည် မဟုတ်လား။ သူ့အမိသည် မာရိဖြစ်ပြီး ယာကုပ်၊ ယောဟန်၊ သျှိမုန် နှင့် ယုဒရို့သည် သူ၏ညီအစ်ကိုတိ ဖြစ်ကြသည် မဟုတ်လား။ သူ၏ညီမတိလည်း ဤအရပ်၌ နီထိုင်ကြသည် မဟုတ်ပါလား။ သူသည် ဤအရာတိကို ဇာနီရာက ရလာစွာလဲ" ဟု အချင်းချင်း ပုတ်ခတ်ပြောဆိုလျက်
ယေသျှု၏အမိနှင့် ညီအစ်ကိုများ
ယေသျှုသည် ပရိသတ်တိနှင့် စကားပြောနိန်သောအခါ သူ့အမိနှင့် သူ၏ညီအစ်ကိုတိ ရောက်လာကြ၏။ သူရို့သည် သူနှင့် စကားပြောချင်၍ အပြင်က ရပ်စောင့်နိန်ကြ၏။
ယေသျှု၏မိခင်နှင့် ညီတော်များ
ထို့နောက် ယေသျှု၏မိခင်နှင့် ညီတော်ရို့သည် ရောက်လာလျှင် အိမ်အပြင်၌ ရပ်လျက်၊ ရောက်နိန်ကြောင်းကို ကိုယ်တော့်ကို ကြားပြောခိုင်း၏။ လူအပေါင်းရို့သည် ကိုယ်တော့်ကို ခြံရံလျက် ထိုင်နိန်ကြ၏။ သူရို့က "ကိုယ်တော်၏ အမိနှင့် ညီတိ၊ ညီမတိ အိမ်အပြင်၌ ရောက်နိန်ပါ၏၊ ထိုသူရို့သည် ကိုယ်တော့်ကို ရှာနိန်ကြ၏" ဟု လျှောက်ကြ၏။
ကိုယ်တော်က "ငါ့အမိ၊ ငါ့ညီတိကား ဇာသူရို့နည်း" ဟု မိန်းတော်မူပြီး၊ မိမိပတ်လည်တွင် ထိုင်နိန်ကြသောသူရို့အား ကြည့်တော်မူလျက် "ငါ့အမိ၊ ငါ့ညီတိကား၊ ဤသူရို့ပင် ဖြစ်၏။ ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူ မှန်သမျှသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်၏" ဟု မိန့်တော်မူ၏။
ယေသျှု၏ မယ်တော်နှင့် ညီတော်များ
ယေသျှု၏မယ်တော်နှင့် ညီတော်ရို့သည် ကိုယ်တော်ထံသို့ လာကြ၏။ သို့စေကာမူ လူပရိသတ်တိအား တိုးမပေါက်နိုင်သဖြင့် တွိ့ခွင့်မရ နိုင်ကြ။
Da incredulidade à fé
Os irmãos de Jesus não criam nele inicialmente. Mas após a ressurreição, estavam entre os discípulos em oração.
ထို့ကြောင့် ညီတော်များက ယေသျှုအား "သင်ပြုသော အမှုအရာတိကို သင်၏ နောက်လိုက်တိ တွိ့မြင်စီခြင်းငှာ ဂါလိလဲပြည်မှ ထွက်၍ ယုဒပြည်သို့ လားပါလော့။ ထင်ပေါ်ကျော်ကြားလိုသော သူသည် ဇာအမှုကိုမျှ ဆိတ်ကွယ်ရာ၌ ပြုလေ့မဟိ။ သင်သည် ဤသို့သောအမှုအရာများကို ပြုမည်ဆိုပါက လောကတစ်ခုလုံးက သိအောင် ပြုပါလော့" ဟု ဆိုကြ၏။ အကြောင်းမူကား ကိုယ်တော်၏ ညီတော်များသည်ပင်လျှင် ကိုယ်တော့်ကို မယုံကြည်ကြပေ။
"ငါသည် အဖထံပါးသို့ မတက်ရသိမ့်ဖြစ်၍ ငါ့ကို မဖက် ကေ့ဦး။ သို့သော်လည်း ငါသည် ငါ၏အဖတည်းဟူသော သင်ရို့၏အဖနှင့် ငါ၏ဘုရားသခင်တည်းဟူသော သင်ရို့၏ ဘုရားသခင်ပါးသို့ တက်ရဦးမည်အကြောင်းကို ငါ၏ညီအစ်ကိုတိပါးသို့ လား၍ ပြောပြလော့" ဟု ယေသျှုက မာရိအား ပြောလေ၏။
သူရို့သည် ယေသျှု၏ မယ်တော်မာရိ အပါအဝင် မိန်းမတချို့နှင့် လည်းကောင်း၊ ကိုယ်တော်၏ ညီတော်များနှင့် လည်းကောင်း၊ မကြာမကြာ စုရုံး၍ အတူတကွ ဆုတောင်းလျက်နိန်ကြ၏။
သို့သော် သခင်ဘုရား၏ ညီတော်ဖြစ်သော ယာကုပ်မှလွဲ၍ အခြားတမန်တော် တစ်ယောက်လေ့ ငါ မတွိ့ခ။
များစွာသော သားသမီးတိကို မိမိ၏ဘုန်းစည်းစိမ်၌ ခံစားစီခြင်းငှာ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူပြီး ထိန်းသိမ်းစောင့်ရှောက်လျက် ဟိတော်မူသော ဘုရားသခင်သည် ယေသျှုအား စုံလင်တော်မူစီရန် ဆင်းရဲဒုက္ခကို ခံယူစီတော်မူခြင်းသည် ဖြောင့်မတ်မှန်ကန်တော်မူ၏။ အကြောင်းမူကား ယေသျှုသည် ထိုသူရို့ကို ကယ်တင်ခြင်းသို့ ပို့ဆောင်ပီးသောသူတစ်ယောက် ဖြစ်သောကြောင့်တည်း။
ကိုယ်တော်သည် လူတိကို အပြစ်မှ သန့်ယှင်းစင်ကြယ်တော်မူ၏။ ကိုယ်တော်နှင့် သန့်ယှင်းစင်ကြယ်ခြင်းကို ခံရသောသူအားလုံး၏ အဖသည် တစ်ဦးတည်း ဖြစ်သောကြောင့် ယေသျှုသည် သူရို့ကို မိမိ၏ညီအစ်ကို မောင်နှမတိဟု ခေါ်ရန် ရှက်တော်မမူ။