Irrepreensível
Ser irrepreensível não é ser perfeito — é viver com integridade diante de Deus e dos homens. A Bíblia nos chama a buscar uma vida reta, pura e sem manchas visíveis de hipocrisia.
O padrão divino
Deus é perfeito e chama seus filhos à integridade. A palavra de Deus é purificada e Ele é escudo dos que caminham na retidão.
Buscar a perfeição em Cristo
Todos tropeçamos em muitas coisas, mas o alvo é a maturidade. Cristo é a fonte da salvação eterna para todos os que lhe obedecem.
နို့လေရှိမျှဟှာ မကြာမကြာ မှားဂေ့ဟှယ်။ ဖယ်ခါလည်း စကားမှားဘဲ့ဟှူလူဟှာ ပ္လဲ့ဝစောင်လင်ဟှူလူ ဖြစ်ဟှယ်။ အယ်မျိုးလူဟှာ ကိုယ့်ကိုယ်ကိုယ် ထီးချောက်နိုင်ဟှူလူ ဖြစ်ဟှယ်။
ဖဘုရားသခင်ရှေ့မာ စင်ကြယ်ဟှူတရားဟှို ကြည်ညိုဟှယ် ဆိုဇာ ဒေါက်ခရော့-က်နေဟှူ၊ မိဖမှေ့ဘဲဟှူ သားဂန်းလေန မောက်ဆိုးမလေဟှို ကေ့ရှုစောန့်ရှောန်ရှင်း၊ လောကရဲ့ ညစ်ညူးရှင်းလေန ကင်းအောန် ကိုယ့်ကိုယ်ကိုယ် စောန့်ထီးရှင်းဘဲ ဖြစ်ဟှယ်။
ကောန်းမြတ်စောင်လင်ဟှူ ဆုကျေးဇူးမှန်မျှဟှာ ကောန်းဂန်မာရှိဟှူ ဇာလေဟှို ဖန်ဆင်းဟှူ ဘုရားသခင်နားဟှနေ ရော့-က်လာဟှယ်။ ကိုယ်တော်ဟှာ ပ္လောန်းလဲတတ်ဟှူ ရိနလည်းကင်းဟှယ်။
စောင်လင်ရှင်းဟှို ရော့-က်ဘီးမှ ယောင်ကြည်နားထောင်ဟှူ သူလေဟှို ထာဝရကယ်တန်ရှင်း ကျေးဇူးဟှို ပြုဟှူသူ ဖြစ်တော်မူဘီး၊
ယေရှုဟှလည်း "နန်ဟှာ စောင်လင်ရှင်ဟှယ် ဆိုဟှာ သွားဘီးဟှာ နန့်မာရှိဟှူ ပစ်စီးအောက်စာလေ ဂူလောင်းဟှို ရောန်းဘီးဟှာ ဆင်းရဲသားလေဟှို ပေးပါ။ အယ်မျိုးဆိုဟှာ နန်ဟှာ ကောန်းဂန်ဘောင်မာရှိဟှူ ဘဏ္ဍာဟှို ရလေ့မယ်။ အယ်ဘီးမှ ငါ့နော့-က်ဟှို လိုက်ပါ" ဆိုဘီး မိန့်တော်မူလေဟှယ်။
Vida íntegra
Que a vossa alegria seja completa! Vivam em harmonia, sejam irrepreensíveis — transformados pela renovação da mente.
"နန်းနို့ထဲမာ ငါ့ရဲ့ ဝန်းသာမှုလေ ရှိနေဘီး နန်းနို့ရဲ့ ဝန်းသာမှုလေ ပ္လဲ့ဇောင်လာဟှို့တွပ် အယ်မူဇာဟှို နန်းနို့ဟှို ငါပြောဟှယ်။
ခုထိ ငါ့နာမအားဖြင့် နန်းနို့ဟှာ ဖြားဇာလည်း တောန်းဂေ့သေးဟှ။ နန်းနို့ရဲ့ ဝန်းသာဇာန ပ္လဲ့ဝဟှို့တွပ် တောန်းဂေ့။ တောန်းမယ် ဆိုဟှာ ရဂေ့လေ့မယ်။
နန်းနို့လေဟှာ လောကီ ပေါင်သဏ္ဌာန်ဟှို ဆောန်ဂေ့န။ ကောန်းမြတ်ဟှူဇာ၊ စောင်လင်ဟှူဇာဖြစ်ဟှူ ဘုရားသခင် လိုတော်ရှိဟှူဇာဟှာ ဖယ်မျိုးဇာဖြစ်ဟှယ် ဆိုဇာဟှို ပိုင်းခြားနိုင်ဟှို့တွပ် စိနှလောင်းဟှို သစ်ပြုပြင်ရှင်းအားဖြင့် ပေါင်သဏ္ဌာန် ပ္လောန်းလဲရှင်း ရှိဂေ့ပါ။
သင်းတော်ထဲမာ စိဝန်းကွဲဟှူကြောန်း
ညီကို မောန်နှမလေ၊ နန်းနို့လေရှင်းရှင်း စိဝန်းကွဲရှင်းမှေ့ဘဲန စည်းစည်းလောင်းလောင်း ညီးညီညွတ်ညွတ်နေဘီး စိတူကိုယ်တူဖြစ်ဟှို့တွပ် သခင် ယေရှုခရစ်တော်ရဲ့ နာမတော်ဟှိုမှီပြုဘီးဟှာ နန်းနို့လေဟှို ငါတောန်းဗန်ပါဟှယ်။
အယ်မူဇာဂူလောင်းထတ်မာ စောင်လင်ဟှူ ဖွဲ့စည်းဖြစ်ဟှူ ရှစ်ရှင်းမြစ်တာဟှို ထပ်ဘီးဟှာ ယူတန်ဝတ်ဆောန်ဂေ့ပါ။
ခရစ်တော်ရဲ့ နှိခ္လရှင်း
နန်းနို့ဟှာ ခရစ်တော်ထဲမာ သတ်ရှင်ဟှူကြောန့် ခွန်အားလေ ရလာဂေ့ဟှယ်။ ကိုယ်တော်ရဲ့ မြစ်တာတော်ဟှာ နန်းနို့ဟှို နှစ်သိမ့်မှုဟှို ပေးဟှယ်။ နန်းနို့ဟှာ ဝိညာဉ်တော်န မိတ်သဟာယဖွဲ့ရဟှူ ခွမ့်ရဂေ့ဟှယ်။ နန်းနို့လေဟှာ သနားကြင်နာဟှူ စိရှိဂေ့ပါ။ အယ်ဘီးဟှာ နန်းနို့ဟှာ စိသဘောတူးဒူရှိရှင်း၊ နန်းနို့ရှင်းရှင်း ရှစ်ရှင်း၊ စိစွဲလမ်းဘီး တူးဒူရှိဂေ့ဇာအားဖြင့် ငါ့ဟှို ရရတိုင်း ဝန်းသာစေဂေ့ပါ။ ဝါကြွားရှင်ဟှူစိ၊ ကျော်ကြားရှင်ဟှူ စိဟှို တတ်မတ်ဘီးဟှာ ဖြားမှုလည်း လောက်ဂေ့န။ တခြားလူဟှ ကိုယ်ထတ်သာဟှယ် ဆိုဇာဟှို မြဲဒမ်း မှတ်ဟှားဘီးဟှာ စိနှိခ္လဂေ့ပါ။ ကိုယ်ကျိုးတွပ်ဘဲ့ ကေ့ဘဲ့န ရှင်းရှင်းလေရဲ့ ကျိုးဟှို ရှာဂေ့ပါ။ ယေရှုခရစ်တော်ထဲမာရှိဟှူ စိသဘောမျိုး နန်းနို့လေမာလည်း ရှိဂေ့ပါ။
ကိုယ်တော်ဟှာ ဘုရားဇာတိတော်န ထာဝရပ္လဲ့ဇောင်ဟှယ်။
ဘုရားသခင်န ဒန်းဒူဖြစ်ဟှို့တွပ် ကြိုးစားအားထုမှုမျိုး စဉ်းစားဟှ။
အယ်မျိုးလောက်ဟှို့ နေနေသာသာ ကိုယ့်ကိုယ်ကိုယ်
ဖောင်းသရေတော်ဟှိုစွန့်ဘီး စေခံကျွန်ရဲ့ ပေါင်ဇံဟှို ခံယူလိုက်ဟှယ်။
ကိုယ်တော်ဟှာ လူပေါင်ဇံဟှို ဆောန်ဘီးဟှာ လူလေမျိုး မွီးဖွားလာဟှယ်။
သူ့ကိုယ်သူ နှိခ္လဘီးဟှာ လတ်ဝါးကပ်တိုင်ထတ်မာ
သေခံဟှားဟှူထိ နာခံမှုလမ်းစဉ်ဟှို လိုက်လျှော့-က်ဟှားဟှယ်။
အယ်ကြောန်းကြောန့် ဘုရားသခင်ဟှာ
ကိုယ်တော့်ဟှို ရရာတိုင်း ချီးမြှော-က်ဘီး၊
ဘွဲ့နာမဂူလောင်းထတ် ကီးမြတ်ဟှူ ဘွဲ့နာမဟှို ပေးဟှားဟှယ်။
အယ်ကြောန့် ကောန်းဂန်၊ မ္လေဂီးထတ်န မ္လေဂီးအော့-က်မာ ရှိနေဟှူ သတ္တဝါဂူလောင်းဟှာ
သခင်ယေရှုရဲ့ နာမတော်ဟှို ရိုသေဦးညွှတ်ဘီးဟှာ၊
ယေရှုခရစ်တော်ဟှာ သခင်ဖြစ်ဟှယ် ဆိုဇာဟှို နှောက်နဝန်ခံဘီး၊
ဖဘုရားသခင်ရဲ့ ဖောင်းတော်ဟှို ထန်ရှား စေဂေ့လေ့မယ်။
လောကမာ လန်းရောန်မျိုးဘဲ့ ထွန်းလန်းဟှူကြောန်း
ရှစ်ရဟှူသူလေ၊ နန်းနို့န ငါဟှာ ရှိနေဟှူခီဒူးဟှ နန်းနို့ဟှာ ငါ့စကားဟှို မြဲဒမ်း နားထောန်မျိုးဘဲ့ ငါ့နော့-က်ကွယ်မာလည်း မြဲဒမ်းနားထောန်ဘီးဟှာ ရရာတိုင်း ကြော့-က်ဟှူစိန ကိုယ့်ကိုယ်ကိုယ် ကယ်တန်ဟှို့တွပ် ကိုယ်တိုင် ကြိုးစာအားထုဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ စေတနာစိ ရှိဟှူတိုင်း ဆန္ဒရှိဟှို့န လောက်ဆောင်ဂေ့ဟှို့တွပ် နန်းနို့ထဲမာ လောက်ဆောင်တော်မူဟှူ သခင်ဟှာ ဘုရားသခင်ဖြစ်ဟှယ်။
နန်းနို့ဟှာ ဖြားဘဲ့လောက်လောက် ညီးတွားရှင်း၊ ဂြင်းခူရှင်း ရှိဘဲန လောက်ဆောန်ဂေ့ပါ။ အယ်မျိုးလောက်မှ နန်းနို့ဟှာ ဖော့-က်ပ္လန်ဘီးဟှာ ပြစ်ကျူးလွန်နေဟှူ လူလေရှိဟှူ အယ်လောကမာ ဘုရားသခင်ရဲ့ ပြစ်တန်ဇာမှေ့ဘဲ့ဟှူ သားမီးနေန စိနှလောင်း ဖ္လူစင်သန့်ရှင်းဘီးဟှာ ပြစ်ကင်းဟှူလူလေ ဖြစ်ဂေ့လေ့မယ်။ နန်းနို့ဟှာ ထာဝရသတ်န ဆိုင်ဟှူ တရားတော်ဟှို ဟောပြောဘီးဟှာ အယ်လူလေလယ်မာ ကြယ်လေမျိုးဘဲ့ လန်းဘီးဟှာ တော့-က်ပဂေ့လေ့မယ်။ အယ်မျိုးလောက်မယ် ဆိုဟှာ ငါဟှာ အားထုဘီးဟှာ လောက်ဆောန်ဇာမှန်မျှဟှာ ချည်းနှီးဖြစ်ဘဲန ခရစ်တော်ရဲ့ နေ့ရစ်မာ ငါ့မာ ဂေါင်ယူဝါကြွားဇာ ကြောန်းလေ ရှိလေ့မယ်။
နန်းနို့ရဲ့ ယောင်ကြည်ရှင်းဟှ ဘုရားသခင်ဟှို ပူဇော်ဟှူယဇ်ထတ်မာ ငါ့ရဲ့ သတ်နသွီးဟှို သွန်းလောင်းရမယ် ဆိုဟှာ ငါဟှာ ဝန်းသာဘီး နန်းနို့နတူးဒူ ဝန်းသာဟှယ်။ နန်းနို့ဟှာ ဝန်းသာဘီးဟှာ ငါ့နတူးဒူ ဝန်းသာဂေ့ပါ။
တိမောသေန ဧပဖြောဒိတ်ကြောန်း
ငါဟှာ နန်းနို့ကြောန်း ဒန်းကောန်းဟှို ကြားဘီးဟှာ အားတတ်လာဟှို့ သခင်ယေရှုဟှာ လိုတော်ရှိမယ် ဆိုဟှာ တိမောသေဟှို နန်းနို့နားဟှို ကြာခန်မာ လွှတ်ဟှို့တွပ် ငါဟှာ မျှော်လင့်ဟှယ်။ တိမောသေ တယော့-က်ဘဲ့ ငါ့နဘောတူဘီး နန်းနို့ရဲ့ ကျိုးဖြစ်ဟှို့တွပ် မှန်တကယ်လိုရှင်ဟှူ လူဖြစ်ဟှယ်။ တခြားလူလေဟှာ ကိုယ်ကျိုးဘဲ့ ရှာဂေ့ဟှယ်။ ယေရှုခရစ်တော်ရဲ့ကျိုးဟှို ရှာဂေ့ဟှ။ တိမာသေန ငါဟှာ သားဖမျိုးဘဲ့ တူးဒူ ဒန်းကောန်းဟှို ပ္လံ့နှံ့ဟှို့တွပ် မှုတော်ဟှို ဖယ်မျိုးစေခံဟှယ်နူး၊ ဆိုဇာဟှို နန်းနို့ဟှာ သိဂေ့ဟှယ်။ အယ်ကြောန့် ငါ့ရဲ့ မှုကိစလေဟှာ ဖယ်မျိုးဖြစ်နူး၊ ဆိုဇာဟှို သိဟှူ ခီမာ သူ့ဟှို နန်းနို့နားဟှို လွှတ်နိုင်ဟှို့တွပ် ငါဟှာ မျှော်လင့်နေဟှယ်။ သခင်ဘုရားဟှို ယောင်ကြည် ကိုးစားဘီး ငါကိုယ်တိုင်ဘဲ့ ကြာခန်မာ နန်းနို့နားဟှို လာနိုင်လေ့မယ်။
ငါ့ရဲ့ လောက်ဖော်ဆောန်ဖတ်၊ ငါ့နတူးဒူ တိုက်ပွဲဝမ်ဟှူလူ၊ ငါ့ဟှို ပြုစုဟှို့တွပ် နန်းနို့လေ လွှတ်လိုက်ဟှူလူ၊ နို့လေရဲ့ညီ စေတမန်ဖြစ်ဟှူ ဧပဖြောဒိတ်ဟှို နန်းနို့နားဟှို လွှတ်ဟှို့တွပ် လိုအပ်နေဟှယ် ဆိုဇာဟှို ငါဟှ ယူဆဟှယ်။ သူဟှာ နန်းနို့ဂူလောင်းဟှို လွမ်းဘီးဟှာ မြဲဒမ်းဒိရနေဟှယ်။ သူဖျားနေဟှူ ဒန်းဟှို နန်းနို့ဟှ ကြားဟှူကြောန့် သူဟှာ စိကောန်းဘဲ ဖြစ်နေဟှယ်။ သူဟှာ တကယ်ဘဲ့ သေခါနီးဖြစ်အောန် ဖျားနေဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ သူ့ဟှို သနားလေဟှယ်။ သူ့ဟှိုဘဲ့ သနားဇာမှုဟှ။ ငါ့ဟှိုလည်း ထတ်ဘီးဟှာ ဝန်းနဲ့ဟှူ ဇာလေန တွိကြောင်ဘဲနေ ရဟှို့တွပ် သနားဟှယ်။ အယ်ကြောန့် နန်းနို့ဟှာ သူ့ဟှို နော့-က်တခါ တွိရဟှူကြောန့် ဝန်းသာဂေ့ဟှိုတွပ်ရော၊ ငါ့ရဲ့ ဝန်းနဲဟှူ ဇာလေလည်း ပျော့-က်ဟှားဟှို့တွပ်ရော သူ့ဟှို နန်းနို့နားဟှို လွှတ်ဟှို့တွပ် ငါဟှာ ပိုဘီး ဟှာ စိအားထတ်သန်ဘီး နေဟှယ်။ နန်းနို့ဟှာ သခင်ဘုရားဟှို ထော့-က်ဘီး သူ့ဟှို ညီကိုတယော့-က်နေန ဝန်းသာဘီးဟှာ ကြိုဆိုဂေ့ပါ။ အယ်မျိုးလူဟှိုလည်း ရိုသေဘီးဟှာ လေးစားဂေ့ပါ။ သူဟှာ နန်းနို့လေကိုယ်တိုင် ပေးနိုင်ဘဲ့ဟှူ ကူညီလေဟှို ငါ့ဟှို ပေးနိုင်ဘီးဟှာ သတ်စွန့်ဘီးဟှာ ခရစ်တော်ရဲ့မှုတော်ဟှို သေခါနီးထိ ကြိုးစားဘီးဟှာ ထမ်းဆောန်ဟှယ်။
ဖယ်သူလေဟှိုမှလည်း ဆိုးဟှိုဆိုးန တုံ့ပ္လန်ဘဲနေဟှို့တွပ် ဒိထားဂေ့ပါ။ ရှင်းရှင်းလေန လူလေ ဂူလောင်းဟှို ကောန်းကျိုးပြုဟှို့တွပ် ခီတိုင်းကြိုးစားအားထုဂေ့ပါ။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.