Pular para o conteúdo
Publicidade

Legalidades

Por Bíblia Online  - 

Viver em sociedade exige lidar com regras, impostos e governantes todos os dias. Para quem busca seguir a fé cristã, honrar as leis do país faz parte da caminhada, desde que isso não entre em conflito com a lealdade a Deus.

As Escrituras mostram que o governo civil cumpre um papel importante para manter a ordem e a justiça. Respeitar as autoridades e cumprir os deveres cívicos é uma forma prática de viver o evangelho no dia a dia, mantendo a consciência limpa diante do Criador e das pessoas.

A Bíblia reconhece a necessidade de leis e governo civil. Os cristãos são chamados a obedecer às autoridades estabelecidas por Deus, enquanto mantêm a lealdade suprema a Cristo.

Submissão às autoridades

Toda autoridade é instituída por Deus. O cristão é chamado a respeitar as leis, pagar tributos e honrar quem governa.

အ​စိုး​ရ​မင်း၏​အုပ်​စိုး​ခြင်း

အ​စိုး​ရ​သော မင်း​အာ​ဏာ​စက်၏ အုပ်​စိုး​ခြင်း​ကို လူ​တိုင်း​ဝန်​ခံ​စေ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ အ​ခွင့်​မ​ရှိ​လျှင်၊ မင်း​အာ​ဏာ​စက် မ​ရှိ။ အာ​ဏာ​စက်​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​ရာ ဖြစ်​သ​တည်း။- ထို​ကြောင့်၊ မင်း​အာ​ဏာ​ကို ဆန်​သော​သူ​သည် ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ရာ​ကို ဆန်​သော​သူ​ဖြစ်၏။ ထို​သို့​ဆန်​သော​သူ​သည် ရာ​ဇ​ဝတ်​ကို ခံ​ရ​မည်။- မင်း​မူ​ကား၊ ကောင်း​သော​အ​ကျင့်​ကို​ကျင့်​သော​သူ ကြောက်​ဖို့​ဖြစ်​သည်​မ​ဟုတ်။ မ​ကောင်း​သော အ​ကျင့်​ကို ကျင့်​သော​သူ ကြောက်​ဖို့၏။ မင်း​အာ​ဏာ​ကို မ​ကြောက်​ဘဲ နေ​ချင်​သ​လော။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ကျင့်​လျှင် မင်း​အာ​ဏာ​ကြောင့် ချီး​မွမ်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။- မင်း​သည်​ကား၊ သင်၏​အ​ကျိုး​အ​လို​ငှာ ဘု​ရား​သ​ခင်၏ အ​စေ​ခံ​ဖြစ်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ကြောက်​ခြင်း ရှိ​စေ​လော့။ အ​ကြောင်း​မူ​ကား၊ မင်း​သည်​အ​ချည်း​နှီး ဓား​ကို​ဆောင်​သည်​မ​ဟုတ်။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​တို့​ကို အ​ပြစ်​တ​ရား​စီ​ရင်၍ ရာ​ဇ​ဝတ်​ပေး​ပိုင်​သော သူ​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ အ​စေ​ခံ​ဖြစ်​သ​တည်း။- ထို​ကြောင့်၊ ရာ​ဇ​ဝတ်​ကို​ကြောက်​သော​ကြောင့်​သာ မင်း​အာ​ဏာ​စက်၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ရ​မည် မ​ဟုတ်။ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို ထောက်၍ ဝန်​ခံ​ရ​မည်။- ထို​အ​ကြောင်း​ကြောင့် အ​ခွန်​အ​တုတ်​ကို ပေး​ကြ​လော့။ မင်း​တို့​သည် ဘု​ရား​သ​ခင်၏ အ​မှု​စောင့်​ဖြစ်၍၊ အ​မှု​တော်​ကို အ​မြဲ​ထမ်း​ကြ၏။- ထို​ကြောင့်၊ လူ​အ​သီး​အ​သီး ခံ​ထိုက်​သည်​အ​တိုင်း ပေး​ကြ​လော့။ အ​ခွန်​ကို​ခံ​ထိုက်​သော​သူ​အား အ​ခွန်​ကို​လည်း​ကောင်း၊ အ​ကောက်​ကို ခံ​ထိုက်​သော​သူ​အား အ​ကောက်​ကို လည်း​ကောင်း ပေး​ကြ​လော့။ ကြောက်​ထိုက်​သော​သူ​ကို ကြောက်​ကြ​လော့။ ရို​သေ​ထိုက်​သော​သူ​ကို ရို​သေ​ကြ​လော့။

အ​ချင်း​ချင်း​ပြု​အပ်​သော​ဝတ်

အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​မှ​တစ်​ပါး အ​ဘယ်​ကြွေး​မျှ မ​တင်​စေ​နှင့်။ သူ​တစ်​ပါး​ကို​ချစ်​သော​သူ​သည် အ​ကျင့်​တ​ရား​နှင့်​ပြည့်​စုံ​ပြီ။-

သာ​သ​နာ​ပ​လူ​တို့​သည် သင်​တို့​ကို ကဲ့​ရဲ့​ပြစ်​တင်​ကြ​သည်​အ​မှု​မှာ၊ ဘု​ရား​သ​ခင်​ကြည့်​ရှု စီ​ရင်​တော်​မူ​သော နေ့​ရက်၌၊ သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို သူ​တို့​သည် ထောက်​ရှု၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​မည်​အ​ကြောင်း၊ သူ​တို့​ရှေ့၌ တင့်​တယ်​လျောက်​ပတ်​စွာ ကျင့်​နေ​ကြ​လော့။

သ​ခင်​ဘု​ရား၏​မျက်​နှာ​တော်​ကို ထောက်​လျက်၊ အ​ထွတ်​အ​မြတ်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​စေ၊ လူ​ဆိုး​တို့​ကို ဒဏ်​စီ​ရင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​ကောင်း​တို့​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- ရှင်​ဘု​ရင်​ခန့်​ထား​သော ဝန်​မင်း​ဖြစ်​စေ၊ လူ​တို့​တွင် စီ​ရင်​ခန့်​ထား​သ​မျှ​သော မင်း၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။-

သို့​ဖြစ်၍ ကိုယ်​တော်​သည် အ​ဘယ်​သို့ ထင်​တော်​မူ​သ​နည်း။ ကဲ​သာ​ဘု​ရင်​အား အ​ခွန်​ကို ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော အ​ကျွန်ုပ်​တို့​အား မိန့်​တော်​မူ​ပါ​ဟု မေး​လျှောက်​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့၏ ဆိုး​ညစ်​သော​သ​ဘော​ကို သိ​တော်​မူ​လျှင်၊ လျှို့​ဝှက်​သော​သူ​တို့၊ အ​ဘယ်​ကြောင့် ငါ့​ကို စုံ​စမ်း​နှောင့်​ယှက်​ကြ​သ​နည်း။- အ​ခွန်​ငွေ​တစ်​ပြား​ကို ပြ​ပါ​ဟု မိန့်​တော်​မူ၍၊ ဒေ​နာ​ရိ​တစ်​ပြား​ကို ယူ​ခဲ့​ကြ၏။- ဤ​ပုံ ဤ​လိပ်​စာ​ကား၊ အ​ဘယ်​သူ၏​ပုံ အ​ဘယ်​သူ၏​လိပ်​စာ ဖြစ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- ကဲ​သာ​ဘု​ရင်၏​ပုံ၊ လိပ်​စာ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏ ဥ​စ္စာ​ကို​ကား ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။-

Obrigações legais

Jesus cumpriu obrigações legais, pagou impostos e orientou seus seguidores a obedecer à lei sem comprometer a fé.

ဗိ​မာန်​တော်​အ​ခွန်​ပေး​ခြင်း

က​ပေ​ရ​နောင်​မြို့​သို့ ရောက်​သော​အ​ခါ၊ ဗိ​မာန်​တော်​အ​ခွန်​တည်း​ဟူ​သော ဒိ​ဒြ​မ္မ​ကို ခံ​သော​သူ​တို့​သည် ပေ​တ​ရု​ဆီ​သို့​လာ၍ သင်၏​ဆ​ရာ​သည် ဒိ​ဒြ​မ္မ​ကို မ​ပေး​သ​လော​ဟု မေး​မြန်း​လျှင်၊ ပေး​ပါ​သည်​ဟု ပေ​တ​ရု​ဆို၏။ပေ​တ​ရု​သည် အိမ်​သို့​ဝင်​သော​အ​ခါ၊ ယေ​ရှု​သည် တင်​ကူး၍၊ အ​ချင်း​ရှိ​မုန်၊ သင်​သည်​အ​ဘယ်​သို့ ထင်​သ​နည်း။ လော​ကီ​ရှင်​ဘု​ရင်​တို့​သည် အ​ဘယ်​သူ​မှာ အ​ခွန်​ကို​ခံ​ကြ​သ​နည်း။ မိ​မိ​သား​မှာ ခံ​ကြ​သ​လော။ သူ​တစ်​ပါး​မှာ ခံ​ကြ​သ​လော၊ ဟု​မေး​တော်​မူ​လျှင်၊ ပေ​တ​ရု​က၊ သူ​တစ်​ပါး​မှာ​ခံ​ကြ​ပါ​သည်​ဟု လျှောက်​သော်၊ ယေ​ရှု​က​လည်း သို့​ဖြစ်​လျှင် သား​မူ​ကား လွတ်​ရ၏။ သို့​သော်​လည်း ထို​သူ​တို့​သည် ငါ​တို့​ကြောင့် မ​မှား​ယွင်း​မည်​အ​ကြောင်း၊ အိုင်​သို့​သွား၍ ငါး​မျှား​ကို​ချ​လော့။ ရှေ့​ဦး​စွာ​ရ​သော​ငါး​ကို ယူ၍ ပါး​စပ်​ကို​ဖွင့်​လျှင်၊ သ​တာ​တဲ​တစ်​ပြား​ကို​တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ၍ ငါ့​အ​ဖို့​နှင့် သင့်​အ​ဖို့ ထို​သူ​တို့​အား​ပေး​လော့​ဟု မိန့်​တော်​မူ၏။

တ​ရား​တွေ့​ဖက်​နှင့်​အ​တူ လမ်း၌​သွား​စဉ်​တွင်​ပင်၊ သူ၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​လော့။ သို့​မ​ဟုတ် တ​ရား​တွေ့​ဖက်​သည် တ​ရား​သူ​ကြီး၌ အပ်​မည်။ တ​ရား​သူ​ကြီး​သည်​လည်း လု​လင်​ခေါင်း၌​အပ်၍ ထောင်​ထဲ၌ လှောင်​ထား​မည်။- လျော်​ပြစ်​ငွေ​ရှိ​သ​မျှ​ကို မ​လျော်​မီ​တိုင်​အောင် ထောင်​ထဲ​က​မ​ထွက်​ရ​ဟု ငါ​အ​မှန်​ဆို၏။-

ထို​သူ​တို့​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​အား သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ မြို့​ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် သင်​တို့​ကို ပို့​ဆောင်​ကြ​လိမ့်​မည်။- သင်​တို့​ကို အပ်​နှံ​သော​အ​ခါ အ​ဘယ်​သို့ ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။ ပြော​ရ​သော​စ​ကား​ကို ထို​ခ​ဏ​ချင်း​တွင် သင်​တို့​သည် ရ​ကြ​လိမ့်​မည်။-

ဖွား​မြင်​တော်​မူ​ခြင်း

ထို​အ​ခါ တစ်​နိုင်​ငံ​လုံး​ကို စာ​ရင်း​ယူ​စေ​ခြင်း​ငှာ ကဲ​သာ​ဘု​ရင် ဩ​ဂု​တ္တု​သည် အ​မိန့်​တော်​ရှိ၏။- ကု​ရေ​နိ​သည် ရှု​ရိ​ပြည်၌ မြို့​ဝန်​ဖြစ်​စဉ်​တွင်၊ ဤ​ပ​ထ​မ​စာ​ရင်း​ယူ​ခြင်း ဖြစ်​သ​တည်း။- လူ​အ​ပေါင်း​တို့​သည် စာ​ရင်း​ဝင်​ခြင်း​ငှာ အ​သီး​အ​သီး မိ​မိ​တို့​မြို့​ရွာ​သို့ သွား​ကြ၏။- ယော​သပ်​သည်​လည်း ဒါ​ဝိဒ်​အ​မျိုး​အ​နွယ်​ဖြစ်၍၊ ထိမ်း​မြား​ဆောင်​နှင်း​သော မ​ယား​မာ​ရိ​နှင့်​အ​တူ စာ​ရင်း​ဝင်​ခြင်း​ငှာ၊ ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့​မှ ယု​ဒ​ပြည်​တွင် ဗက်​လင်​အ​မည်​ရှိ​သော ဒါ​ဝိဒ်၏​မြို့​သို့ သွား၏။ ထို​အ​ခါ မာ​ရိ​သည် ပ​ဋိ​သ​န္ဓေ​အ​ရင့်​အ​မာ​ရှိ၏။-

Perspectiva divina

As nações são como uma gota no balde diante de Deus. Ele abre portas que nenhuma lei pode fechar.

လူ​အ​မျိုး​မျိုး​တို့​သည် ရေ​ပုံး​မှ ကျ​သော ရေ​စက်​ကဲ့​သို့ ဖြစ်၍၊ ချိန်​ခွင်၌ မြူ​မှုန်​ကဲ့​သို့ ထင်​မှတ်​စ​ရာ​ရှိ၏။ ကျွန်း​တို့​သည်​လည်း၊ လွင့်​တတ်​သော အ​ဏု​မြူ​ကဲ့​သို့ ဖြစ်​ကြ၏။ ခပ်​သိမ်း​သော လူ​အ​မျိုး​မျိုး​တို့​သည် အ​ဘယ်​မျှ​မ​ဟုတ်​သ​ကဲ့​သို့ ရှေ့​တော်၌​ဖြစ်​ကြ၏။ အ​ဘယ်​မျှ​မ​ဟုတ်​သော အ​ရာ​ထက်​သာ၍ ငယ်​သ​ကဲ့​သို့​လည်း​ကောင်း၊ အ​န​တ္တ​ကဲ့​သို့​လည်း​ကောင်း မှတ်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ အ​လွန်​ကြီး​စွာ​သော တံ​ခါး​သည် အ​ဆင်​သင့်၍ ငါ့​အား​ဖွင့်​လျက်​ရှိ၏။ ဆီး​တား​သော သူ​အ​များ​လည်း ရှိ​ကြ၏။

ပိ​လတ်​မင်း​က​လည်း၊ ငါ​နှင့်​စ​ကား​မ​ပြော​သ​လော။ ငါ​သည် သင့်​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပိုင်​သည်​ကို​လည်း​ကောင်း၊ လွှတ်​ပိုင်​သည်​ကို​လည်း​ကောင်း၊ သင်​မ​သိ​လော​ဟု​ဆို​သော်၊- အ​ထက်​အ​ရပ်​မှ အ​ခွင့်​ကို​မ​ရ​လျှင် မင်း​ကြီး​သည် ငါ့​ကို​အ​ဘယ်​သို့​မျှ​မ​ပြု​ပိုင်။ ထို​ကြောင့်​ငါ့​ကို မင်း​ကြီး​လက်​သို့ အပ်​နှံ​သော​သူ​သည် သာ၍ ကြီး​သော​အ​ပြစ်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.