Jesus te ama
Jesus te ama — esta é a mensagem mais poderosa do universo. O amor de Cristo excede todo entendimento e nos alcança onde quer que estejamos, como somos.
O amor de Jesus
Ninguém tem maior amor do que aquele que dá a vida pelos amigos. Jesus demonstrou o amor supremo na cruz do Calvário.
ကိုယ့်မိတ်ဆွီရို့အတွက် ကိုယ့်အသက်ကို စွန့်ပီးခြင်းမေတ္တာထက် သာ၍ ကြီးမြတ်သော မေတ္တာဟူ၍ မဟိ။
ငါ၏ ပညတ်သည်ကား၊ ငါသည် သင်ရို့ကို ချစ်သကဲ့သို့ သင်ရို့သည်လည်း အချင်းချင်း ချစ်ကြလော့။
ငါ၏ခမည်းတော်သည် ငါ့ကို ချစ်သကဲ့သို့ ငါသည်လည်း သင်ရို့ကို ချစ်၏။ သင်ရို့သည် ငါ၏မေတ္တာ၌ တည်နိန်ကြလော့။
ယေသျှုကလည်း၊ "ငါ့ကိုချစ်သောသူသည် ငါ၏ သွန်သင်ချက်ကို ခံယူလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကို ချစ်တော်မူလိမ့်မည်။ ငါနှင့် ငါ့ခမည်းတော်သည်လည်း သူ့ထံသို့ လာပြီးလျှင် သူနှင့်အတူ ကိန်းဝပ်လိမ့်မည်။
‘အချင်းချင်း ချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်ရို့အား အဂု ငါပီး၏။ ငါသည် သင်ရို့ကိုချစ်ခသကဲ့သို့ သင်ရို့လည်း အချင်းချင်းချစ်ကြလော့။
Amados por Ele
Deus prova seu amor em que Cristo morreu por nós quando ainda éramos pecadores. O amor de Jesus é incondicional e eterno.
သို့ရာတွင် ငါရို့သည် အပြစ်သားဖြစ်လျက်ပင်၊ ခရစ်တော်သည် ငါရို့အတွက် အသီခံပီးခတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါရို့ကို ဇာလောက် ချစ်သည်ကို ငါရို့အား ထင်ရှားစွာ ပြတော်မူ၏။
ခရစ်တော်သည် ငါရို့ကို ချစ်တော်မူ၍ ငါရို့အတွက် မိမိကိုယ်ကို ဘုရားသခင် နှစ်သက်တော်မူရာ မွှီးကြိုင်သော ပူဇော်သကာအဖြစ် ဆက်သတော်မူသကဲ့သို့ သင်ရို့သည်လည်း မေတ္တာတရား၌ ကျင်လည်ကြလော့။
ငါ၏ ဆုတောင်းသော အချက် ဟူမူကား၊ ကိုယ်တော်သည် ဘုန်းတော်နှင့် ကြွယ်ဝတော်မူသည်နှင့်အညီ သင်ရို့အား အတွင်းလူကို ခိုင်ခံ့လာစီခြင်းငှာ ဝိညာဉ်တော်အားဖြင့် တန်ခိုးကို ပီးသနားတော်မူရန် လည်းကောင်း၊ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်ရို့၏ စိတ်နှလုံး၌ ကိန်းဝပ်တော်မူစီခြင်းငှာ လည်းကောင်း ငါသည် ဆုတောင်း၏။ ထိုမျှမက သင်ရို့သည် မေတ္တာ၌ တိုက်မြစ်ချ၍ အမြစ်စွဲစီရန် လည်းကောင်း၊ သင်ရို့သည် ခရစ်တော်၏မေတ္တာ အလျား၊ အနံ၊ အမြင့်၊ အနက်တိကို ဘုရားသခင်၏လူ အပေါင်းရို့နှင့်အတူ သိနားလည်ကြမည့်အကြောင်း ငါ ဆုတောင်း၏။ ခရစ်တော်၏မေတ္တာတော်ကို ဇာခါလေ့ အပြည့်အဝ နားမလည်နိုင်သော်လည်း၊ ဘုရားသခင်၏ ပြည့်စုံတော်မူခြင်းဟိသမျှနှင့် ပြည့်ဝတော်မူပါမည့်အကြောင်း ငါဆုတောင်း၏။
ဘုရားသခင်သည် ငါရို့အား ဦးစွာ ချစ်တော်မူသောကြောင့် ငါရို့သည် ကိုယ်တော့်ကို ချစ်ကြ၏။
ထို့အပြင် ငါရို့၏ သခင်ဘုရားသည် မိမိ၏ အတိုင်းမသိကြွယ်ဝတော်မူသော ကျေးဇူးတော်ကို ငါ၌ သွန်းလောင်းပီးတော်မူသည့်အပြင် ခရစ်တော်ယေသျှု၌ဟိသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို ငါ့အား ပီးတော်မူ၏။