O juízo final
O juízo final é a conclusão da história humana. Todos os seres humanos comparecerão diante do trono de Deus para o julgamento eterno — os salvos para a vida, os ímpios para a condenação.
O grande trono branco
Vi um grande trono branco e os mortos diante de Deus. Os livros foram abertos e cada um foi julgado segundo as suas obras.
နောက်ဆုံး တရားစီရင်ခြင်း
ထို့နောက် ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်းပလ္လင်ပေါ်တွင် စံနိန်တော်မူသော အသျှင်ကိုလည်းကောင်း ငါမြင်ရ၏။ ကမ္ဘာမြီကြီးနှင့် မိုးကောင်းကင်သည် ထိုအသျှင်၏ ရှိ့တော်မှောက်မှ ရွိ့လျားပျောက်ကွယ် လားကြကုန်၏။ သီလွန်လားသော လူကြီးလူငယ်ရို့သည် ပလ္လင်တော်ရှိ့၌ ရပ်လျက်နိန်ကြသည်ကိုလည်းကောင်း၊ စာစောင်များကို ဖွင့်သည်ကိုလည်းကောင်း ငါမြင်ရ၏။ ထို့နောက် အသက်စာစောင်တည်းဟူသော အခြားစာစောင်ကို ဖွင့်လိုက်၏။ သီလွန်လားသောသူရို့သည် ထိုစာစောင်များတွင် မှတ်တမ်းတင်ထားသည့် မိမိရို့၏ အကျင့်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။ သမုဒ္ဒရာသည် မိမိ၌ သီလွန်သောသူရို့ကို ပီးအပ်လေ၏။ သီမင်းနှင့် မရဏာနိုင်ငံသည်လည်း မိမိရို့၌ဟိသော သီလွန်သောသူရို့ကို ပီးအပ်ကြ၏။ လူအပေါင်းရို့သည် မိမိရို့ အကျင့်အလျောက် တရားစီရင်ခြင်းကို ခံရကြ၏။ ထို့နောက် သီမင်းနှင့် မရဏာနိုင်ငံသည် မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။ ဤမီးအိုင်သည် ဒုတိယသေခြင်း ဖြစ်သည်။ အသက်စာစောင်တွင် စာရင်းမဝင်သောသူ ဟိသမျှရို့သည် မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။
ယေသျှုက "နားထောင်လော့၊ မကြာမီ ငါ ကြွလာမည်။ ငါသည် အကျိုးအပြစ်ကို ယူဆောင်လာသည်ဖြစ်၍ လူအသီးသီးရို့အား မိမိရို့၏ အကျင့်အလျောက် ပီးအပ်ရမည်။
ယေသျှုက "နားထောင်လော့၊ မကြာမီ ငါ ကြွလာမည်။ ငါသည် အကျိုးအပြစ်ကို ယူဆောင်လာသည်ဖြစ်၍ လူအသီးသီးရို့အား မိမိရို့၏ အကျင့်အလျောက် ပီးအပ်ရမည်။ ငါသည် အာလဖနှင့် သြမေဃဖြစ်ပြီး အစနှင့်အဆုံး ဖြစ်၏" ဟု မိန့်တော်မူ၏။
Preparação para o juízo
Deus estabeleceu um dia para julgar o mundo com justiça. Arrependei-vos, porque o juízo se aproxima e cada palavra será pesada.
ဘုရားသခင်သည် သူရွီးချယ်ထားသော သူတစ်ယောက်အားဖြင့် လောကလူသားအာလုံးကို ဖြောင့်မတ်ခြင်း တရားတော်နှင့်အညီ တရားစီရင်မည့် နိ့ရက်ကို သတ်မှတ်ထားပြီးဖြစ်၏။ ထိုသူကို အသီခံခြင်းမှ ရှင်ပြန်ထမြောက် စီတော်မူသောအားဖြင့် လူတိုင်းအား ဤသက်သီကို ပြတော်မူပြီးပြီ" ဟု ပေါလုက ဟောပြောလေ၏။
"သို့ရာတွင် သင်ရို့ကို ငါဆိုသည်ကား တရားစီရင်သည့်နိ့ရက်၌ လူတိုင်းသည် မိမိပြောသမျှသော အကျိုးမဟိသည့်စကားအတွက် ပီးဆပ်ကြရလိမ့်မည်။ အကြောင်းမူကား သင်ရို့၏စကားအားဖြင့် သင်ရို့သည် အပြစ်လွတ်ကြလိမ့်မည်၊ ပြီးနောက် သင်ရို့၏စကားဖြင့် သင်ရို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ခံကြရလိမ့်မည်။"
နောက်ဆုံး တရားစီရင်ခြင်း
"လူသားသည် ကောင်းကင်တမန်အားလုံးနှင့်အတူ မိမိ၏ဘုန်းတန်ခိုးတော်ဖြင့် ကြွလာတော်မူသောအခါ၊ မိမိ၏ ဘုန်းတော်နှင့်ပြည့်စုံတော်မူသော ပလ္လင်တော်ထက်၌ စိုးစံတော်မူလိမ့်မည်။ လူမျိုးအပေါင်းရို့သည် ကိုယ်တော်၏ရှိ့တော်၌ စုရုံးရကြလိမ့်မည်။ ထို့နောက် သိုးထိန်းသည် ဆိတ်များထဲက သိုးများကို ခွဲထုတ်သကဲ့သို့ ကိုယ်တော်သည် လူတိကို အုပ်စုနှစ်ခု ခွဲခြားတော်မူလိမ့်မည်။ ကိုယ်တော်သည် ဖြောင့်မတ်သောသူတိကို မိမိ၏လက်ယာဘက်၌လည်းကောင်း၊ တခြားသူများကို လက်ဝဲဘက်၌လည်းကောင်း ထားတော်မူလိမ့်မည်။
နောက်ဆုံး တရားစီရင်ခြင်း
"လူသားသည် ကောင်းကင်တမန်အားလုံးနှင့်အတူ မိမိ၏ဘုန်းတန်ခိုးတော်ဖြင့် ကြွလာတော်မူသောအခါ၊ မိမိ၏ ဘုန်းတော်နှင့်ပြည့်စုံတော်မူသော ပလ္လင်တော်ထက်၌ စိုးစံတော်မူလိမ့်မည်။ လူမျိုးအပေါင်းရို့သည် ကိုယ်တော်၏ရှိ့တော်၌ စုရုံးရကြလိမ့်မည်။ ထို့နောက် သိုးထိန်းသည် ဆိတ်များထဲက သိုးများကို ခွဲထုတ်သကဲ့သို့ ကိုယ်တော်သည် လူတိကို အုပ်စုနှစ်ခု ခွဲခြားတော်မူလိမ့်မည်။ ကိုယ်တော်သည် ဖြောင့်မတ်သောသူတိကို မိမိ၏လက်ယာဘက်၌လည်းကောင်း၊ တခြားသူများကို လက်ဝဲဘက်၌လည်းကောင်း ထားတော်မူလိမ့်မည်။ ထို့နောက် သျှင်ဘုရင်က မိမိ၏လက်ယာဘက်၌ ဟိသောသူများကို ‘ငါ့အဖ ကောင်းချီးပီးခြင်းကို ခံရသောသူအပေါင်းရို့၊ လောကကို ဖန်ဆင်းကတည်းက သင်ရို့အတွက် ပျင်ဆင်ထားသော နိုင်ငံတော်၏အမွီကို လာ၍ ယူကြလော့။ အကြောင်းမူကား ငါသည် ဝမ်းဆာသောအခါ သင်ရို့သည် ငါ့အား စားစရာကို ပီးခကြ၏။ ငါသည် ရီသောက်ငတ်သောအခါ သင်ရို့သည် ငါ့အား သောက်စရာကို ပီးခ၏။ ငါသည် အာဂန္တု ဖြစ်နိန်ခစဉ်က သင်ရို့သည် ငါ့ကို ခေါ်ဖိတ်လက်ခံကြ၏။ ငါသည် အဝတ်လိုအပ်သောအခါ၊ သင်ရို့သည် ငါ့အား အဝတ်ကို ဝတ်ပီးခကြ၏၊ ငါ ဖျားနာနိန်စဉ်က သင်ရို့သည် ငါ့အား ပြုစုစောင့်ယှောင့်ကြ၏။ ငါသည် ထောင်ကျခံနိန်ရစဉ်က သင်ရို့သည် ငါ့ကို လာတွိ့ကြ၏။’
"ထိုအခါ ဖြောင့်မတ်သောသူရို့က ‘အသျှင်ဘုရား၊ အကျွန်ရို့သည် ဇာအချိန်အခါ၌ အသျှင်ဘုရား ဝမ်းဆာနိန်သည်ကို မြင်၍ ကျွေးမွီးခပါလဲ။ ဇာအချိန်အခါ၌ အသျှင်ဘုရား ရီသောက်ငတ်နိန်သည်ကို မြင်၍ သောက်စရာကို ပီးဖူးခပါလဲ။ ဇာအချိန်အခါ၌ အသျှင်ဘုရား ဧည့်သည် ဖြစ်နိန်ခသည်ကို မြင်၍ အကျွန်ရို့သည် ကိုယ်တော့်ကို ဖိတ်ခေါ်ခပါလဲ။ ဇာအချိန်အခါ၌ အသျှင်ဘုရား အဝတ် လိုအပ်သည်ကို မြင်၍ အကျွန်ရို့သည် ကိုယ်တော့်ကို အဝတ် ဝတ်ပီးခပါလဲ။ ဇာအချိန်အခါ၌ အသျှင်ဘုရား ဖျားနာနိန်ခသည်ကိုလည်းကောင်း၊ ထောင်ကျနိန်ခသည်ကိုလည်းကောင်း ကျွန်ရို့သည် မြင်၍ လာတွိ့ဖူးပါလဲ’ ဟု လျှောက်ကြသောအခါ သျှင်ဘုရင်က ‘သင်ရို့ကို ငါ အမှန် ဆိုသည်ကား၊ ဤသို့သော ငါ၏ညီအစ်ကို မောင်နှမတိထဲက အငယ်ဆုံးသောသူတစ်ယောက်ကို ပြုစုခြင်းသည် ငါ့အား ပြုစုခြင်းဖြစ်၏’ ဟု မိန့်တော်မူလိမ့်မည်။
"ထို့နောက် မိမိ၏လက်ဝဲဘက်မှာ ဟိသောသူတိကိုကား၊ ‘ကျိန်ခြင်းကို ခံရသောသူရို့ ငါ့အနားက ထွက်လားကတ်။ သင်ရို့သည် မာရ်နတ်နှင့် သူ၏စီတမန်များအတွက် ပျင်ဆင်ထားသော ထာဝရမီးအိုင်ထဲသို့ ဆင်းကြလော့။ အကြောင်းမူကား ငါသည် ဝမ်းဆာနိန်စဉ်က သင်ရို့သည် ငါ စားဖို့ တစ်ခုလည်း မပီးခကတ်၊ ငါသည် ရီသောက်ငတ်နိန်စဉ်က ငါ့အား သောက်စရာကို မပီးခကက်၊ ငါသည် အာဂန္တု ဖြစ်နိန်ခစဉ်က သင်ရို့သည် ငါ့ကို မဖိတ်ခေါ်ခကတ်၊ ငါသည် အဝတ် လိုအပ်နိန်န်စဉ်က သင်ရို့သည် ငါ့ကို အဝတ် ဝတ်မပီးခကတ်၊ ငါသည် ဖျားနာနိန်စဉ်ကသော်လည်းကောင်း ထောင်ကျခံနိန်စဉ်ကသော်လည်းကောင်း သင်ရို့သည် ငါ့အား မပြုစုခကတ်ပါကား။’
"သူရို့ကလည်း ‘အသျှင်ဘုရား အကျွန်ရို့သည် ဇာအချိန်အခါ၌ ကိုယ်တော် ဝမ်းဆာနိန်ခသည်ကိုလည်းကောင်း၊ ရီသောက်ငတ်နိန်ခသည်ကိုလည်းကောင်း၊ အာဂန္တုဖြစ်နိန်ခသည်ကိုလည်းကောင်း၊ အဝတ်လိုအပ်နိန်ခသည်ကိုလည်းကောင်း၊ ဖျားနာနိန်ခသည်ကိုလည်းကောင်း၊ ထောင်ချခံထားရသည်ကိုလည်းကောင်း အကျွန်ရို့သည် မြင်၍ မပြုစုခပါလဲ’ ဟု ပြန်၍ လျှောက်ကြ၏။ ထိုအခါ မင်းကြီးက ‘သင်ရို့ကို ငါ အမှန် ဆိုသည်ကား ဤသို့သော ငါ၏ညီအစ်ကို မောင်နှမများထဲက အငယ်ဆုံးသောသူတစ်ယောက်ကို မပြုစုခခြင်းသည် ငါ့ကို မပြုစုခခြင်းဖြစ်၏’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။ ထို့ကြောင့် ဤသူရို့သည် ထာဝရပြစ်ဒဏ်စီရင်ခြင်းသို့ ရောက်ကြလိမ့်မည်၊ သို့သော်လည်း ဖြောင့်မတ်သောသူရို့သည် ထာဝရအသက်ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်" ဟု မိန့်တော်မူ၏။
Segurança em Cristo
Quem crê no Filho tem a vida eterna e não entra em juízo. O amor de Deus é nosso refúgio diante do juízo vindouro.
ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။
ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။ ဘုရားသခင်သည် မိမိ၏သားတော်အား လောကသို့ စီရွှတ်တော်မူသည်မှာ အပြစ်စီရင်ခြင်းငှာ မဟုတ်။ လောကသားရို့အား ကယ်တင်ခြင်းငှာ ဖြစ်သတည်း။
ထိုသားတော်ကို ယုံကြည်သောသူ အပေါင်းရို့သည် အပြစ်စီရင်ခြင်းကို မခံရ။ သို့သော်လည်း မယုံကြည်သော သူရို့မူကား ဘုရားသခင်၌ တစ်ပါးတည်းသော သားတော်ကို မယုံကြည်သောကြောင့် အဂုပင် အပြစ်စီရင်ခြင်းကို ခံရလျက်ဟိ၏။ တရားစီရင်ခြင်းကား ဤသို့ဖြစ်၏။ အလင်းသည် ဤလောကထဲသို့ ကြွလာ၏။ သို့သော် လူတိကား အလင်းထက် အမှောင်ကို သာ၍ နှစ်သက်ကြ၏။ အကြောင်းမူကား သူရို့၏ အကျင့်သီလသည် ဆိုးယုတ်သောကြောင့်ဖြစ်၏။
ငါအမှန် ဆိုသည်ကား ငါ ထွက်ခွါလားခြင်းသည် သင်ရို့အတွက် သာ၍ ကောင်းပေ၏။ ငါ မလားလျှင် သင်ရို့ကို ကူညီမစမည့်အသျှင်သည် ရောက်လာလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ငါ လားမှသာလျှင် ကူညီမစမည့်အသျှင်ကို သင်ရို့ပါးသို့ ငါ စီရွှတ်လိမ့်မည်။ ထိုအသျှင် ရောက်လာသောအခါ အပြစ်တရားကို ပြုလျက် ဟိနိန်ကြကြောင်းကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းအကြောင်းကိုလည်းကောင်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းအကြောင်းကိုလည်းကောင်း ထိုလောကီသားတိကို ဖော်ပြလိမ့်မည်။ သူရို့သည် ငါ့ကို မယုံကြည်ကြသောကြောင့် အပြစ်နှင့်ပတ်သက်၍ မှားယွင်းလျက်ဟိကြ၏။ ငါသည် ခမည်းတော်ထံသို့ လားမည်ဖြစ်၍ သင်ရို့သည် ငါ့ကို မမြင်ရသောကြောင့် ဖြောင့်မတ်ခြင်းတရားကို ဖော်ပြမည်။ ဤလောကကို အုပ်စိုးသောသူသည် တရားစီရင်ခြင်းကို ခံရသောကြောင့် သူရို့သည် တရားစီရင်ခြင်းအကြောင်းနှင့် ပတ်သက်၍ မှားယွင်းလျက်ဟိကြ၏။
ထို့အပြင် ငါရို့၌ ဘုရားသခင် ထားတော်မူသော ချစ်ခြင်းမေတ္တာကို ငါရို့ကိုယ်တိုင် သိ၍ ယုံကြည်ကြ၏။
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာဟိသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာသည် ငါရို့၌ ပြည့်စုံစီခြင်းအားဖြင့် တရားစီရင်တော်မူရာနိ့၌ ငါရို့သည် ယုံကြည်စိတ်ချမှု ဟိကြလိမ့်မည်။ အကြောင်းမူကား လောက၌ ငါရို့သည် ခရစ်တော်နည်းတူ အသက်ရှင်ကြသောကြောင့် ဖြစ်၏။ ချစ်ခြင်းမေတ္တာ၌ ကြောက်ရွံ့ခြင်း မဟိ။ စုံလင်သည့်မေတ္တာသည် ကြောက်ရွံ့ခြင်းကို ဖယ်ယှားတတ်၏။ ကြောက်စိတ်သည် အပြစ်ဒဏ်ခံရခြင်းနှင့်အတူ ဟိသဖြင့် ကြောက်စိတ်ဟိသူသည် ချစ်ခြင်းမေတ္တာနှင့် မပြည့်စုံ။
မည်သို့ပင်ဖြစ်စီ ငါရို့အားလုံးသည် တရားစီရင်ခြင်းကိုခံရန် ခရစ်တော်၏ တရားပလ္လင်ရှိ့သို့ ရောက်ရမည် ဖြစ်၏။ ငါရို့၏ခန္ဓာ အသက်ရှင်နိန်စဉ်က ပြုမူခသည့် ကောင်းမှု၊ မကောင်းမှုများအတွက် ထိုက်တန်သော အကျိုးအပြစ်ကို လူတိုင်း ခံရကြလိမ့်မည်။
သို့ဖြစ်၍ ငါဟောပြောသော သတင်းကောင်းတရားသည်ကား ဘုရားသခင်သည် လူတိစိတ်နှလုံးထဲ၌ လျှို့ဝှက်ထားသမျှသောအကြံအစည်များကို ယေသျှုခရစ်တော်အားဖြင့် တရားစီရင်မည့်နိ့ရက်၌ ဇာပိုင်ဖြစ်လာမည်ကို ဟောပြောခြင်းဖြစ်၏။
လူသည် တစ်ခါတည်းသာ သီဆုံး၍၊ တရားစီရင်ခြင်းကို ခံရသကဲ့သို့ ခရစ်တော်သည်လည်း များစွာသောသူရို့၏အပြစ်များကို ဖယ်ယှားရန် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက် မဟုတ်ဘဲ မိမိအား စောင့်မျှော်နိန်ကြသောသူရို့ကို ကယ်တင်ရန် ပေါ်ထွန်းလာတော်မူလိမ့်မည်။
အကြောင်းမူကား၊
"ကြွလာတော်မူမည့် အသျှင်သည်
ကြန့်ကြာခြင်းမဟိဘဲ
ကြွလာတော်မူလိမ့်မည်။
ငါ၏ဖြောင့်မတ်သောသူသည်
ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။
သို့ရာတွင် ထိုသူသည် နောက်သို့ ပြန်လှည့်လျှင် ငါသည် သူ့ကို နှစ်သက်လိမ့်မည် မဟုတ်" ဟူ၍ ဖော်ပြထား၏။
သို့သော် ငါရို့သည် နောက်သို့ ပြန်လှည့်သူတိ၊ ဖျက်ဆီးခြင်းကို ခံသော သူတိမဟုတ်ဘဲ၊ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ခံထားရသောသူတိ ဖြစ်ကြ၏။
သို့ဖြစ်၍ ငါရို့သည် အခြားသူတိကဲ့သို့ အိပ်ပျော်လျက်မနိန်ကြဘဲ၊ သမ္မာသတိဖြင့် နိုးကြားလျက် နိန်ကြရမည်။ အကြောင်းမူကား အိပ်ပျော်တတ်သောသူရို့သည် ညအချိန်၌ အိပ်တတ်ကြ၏၊ သီရည်သီရက်နှင့် မူးယစ်တတ်သော သူရို့သည် ညအချိန်၌ မူးယစ်တတ်ကြ၏။ သို့ရာတွင် ငါရို့သည် နိ့အချိန်၌ ကျင်လည်သောသူတိ ဖြစ်ကြသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ကယ်တင်ခြင်းခံရရန် မျှော်လင့်ခြင်းတည်းဟူသော သံခမောက်ကို ဆောင်းကာ သမ္မာသတိဟိကြကုန်အံ့။ အကြောင်းမူကား ဘုရားသခင်သည် ငါရို့အား အမျက်တော်သင့်စီရန် ရွီးကောက်တော်မူသည် မဟုတ်။ ငါရို့၏ အသျှင် ယေသျှုခရစ်အားဖြင့် ကယ်တင်ခြင်း ခံရကြစီရန် ရွီးကောက်တော်မူ၏။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.