Juízo
O juízo de Deus é manifestação de sua justiça e soberania. Ele julga o mundo, julga as nações e julga cada coração com perfeita equidade e misericórdia.
O juízo de Deus
Deus é juiz justo que prova os corações. Seu juízo é verdadeiro e alcança toda obra, secreta ou pública.
ခမည်းတော်ဟ သေလွန်သောသူလို့ဟို အသက်ဆှင်စေသလို အဲတိုင်းတိုင်း သားတော်ဟလည်း မိမိအလိုဆိသူလို့ဟို အသက်ဆှင်စေအယ်။ ခမည်းတော်ဟ စသူဟိုမျှ တရားစီရင်တော်မမူ။ သားတော်အား တရားစီရင် ပိုင်ခွင့်ဆိသမျှဟို ပေးအပ်ထားအယ်၊ အဲလိုမို့ လူအပေါင်းလို့ဟ ခမည်းတော်အား ရိုသေကြလဲ့တိုင်း သားတော်အား ရိုသေကြရမယ်။ သားတော်အား မရိုသေသောသူဟ သားတော်ဟို စေလွှတ်သော ခမည်းတော်အား မရိုသေသောသူ ဖြစ်အယ်။
"နင်လို့အား ငါ အမန်ဆိုတာဟ ငါရဲ့စကားဟို ကြားယွေ့ ငါ့ဟို စေလွှတ်သောသူဟို ယုံကြည်သောသူဟ ထာဝရအသက်ဟို ရအယ်။ သူလို့ဟ တရားစီရင်ခြင်းဟို မခံရဘဲ သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးမြောက်သောသူ ဖြစ်အယ်။ နင်လို့အား ငါ အမန်ဆိုတာဟ သေလွန်သောသူလို့ဟ ဘုရားသခင်ရဲ့ သားတော်အသံဟို ကြားယွေ့ ကြားသောသူလို့ဟ အသက်ဆှင်ရမဲ့အချိန် ရောက်လာမယ်ဖြစ်ရာ အခုပင် ရောက်လာလေပီ။ အကျောန်းမှာ ခမည်းတော်ဟ မိမိနှိုက် အသက်ဆှင်လဲ့တိုင်းတိုင်း သားတော်ဟိုလည်း မိမိနှိုက် အသက်ဆှင်စေခြင်းငှာ အခွင့်ပေးအယ်။ သားတော်ဟ လူသားဖြစ်သောကျောန့် ခမည်းတော်ဟ တရားစီရင်ခြင်း အခွင့်ဟိုလည်း သားတော်အား ပေးပီ။ ဟေအမှုအရာဟို နင်လို့ မအံ့သြကြနဲ့၊ လုတ်တိုင်းမှ လူသေလို့ဟ သားတော်ရဲ့ အသံတော်ဟို ကြားယွေ့၊ ထွက်လာကြမဲ့အချိန် ကျရောက်လိမ့်မယ်။ အကျင့်ကောင်းဟို ပြုခဲ့သူလို့ဟ ထမြောက်ယွေ့ အသက်ဆှင်လိမ့်မယ်၊ ဆိုးညစ်သောအမှုဟို ပြုကျင့်သောသူလို့ဟလည်း ထမြောက်ယွေ့ အပစ်စီရင်ခြင်းဟို ခံရလိမ့်မယ်။
"ငါဟ မိမိအလိုအလျောက် စလိုအရာဟိုမှ မပြုနိန်၊ ငါဟ ကြားရလဲ့အတိုင်းသာ တရားစီရင်ယွေ့ ကိုယ့်အလိုမဟုတ်ဘဲ ငါ့ဟို စေလွှတ်သောသူရဲ့ အလိုတော်ဟို လိုက်နာသောကျောန့် ငါရဲ့ စီရင် ဆုံးဖြတ်ချက်ဟ မန်ကန်အယ်။
"ငါဟ မိမိရဲ့အကျောန်းဟို သက်သေခံရင် ငါရဲ့ သက်သေခံချက်ဟ မန်ကန်မှု မဆိ။
အဲလိုလဲ နင်လို့အား ငါ အမန်ဆိုအယ်၊ ငါသွားရင် နင်လို့အတွက် ပိုကောင်းအယ်၊ ပစာကို့ ငါမသွားရင် မစသောသူဟ ကြွလာမှာ မဟုတ်။ အဲလိုလဲ ငါသွားရင် အေးသူဟို နင်လို့ဆေဟို ငါ စေလွှတ်မယ်။ အဲသူကြွလာသောအခါ လောကသားလို့အား အပစ်အကျောန်း၊ အမန်တရားအကျောန်းနဲ့ တရားစီရင်ခြင်းအကျောန်းဟို ဖော်ပြလိမ့်မယ်။ အေးသူလို့ဟ ငါ့ဟို မယုံကြည်ကြသောကျောန့် အပစ်အကျောန်းဟို ဖော်ပြမယ်။
အဲလိုလဲ ယေရှုဟ "ဟေအသံဟ ငါ့အတွက် မဟုတ်ဘဲ နင်လို့ အဖို့အတွက် ဖြစ်အယ်။ အခု ဟေလောကရဲ့ တရားစီရင်ခြင်း ကာလ ဖြစ်အယ်၊ ဟေလောကဟို အစိုးရသောသူဟလည်း အခုပင် ပြင်သို့ မောင်းထုတ်ခြင်းဟို ခံရလိမ့်မယ်။ ငါဟ မြေမှ မြှောက်ထားခြင်းဟို ခံရသောအခါ လူအားလုံးလို့ဟို ငါ့ဆေဟို ငါ ဆွဲခေါ်မယ်" ဟု မိန့်အယ်။
အေးသူဟ "သခင်ဘုရား၊ ငါ ယုံကြည်အယ်" ဟု ဆှောက်ယွေ့ ကိုယ်တော်အား ပျပ်ဝပ် ကိုးကွယ်လေအယ်။
ယေရှုဟ "မျက်စေ့ကန်းသောသူဟို မျော်စေရန်နဲ့ မျက်စေ့မျော်သောသူဟို မျက်စေ့ကန်းစေခြင်းငှာ ငါဟ တရားစီရင်ရန် ဟေလောကဟို ကြွလာခြင်းဖြစ်အယ်" ဟု မိန့်လေအယ်။
Prestando contas
Cada um prestará contas de si mesmo a Deus. O juízo começa pela casa de Deus e depois alcança os que não obedecem ao evangelho.
ယုံကြည်ခြင်း အားနည်းသော သူလို့ဟို လက်ခံကြလော့၊ အဲလိုလဲ သူလို့ရဲ့ ပုဂ္ဂိုလ်ရေး ထင်မြင်ချက်များနဲ့ ပတ်သက်ပင်း သူလို့နဲ့အတူ အငြင်းအခုံ မလုပ်ကြနဲ့။ လူတချို့ရဲ့ ယုံကြည်မှုနှိုက် ပစာအရာဟို မဆို စားလို့ရအယ်လို့ ယုံကြည်အယ်၊ အဲလိုလဲ ယုံကြည်ခြင်း အားနည်းသောသူဟ ဟင်းသီးဟင်းရွက်ဟိုသာ စားကြအယ်။ ပစာအရာဟို မဆို စားသောသူဟ မစားသောသူဟို မထီမဲ့မြင်မပြုစေနဲ့၊ ဟင်းသီးဟင်းရွက်သာ စားတတ်သောသူဟလည်း ပစာအစားအစာဟို မဆို စားတတ်သောသူဟို တရားစီရင်မှု မလုပ်နဲ့၊ အဲလိုလူဟို ဘုရားသခင် လက်ခံအယ်။ နင်ဟ စလိုလူဖြစ်သောကျောန့် သူတပါးရဲ့ အစေခံဟို စီရင်နိန်သလော၊ သူလို့ အောန်မြင်တာ ဖြစ်စေ၊ ကျရှုံးတာ ဖြစ်စေ၊ သူလို့ရဲ့ သခင်ဟ ဆုံးဖြတ်လိမ့်မယ်၊ သူလို့ဟ အောန်မြင်လိမ့်မယ်၊ ပစာကို့ဆိုသော် အဆှင်ဟ သူလို့ဟို အောန်မြင်ဖို့ တတ်နိန်အယ်။
အေးလိုမို့ ငါလို့ဆိသမျှဟ ဘုရားသခင် စစ်ကြောခြင်းဟို ခံရမယ်။
အေးကျောန့် ငါလို့ဟ အခုအချင်းချင်း မစစ်ကြော မစီရင်ဘဲ နေကြကုန်အံ့။ အဲအစား သူတပါးလို့အား ထိမိယွေ့ လဲစရာ၊ အပစ်ထဲမှာ လဲကျရန် မကြံစည်ကြပါနဲ့။ ပကတိအလျောက် မစင်ကြယ်သော အစားအစာ တစုံတခုမှ မဆိဟု သခင် ယေရှုနှိုက် ငါအမန် သိလျက် ယုံကြည်စိတ်ချအယ်။ အဲလိုလဲ အစားအစာဟို မစင်ကြယ်အယ်ဟု မှတ်ယူသောသူအတွက် အေးအရာဟ မစင်ကြယ်။
အကျောန်းမှာ တရားစီရင်ခြင်းဟို ဘုရားသခင်ရဲ့ အိုင်တော်မှ အစပြုမဲ့အချိန် ရောက်လေပီ။ အေးလို့ ငါလို့ဆေမှ အစပြုမယ်ဆိုရင် ဘုရားသခင်ရဲ့ ကောင်းမြတ်သော သတင်းဟို နားမထောင်သော သူလို့ရဲ့ အဆုံးဟ စလိုဖြစ်လိမ့်မလုန်း။
အဲလိုမို့ သခင်ဘုရား ကြွလာမမူမီ စလိုအရာဟိုမျှ အချိန်မတန်ဘဲ မစီရင်ကြနဲ့။ အဲသခင်ဟ မိုက်ထဲနှိုက် အောန်းထားသောအရာလို့ဟို အလင်းဟို ယူဆောင်လာပင်း စိတ်နေလုံး အကြံစည်လို့ဟို ထင်ဆှားစေလိမ့်မယ်။ အဲအခါ လူအသီးသီးလို့ဟ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရကြလိမ့်မယ်။
အကျောန်းမှာ သူတပါးဟို နင်လို့ စီရင်လဲ့နည်းအတိုင်း ဘုရားသခင်ဟ နင်လို့ဟို စီရင်လိမ့်မယ်၊ အားပင်း သူတပါးလို့ဟို စီရင်ရာတွင် နင်လို့ အသုံးပြုလဲ့နည်းအတိုင်း နင်လို့ဟို စီရင်လိမ့်မယ်။ နင်လို့ဟ ကိုယ့်မျက်စေ့ထဲဟ သစ်တုံးဟို မမျော်ဘဲ ညီအကိုရဲ့ မျက်စေ့ထဲဟ ငြောင့်သငယ်ဟို ပစာကျောန့် မျော်နေလုန်း။ နင်လို့ရဲ့ မျက်စေ့ထဲဟ သစ်တုံးဆိနေလျက် ပစာကျောန့် ညီအကိုအား ‘နင့်ရဲ့မျက်စေ့ထဲဟ ငြောင့်သငယ်ဟို ထုတ်ပေးမန့်’ ဟု စလိုပြောရဲလုန်း။
Justiça e redenção
O juízo de Deus é também redenção. Ele livrou Israel do Egito com juízos e salva os arrependidos pela cruz de Cristo.
အဲပင်းရင် ခေါန်းခင်ဆိ ရမ်းဆာ့သော လူအုပ်လို့ရဲ့ ကျယ်လောင်လဲ့ အသံလိုမျိုး အသံဟို ငါ ကြားရအယ်။ သူလို့ဟ "ဟာလေလုယာ၊ ကယ်တင်ခြင်း၊ ဘုန်းအသရေတော်နဲ့ တန်ခိုးတော်လို့ဟ ငါလို့ ဘုရားသခင်နဲ့ ဆိုင်အယ်။ အကျောန်းမှာ ကိုယ်တော်ရဲ့ တရားစီရင်ချက်လို့ဟ မန်ကန်ယွေ့ ဖြောင့်မတ်အယ်။ မတရားသော မေထုန်ပြုခြင်းအားဖြင့် မြေကြီးအား ပျက်စီးစေလဲ့ ပြေ့တန်ဆာမကြီးဟို ကိုယ်တော်ဟ စီရင်လျက် သူရဲ့ လက်နှိုက် စွန်းထင်းသော ကိုယ်တော်ရဲ့ အစေခံလို့ရဲ့ အသွေးအတွက် လက်တုံ့ပြန်ပီ" ဟု ဆိုကြအယ်။ အဲပင်းရင် တဖန် သူလို့ဟ "ဟာလေလုယာ၊ သူရဲ့ မီးခိုးဟ ကမ္ဘာအဆက်ဆက် တက်သွားလျက် ဆိအယ်" ဟု ဆိုကြအယ်။