Pular para o conteúdo
Publicidade

Jovens

Por Bíblia Online

Ser jovem traz descobertas, dúvidas e grandes decisões todos os dias. É uma fase de transição em que você constrói a própria identidade, define prioridades e busca entender qual é o seu lugar no mundo e nos planos de Deus.

As Escrituras conversam diretamente com essa etapa da vida, oferecendo direção prática para lidar com a família, as escolhas cotidianas e a responsabilidade de viver com integridade. Encontre aqui orientação divina para fortalecer a sua caminhada, cultivar a sabedoria e manter o coração firme naquEle que sustenta a sua juventude.

Deus tem planos maravilhosos para os jovens. A Bíblia os convida a consagrar a juventude ao Senhor, crescer em sabedoria e ser exemplo para todos em fé, palavra, conduta e amor.

Ninguém despreze a tua mocidade

Paulo exortou Timóteo: sê exemplo dos fiéis na palavra, no procedimento, no amor, no espírito, na fé e na pureza.

သင်၏ အ​သက်​အ​ရွယ်​နု​ပျို​သည်​ကို အ​ဘယ်​သူ​မျှ မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ စ​ကား​ပြော​ခြင်း၊ ကျင့်​ကြံ​ပြု​မူ​ခြင်း၊ သူ​တစ်​ပါး​ကို​ချစ်​ခြင်း၊ ဝိ​ညာဉ်​သ​ဘော​ရှိ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊ စင်​ကြယ်​ခြင်း​အ​ရာ​မှာ၊ ယုံ​ကြည်​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ပြ​လော့။-

ထို​နည်း​တူ၊ အ​သက်​ပျို​သော​ယောက်ျား​တို့​သည်​လည်း၊ ဣ​န္ဒြေ​စောင့်​ရ​ကြ​မည်​အ​ကြောင်း တိုက်​တွန်း သွေး​ဆောင်​လော့။

သား​သ​မီး​နှ​င့်​မိ​ဘ

သား​သ​မီး​တို့၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​အ​ညီ မိ​ဘ​စ​ကား​ကို နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား ကို​နား​ထောင်​ခြင်း​အ​မှု​သည် တ​ရား​သော​အ​မှု ဖြစ်၏။- မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ဤ​ပ​ညတ်​တော်​ကား၊ သင်​သည် ပြည်​တော်၌ ကောင်း​စား၍ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း ဟူ၍ က​တိ​တော်​နှင့်​ဆိုင်​သော ပ​ထ​မ​ပ​ညတ်​ဖြစ်၏။-

သား​သ​မီး​နှ​င့်​မိ​ဘ

သား​သ​မီး​တို့၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​အ​ညီ မိ​ဘ​စ​ကား​ကို နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား ကို​နား​ထောင်​ခြင်း​အ​မှု​သည် တ​ရား​သော​အ​မှု ဖြစ်၏။- မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ဤ​ပ​ညတ်​တော်​ကား၊ သင်​သည် ပြည်​တော်၌ ကောင်း​စား၍ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း ဟူ၍ က​တိ​တော်​နှင့်​ဆိုင်​သော ပ​ထ​မ​ပ​ညတ်​ဖြစ်၏။-

Lembrar do Criador na juventude

Lembra-te do teu Criador nos dias da tua mocidade. A sabedoria ganha cedo produz frutos duradouros na vida inteira.

ငါ​နေ၍ မ​ပျော်​နိုင်​ဟု​ဆို​ရ​သော ကာ​လ​သည်​မ​နီး၊ ဆိုး​သော​ကာ​လ​မ​ရောက်​မီ၊ ယ​ခု​အ​သက်​ပျို​စဉ်​အ​ခါ​ပင်၊ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို အောက်​မေ့​လော့။

ငါ​နေ၍ မ​ပျော်​နိုင်​ဟု​ဆို​ရ​သော ကာ​လ​သည်​မ​နီး၊ ဆိုး​သော​ကာ​လ​မ​ရောက်​မီ၊ ယ​ခု​အ​သက်​ပျို​စဉ်​အ​ခါ​ပင်၊ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို အောက်​မေ့​လော့။ နေ​နှင့် အ​လင်း၊ လ​နှင့် ကြယ်​တို့​သည် ကွယ်၍​မိုး​ရွာ​ပြီး​မှ၊ အ​ထပ်​ထပ်​ရွာ​တတ်​သော​ကာ​လ​မ​ရောက်​မီ အောက်​မေ့​လော့။ ထို​ကာ​လ၌ အိမ်​စောင့်​တို့​သည် တုန်​လှုပ်၍၊ ခိုင်​ခံ့​သော​သူ​တို့​သည် အား​လျော့​ကြ​လိမ့်​မည်။ ဆန်​ကြိတ်​သော​သူ​တို့​သည် နည်း​သော​ကြောင့် ရပ်​ကြ​လိမ့်​မည်။ ပြတင်း​ပေါက်​ဖြင့် ကြည့်​သော​သူ​တို့​သည် အ​လင်း​ကွယ်​ကြ​လိမ့်​မည်။

အ​ချင်း​လူ​ပျို၊ အ​သက်​ပျို​သော​အ​ခါ ပျော်​မွေ့​လော့။ အ​သက်​ပျို​စဉ်​ကာ​လ​တွင် စိတ်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ကိုယ်​အ​လို​ရှိ​ရာ လမ်း​နှင့်၊ ကိုယ်​ဉာဏ်​ပြ​သော လမ်း​သို့​လိုက်​လော့။ သို့​ရာ​တွင်၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ဘု​ရား​သ​ခင်​စစ်​ကြော၍၊ သင့်​ကို အ​ပြစ်​ပေး​တော်​မူ​မည်​ဟု အောက်​မေ့​လော့။

သို့​ဖြစ်၍၊ စိတ်​ညှိုး​ငယ်​ခြင်း​အ​ကြောင်း​နှင့်၊ ကိုယ်​ဆင်း​ရဲ​ခြင်း​အ​ကြောင်း​ကို ပယ်​ရှား​လော့။ အ​သက်​ငယ်​ခြင်း​အ​ရာ​နှင့် အ​ရွယ်​ပျို​ခြင်း​အ​ရာ​သည် အ​န​တ္တ​ဖြစ်၏။

ဆုံး​မ​ခြင်း​ကို​မ​ခံ၊ အ​သက်​ကြီး၍ မိုက်​သော​ရှင်​ဘု​ရင်​ထက်၊ ပ​ညာ​ရှိ​သော ဆင်း​ရဲ​သား​သူ​ငယ်​သည် သာ၍​မြတ်၏။

Força e promessa

Os jovens renovam suas forças quando esperam no Senhor. Deus levanta jovens com visões e sonhos para transformar o mundo.

လူ​ပျို​တို့​သည် မော၍ ပင်​ပန်း​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ လု​လင်​တို့​သည်​လည်း ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်

ထို​နောက်​မှ လူ​မျိုး​တ​ကာ​တို့ အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏ သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည် နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော သူ​တို့​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော ယောက်ျား​မိန်း​မ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း၍၊ သူ​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။

ဘု​ရား​သ​ခင်​သည် ထို​လု​လင်​လေး​ယောက်​တို့​အား အ​ထူး​ထူး​သော သိ​ပ္ပံ​အ​တတ်​ပ​ညာ​တို့​ကို သိ​စေ​ခြင်း​ငှာ၊ ထိုး​ထွင်း၍ နား​လည်​နိုင်​သော ဉာဏ်​သ​တ္တိ​ကို ပေး​သ​နား​တော်​မူ၏။ ဒံ​ယေ​လ​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အိပ်​မက်​ကို​နား​လည်​နိုင်​သော ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ၏။

နန်း​တော်​သို့ သွင်း​စေ​ခြင်း​ငှာ ချိန်း​ချက်​တော်​မူ​သော အ​ချိန်​ရောက်​သော်၊ မိန်း​မ​စိုး​အုပ်​သည် လု​လင်​များ​တို့​ကို​ခေါ်၍ နန်း​တော်​သို့ သွင်း​လေ၏။ ရှင်​ဘု​ရင်​သည် ထို​လု​လင်​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​တော်​မူ​ပြီး​လျှင်၊ ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​နှင့် တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​သော​ကြောင့်၊ သူ​တို့​သည် အ​ထံ​တော်၌ ခ​စား​ရ​သော အ​ခွင့်​အ​ရာ​ကို ရ​ကြ၏။

လူ​ပျို၏​ဘုန်း​ကား အ​စွမ်း​သ​တ္တိ၊ လူ​အို၏​ဂုဏ်​အ​သ​ရေ​ကား ဖြူ​သော​ဆံ​ပင်​ဖြစ်၏။

သူ​ငယ်​သော်​လည်း၊ မိ​မိ​ပြု​သော​အ​မှု​သည် စင်​သည်​မ​စင်​သည်၊ မှန်​သည်​မ​မှန်​သည်​ကို မိ​မိ​အ​ခြင်း​အ​ရာ​အား​ဖြင့်​ပြ၍၊ မိ​မိ​သ​ဘော​ကို ထင်​ရှား​စေ၏။

Guardar o caminho

Como purificará o jovem seu caminho? Guardando-o segundo a tua Palavra. A Escritura na juventude guarda do pecado a vida inteira.

နှုတ်​က​ပတ်​တော်​ကို​စောင့်​ထိန်း​ခြင်း

လူ​ပျို​သည် မိ​မိ​သွား​သော​လမ်း​ကို အ​ဘယ်​သို့ သန့်​ရှင်း​စေ​နိုင်​ပါ​မည်​နည်း​ဟူ​မူ​ကား၊ နှုတ်​က​ပတ်​တော်​အ​တိုင်း သတိ​ပြု​ရ​မည်။

ကိုယ်​တော်​ကို မ​ပြစ်​မှား​ဘဲ နေ​နိုင်​မည်​အ​ကြောင်း၊ ဗျာ​ဒိတ်​တော်​ကို နှ​လုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​မျှော်​လင့်​ရာ ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​ငယ်​သော​အ​ရွယ်​မှ​စ၍ အ​ကျွန်ုပ်​ကိုး​စား​ရာ ဖြစ်​တော်​မူ၏။

လူ​ပျို​နှင့် အ​ပျို​များ၊ လူ​အို​နှင့် လူ​က​လေး​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​တစ်​ပါး​တည်း​သာ​လျှင် မြတ်၍၊ ဘုန်း​တော်​သည် မြေ​ကြီး​နှင့် ကောင်း​ကင်​အ​ပေါ်​ထက်၌ ရှိ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​စေ။

သု​တ္တံ​စ​ကား​၏​တန်​ဖိုး

ပ​ညာ​တ​ရား၊ နည်း​ဥ​ပ​ဒေ​သ​တ​ရား​ကို​သိ​၍၊ ဉာဏ်​နှင့်​ယှဉ်​သော စ​ကား​ကို နား​လည်​မည်​အ​ကြောင်း၊ ပ​ညာ​သွန်​သင်​ခြင်း၊ ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ လျစ်​လျူ​စွာ​ဆုံး​ဖြတ်​ခြင်း အ​မှု​အ​ရာ၌​လေ့​ကျက်​မည်​အ​ကြောင်း၊ မိုက်​သော​သူ​သည်​လိ​မ္မာ​၍၊ လူ​ပျို​သည် ပ​ညာ​သ​တိ​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ ဒါ​ဝိဒ်၏​သား​တော်​ဖြစ်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရှော​လ​မုန်​စီ​ရင်​သော သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊

ငါ့​သား၊ ငါ့​စ​ကား​ကို​နား​ထောင်၍ ပ​ညာ​ရှိ​သ​ဖြင့်၊ ကိုယ်​စိတ်​နှ​လုံး​ကို လမ်း​မ၌​ပဲ့​ပြင်​လော့။ စ​ပျစ်​ရည်​သောက်​ကြူး​သော​သူ၊ အ​မဲ​သား စား​ကြူး​သော​သူ​တို့​ကို အ​ပေါင်း​အ​ဖော် မ​လုပ်​နှင့်။ သောက်​ကြူး​သော​သူ​နှင့် စား​ကြူး​သော​သူ​သည် ဆင်း​ရဲ​ခြင်း​သို့ ရောက်​လိမ့်​မည်။ အိပ်​ကြူး​သော​သ​ဘော​သည် လူ​ကို အ​ဝတ်​စုတ်​နှင့် ခြုံ​တတ်၏။ သင့်​ကို ဖြစ်​ဖွား​စေ​သော​အ​ဘ၏​စ​ကား​ကို နား​ထောင်​လော့။ အ​သက်​ကြီး​သော အ​မိ​ကို မ​ထီ​မဲ့​မြင်​မ​ပြု​နှင့်။

Coragem e vocação

Deus chamou jovens como Jeremias e Josué para grandes missões. A juventude não é desculpa — é oportunidade de servir poderosamente.

ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် မ​ဟော​မ​ပြော​တတ်​ပါ။ သူ​ငယ်​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ကျွန်ုပ်​သည်​သူ​ငယ်​ဖြစ်​ပါ၏​ဟု မ​ပြော​နှင့်။ အ​ကြင်​သူ​ရှိ​ရာ​သို့ သင့်​ကို​ငါ​စေ​လွှတ်၏။ ထို​သူ​ရှိ​ရာ​သို့ သင်​သွား​ရ​မည်။ အ​ကြင်​စ​ကား​ကို ငါ​မှာ​ထား၏။ ထို​စ​ကား​ကို သင်​ဆင့်​ဆို​ရ​မည်။ သူ​တို့​ကို မ​ကြောက်​နှင့်။ သင့်​ကို​ကယ်​နုတ်​ခြင်း​ငှာ သင်​နှင့်​အ​တူ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​ပြီး​မှ၊

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​ကို​ခေါ်၍ သွား​လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​သော​အ​ခါ သင်​တို့​စ​ကား​ကို ငါ​နား​ထောင်​မည်။ ငါ့​ကို​ရှာ​သော​အ​ခါ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နှင့် ရှာ​လျှင် တွေ့​ကြ​လိမ့်​မည်။ငါ​သည်​လည်း၊ သင်​တို့​အ​တွေ့​ကို​ခံ​မည်။ အ​ထက်​က ငါ​နှင်​ထုတ်၍ သင်​တို့​ခံ​ရ​သော သိမ်း​သွား​ခြင်း​အ​မှု​ကို ငါ​သည်​ဖြေ​ရှင်း​ခြင်း​ငှာ၊ တိုင်း​နိုင်​ငံ​အ​ရပ်​ရပ်​တို့​မှ သင်​တို့​ကို ငါ​စု​သိမ်း​ပြီး​လျှင်၊ အ​ထက်​က ငါ​နှင်​ထုတ်၍ သင်​တို့​ရှုံး​သော​ပြည်​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

သို့​ဖြစ်၍ ငါ၏​ကျွန်​မော​ရှေ​မှာ​ထား​သော တ​ရား​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​ငှာ အား​ယူ၍ အ​လွန်​ရဲ​ရင့်​ခြင်း​ရှိ​လော့။ ကြံ​စည်​လေ​သ​မျှ​တို့၌ အောင်​မည်​အ​ကြောင်း ထို​တ​ရား​လမ်း​သို့ လိုက်​လော့။ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​နှင့်။ ထို​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​အ​လို​ငှာ ကျမ်း​စာ​ကို မ​ဖတ်​မ​ရွတ်​ဘဲ​မ​နေ၊ နေ့​ည​မ​ပြတ် ကြည့်​ရှု​ဖတ်​ရွတ်​ရ​မည်။ သို့​ပြု​လျှင် သင်​သည်​အ​ကြံ​ထ​မြောက်၍ အောင်​မြင်​လိမ့်​မည်။ သင့်​ကို ငါ​မှာ​ထား​သည်​မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သွား​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

ထို​နည်း​တူ၊ အ​သက်​ပျို​သော​သူ​တို့၊ အ​သက်​ကြီး​သော သူ​တို့၏ စ​ကား​ကို နား​ထောင်​ကြ​လော့။ ထို​မျှ​မ​က၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​လျက်​နေ၍၊ နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထောင်​လွှား​စော်​ကား​သော သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။- ထို​ကြောင့် ကာ​လ​အ​ချိန်​တန်​လျှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ တန်​ခိုး​ကြီး​သော လက်​တော်​အောက်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။-

အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။ လူ​ပျို​တို့၊ သင်​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ၍၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တော်၌ မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့် မာရ်​နတ်​ကို အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။-

ပွဲ​လုပ်​ခြင်း၊ ယစ်​မျိုး​သောက်​ကြူး​ခြင်း၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း​အ​မှု​တို့​ကို ကြဉ်​ရှောင်၍၊ နေ့​အ​ချိန်၌​ကဲ့​သို့ တင့်​တယ်​လျောက်​ပတ်​စွာ ကျင့်​ဆောင် ပြု​မူ​ကြ​ကုန်​အံ့။-

လူ​သည် အ​သက်​ပျို​စဉ်​အ​ခါ ထမ်း​ပိုး​ကို​ထမ်း​ကောင်း၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.