Irrepreensível
Ser irrepreensível não é ser perfeito — é viver com integridade diante de Deus e dos homens. A Bíblia nos chama a buscar uma vida reta, pura e sem manchas visíveis de hipocrisia.
O padrão divino
Deus é perfeito e chama seus filhos à integridade. A palavra de Deus é purificada e Ele é escudo dos que caminham na retidão.
Buscar a perfeição em Cristo
Todos tropeçamos em muitas coisas, mas o alvo é a maturidade. Cristo é a fonte da salvação eterna para todos os que lhe obedecem.
ငါလို့ဆိသမျှဟ ရမ်းဆာ့ မားယွင်း တတ်ကြအယ်။ စသူမဆို စကားပြောခြင်းအရာနှိုက် မားယွင်းခြင်း မဆိရင် အဲသူဟ မိမိကိုယ်ခန္ဓာ တခုလုံးဟိုလည်း ချုပ်တည်းနိန်လဲ့ စုံလင်သောသူ ဖြစ်အယ်။
ခမည်းတော် ဘုရားသခင်ဆေ့နှိုက် စင်ကြယ်ယွေ့ ညစ်ညူးခြင်း ကင်းသော ဘာသာတရား ကိုင်းရှိုင်းမှုဆိုတာဟ ဆင်းရဲဒုက္ခခံရသော မိဘမဆိလဲ့ လပဲ့သငယ်များနဲ့ မုဆိုးမလို့ဟို ကျေ့ရှုခြင်း၊ လောကီအညစ်ကြေးလို့နဲ့ ကင်းစင်စေရန် မိမိတတ်တိုင်း စောင့်ထိန်းခြင်း ဖြစ်အယ်။
ကောင်းမြတ်စုံလင်သော ဆုကျေးဇူးမန်သမျှဟ ခေါန်းခင်မှ လည်းကောင်း၊ ခေါန်းခင် အလင်းတန်ဆာများဟို ဖန်ဆင်းသော ဘုရားသခင်ရဲ့ ဆေမှ လည်းကောင်း သက်ဆင်းယွေ့ လာအယ်။ ကိုယ်တော်ဟ ရွေ့လျော့တိမ်းယိမ်းခြင်း မဆိ၊ ပြောင်းလဲခြင်း အရိပ်နဲ့ ကင်းလွတ်အယ်။
ကိုယ်တော်ဟ စုံလင်ခြင်းဟို ရောက်သောအခါ မိမိဟို နာခံသောသူအပေါင်းလို့အား ထာဝရ ကယ်တင်ခြင်းဟို ပေးသောသူ ဖြစ်လာယွေ့
ယေရှုဟ "နင်ဟ ပြည့်စုံသောသူဖြစ်လိုလျှင် သွားပင်း နင့်ဥစ္စာဆိသမျှဟို ရောင်းပင်းလျှင် ဆင်းရဲသူလို့အား ပေးကမ်းလော့၊ အားပင်း နင်ဟ ခေါန်းခင်ဘုံတွင် ဘဏ္ဍာဟို ရလိမ့်မယ်။ အဲပင်းရင် လာယွေ့ ငါ့နောက်သို့ လိုက်လော့" ဟု မိန့်အယ်။
Vida íntegra
Que a vossa alegria seja completa! Vivam em harmonia, sejam irrepreensíveis — transformados pela renovação da mente.
"နင်လို့နှိုက် ငါရဲ့ ဝမ်းမြောက်ခြင်း တည်နေယွေ့ နင်လို့ ဝမ်းမြောက်ခြင်းဟ ပြေ့ဝစုံလင်စေမဲ့အကျောန်း ဟေအရာများဟို နင်လို့အား ငါပြောအယ်။
အခုတိုင်အောန် ငါရဲ့ နာမဟို အမှီပြုယွေ့ နင်လို့ဟ ပစာဆုဟိုမျှ မတောင်းကြသေး၊ နင်လို့ဟ ဝမ်းမြောက်စရာအကျောန်း စုံလင်စေခြင်းငှာ တောင်းကြလော့၊ အဲလိုတောင်းရင် ရကြလိမ့်မယ်။
နင်လို့ဟ လောကရဲ့ ပုံသဏ္ဌာန်အတိုင်း လိုက်ပင်း မကျင့်ကြနဲ့။ ကောင်းသောအရာ၊ ဘုရားသခင် နှစ်သက်ဖွယ်သောအရာ၊ အပစ်ဆိုဖွယ် မဆိသောအရာ တည်းဟူသော ဘုရားသခင် အလိုဆိသောအရာဟို စလိုအရာဖြစ်တာဟို သိဆိနိန်ရန် စိတ်နေလုံးဟို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန် ပြောင်းလဲခြင်း ဆိကြလော့။
ညီအကို မောင်နှမလို့၊ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ နာမဟို အမှီပြုယွေ့ နင်လို့အား တောင်းပန်အယ်။ စိတ်ဝမ်းကွဲပြားမှု မဆိစေရန် နင်လို့အား စကားအပြောအဆိုတွင် ညီညွတ်မှု ဆိကြလော့။ စိတ်ကူးတခုတည်း ရည်ရွယ်ချက် တခုတည်းဖြင့် စည်းလုံးမှု ဆိကြလော့။
ဟေအရည်သွေးများဟို မေတ္တာဖြင့် ဖြည့်စွက်ကြလော့၊ မေတ္တာဟ အရာအားလုံးဟို စုစည်းယွေ့ စည်းလုံးညီညွတ်စေကြလော့။
ခရစ်တော်နှိုက်ဆိသော နင်ရဲ့ အသက်တာဟ နင့်အား ခိုင်ခံ့စေအယ်။ သူရဲ့ ချစ်ခြင်းမေတ္တာဟ နင့်ဟို နှစ်သိမ့်စေအယ်။ နင်လို့ဟ ဝိညာဉ်တော်နဲ့ မိတ်သဟာယဖွဲ့ခြင်းဟို ရဆိကြအယ်၊ နင်လို့ဟ အချင်းချင်း သနားကြင်နာစိတ် ဆိကြအယ်။ နင်လို့ဟ တစိတ်တသဘောတည်း ဆိယွေ့ စိတ်ဝမ်းမကွဲဘဲ တူညီသော မေတ္တာဆိလျက် စိတ်တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ငါရဲ့ ဝမ်းမြောက်ခြင်းဟို ပြေ့စုံစေကြလော့။ ကြွားဝါလိုသောစိတ်၊ အလကားကား ကျော်စောလိုသောစိတ်လို့ဖြင့် ပစာအမှုဟိုမျှ မပြုကြနဲ့၊ အားပေမဲ့ သူတပါးဟ မိမိထက်သာတာဟု အစဉ်ယူဆလျက် စိတ်နှိမ့်ချကြလော့။ မိမိအကျိုးဟိုသာ မကျေ့ရှုဘဲ သူတပါးရဲ့ အကျိုးဟိုလည်း ကျေ့ရှုကြလော့။ ခရစ်တော် ယေရှုနှိုက်ဆိသော စိတ်သဘောမျိုးဟို နင်လို့နှိုက်လည်း ဆိစေကြလော့။
ကိုယ်တော်ဟ ဘုရားသဘောသဘာဝနဲ့ အစဉ်ပြေ့စုံအယ်။
အားပေမဲ့ ကိုယ်တော်ဟ ဘုရားသခင်နဲ့တန်းတူ ဆိနေရန် ကြိုးစားဖို့ မစဉ်းစားခဲ့ပါ။
ဟေသို့ပြုမဲ့အစား မိမိအလိုအလျောက် ဘုန်းအသရေဆိသမျှဟို စွန့်ယွေ့
အစေခံရဲ့ သဏ္ဌာန်ဟို ခံယူအယ်။
ကိုယ်တော်ဟ လူ့အသွင်ဟို ယူဆောင်ယွေ့
လူကဲ့သို့သောအဖြစ်ဟို ခံယူအယ်။
မိမိကိုယ်ဟို နှိမ့်ချလျက် လက်ဝါးကပ်တိုင်တွင်
အသေခံလဲ့တိုင်အောန် နာခံခြင်း လမ်းစဉ်ဟို လိုက်ဆှောက်ခဲ့အယ်။
ဟေအကျောန်းကျောန့် ဘုရားသခင်ဟ ကိုယ်တော်အား အထက်အမြင့်ဆုံး အရပ်တိုင်အောန် ချီးမြောက်ယွေ့
ဘွဲ့နာမတကာလို့ထက် ကြီးမြတ်သော ဘွဲ့နာမဟို ပေးသနားခဲ့အယ်။
အဲကျောန့်၊ ယေရှုရဲ့ နာမတော်ဟို ဂုဏ်ပြုသောအားဖြင့်
အထက်ခေါန်းခင်အရပ်နှိုက် လည်းကောင်း၊ မြေကြီးပေါ်နှိုက် လည်းကောင်း၊ မြေကြီးအောက်နှိုက် လည်းကောင်း၊ ဆိဆိသမျှလို့ဟ
ဒူးထောက်ကြလိမ့်မယ်။
နှုတ်ဆိသမျှလို့ဟလည်း ယေရှု ခရစ်တော်ဟ သခင်ဖြစ်ကျောန်း ဝန်ခံသဖြင့်
ခမည်းတော် ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ထင်ဆှားစေမဲ့အကျောန်း ဖြစ်အယ်။
အဲလိုမို့ ငါချစ်သောသူလို့၊ နင်လို့ဟ အစဉ်နာခံခဲ့လဲ့အတိုင်း ငါရဲ့ မျက်မှောက်နှိုက်သာ မဟုတ်ဘဲ အခု ငါနဲ့ ဝေးကွာလဲ့အခါနှိုက်လည်း ပိုယွေ့ နာခံလျက် ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် မိမိလို့ရဲ့ ကယ်တင်ခြင်းဟို အကောင်ထည်ဖော်ကြလော့။ အကျောန်းမှာ စေတနာတော်အတိုင်း ဆန္ဒဆိကြစေရန်နဲ့ လုပ်ဆောင်ကြစေရန် နင်လို့အထဲနှိုက် လုပ်ဆောင်သောသူဟ ဘုရားသခင် ဖြစ်အယ်။
နင်လို့ လုပ်ဆောင်စရာဆိသမျှလို့ဟို ညည်းတွားခြင်း၊ ငြင်းခုံခြင်း မဆိဘဲ လုပ်ဆောင်ကြလော့။ အဲမှသာလျှင် အပစ်တင်ခွင့်မဆိ၊ စသူဟိုမျှ မပစ်မားဘဲနေယွေ့ မဖြောင့်မမန် ဖောက်ပြန်သော လူသားမျိုးနွယ်အထဲနှိုက် ပစာအပစ်မျှ မပါဘဲ ဘုရားသခင်ရဲ့ သား ဖြစ်ကြလိမ့်မယ်။ အသက်ဆှင်ခြင်းနဲ့ဆိုင်သော နှုတ်ကပတ်တရားဟို ပြသသလို၊ ခေါန်းခင်ဟို ထွန်းလင်းစေသော ကြယ်များလို နင်လို့ဟ ထွန်းလင်းရမယ်။ အဲသို့အားဖြင့် ငါဟ အကျိုးမဆိဘဲလျက် ပြေးတာ မဟုတ်၊ အကျိုးမဆိဘဲလျက် ကြိုးစားအားထုတ်တာ မဟုတ်ကျောန်းဟို ငါထောက်ယွေ့ ခရစ်တော်ရဲ့ နေ့ရက်နှိုက် ဝါကြွားဝမ်းမြောက်ခြင်း ဆိလိမ့်မယ်။
နင်လို့ရဲ့ ယုံကြည်ခြင်းဟ ဘုရားသခင်အား ပူဇော်သောယဇ်ပေါ်တွင် ငါရဲ့ အသက်သွေးဟို သွန်းလောင်းရမယ်ဆိုရင် ငါဟ ဝမ်းမြောက်လျက် နင်လို့နဲ့အတူ ဝမ်းမြောက်အယ်။ အဲတိုင်းတိုင်း နင်လို့ဟလည်း ဝမ်းမြောက်လျက် ငါနဲ့အတူ ဝမ်းမြောက်ကြလော့။
ငါဟ နင်လို့အကျောန်း သတင်းကောင်းကျောန့် အားတက်လာစေရန် သခင်ဘုရား အလိုတော်ဆိရင် တိမောသေဟို နင်လို့ဆေဟို မကြာမီ စေလွှတ်နိန်လိမ့်မယ်ဟု မျှော်လင့်အယ်။ တိမောသေတဦးသာရင် ငါနဲ့ သဘောချင်းတူယွေ့ နင်လို့ရဲ့ အကျိုးဟို အမန်ပင် လိုလားသူ ဖြစ်အယ်။ လူအပေါင်းလို့ဟ ကိုယ့်အကျိုးဟိုသာ ဆှာကြအယ်။ ယေရှု ခရစ်တော်ရဲ့ အကျိုးဟို မဆှာကြ။ တိမောသေနဲ့ ငါဟ သားအဖလို အတူတကွ သတင်းကောင်းအတွက် အစေဟို စလို ဆောင်ရွက်ခဲ့ကြကျောန်းဟို နင်လို့ သိကြအယ်။ အဲလိုမို့ ငါ့အမှုကိစ္စ စလို ဖြစ်မယ်ဟို သိလျှင်သိချင်း သူ့အား နင်လို့ဆေဟို စေလွှတ်နိန်မယ်ဟု ငါ မျော်လင့်အယ်။ ငါတတ်တိုင်းလည်း နင်လို့ဆေဟို မကြာမီ ရောက်လာနိန်မယ်ဟု သခင်ဘုရားနှိုက် ငါ ယုံကြည်စိတ်ချအယ်။
အဲလိုလဲ ငါ့ညီ၊ ငါရဲ့ လုပ်ဖော်ဆောင်ဖက်နဲ့ ရဲဘော်ရဲဘက် ဖြစ်လဲ့အပြင် ငါရဲ့ လိုအပ်ချက်များဟို ဖြည့်ဆည်း ဆောင်ရွက်ပေးသော နင်လို့ရဲ့ တမန် ဧပဖြောဒိတ်ဟို နင်လို့ဆေ စေလွှတ်ရန် လိုအပ်တာဟု ငါယူဆအယ်။ သူဟ နင်လို့အပေါင်းဟို လွမ်းဆွတ်လျက် နေပင်း သူဖျားနာလဲ့သတင်းဟို နင်လို့ ကြားသိသွားသဖြင့် သူဟ စိတ်ပူပန်လျက် နေအယ်။ သူဟ အမန်ပင် သေလုနီးပါး နာမကျန်း ဖြစ်ခဲ့အယ်။ အားပေမဲ့ ဘုရားသခင်ဟ သူ့ဟို သနားအယ်၊ သူ့ဟိုသာ မဟုတ်ဘဲ ငါ့အား ထပ်ဆင့်ဝမ်းနည်းမှုနဲ့ မကြုံတွေ့စေရန် ငါ့ဟိုလည်း သနားအယ်။ အဲကျောန့် နင်လို့ဟ သူ့ဟို တဖန် တွေ့မျော်ယွေ့ ဝမ်းမြောက်ကြစေရန်နဲ့ ငါဟလည်း စိတ်သက်သာရာရစေရန် သူ့အား နင်လို့ဆေဟို စေလွှတ်ရန် ငါ ပိုယွေ့ စိတ်အားထက်သန်လျက် ဆိအယ်။ အဲလိုမို့ ဝမ်းမြောက်ခြင်း အပြေ့အဝဖြင့် သခင်ဘုရားနှိုက် သူ့ဟို လက်ခံကြလော့။ ဟေသို့သော သူလို့ဟို ရိုသေလေးစားကြလော့။ ပစာကို့ နင်လို့တတ်တိုင်း မပေးနိန်လဲ့ အကူညီဟို ငါ့အား ပေးနိန်အံ့သောငှာ အသက်စွန့်စားယွေ့ ခရစ်တော်ရဲ့ အမှုတော်ဟို သေလုနီးပါးတိုင်အောန် ကြိုးပမ်းဆောင်ရွက်ခဲ့အယ်။
စသူမှ သူတပါးအပေါ် အမားဟို အမားနဲ့ မတုံ့ပြန်ကြစေရန် သတိပြုကြလော့၊ အချင်းချင်းအတွက် လည်းကောင်း၊ လူအားလုံးလို့အတွက် လည်းကောင်း၊ ကောင်းကျိုးဟိုသာ အမြဲကြိုးစား လုပ်ကြလော့။