Pular para o conteúdo
Publicidade

Irrepreensível

Por Bíblia Online

Ser irrepreensível não significa nunca errar, mas manter o coração sincero e alinhado com a vontade de Deus. No dia a dia, isso se traduz em escolhas que refletem a retidão e a verdade, mesmo quando ninguém está olhando.

As Escrituras mostram que a maturidade espiritual é um caminho de transformação constante, onde a graça de Deus nos aperfeiçoa e nos capacita a andar com integridade diante do mundo.

Ser irrepreensível não é ser perfeito — é viver com integridade diante de Deus e dos homens. A Bíblia nos chama a buscar uma vida reta, pura e sem manchas visíveis de hipocrisia.

O padrão divino

Deus é perfeito e chama seus filhos à integridade. A palavra de Deus é purificada e Ele é escudo dos que caminham na retidão.

ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​သည် စုံ​လင်၏။ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​သည် အ​စစ်​ခံ၍​တည်၏။ ခို​လှုံ​သော​သူ​အ​ပေါင်း​တို့၏ အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။

ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သော​အ​မှု​သည် စုံ​လင်၏။ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​သည် အ​စစ်​ခံ၍​တည်၏။ ခို​လှုံ​သော သူ​အ​ပေါင်း​တို့၏ အ​ကွယ်​အ​ကာ​ဖြစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်

ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း၌ မ​လွဲ​မ​တိမ်း၊ လိုက်​သွား​သော သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

ဖြောင့်​မတ်​သော​အ​ကျင့်၊ တ​ရား​သော​အ​မှု​ကို​ပြု​ကျင့်၍၊ သ​စ္စာ​စ​ကား​ကို စိတ်​နှ​လုံး​ပါ​လျက်​ပြော​ထ​သော၊ သူ​တစ်​ပါး၏​အ​သ​ရေ​ကို ပျက်​စေ​ခြင်း​ငှာ​ပြော​ဆို​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ အ​ကျိုး​ကို​ပြစ်​မှား​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို​လည်း ကဲ့​ရဲ့​ခြင်း​ကို​ရှောင်​ထ​သော၊

ဖြောင့်​မတ်​သော​သူ​တို့​အ​ဖို့ ပ​ညာ​ရ​တ​နာ​ကို သို​ထား​တော်​မူ၏။ တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို ကွယ်​ကာ​တော်​မူ၏။

Buscar a perfeição em Cristo

Todos tropeçamos em muitas coisas, mas o alvo é a maturidade. Cristo é a fonte da salvação eterna para todos os que lhe obedecem.

ငါ​တို့​ရှိ​သ​မျှ​သည် အ​များ​သော​အား​ဖြင့် မှား​တတ်​ကြ၏။ စ​ကား​အား​ဖြင့် မှား​ခြင်း​မ​ရှိ​သော​သူ​မည်​သည်​ကား၊ စုံ​လင်​သော​သူ​ဖြစ်၏။ မိ​မိ​ကိုယ်​တစ်​ကိုယ်​လုံး​ကို ချုပ်​တည်း​နိုင်​သော​သူ ဖြစ်၏။-

ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ စင်​ကြယ်​သန့်​ရှင်း​သော သီ​လ​ဟူ​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​တို့​နှင့် မု​ဆိုး​မ​တို့​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကိုယ်​တိုင်​လည်း လော​ကီ​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​အံ့​သော​ငှာ စောင့်​ရှောက်​ခြင်း​ပေ​တည်း။

ကောင်းမြတ်​စုံ​လင်​သော ဆု​ကျေး​ဇူး​ရှိ​သ​မျှ​တို့​သည် အ​လင်း​တို့၏ အ​ဘ​ထံ​တော်​က သက်​ရောက်​သည်​ဖြစ်၍၊ အ​ထက်​အ​ရပ်​မှ လာ​ကြ၏။ ထို​အ​ဘသည် ရွေ့​လျော့​တိမ်း​ယိမ်း​ခြင်း​မ​ရှိ၊ ပြောင်း​လဲ​ခြင်း​အ​ရိပ်​နှင့် ကင်း​လွတ်​တော်​မူ၏။-

ထို​သို့ စုံ​လင်​ခြင်း​သို့​ရောက်​ပြီး​မှ၊ ယုံ​ကြည်​နား​ထောင်​သော သူ​အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြု​သော​သူ​ဖြစ်​တော်​မူ၍။-

ယေ​ရှု​က​လည်း၊ သင်​သည်​စုံ​လင်​ခြင်း​သို့ ရောက်​လို​လျှင် သွား​လော့။ ကိုယ်​ဥ​စ္စာ​များ​ကို​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​ပြီး​မှ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

Vida íntegra

Que a vossa alegria seja completa! Vivam em harmonia, sejam irrepreensíveis — transformados pela renovação da mente.

သင်​တို့၌ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း တည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​စ​ကား​ကို သင်​တို့​အား​ငါ​ဟော​ပြော၏။-

ယ​ခု​တိုင်​အောင် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​သည် အ​ဘယ်​ဆု​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ တောင်း​ကြ​လော့။ ထို​သို့​တောင်း​လျှင် ရ​ကြ​လိမ့်​မည်။

သင်​တို့​သည် လော​ကီ​ပုံ​သ​ဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​နိုင်​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​ကို အ​သစ်​ပြင်​ဆင်၍ ပုံ​သ​ဏ္ဌာန်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။-

အ​သင်း​တော်​တွင်း​ကွဲ​ပြား​ခြင်း

ညီ​အစ်​ကို​တို့၊ သင်​တို့​ရှိ​သ​မျှ​သည် စ​ကား​တ​ညီ​တ​ညွတ်​တည်း​ဖြစ်၍ အ​ချင်း​ချင်း​မ​ကွဲ​ပြား​ဘဲ စိတ်​သ​ဘော​တစ်​သံ တစ်​သ​မတ်​တည်း ရှိ​သည်​နှင့် စေ့​စပ်​စုံ​လင်​ကြ​မည်​အ​ကြောင်း၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို အ​မှီ​ပြု၍ သင်​တို့​ကို ငါ​နှိုး​ဆော်​တောင်း​ပန်​ပါ၏။-

စုံ​လင်​ခြင်း​အ​ဖွဲ့​အ​စည်း​တည်း​ဟူ​သော ချစ်​ခြင်း​မေ​တ္တာ​ကို ထပ်၍ ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။-

ခ​ရစ်​တော်​၏​နှိမ့်​ချ​ခြင်း

ထို​ကြောင့် ခ​ရစ်​တော်၌​သက်​သာ​ခြင်း၊ မေ​တ္တာ​နှင့်​စပ်​ဆိုင်​သော ချမ်း​သာ​ခြင်း၊ ဝိ​ညာဉ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ သ​နား​စုံ​မက်​ခြင်း​တည်း​ဟူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊- သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ၍၊ စိတ်​မ​ကွဲ​ပြား​ဘဲ တစ်​လုံး​တစ်​ဝ​တည်း ကြံ​စည်​ခြင်း​နှင့်​တ​ကွ၊ သ​ဘော​တ​ညီ​တ​ညွတ်​တည်း ရှိ​သော​အား​ဖြင့်၊ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ကို စုံ​လင်​စေ​ကြ​လော့။- ရန်​တွေ့​လို​သော​စိတ်၊ အ​ချည်း​နှီး ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​သော​စိတ်​ရှိ၍ အ​ဘယ်​အ​မှု​ကိုမျှ မ​ပြု​ကြ​နှင့်။ သူ​တစ်​ပါး​သည် ကိုယ်​ထက်​သာ၍ ကောင်း​မြတ်​သည်​ဟု နှိမ့်​ချ​သော စိတ်​ရှိ၍ တစ်​ယောက်​ကို​တစ်​ယောက် ထင်​မှတ်​ကြ​လော့။- ကိုယ်​အ​မှု​အ​ရာ​ကို​သာ မ​ရှု​မ​မှတ်​ဘဲ၊ သူ့​အ​မှု​အ​ရာ​ကို အ​ချင်း​ချင်း​ရှု​မှတ်​ကြ​လော့။- ယေ​ရှု​ခ​ရစ်၌​ရှိ​သော ထို​စိတ်​သ​ဘော​ကို သင်​တို့၌​လည်း ရှိ​စေ​ကြ​လော့။- ထို​သ​ခင်​သည် ဘု​ရား​သ​ခင်၏ သ​ဏ္ဌာန်​တော်​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​နှင့် ပြိုင်​သော​အ​မှု​ကို လု​ယူ​ခြင်း​အ​မှု​ဟူ၍ မ​ထင်​မ​မှတ်​လျက်​ပင်၊- မိ​မိ​အ​သ​ရေ​ကို​စွန့်၍ အ​စေ​ခံ​ကျွန်၏​သ​ဏ္ဌာန်​ကို ယူ​ဆောင်​လျက်၊ လူ​ကဲ့​သို့​သော​အ​ဖြစ်၌ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ၏။- ထို​သို့ လူ၏ ဂုဏ်​အင်္ဂါ​လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​လျက်၊ အ​သေ​ခံ​ခြင်း​သာ​မ​ဟုတ်၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ခြင်း​တိုင်​အောင် အ​စေ​ကျွန်​ခံ၍ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​တော်​မူ၏။- ထို​ကြောင့် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို အ​လွန်​ချီး​မြှောက်၍ ဘွဲ့​နာ​မ​တ​ကာ​တို့​ထက် ကြီး​မြတ်​သော ဘွဲ့​နာ​မ​ကို ပေး​သ​နား​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​သ​တ္တ​ဝါ၊ မြေ​ကြီး​သ​တ္တ​ဝါ၊ မြေ​ကြီး​အောက်၌​ရှိ​သော သ​တ္တ​ဝါ​တည်း​ဟူ​သော ခပ်​သိမ်း​သော သ​တ္တ​ဝါ​တို့​သည် ယေ​ရှု၏​ဘွဲ့​နာ​မ​တော်​ကို ဒူး​ထောက်၍၊- ယေ​ရှု​ခ​ရစ်​သည် သ​ခင်​ဖြစ်​တော်​မူ၏​ဟု နှုတ်​နှင့်​ဝန်​ခံ​သ​ဖြင့်၊ ခ​မည်း​တော်​ဘု​ရား၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​ကြ​မည်​အ​ကြောင်း​တည်း။

နေ၊ လ၊ ကြယ်​ကဲ့​သို့​ထွန်း​လင်း

သို့​ဖြစ်၍ ငါ့​ချစ်​သူ​တို့၊ သင်​တို့​သည် ငါ့​မျက်​မှောက်၌ နား​ထောင်​သည်​သာ​မ​က၊ မျက်​ကွယ်၌​လည်း အ​စဉ် နား​ထောင်​ကြ​သည်​နှင့်​အ​ညီ၊ ကြောက်​ရွံ့​တုန်​လှုပ်​သော​စိတ်​နှင့်၊ ကိုယ်​ကို ကယ်​တင်​ခြင်း​ငှာ ကိုယ်​တိုင် ကြိုး​စား​အား​ထုတ်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​လို​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျင့်​ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​ထဲ၌ စေ​တ​နာ​တော်​အား​ဖြင့် ပြု​ပြင်​တော်​မူ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။- သင်​တို့​သည် ပြု​လေ​သ​မျှ​တို့၌ မြည်​တမ်း​ခြင်း၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ ပြု​ကြ​လော့။- သို့​ပြု​လျှင် အ​ပြစ်​တင်​ခွင့်​မ​ရှိ၊ အ​ဘယ်​သူ​ကို​မျှ မ​ပြစ်​မှား​ဘဲ​နေ၍၊ မ​ဖြောင့်​မ​မှန် ဖောက်​ပြန်​သော​လူ​မျိုး​အ​ထဲ၌ အ​ဘယ်​အ​ပြစ်​မျှ​မ​ပါ​သော ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ​လိမ့်​မည်။ အ​သက်​ရှင်​ခြင်း​နှင့်​ဆိုင်​သော နှုတ်​က​ပတ်​တ​ရား​တော်​ကို ပြ​သ၍၊ စ​ကြ​ဝ​ဠာ၌ နေ၊ လ၊ ကြယ် န​က္ခတ်​ကဲ့​သို့ ထို​လူ​မျိုး​အ​ထဲ၌ ထွန်း​လင်း​ကြ၏။ သို့​ပြု​လျှင် ငါ​သည် အ​ကျိုး​မ​ရှိ​ဘဲ​လျက် ပြေး​သည်​မ​ဟုတ်၊ အ​ကျိုး​မ​ရှိ​ဘဲ​လျက် ကြိုး​စား​အား​ထုတ်​သည် မ​ဟုတ်​ကြောင်း​ကို ငါ​ထောက်၍ ခ​ရစ်​တော်၏​နေ့​ရက်၌ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း​ရှိ​လိမ့်​မည်။

ထို​မျှ​မ​က၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို တင်​လှူ ပူ​ဇော်​သော ယဇ်​အ​ပေါ်​မှာ ငါ့​ကို​လောင်း​သော်​လည်း ဝမ်း​မြောက်​ခြင်း​ရှိ၏။ သင်​တို့​ရှိ​သ​မျှ​နှင့်​အ​တူ ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။- ထို​နည်း​တူ သင်​တို့​သည်​လည်း ဝမ်း​မြောက်​ကြ​လော့။ ငါ​နှင့်​အ​တူ ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လော့။

တိ​မော​သေ​နှ​င့်​ဧ​ပ​ဖြော​ဒိတ်

သင်​တို့​အ​ကြောင်း​အ​ရာ​များ​ကို ငါ​သိ၍ စိတ်​သက်​သာ​ခြင်း​ငှာ၊ တိ​မော​သေ​ကို သင်​တို့​ရှိ​ရာ​သို့ များ​မ​ကြာ စေ​လွှတ်​မည်​အ​ကြောင်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်၌ ငါ​မှီ​ဝဲ​ခြင်း​ရှိ၏။- အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် သင်​တို့​အ​ကျိုး​ကို ကြည့်​ရှု​ချင်​သော စေ​တ​နာ​စိတ်​ရှိ​သ​ကဲ့​သို့ စိတ်​သ​ဘော​တူ​သော သူ​တစ်​ယောက်​မျှ ငါ​တို့၌​မ​ရှိ။- လူ​ခပ်​သိမ်း​တို့​သည် ယေ​ရှု​ခ​ရစ်၏​အ​ကျိုး​ကို မ​ရှာ၊ ကိုယ်​အ​ကျိုး​ကို​သာ ရှာ​ကြ၏။- သို့​သော်​လည်း သား​သည်​အ​ဘ​နှင့်​အ​တူ ဆောင်​ရွက်​သ​ကဲ့​သို့၊ သူ​သည်​ငါ​နှင့်​အ​တူ ဧ​ဝံ​ဂေ​လိ​တ​ရား​အ​မှု​ကို အ​မှန်​ဆောင်​ရွက်​သည်​ဟု သူ​ပြ​သော​သက်​သေ​ကို သင်​တို့ သိ​ကြ၏။- ထို​ကြောင့် ငါ၌​အ​ဘယ်​သို့​ဖြစ်​မည်​ဟု ငါ​သိ​သော​အ​ခါ၊ သူ့​ကို သင်​တို့​ရှိ​ရာ​သို့ ချက်​ချင်း​စေ​လွှတ်​မည်​ဟု ကြံ​စည်​မျှော်​လင့်​လျက် ငါ​နေ၏။- ထို​မျှ​မ​က၊ ငါ့​ကိုယ်​တိုင် သင်​တို့​ရှိ​ရာ​သို့ များ​မ​ကြာ​လာ​မည်​ဟု သ​ခင်​ဘု​ရား​အား​ဖြင့် ယုံ​မှတ်​စွဲ​လမ်း​သော စိတ်​ရှိ၏။

သို့​သော်​လည်း ဆောင်​ရွက်​ခြင်း၊ စစ်​တိုက်​ခြင်း​အ​မှု၌ ငါ၏​အ​ပေါင်း​အ​ဖော်၊ ငါ့​ကို​ပြု​စု​သော သူ​တည်း​ဟူ​သော သင်​တို့​တ​မန်၊ ငါ့​ညီ ဧ​ပ​ဖြော​ဒိတ်​ကို သင်​တို့​ရှိ​ရာ​သို့ ယ​ခု​စေ​လွှတ်​သင့်​သည်​ဟု ငါ​ထင်​မှတ်၏။- အ​ကြောင်း​မူ​ကား၊ သူ​သည် နာ​ကြောင်း​ကို သင်​တို့​ကြား​သိ​သော​ကြောင့်၊ သူ​သည် သင်​တို့​အ​ပေါင်း​ကို လွမ်း​ဆွတ်၍ စိတ်​မ​သာ​လျက်​နေ၏။- သူ​သည် သေ​လု​အောင် နာ​သည်​မှန်၏။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည် သူ့​ကို သ​နား​တော်​မူ၏။ သူ့​ကို​သာ သ​နား​တော်​မူ​သည်​မ​ဟုတ်။ ငါ၌ ဝမ်း​နည်း​ခြင်း​အ​ဆင့်​ဆင့် အ​ထပ်​ထပ်​မ​ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို​လည်း သ​နား​တော်​မူ၏။- ထို​ကြောင့် သင်​တို့​သည် သူ့​ကို​တစ်​ဖန် တွေ့​မြင်၍ ဝမ်း​မြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည်​လည်း သက်​သာ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ့​ကို သာ၍​ကြိုး​စား​သည်​နှင့် ငါ​စေ​လွှတ်၏။- သို့​ဖြစ်၍ သ​ခင်​ဘု​ရား​ကို ထောက်​လျက်၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သူ့​ကို​လက်​ခံ​ကြ​လော့။ ထို​သို့​သော​သူ​တို့​ကို ရို​သေ​လေး​မြတ်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ့​ကို​ပြု​စု၍ မ​ပြည့်​စုံ​သေး​သော​ဝတ်​ကို သူ​သည် ပြည့်​စုံ​စေခြင်း​ငှာ၊ ကိုယ်​အ​သက်​ကို စွန့်​စား၍ ခ​ရစ်​တော်၏​အ​မှု​ကြောင့် သေ​ခြင်း​သို့ ရောက်​လု​နီး​ပြီ။

သူ​တစ်​ပါး၌ အ​ဘယ်​သူ​မျှ ရန်​တုံ့​မ​မူ​စေ​ခြင်း​ငှာ သ​တိ​ပြု၍၊ အ​ချင်း​ချင်း​တို့၌​လည်း​ကောင်း၊ ခပ်​သိမ်း​သော​သူ​တို့၌ လည်း​ကောင်း၊ ကာ​လ​အ​စဉ်​ကြိုး​စား၍ ကျေး​ဇူး​ပြု​ကြ​လော့။-

သို့​သော်​လည်း ငါ​သွား​သော​လမ်း​ကို သိ​တော်​မူ၏။ စစ်​တော်​မူ​ခြင်း​ကို ခံ​ပြီး​မှ၊ ရွှေ​ကဲ့​သို့​ငါ​ပေါ်​လိမ့်​မည်။ ခြေ​တော်​ရာ​ကို အ​စဉ်​တ​စိုက်​ငါ​လျှောက်​သွား၍၊ ကြွ​တော်​မူ​ရာ​လမ်း​ကို မ​လွှဲ​မ​ရှောင်​လိုက်​ပါ၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.