Legalidades
A Bíblia reconhece a necessidade de leis e governo civil. Os cristãos são chamados a obedecer às autoridades estabelecidas por Deus, enquanto mantêm a lealdade suprema a Cristo.
Submissão às autoridades
Toda autoridade é instituída por Deus. O cristão é chamado a respeitar as leis, pagar tributos e honrar quem governa.
အာဏာပိုင်များအပေါ်နှိုက် ထားအပ်သော စိတ်သဘော
အစိုးရမင်းလို့ရဲ့ အမိန့်အာဏာဟို လူတိုင်း လိုက်နာကြရမယ်၊ ဘုရားသခင်ရဲ့ အခွင့်မဆိရင် မင်းအာဏာလည်း မတည်ဆိနိန်။ အမိန့်အာဏာ ဆိသမျှဟ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့သာလျှင် တည်ဆိအယ်။ အဲကျောန့် မင်းအာဏာဟို ဆန့်ကျင်သောသူဟ ဘုရားသခင် စီရင်တဲ့အရာဟို ပုန်ကန်သောသူ ဖြစ်အယ်၊ အေးလို့ပြုသောသူဟ မိမိတတ်တိုင်း တရားစီရင်ခြင်းဟို ခံရလိမ့်မယ်။ အကျောန်းမှာ အကောင်းလုပ်ဆောင်သောသူဟ အာဏာပိုင်များဟို ကြောက်နေစရာ မလို၊ အဲလိုလဲ အမားလုပ်သောသူဟပဲ ကြောက်စရာလိုအယ်။ အာဏာဆိသူဟို ကြောက်ရွံ့ခြင်းမှ လွတ်မြောက်လိုသလော။ မန်သောအရာဟို လုပ်လော့၊ အေးလို့လုပ်ရင် သူဟ နင့်ဟို ချီးမွန်းလိမ့်မယ်။ ပစာကို့ နင်လို့ ကောင်းကျိုးပြုရန် အလို့ငှာ ခန့်အပ်ထားသော ဘုရားသခင်ရဲ့ အစေခံ ဖြစ်အယ်။ အဲလိုလဲ နင်လို့အမားလုပ်ခဲ့ရင် ကြောက်ရွံ့ခြင်း ဆိစေလော့၊ သူဟ အချည်းနှီး ထားဟို ကိုင်ဆောင်တာ မဟုတ်။ သူလို့ဟ အပစ်ကျူးလွန်သူများအပေါ်နှိုက် ဘုရားသခင်ရဲ့ စီရင်ခြင်းဟို သယ်ဆောင်လာမဲ့ ဘုရားသခင်ရဲ့ အစေခံ ဖြစ်ကြအယ်။ အကျောန်းမှာ အာဏာဆိသူ အပစ်ပေးမှာဟို ကြောက်သောကျောန့် သာမက မိမိအသိစိတ်အတွက်ကျောန့်လည်း အာဏာဟို နာခံရမယ်။
အေးအကျောန်းကျောန့် နင်လို့ဟ အခွန်ဟို ပေးရအယ်၊ အစိုးရမင်းဟ သူလို့ရဲ့ အမှုဟို အချိန်ပြေ့ ထမ်းဆောင်သောအခါနှိုက် ဘုရားသခင်ရဲ့ အမှုတော်ဟို ထမ်းဆောင်ကြသောကျောန့် ဖြစ်အယ်။ အဲလိုမို့ လူအသီးသီးလို့အား ပေးသင့်တာဟို ပေးဆောင်ကြလော့။ နင့်မှာ ပေးစရာအကြွေးများ ပေးကြလော့၊ အခွန်ခံထိုက်သောသူဟို အခွန် ပေးကြလော့၊ ကြောက်ထိုက်သောသူဟို ကြောက်ကြလော့၊ ရိုသေထိုက်သောသူဟို ရိုသေကြလော့။
အချင်းချင်း ပြုအပ်သောဝတ်
အချင်းချင်း ချစ်ခြင်းမှတပါး စလို အကြွေးမျှ မတင်စေနဲ့။ သူတပါးဟို ချစ်လဲ့သူဟ ပညတ်တရားဟို စောင့်ထိန်းသူ ဖြစ်အယ်။
ဘုရားဟို မသိသော သူလို့အလယ်တွင် ကောင်းစွာ အသက်ဆှင် နေထိန်ကြလော့။ အေးလို့လုပ်ရင် သူလို့ဟ နင်လို့ဟို မကောင်းမှုပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုပေမဲ့လည်း နင်လို့ရဲ့ ကောင်းသောအမှုဟို မျော်ယွေ့ ဘုရားသခင် ကြွလာသော နေ့ရက်နှိုက် ဘုန်းတော်ဟို ချီးမွန်းကြလိမ့်မယ်။
လူလို့စီရင်ခန့်ထားသော အုပ်ချုပ်မှုစနစ် အားလုံးဟို သခင်ဘုရားရဲ့ မျက်နှာတော်ဟို ထောက်ယွေ့ နားထောင်ကြလော့။ အထွဋ်အမြတ်ဖြစ်သော ဆှင်ဘုရင် ဟို ဖြစ်စေ၊ အဲဟာမဟုတ်ရင် အမားလုပ်သောသူများဟို ပစ်ဒဏ်ပေးယွေ့၊ လူကောင်းလို့ဟို ဂုဏ်ပြုချီးမွန်းရန် ဆှင်ဘုရင် စေလွှတ်သော အုပ်ချုပ်ရေးမှူးများ ဟို ဖြစ်စေ နားထောင်ကြလော့။
အဲပင်းရင် နင်လို့ စလိုထင်တာဟို ငါလို့အား ပြောပါ။ ရောမအင်ပါယာရဲ့ ဥပဒေအရ ဧကရာဇ်ဘုရင်အား အခွန်ဆက်သင့်သလော အဲဟာမဟုတ်ရင် မဆက်သင့်သလော" ဟု မေးဆှောက်ကြအယ်။
အဲလိုလဲ ယေရှုဟ သူလို့ရဲ့ ဆိုးသောအကြံအစည်ဟို သိသဖြင့် "သူတော်ကောင်း ဟန်ဆောင်တတ်သောသူလို့၊ နင်လို့ဟ ပစာကျောန့် ငါ့အား ထောင်ချောက်ဆင်ရန် ကြိုးစားကြလုန်း။ အခွန်တော် ပေးဆောင်ရန် ငွေဒင်္ဂါးတပြားဟို ငါ့အား ပြကြလော့" ဟု မိန့်အယ်။
သူလို့ဟ ဒေနာရိတပြားဟို ယူခဲ့ကြအယ်။ ကိုယ်တော်သည် "ဟေဟာဟ စသူ့ရုပ်ပုံ၊ စသူ့ကမ္ပည်းစာ ဖြစ်လုန်း" ဟု မေးအယ်။
သူလို့ဟ "ဧကရာဇ်ရဲ့ရုပ်ပုံ၊ ဧကရာဇ်ဘုရင် ကမ္ပည်းစာ ဖြစ်ပါအယ်" ဟု ပြန်ဆှောက်ကြအယ်။
အဲလိုမို့ ယေရှုဟ သူလို့အား "ဧကရာဇ်ပိုင်လဲ့ အရာဟို ဧကရာဇ်အား ဆက်ကြလော့။ ဘုရားသခင် ပိုင်လဲ့အရာဟို ဘုရားသခင်အား ဆက်ကြလော့" ဟု မိန့်အယ်။
Obrigações legais
Jesus cumpriu obrigações legais, pagou impostos e orientou seus seguidores a obedecer à lei sem comprometer a fé.
ဗိမာန်တော် အခွန်ပေးဆောင်ခြင်း
ယေရှုနဲ့ တဘဲ့တော်လို့ဟ ကပေနောင်မြို့ဟို ရောက်ကြသောအခါ ဗိမာန်တော်ခွန်အတွက် ကောက်ခံသူများဟ လာပင်း ပေတရုအား "နင်ရဲ့ဆရာဟ ဗိမာန်တော်ခွန် ပေးဆောင်မန့်သလော" ဟု မေးမြန်းကြအယ်။
ပေတရုဟ "ပေးဆောင်အယ်" ဟု ဆိုအယ်။
နေအိုင်ထဲဟို ပေတရု ဝင်လာသောအခါ ယေရှုဟ ဦးရင်ဆုံးပြောတာဟ "ရှိမုန်၊ နင်မစာသို့ ထင်လုန်း။ လောကီဘုရင်လို့ဟ စသူ့ဆေမှ အခွန်များဟို ကောက်ခံကြလုန်း။ မိမိသားဆေမှလော၊ အခြားသူများဆေမှလော" ဟု မေးအယ်။
ပေတရုဟ "အခြားသူများဆေမှ ကောက်ခံအယ်" ဟုဆှောက်အယ်။
ယေရှုဟ "အဲသို့ဖြစ်ရင် အောင်နီငယ်ဟတော့ လွတ်ရအယ်။ အဲလိုလဲ သူလို့ စိတ်မနာသွားစေရန် နင်ဟ အိန်ဟို သွားပင်း ငါးမျှားလော့။ နင်ပထမ မိသော ငါးကို ယူပင်း ငါးစလောင်ဟို ဖွင့်လော့။ ငွေဒင်္ဂါးတပြားဟို တွေ့လိမ့်မယ်။ အဲငွေဟိုယူပင်း နင်နဲ့ ငါ့အတွက် အခွန်တော်ဟို သူလို့အား ပေးဆောင်လော့" ဟု မိန့်အယ်။
"တစုံတယောက်ဟ ရုံးတွင် နင့်ဟို တရားစွဲရင် သူနဲ့အတူ လမ်းခရီးနှိုက်ဆိနေစဉ် သူနဲ့လျင်မြန်စွာ အဆင်ပြေအောန် ပြုလော့။ အေးလို့မဟုတ်ရင် သူဟ နင့်ဟို တရားသူကြီးရဲ့ လက်ဟို အပ်ယွေ့ တရားသူကြီးဟလည်း ထောင်မှုးလက်ဟို အပ်ပင်း နင့်ဟို ထောင်ချထား လိမ့်မယ်။ ငါအမန်တကယ် နင်လို့အား ပြောတာဟ၊ ပေးရန်ဆိသော ငွေအားလုံးဟို မပေးမချင်း နင်ဟ ထောင်ထဲမှ ထွက်ရလိမ့်မယ် မဟုတ်" ဟု ဆိုအယ်။
နင်လို့ဟ ငါ့အတွက်ကျောန့် အာဏာပိုင်များနဲ့ ဘုရင်များ ဆေ့မှောက်ဟို ရောက်ရကြလိမ့်မယ်။ အဲသူလို့နဲ့ တပါးအမျိုးသားလို့အား သက်သေဖြစ်ကြလိမ့်မယ်။ နင်လို့ဟို သူလို့လက်ဟို အပ်ခံရသောအခါ၊ စလိုပြောဆိုရမယ် အဲဟာမဟုတ်ရင် ပစာစကားဟို ပြောရမယ်အကျောန်းဟို မစိုးရိမ်ကြနဲ့၊ နင်လို့ ပြောဆိုရမဲ့စကားများဟို အဲအချိန်နှိုက်ပင် နင်လို့ရဆိကြလိမ့်မယ်။
ယေရှု မွေးဖွားခြင်း
အေးကာလနှိုက် ရောမ အင်ပါယာဆိ သန်းခေါင်စာရင်းဟို ယူရန် ဧကရာဇ် ဩဂုတ္တုဟ အမိန့်ထုတ်ပြန်အယ်။ ဟေလူဦးရေ စာရင်းယူခြင်းဟ ရှုရိပြေ မြို့ဝန် ကုရေနိလက်ထပ်မှာ ပထမ သန်းခေါင်စာရင်း ဖြစ်အယ်။ လူအပေါင်းလို့ဟ သန်းခေါင်စာရင်း တင်ရန် မိမိလို့ မြို့ရွာဟို သွားကြအယ်။
ယောသပ်ဟလည်း ဂါလိလဲပြေ နာဇရက်မြို့မှ ယုဒပြေ ဗက်လင်မြို့လို့ နာမယ်တွင်သော ဒါဝိဒ်မင်းရဲ့ မြို့ဟို သွားအယ်။ ယောသပ်ဟ ဒါဝိဒ်ရဲ့ အမျိုးနွယ်ဖြစ်သောကျောန့် အဲဟို သွားခြင်း ဖြစ်အယ်။ သူနဲ့ လက်ထပ်ရန် ကတိပြုပင်း လူပဲ့စွဲနေသော မာရိနဲ့ စာရင်းသွင်းရန် အဲနေရာသို့ သွားခဲ့အယ်။
Perspectiva divina
As nações são como uma gota no balde diante de Deus. Ele abre portas que nenhuma lei pode fechar.
ပစာကို့ ရမ်းဆာ့ကြီးသော ထင်ခါးဟ အဆင်သင့် ငါ့အား ဖွင့်လျက် ဆိအယ်။ ဆီးတားသော သူအများလည်း ဆိကြအယ်။
ပိလတ်မင်းဟ နင်ဟ ငါ့ဟို စကားမပြောဘဲ နေသလော၊ ငါဟ "နင့်ဟို လွှတ်ပေးနိန်သော အခွင့်အာဏာ ဆိယွေ့ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်နိန်သော အခွင့်အာဏာလည်း ဆိတာဟို နင် မသိသလော" ဟု ဆိုအယ်။
ယေရှုဟ "မင်းကြီးအား ဘုရားသခင် အခွင့်နဲ့သာ ဟေလို့သော အခွင့်အာဏာဟို ရဆိခြင်း ဖြစ်အယ်။ အဲကျောန့် ငါ့ဟို မင်းကြီးရဲ့ လက်သို့အပ်နှံသောသူဟ ပိုယွေ့ အပစ်ကြီးအယ်" ဟု ဖြေလေအယ်။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.