Pular para o conteúdo
Publicidade

Irmãos

Por Bíblia Online

Viver a fé cristã significa caminhar junto com outras pessoas que também chamam a Deus de Pai. Essa jornada não foi feita para ser percorrida de forma isolada, pois o próprio Deus nos coloca em famílias e comunidades para repartir o peso do dia a dia.

As Escrituras mostram que o amor verdadeiro não é apenas um sentimento abstrato, mas uma prática diária de perdão, correção, paciência e cuidado sincero com quem está por perto. É na convivência com os irmãos na fé que aprendemos a perdoar e a ser perdoados.

A comunhão entre irmãos é marca da igreja verdadeira. A Bíblia nos chama a amar uns aos outros como Cristo nos amou — com perdão, encorajamento e cuidado mútuo.

Amor fraternal

Um novo mandamento vos dou: que vos ameis uns aos outros. Nisto conhecerão que sois meus discípulos — pelo amor entre vós.

သင်​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ချစ်​ကြ​လော့။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု ပ​ညတ်​သစ်​ကို ငါ​ပေး၏။-သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ထို​မေ​တ္တာ​ကို​ထောက်၍ သင်​တို့​သည် ငါ၏​တ​ပည့်​ဖြစ်​သည်​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေ​တ္တာ

ချစ်​သူ​တို့၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​ကုန်​အံ့၊ အ​ကြောင်း​မူ​ကား၊ ချစ်​ချင်း​မေ​တ္တာ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ ချစ်​တတ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​ဖြစ်၏။ ဘု​ရား​သ​ခင်​ကို သိ​သော​သူ​လည်း ဖြစ်၏။-

တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငါ​သည် ဘု​ရား​သ​ခင်​ကို​ချစ်၏​ဟု ဆို​လျက်​ပင် မိ​မိ​ညီ​အစ်​ကို​ကို မုန်း​လျှင်၊ ထို​သူ​သည် မု​သား​ကို​သုံး​သော​သူ​ဖြစ်၏။ မိ​မိ​မြင်​ရ​သော မိမိညီအစ်ကိုကို မချစ်လျှင်၊ မမြင်သေးသောဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​ချစ်​နိုင်​မည်​နည်း။-

မိ​မိ​ညီ​အစ်​ကို​ကို ချစ်​သော​သူ​သည် အ​လင်း၌ တည်​နေ၏။ ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​သည် ထို​သူ၌​မ​ရှိ။-

လော​က​ကို​အောင်​ခြင်း

ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ကို ယုံ​ကြည်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​ဖြစ်၏။ အ​ဘ​ကို​ချစ်​သော​သူ​သည် သား​ကို​လည်း ချစ်​တတ်​သည်​နှင့်​အ​ညီ၊-

သင်​တို့​သည် ဖောက်​ပြန်​ပျက်​စီး​တတ်​သော မျိုး​စေ့​အား​ဖြင့် ဖြစ်​ဖွား​သည်​မ​ဟုတ်၊-

Comunhão e edificação

Não abandoneis a congregação. Encorajem-se mutuamente, cantem juntos e instruam-se na Palavra de Cristo.

လူ​အ​ချို့​တို့၏ ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း စည်း​ဝေး​ခြင်း​အ​မှု​ကို မ​ရှောင်​မ​လွှဲ​ကြ​နှင့်။ အ​ချင်း​ချင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ကြ​လော့။ ကာ​လ​အ​ချိန် ရောက်​လု​နီး​သည်​ကို ထောက်​သ​ဖြင့်၊ သာ၍ ကြိုး​စား​ကြ​လော့။

ခ​ရစ်​တော်၏ နှုတ်​က​ပတ်​တ​ရား​သည် ပ​ညာ​အ​မျိုး​မျိုး​နှင့် သင်​တို့​အ​ထဲ၌ ကြွယ်​ဝ​စွာ တည်​နေ၍ သင်​တို့​သည် ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း​အ​မျိုး​မျိုး​အား​ဖြင့်၊ အ​ချင်း​ချင်း​တို့​ကို ဆုံး​မ​သွန်​သင်​ခြင်း၊ သ​တိ​ပေး​ခြင်း​ကို​ပြု၍၊ နူး​ညွတ်​သော​စိတ်​နှ​လုံး​နှင့် ဘု​ရား​သ​ခင်​ရှေ့​တော်၌ တင့်​တယ်​လျောက်​ပတ်​စွာ သီ​ချင်း​ဆို​ကြ​လော့။-

ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း အ​မျိုး​မျိုး​တို့​ကို အ​ချင်း​ချင်း ပြော​ဆို​ဖတ်​ရွတ်၍၊ နူး​ညွတ်​သော စိတ်​နှ​လုံး​နှင့် သ​ခင်​ဘု​ရား​ရှေ့​တော်၌ ကျူး​ဧ၍​သီ​ချင်း ဆို​ကြ​လော့။-

သံ​ကို သံ​ဖြင့်​ထက်​စေ​သ​ကဲ့​သို့၊ လူ​သည် အ​ဆွေ​ခင်​ပွန်း၏​မျက်​နှာ​ကို ထက်​စေ​တတ်၏။

အ​ဆွေ​ခင်​ပွန်း​သည် အ​ခါ​ခပ်​သိမ်း​ချစ်​တတ်၏။ ညီ​အစ်​ကို​သည် ဒု​က္ခ​ကာ​လ​အ​ဖို့ မွေး​ဖွား​လျက်​ရှိ၏။

အ​ပေါင်း​အ​ဖော်​များ​သော​သူ​သည် အ​ကျိုး​နည်း​ရှိ​တတ်၏။ မိတ်​ဆွေ​မူ​ကား၊ ညီ​အစ်​ကို​စွဲ​ကပ်​သည်​ထက် သာ၍ စွဲ​ကပ်​တတ်၏။

ကိုယ်​အ​ဆွေ​ခင်​ပွန်း​နှင့် အ​ဘ၏​အ​ဆွေ​ခင်​ပွန်း​ကို မ​စွန့်​နှင့်။ အ​မှု​ရောက်​သော​ကာ​လ၌၊ ညီ​အစ်​ကို​အိမ်​သို့​မ​သွား​နှင့်။ နီး​သော​အိမ်​နီး​ချင်း​သည် ဝေး​သော​ညီ​အစ်​ကို​ထက် သာ၍​ကောင်း၏။

Perdão e reconciliação

Se o teu irmão pecar contra ti, vai e repreende-o a sós. O perdão e a reconciliação preservam a unidade do corpo de Cristo.

ပြစ်​မှား​သူ​ညီ​အစ်​ကို

ထို​ကြောင့် သင်၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ သူ့​ဆီ​သို့​သွား၍ နှစ်​ယောက်​တည်း​ချင်း သူ၏​အ​ပြစ်​ကို​ပြ၍ ဆုံး​မ​လော့။ သူ​သည် သင်၏​စ​ကား​ကို နား​ထောင်​လျှင် ညီ​အစ်​ကို ကို​ရ​ပြီ။-သို့​မ​ဟုတ် သင်၏​စ​ကား​ကို နား​မ​ထောင်​လျှင်။ လူ​နှစ်​ဦး​သုံး​ဦး သက်​သေ​ခံ၍ စ​ကား​ရှိ​သ​မျှ​တို့​ကို တည်​စေ​ခြင်း​ငှာ ကိုယ်​နှင့်​အ​တူ လူ​တစ်​ဦး​နှစ်​ဦး​ကို ခေါ်​ဦး​လော့။-

ပြစ်​မှား​သူ​ညီ​အစ်​ကို

ထို​ကြောင့် သင်၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ သူ့​ဆီ​သို့​သွား၍ နှစ်​ယောက်​တည်း​ချင်း သူ၏​အ​ပြစ်​ကို​ပြ၍ ဆုံး​မ​လော့။ သူ​သည် သင်၏​စ​ကား​ကို နား​ထောင်​လျှင် ညီ​အစ်​ကို ကို​ရ​ပြီ။-သို့​မ​ဟုတ် သင်၏​စ​ကား​ကို နား​မ​ထောင်​လျှင်။ လူ​နှစ်​ဦး​သုံး​ဦး သက်​သေ​ခံ၍ စ​ကား​ရှိ​သ​မျှ​တို့​ကို တည်​စေ​ခြင်း​ငှာ ကိုယ်​နှင့်​အ​တူ လူ​တစ်​ဦး​နှစ်​ဦး​ကို ခေါ်​ဦး​လော့။-ထို​သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​လျှင် အ​သင်း​တော်​အား ကြား​ပြော​လော့။ အ​သင်း​တော်၏​စ​ကား​ကို နား​မ​ထောင်​လျှင်၊ သာ​သ​နာ​ပ​လူ ကဲ့​သို့​လည်း​ကောင်း၊ အ​ခွန်​ခံ ကဲ့​သို့​လည်း​ကောင်း ထို​သူ​ကို​မှတ်​လော့။- ငါ​အ​မှန်​ဆို​သည်​ကား၊ မြေ​ကြီး​ပေါ်​မှာ သင်​တို့ ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ချည်​နှောင်​လျက် ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဖြည်​လွှတ်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ဖြည်​လွှတ်​လျက် ရှိ​လိမ့်​မည်။-တစ်​ဖန် ငါ​ဆို​သည်​ကား၊ မြေ​ကြီး​ပေါ်​မှာ သင်​တို့​တွင် နှစ်​ယောက်​တို့​သည် သ​ဘော​ချင်း​တူ၍ ဆု​တောင်း​လျှင်၊ တောင်း​သ​မျှ​သော​ဆု​တို့​ကို ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ၏​ခ​မည်း​တော်​သည် ပေး​တော်​မူ​လ​တ္တံ့။- အ​ကြောင်း​မူ​ကား၊ အ​ကြင်​အ​ရပ်၌ လူ​နှစ်​ဦး​သုံး​ဦး​သုံး​ဦး​တို့​သည် ငါ၏​နာ​မ​ကို​ထောက်၍ စည်း​ဝေး​ကြ၏။ ထို​အ​ရပ်၌ သူ​တို့​အ​လယ်​မှာ ငါရှိ​သည်​ဟု​မိ​န့်​တော်​မူ၏။

သင်​တို့​သည်​လည်း ညီ​အစ်​ကို​အ​ချင်း​ချင်း​တို့​ကို စိတ်​နှ​လုံး​ပါ​လျက် အ​ပြစ်​မ​လွှတ်​လျှင်၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ၏​အ​ဘ​သည် ထို​နည်း​တူ သင်​တို့​ကို စီ​ရင်​တော်​မူ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တည်း​ဟူ​သော ငါ့​ညီ​တို့​တွင် အ​ငယ်​ဆုံး​သော သူ​တစ်​ယောက်​အား ပြု​ကြ​သ​မျှ​တို့​ကို ငါ့​အား​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-

ဘု​ရား​သ​ခင်၏​အ​လို​တော်​ကို ဆောင်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

သင်၏​ညီ​အစ်​ကို​ကို စိတ်​အ​ခု​အ​ခံ​မ​ရှိ​ရ။ ကိုယ်​နှင့် စပ်​ဆိုင်​သော​သူ၌​ရှိ​သော​အ​ပြစ်​ကို တတ်​တိုင်း​မ​ရှိ​စေ​ဘဲ၊ သူ့​ကို​အ​မှန်​ဆုံး​မ​ရ​မည်။

ယုံ​ကြည်​သူ​တို့​အ​တွက်​တာ​ဝန်

အ​သက်​ကြီး​သော​သူ​ကို ကျပ်​တည်း​စွာ မ​ဆုံး​မ​နှင့်။ အ​ဘ​ကဲ့​သို့ မှတ်၍ တောင်း​ပန်​လော့။ လူ​ပျို​တို့​ကို ညီ​အစ်​ကို​ကဲ့​သို့​လည်း​ကောင်း၊- အ​သက်​ကြီး​သော​မိန်း​မ​တို့​ကို အ​မိ​ကဲ့​သို့​လည်း​ကောင်း၊ မိန်း​မ​ပျို​တို့​ကို အ​လွန်​စင်​ကြယ်​သော အ​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ နှ​မ​ကဲ့​သို့​လည်း​ကောင်း မှတ်၍ ကျင့်​လော့။-

မိ​မိ​လူ​တို့​ကို​မ​ပြု​စု၊ ထို​မျှ​မ​က၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို မ​ပြု​စု​သော​သူ​မည်​သည်​ကား၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို ငြင်း​ပယ်၏။ မ​ယုံ​ကြည်​ဖူး​သော​သူ​ထက် သာ၍ ယုတ်​မာ၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.