Irmãos
A comunhão entre irmãos é marca da igreja verdadeira. A Bíblia nos chama a amar uns aos outros como Cristo nos amou — com perdão, encorajamento e cuidado mútuo.
Amor fraternal
Um novo mandamento vos dou: que vos ameis uns aos outros. Nisto conhecerão que sois meus discípulos — pelo amor entre vós.
‘အချင်းချင်း ချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်ရို့အား အဂု ငါပီး၏။ ငါသည် သင်ရို့ကိုချစ်ခသကဲ့သို့ သင်ရို့လည်း အချင်းချင်းချစ်ကြလော့။ သင်ရို့ အချင်းချင်းချစ်ကြလျှင် လူတိုင်းက သင်ရို့သည် ငါ့တပည့်တိဖြစ်ကြောင်း သိကြလိမ့်မည်" ဟု မိန့်တော်မူ၏။
ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသော ဘုရားသခင်
အဆွီရို့၊ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံတော်မှ သက်ရောက်လာသည်ဖြစ်၍ ငါရို့သည် အချင်းချင်း ချစ်ကြကုန်အံ့။ ချစ်ခြင်းမေတ္တာ ဟိသောသူတိုင်းသည် ဘုရားသခင်၏ သားသမီးများဖြစ်ပြီး ဘုရားသခင်ကို သိသောသူလည်း ဖြစ်၏။
ဘုရားသခင်ကို ချစ်သည်ဟု ဆိုလျက် ညီအစ်ကိုမောင်နှမကို မုန်းသောသူသည် လိမ်လည်သောသူ ဖြစ်၏။ ဇာကြောင့်ဆိုသော် မျက်စိဖြင့်မြင်ရသော ညီအစ်ကိုမောင်နှမကို မချစ်နိုင်သောသူသည် မျက်စိဖြင့်မမြင်ရသည့် ဘုရားသခင်ကို မည်သို့ ချစ်နိုင်ပါမည်နည်း။
ညီအစ်ကိုမောင်နှမကို ချစ်သောသူသည် အလင်း၌ နီထိုင်သောသူ ဖြစ်၏။ ထို့အပြင် သူသည် အခြားသူ တစ်ဦးတစ်ယောက်ကိုမျှ အပြစ်ပြုလိမ့်မည် မဟုတ်။
လောကကို အောင်မြင်ခြင်း
ယေသျှုသည် မေသျှိယဖြစ်တော်မူသည်ဟု ယုံကြည်သောသူတိုင်းသည် ဘုရားသခင်၏သားသမီးများ ဖြစ်ကြ၏။ ဖခင်ကို ချစ်သောသူတိုင်းသည် ထိုဖခင်၏ သားသမီးကိုလည်း ချစ်တတ်၏။
အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။
Comunhão e edificação
Não abandoneis a congregação. Encorajem-se mutuamente, cantem juntos e instruam-se na Palavra de Cristo.
တချို့သောသူရို့ ပြုမူကြသည့်အတိုင်း အတူတကွ စုဝေးသည့် အလေ့အထကို လက်မလျှော့ဘဲ၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် တိုက်တွန်းနှိုးဆော်ကြကုန်အံ့။ အကြောင်းမှာ သင်ရို့သည် သခင်ဘုရား ကြွလာမည့်နိ့ရက်သည် သာ၍ နီးလာသည်ကို သိမြင်လျက်ဟိကြ၏။
ခရစ်တော်၏ နှုတ်ကပတ်တရားတော်ကို သင်ရို့၏ စိတ်နှလုံးထဲ၌ ကြွယ်ဝစွာ တည်စီကြလော့။ အမျိုးမျိုးသော ဉာဏ်ပညာဖြင့် တစ်ဦးကို တစ်ဦး သွန်သင်၍ ဆုံးမပဲ့ပျင်ကြလော့။ ဆာလံတေးခြင်း၊ ဓမ္မတေးခြင်းနှင့် ဝိညာဉ်ရေးဆိုင်ရာ တေးခြင်းများကို စိတ်နှလုံးထဲ၌ ကျေးဇူးတင်သောစိတ်ဖြင့် ဘုရားသခင်အား သီဆိုကြလော့။
ဆာလံတေးခြင်း၊ ဓမ္မတေးခြင်းနှင့် ဝိညာဉ်ရေးဆိုင်ရာ တေးခြင်းများကို အချင်းချင်း သီဆိုပြောဆိုကြ၍၊ စိတ်နှလုံးထဲ၌ သခင်ဘုရားအား ချီးမွမ်းထောမနာပြုလျက် ဓမ္မတေးခြင်းများနှင့် ဆာလံတေးခြင်းများကို သီဆိုကြလော့။
Perdão e reconciliação
Se o teu irmão pecar contra ti, vai e repreende-o a sós. O perdão e a reconciliação preservam a unidade do corpo de Cristo.
တစ်စုံတစ်ယောက်သောသူသည် အပြစ်လုပ်မိလျှင်
"သင်၏ညီအစ်ကို တစ်ယောက်သည် သင့်ကို ပြစ်မှား မိလျှင် သူ့ပါးသို့ လား၍ သူ၏အမှားကို သူ့အား ဖော်ပြပါ။ သို့ရာတွင် ထိုအမှုကို နှစ်ယောက်တည်း တိတ်ဆိတ်စွာ ဆောင်ရွက်ပါ။ သူသည် သင့်စကားကို နားထောင်လျှင် သင်သည် သင့်ညီအစ်ကိုအား ပြန်ရယာ။ သို့သော် သူက သင့်စကားကို နားမထောင်လျှင် သင်နှင့်အတူ လူတစ်ယောက် နှစ်ယောက်ကို ခေါ်၍ သူ့အား ပြောပြလော့။ အကြောင်းမူကား ကျမ်းစာလာသည့်အတိုင်း သင်၏စွပ်စွဲချက်များကို နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော သက်သီတိဖြင့် အတည်ပြုရန် ဖြစ်၏။
တစ်စုံတစ်ယောက်သောသူသည် အပြစ်လုပ်မိလျှင်
"သင်၏ညီအစ်ကို တစ်ယောက်သည် သင့်ကို ပြစ်မှား မိလျှင် သူ့ပါးသို့ လား၍ သူ၏အမှားကို သူ့အား ဖော်ပြပါ။ သို့ရာတွင် ထိုအမှုကို နှစ်ယောက်တည်း တိတ်ဆိတ်စွာ ဆောင်ရွက်ပါ။ သူသည် သင့်စကားကို နားထောင်လျှင် သင်သည် သင့်ညီအစ်ကိုအား ပြန်ရယာ။ သို့သော် သူက သင့်စကားကို နားမထောင်လျှင် သင်နှင့်အတူ လူတစ်ယောက် နှစ်ယောက်ကို ခေါ်၍ သူ့အား ပြောပြလော့။ အကြောင်းမူကား ကျမ်းစာလာသည့်အတိုင်း သင်၏စွပ်စွဲချက်များကို နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော သက်သီတိဖြင့် အတည်ပြုရန် ဖြစ်၏။ သူသည် ထိုသူရို့၏စကားကိုလည်း နားမထောင်လျှင် ဖြစ်သမျှအားလုံးကို အသင်းတော်အား တိုင်ကြားလော့။ နောက်ဆုံးအနေဖြင့် သူသည် အသင်းတော်၏စကားကိုလည်း နားမထောင်လျှင် ထိုသူကို ဘုရားတရားမဲ့ သာသနာပလူ သို့မဟုတ် အခွန်ခံကဲ့သို့ ပြုကြလော့။
တားမြစ်ခြင်းနှင့် ခွင့်ပြုခြင်း
"တဖန် သင်ရို့အားလုံးကို ငါ ဆိုသည်ကား၊ သင်ရို့သည် မြီကြီးထက်မှာ တားဆီးပိတ်ပင်သမျှတိကို ကောင်းကင်ဘုံမှာ တားဆီးပိတ်ပင်လိမ့်မည်။ သင်ရို့သည် မြီကြီးထက်မှာ ခွင့်ပြုသမျှကို ကောင်းကင်ဘုံမှာလည်း ခွင့်ပြုလိမ့်မည်။
"တဖန်၊ သင်ရို့ကို ငါ ဆိုသည်ကား၊ သင်ရို့သည် မြီကြီးထက်မှာ စိတ်သဘော တစ်ညီတစ်ညွတ်တည်း နှစ်ယောက်အတူ ဆုတောင်းလျှင် ကောင်းကင်ဘုံ၌ ဟိတော်မူသော ငါ၏အဖက သင်ရို့ တောင်းသည့်အရာကို ပီးလိမ့်မည်။ အကြောင်းမူကား လူနှစ်ယောက် သို့မဟုတ် သုံးယောက်သည် ငါ၏နာမ၌ အတူစုရုံးကြလျှင် ငါသည်လည်း ထိုနီရာ၌ သူရို့နှင့် အတူဟိ၏။"
ဤပုံပြင်ကို အဆုံးသတ်ပြီးလျှင် ယေသျှုက "သင်သည် သင့်နှလုံးသားထဲ၌ သင်၏ညီအစ်ကိုအား ခွင့်မရွှတ်လျှင် ကောင်းကင်ဘုံ၌ ဟိတော်မူသော ငါ၏အဖသည် သင့်ကို ခွင့်ရွှတ်လိမ့်မည် မဟုတ်" ဟု မိန့်တော်မူ၏။
သျှင်ဘုရင်က ‘သင်ရို့ကို ငါ အမှန် ဆိုသည်ကား၊ ဤသို့သော ငါ၏ညီအစ်ကို မောင်နှမတိထဲက အငယ်ဆုံးသောသူတစ်ယောက်ကို ပြုစုခြင်းသည် ငါ့အား ပြုစုခြင်းဖြစ်၏’ ဟု မိန့်တော်မူလိမ့်မည်။
ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူ မှန်သမျှသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်၏" ဟု မိန့်တော်မူ၏။
ယုံကြည်သူရို့ကို စောင့်ရှောက်ရမည့် တာဝန်များ
အသက်ကြီးသူ တစ်ယောက်ကို အပြစ်တင်ဆုံးမခြင်း မပြုကေ့၊ သင်၏ဖခင်ကဲ့သို့ တောင်းပန်ပြောဆိုလော့။ ငယ်ရွယ်သောသူရို့ကို သင်၏ညီတိကဲ့သို့ လည်းကောင်း၊ အသက်ကြီးသောမိန်းမတိကို သင်၏ မိခင်ကဲ့သို့ လည်းကောင်း၊ ငယ်ရွယ်သော မိန်းမတိကို သန့်ယှင်းစင်ကြယ်သောစိတ်နှင့် သင်၏ညီမချေရို့ ကဲ့သို့လည်းကောင်း ပြုမူပြောဆိုလော့။
သို့ရာတွင် မိမိ၏ဆွီမျိုးသားချင်းများ၊ အထူးသဖြင့် မိမိ၏မိသားစုဝင်များကို မပြုစု၊ မထောက်ပံ့သောသူသည် ယုံကြည်ခြင်းတရားကို ငြင်းပယ်သောသူ ဖြစ်၍ မယုံကြည်သောသူ တစ်ယောက်ထက်ပင် သာ၍ ဆိုးရွား၏။