O juízo final
O juízo final é a conclusão da história humana. Todos os seres humanos comparecerão diante do trono de Deus para o julgamento eterno — os salvos para a vida, os ímpios para a condenação.
O grande trono branco
Vi um grande trono branco e os mortos diante de Deus. Os livros foram abertos e cada um foi julgado segundo as suas obras.
အဲပင်းရင် ဖြူသော ပလ္လင်ကြီးနဲ့ အဲပလ္လင်ပေါ်တွင် ထိန်သောသူဟို ငါ မျော်ရအယ်။ ခေါန်းခင်နဲ့ မြေကြီးဟ အဲသူရဲ့ မျက်မှောက်မှ ပျောက်လွင့်သွားယွေ့ အေးဟာအတွက် နေရာမဆိ။ တဖန် သေလွန်သောသူ အကြီးအငယ်လို့ဟ ပလ္လင်တော် ဆေ့နှိုက် ရပ်နေကြတာဟို ငါ မျော်ရအယ်။ စာစောင်များဟို ဖွင့်ထားယွေ့ အသက်စာစောင် တည်းဟူသော အခြားသော စာစောင်ဟိုလည်း ဖွင့်ထားအယ်။ သေလွန်သောသူလို့ဟ အဲစာစောင်များတွင် ရေးထားလဲ့အတိုင်း မိမိလို့ ပြုသောအမှုများနဲ့အညီ တရားစီရင်ခြင်းဟို ခံရကြအယ်။ ပင်လယ်ဟ မိမိနှိုက် ဆိသော လူသေလို့ဟို ပေးအပ်လေအယ်။ သေခြင်းနဲ့ မရဏာနိုင်ငံလို့ဟလည်း မိမိနှိုက် ဆိသော လူသေလို့ဟို ပေးအပ်ကြအယ်။ အဲအခါ လူအသီးသီးလို့ဟ မိမိလို့ ပြုသောအမှုများနဲ့အညီ တရားစီရင်ခြင်းဟို ခံရကြအယ်။ အဲပင်းရင် သေခြင်းနဲ့ မရဏာနိုင်ငံလို့ဟ မီးအိန်ထဲဟို လောချခြင်း ခံရကြအယ်။ (ဟေမီးအိန်ဟ ဒုတိယသေခြင်း ဖြစ်အယ်။) အသက်စာစောင်နှိုက် စာရင်းမဝင်သောသူ ဆိသမျှလို့ဟလည်း မီးအိန်ထဲဟို လောချခြင်း ခံရကြအယ်။
ယေရှုဟ "ကျေ့လော့၊ ငါဟ အလျင်အမြန် လာမယ်။ ငါပေးမဲ့ အကျိုးအပစ်ဟို ယူဆောင်လာယွေ့ လူအသီးသီးလို့အား မိမိလို့ ပြုသောအမှုအတိုင်း ငါဆပ်ပေးမယ်။
ယေရှုဟ "ကျေ့လော့၊ ငါဟ အလျင်အမြန် လာမယ်။ ငါပေးမဲ့ အကျိုးအပစ်ဟို ယူဆောင်လာယွေ့ လူအသီးသီးလို့အား မိမိလို့ ပြုသောအမှုအတိုင်း ငါဆပ်ပေးမယ်။ ငါဟ အာလဖနဲ့ ဩမေဃလည်း ဖြစ်အယ်။ အဦးဆုံးသောသူနဲ့ နောက်ဆုံးသောသူလည်း ဖြစ်အယ်။ အစနဲ့ အဆုံးလည်း ဖြစ်အယ်" ဟု မိန့်အယ်။
Preparação para o juízo
Deus estabeleceu um dia para julgar o mundo com justiça. Arrependei-vos, porque o juízo se aproxima e cada palavra será pesada.
အကျောန်းမှာ ရွေးချယ်သောသူအားဖြင့် လောကသားလို့ဟို မန်ကန်စွာ တရားစီရင်မဲ့ နေ့ရက်ဟို သတ်မှတ်ပီးသောကျောန့် ဖြစ်အယ်။ အေးသူဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသောအားဖြင့် လူအားလုံးလို့အား သက်သေပြပီ" ဟု ဟောလေအယ်။
"နင်လို့အား ငါပြောတာဟ တရားစီရင်ရာနေ့နှိုက် လူလို့ဟ မိမိလို့ အကျိုးမဲ့ပြောဆိုသော စကားများအတွက် စီရင်ခြင်းဟို ခံရကြမယ်။ အကျောန်းမှာ နင်လို့ပြောလဲ့ စကားများအားဖြင့် နင်လို့ဟ ဖြောင့်မတ်အယ်ဟု အသိအမှတ်ပြုခံရလိမ့်မယ်။ အားပင်း နင်လို့ပြောလဲ့ စကားများအားဖြင့် အပစ်ဆိအယ်ဟု သတ်မှတ်ခြင်းခံရလိမ့်မယ်" ဟု မိန့်အယ်။
"လူသားဟ ခေါန်းခင်တမန် အပေါင်းခြံရံလျက် ဘုရင်အဖြစ် ကြွလာသောအခါ ဘုန်းဆိသော ပလ္လင်ပေါ်နှိုက် ထိန်လိမ့်မယ်။ လူမျိုးအပေါင်းလို့ဟ ဆေ့တော်တွင် စုရုံးရကြပင်း သိုးထိန်းဟ သိုးနဲ့ ဆိတ်လို့ဟို တခြားစီခွဲထုတ်သလို လူသားဟလည်း လူလို့အား နေစုခွဲထုတ်ပင်းရင်၊ သိုးများဟို မိမိရဲ့ လက်ယာဘက်နှိုက် ထားယွေ့ ဆိတ်များဟို လက်ဝဲဘက်တွင် ထားလိမ့်မယ်။
"လူသားဟ ခေါန်းခင်တမန် အပေါင်းခြံရံလျက် ဘုရင်အဖြစ် ကြွလာသောအခါ ဘုန်းဆိသော ပလ္လင်ပေါ်နှိုက် ထိန်လိမ့်မယ်။ လူမျိုးအပေါင်းလို့ဟ ဆေ့တော်တွင် စုရုံးရကြပင်း သိုးထိန်းဟ သိုးနဲ့ ဆိတ်လို့ဟို တခြားစီခွဲထုတ်သလို လူသားဟလည်း လူလို့အား နေစုခွဲထုတ်ပင်းရင်၊ သိုးများဟို မိမိရဲ့ လက်ယာဘက်နှိုက် ထားယွေ့ ဆိတ်များဟို လက်ဝဲဘက်တွင် ထားလိမ့်မယ်။ အေးနောက် ဘုရင်ဟ လက်ယာဘက်တွင် ဆိသောသူလို့အား ‘ငါ့အဖဆေမှ ကောင်းချီးမင်္ဂလာဟို ခံရသူလို့ လောကဟို ဖန်ဆင်းချိန်မှစယွေ့ နင်လို့တွက် ပြင်ဆင်ထားလဲ့ နိုင်ငံတော်ဟို လာယွေ့ အမွေဆက်ခံကြလော့။ အကျောန်းမှာ နင်လို့ဟ ငါမွတ်စဉ်အခါ ငါ့ဟို စားစရာပေးကြအယ်၊ ငါယေငတ်သောအခါ ငါ့ဟို သောက်စရာ ပေးကြအယ်။ ငါဟ ဧည့်သည်ဖြစ်သောအခါ နင်လို့ဟ ငါ့ဟို ကြိုဆိုလက်ခံကြအယ်။ ငါဟ အဝတ်ဝတ်စရာမဆိသောအခါ နင်လို့ဟ ငါ့ဟို အဝတ်ပေးကြအယ်။ ငါဖျားနာသောအခါ နင်လို့ဟ ငါ့ဟို ကျေ့ရှုကြအယ်။ ငါထောင်ကျသောအခါ ငါ့ဆေဟို လာကြအယ်’ ဟု မိန့်လိမ့်မယ်။ အေးအခါ ဖြောင့်မတ်သောသူလို့ဟ ‘သခင်ဘုရား၊ ကိုယ်တော် မွတ်တာဟို ပစာအခါနှိုက် မျော်ယွေ့ ငါလို့ ကျွေးမွေးကြလုန်း အဲဟာမဟုတ်ရင် ယေငတ်တာဟို ပစာအခါနှိုက် မျော်ယွေ့ ယေဟို ပေးလုန်း။ ဧည့်သည်ဖြစ်တာဟို ပစာအခါနှိုက် မျော်ယွေ့ ငါလို့ ကြိုဆိုလက်ခံခဲ့ကြလုန်း အဲဟာမဟုတ်ရင် အဝတ်ဝတ်စရာ မဆိဖြစ်တာဟို ပစာအခါနှိုက် မျော်ယွေ့ အဝတ်ပေးလုန်း။ ဖျားနာတာဟိုလည်းကောင်း၊ ထောင်ကျတာဟိုလည်းကောင်း ပစာအခါနှိုက် ငါလို့ဟ မျော်ယွေ့ အထံတော်ဟို လာခဲ့လုန်း’ ဟု ပြန်ယွေ့ဆှောက်ကြသော်၊ ဘုရင်ဟ ‘နင်လို့အား ငါ အမန်အကန်ပြောတာဟ ငါရဲ့ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူ တယောက်အား နင်လို့ ပြုခဲ့သမျှဟ ငါ့အား ပြုခဲ့ခြင်းဖြစ်အယ်’ ဟု မိန့်လိမ့်မယ်။
"အေးနောက် ဘုရင်ဟ လက်ဝဲဘက်နှိုက်ဆိသော သူလို့အား ‘ကျိန်ဆဲခြင်း ခံရသောသူလို့ ငါ့ဆေမှ ထွက်သွားကြလော့၊ မာရ်နတ်နဲ့ သူ့ခေါန်းခင်တမန်များအတွက် ပြင်ဆင်ထားလဲ့ ထာဝရမီးထဲဟို ဆင်းသက်ကြလော့။ အကျောန်းမှာ ငါမွတ်သောအခါ နင်လို့ဟ ငါ့ဟို စားစရာမပေးကြ၊ ငါ ယေငတ်သောအခါ နင်လို့ဟ ငါ့ဟို သောက်စရာဟို မပေးကြ။ ငါဟ ဧည့်သည်ဖြစ်သောအခါ နင်လို့ဟ ငါ့ဟို ကြိုဆိုလက်ခံခြင်း မဆိ၊ ငါဟ အဝတ်ဝတ်စရာ မဆိဖြစ်သောအခါ နင်လို့ဟ ငါ့ဟို ဝတ်စရာအဝတ်ဟို မပေးကြ၊ ငါဟ ဖျားနာသောအခါနဲ့ ထောင်ကျသောအခါတွင်လည်း နင်လို့ဟ ငါ့ဟို မကျေ့ရှုကြ’ ဟု မိန့်အယ်။ အေးသူလို့ ‘သခင်ဘုရား၊ ကိုယ်တော် ဆာလောင်မွတ်သိပ်ခြင်း၊ ယေငတ်ခြင်း၊ ဧည့်သည် ဖြစ်ခြင်း၊ အဝတ်အချည်းစည်း ဖြစ်ခြင်း၊ ဖျားနာခြင်း၊ ထောင်ကျခြင်းလို့ဟို ပစာအခါနှိုက် ငါလို့ မျော်ပါလျက် ကိုယ်တော်အား မပြုစုမလုပ်ကျွေးပဲ နေခဲ့လုန်း’ ဟု ဆှောက်ထားကြလိမ့်မယ်။ ဘုရင်ဟ ‘နင်လို့အား ငါ အမန်အကန် ပြောတာဟ သိမ်ငယ်သည့် ဟေသူများအနက် တစုံတယောက်သောသူဟို နင်တို့ မပြုမစုဘဲနေခဲ့သမျှဟ ငါ့ဟို မပြုမစုဘဲ နေခဲ့ခြင်းဖြစ်အယ်’ ဟု မိန့်လိမ့်မယ်။ အေးကျောန့် အေးသူလို့ဟ ထာဝရအပစ်ဒဏ် ခံရကြပေမဲ့ ဖြောင့်မတ်သောလို့ဟတော့ ထာဝရ အသက်ဆှင်ခြင်းဟို ဝင်စားရကြလိမ့်မယ်" ဟု မိန့်အယ်။
Segurança em Cristo
Quem crê no Filho tem a vida eterna e não entra em juízo. O amor de Deus é nosso refúgio diante do juízo vindouro.
ဘုရားသခင်ဟ လောကသားလို့ဟို ရမ်းဆာ့ ချစ်သောကျောန့် မိမိရဲ့တပါးတည်းသော သားတော်ဟို ပေးအယ်၊ အဲဟာဟ သားတော်ဟို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။
ဘုရားသခင်ဟ လောကသားလို့ဟို ရမ်းဆာ့ ချစ်သောကျောန့် မိမိရဲ့တပါးတည်းသော သားတော်ဟို ပေးအယ်၊ အဲဟာဟ သားတော်ဟို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။ အကျောန်းမှာ ဘုရားသခင်ဟ သားတော်ဟို ဟေလောကသို့ စေလွှတ်တာဟ လောကသားလို့ဟို အပစ်စီရင်ရန် မဟုတ်၊ အဲလိုလဲ လောကသားလို့ဟ သားတော်အားဖြင့် ကယ်တင်ခြင်း ခံရရန်အတွက် ဖြစ်အယ်။
သားတော်ဟို ယုံကြည်သူဟ အပစ်စီရင်ခြင်း မခံရ၊ အဲလိုလဲ မယုံကြည်သူဟတော့ ဘုရားသခင်ရဲ့ တပါးတည်းသော သားတော်ဟို မယုံကြည်သောကျောန့် အပစ်စီရင်ခြင်းဟို ခံရအယ်။ အပစ်စီရင်ခြင်းရဲ့ အကျောန်းအရာဟ ဟေလို ဖြစ်အယ်၊ အလင်းဟ ဟေလောကသို့ ရောက်ဆိလာအယ်၊ အဲလိုလဲ လူလို့ဟ ဆိုးယုတ်သောသူများဖြစ်သောကျောန့် အလင်းထက် မိုက်ဟို ပိုပင်း ချစ်ကြအယ်။
အဲလိုလဲ နင်လို့အား ငါ အမန်ဆိုအယ်၊ ငါသွားရင် နင်လို့အတွက် ပိုကောင်းအယ်၊ ပစာကို့ ငါမသွားရင် မစသောသူဟ ကြွလာမှာ မဟုတ်။ အဲလိုလဲ ငါသွားရင် အေးသူဟို နင်လို့ဆေဟို ငါ စေလွှတ်မယ်။ အဲသူကြွလာသောအခါ လောကသားလို့အား အပစ်အကျောန်း၊ အမန်တရားအကျောန်းနဲ့ တရားစီရင်ခြင်းအကျောန်းဟို ဖော်ပြလိမ့်မယ်။ အေးသူလို့ဟ ငါ့ဟို မယုံကြည်ကြသောကျောန့် အပစ်အကျောန်းဟို ဖော်ပြမယ်။ ငါဟ ခမည်းတော်ဆေဟို သွားမယ် ဖြစ်ယွေ့ နင်လို့ဟ ငါ့ဟို တွေ့မျော်ရတော့မှာ မဟုတ်သောကျောန့် သူလို့ရဲ့ မားယွင်းနေသောအရာဟို အမန်တရားအားဖြင့် ဖော်ပြမယ်။ ဟေလောကဟို အစိုးရသောသူဟ တရားစီရင်ခြင်းဟို ခံရပီဖြစ်သောကျောန့် တရားစီရင်အကျောန်းဟို ဖော်ပြမယ်။
ငါလို့ဟ ငါလို့အပေါ်နှိုက် ဘုရားသခင်ထားဆိသော ချစ်ခြင်းမေတ္တာဟို သိယွေ့ ယုံကြည်ကြအယ်။
ဘုရားသခင်ဟ ချစ်ခြင်းမေတ္တာ ဖြစ်အယ်။ ချစ်ခြင်းမေတ္တာနှိုက် တည်သောသူဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း အဲသူနှိုက် တည်အယ်။ ငါလို့ဟ တရားစီရင်ရာနေ့နှိုက် ယုံကြည်စိတ်ချမှု ဆိစေရန် ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ပြေ့စုံအယ်။ အကျောန်းမှာ ငါလို့ဟလည်း ဟေလောကတွင် ကိုယ်တော်လိုမျိုး ဖြစ်အယ်။ ချစ်ခြင်းမေတ္တာနှိုက် ကြောက်စိတ်မဆိ။ ပြေ့ဝစုံလင်လဲ့ မေတ္တာဟ ကြောက်စိတ်ဟို ပယ်လောအယ်။ ကြောက်စိတ်ဟ အပစ်ဒဏ်ခံရမှုဟို စောင့်မျော်တတ်သဖြင့် ကြောက်စိတ်ဆိသူနှိုက် မေတ္တာပြေ့ဝစုံလင်ခြင်း မဆိ။
အကျောန်းမှာ ငါလို့ဆိသမျှဟ ခရစ်တော်ရဲ့ တရားပလ္လင်ဆေ့နှိုက် ထင်ဆှားရမယ်။ ငါလို့ဟ ငါလို့ရဲ့ ကိုယ်ခန္ဓာ နေအိုင်နှိုက် ဆိနေစဉ် ငါလို့ပြုခဲ့လဲ့ ကောင်းသောအမှု အဲဟာမဟုတ်ရင် မကောင်းသောအမှုလို့အတွက် ထိုက်သင့်သော အကျိုးအပစ်ဟို ငါလို့ အသီးသီးခံရကြလိမ့်မယ်။
အားပင်း ငါဟောပြောလဲ့ သတင်းကောင်းအရ လူအားလုံးလို့ရဲ့ လျှို့ဝှက်ကြံစည်ချက်များဟို ယေရှု ခရစ်အားဖြင့် ဘုရားသခင် စစ်ဆေးစီရင်သောနေ့နှိုက် ဖြစ်လိမ့်မယ်။
လူဟ တကြိမ်တည်း သေယွေ့ အေးနောက်မှ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းဟို ခံရအယ်။ အေးတိုင်းတိုင်း ခရစ်တော်ဟလည်း လူအများရဲ့ အပစ်ဟို ဖြေလွှတ်ရန်အတွက် မိမိကိုယ်ဟို တကြိမ်တည်း ပူဇော်အယ်။ အပစ်ဟို ပယ်လောရန် မဟုတ်ဘဲ မိမိဟို စောင့်မျော်နေသူလို့အား ကယ်တင်ရန် ဒုတိယအကြိမ် ကြွလာလိမ့်မယ်။
အကျောန်းမှာ
"ကြွလာမဲ့သူဟ မဆိုင်းမလင့်ဘဲ
ကတစ်အတွင်းနှိုက် ကြွလာလိမ့်မယ်
နှောင့်နှေးလျက် နေလိမ့်မယ် မဟုတ်။
အားပေမဲ့ ငါရဲ့ ဖြောင့်မတ်သောသူဟ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်မယ်။
သူဟ တွန့်ဆုတ်ရင် ငါရဲ့ စိတ်ဝိညာဉ်ဟ
သူ့ဟို နှစ်သက်မယ် မဟုတ်" ဟု ဖော်ပြထားအယ်။
အားပေမဲ့ ငါလို့ဟ တွန့်ဆုတ်ရင် ပျက်စီးခြင်းဟို ရောက်သောသူများ မဟုတ်ဘဲ ယုံကြည်လျက် အသက်ဟို ပိုင်ဆိုင်သောသူများ ဖြစ်ကြအယ်။
အဲလိုမို့ ငါလို့ဟ တခြားသောသူများလိုမျိုး အိပ်မွေယွေ့ မနေရကြပေမဲ့ သမ္မာသတိဆိလျက် နိုးကြားစွာ စောင့်နေကြစို့။ အကျောန်းမှာ အိပ်မွေနေလဲ့သူလို့ဟ ညအခါနှိုက် အိပ်မွေတတ်ကြပင်း အရက်မူးလဲ့သူလို့ဟလည်း ညအခါနှိုက် မူးတတ်ကြအယ်။ အဲလိုလဲ နေ့ရဲ့ ပိုင်ဆိုင်သော ငါလို့ဟ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာလို့ဟို ရင်အုပ်တန်ဆာအဖြစ် ဝတ်ဆင်လျက် ကယ်တင်ခြင်းနှိုက် မျှော်လင့်ခြင်းဟို သံခမောက်အဖြစ်ဆောင်းကာ သမ္မာသတိ ဆိကြကုန်စို့။ အကျောန်းမှာ ဘုရားသခင်ဟ ငါလို့ဟို အူထော့တာ သက်ရောက်စေရန် သတ်မှတ်ထားတာ မဟုတ်ဘဲ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ရဆိစေရန် သတ်မှတ်ထားအယ်။