Língua
A língua tem poder de vida e de morte. A Bíblia compara a língua ao leme de um navio e à faísca que incendeia uma floresta. Dominar a língua é prova de maturidade espiritual.
O poder da língua
A morte e a vida estão no poder da língua. Quem a domina é varão perfeito, capaz de controlar todo o corpo.
လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကိုအစိုးရ၏။ လျှာကိုနှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။
ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်တစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူ ဖြစ်၏။-
မြင်းကိုနိုင်ခြင်းငှာ ပါးစပ်ကိုဇက်ခွံ့တတ်၏။ သို့ပြု၍ မြင်းကိုယ်တစ်ကိုယ်လုံးကို လှည့်စေတတ်၏။- ထိုမှတစ်ပါး၊ အလွန်ကြီးသောသင်္ဘောသည် ပြင်းစွာသောလေဟုန်နှင့် လွင့်သွားသော်လည်း၊ တက်မကိုင် အလိုရှိသည်အတိုင်း၊ ငယ်သောတက်မဖြင့် လှည့်တတ်၏။- ထိုနည်းတူ၊ လျှာသည် ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကို ကြည့်ပါလော့။- လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည် ငါတို့၏အင်္ဂါတို့တွင်တည်၍ တစ်ကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်း ရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကို ခံလျက်ရှိ၏။-
သားရဲမျိုး၊ ငှက်မျိုး၊ တွားတတ်သောတိရစ္ဆာန်မျိုး၊ ငါးမျိုးတို့ကို လူမျိုးသည် အောင်တတ်သည်အတိုင်း အောင်ခဲ့ပြီ။- လျှာကိုကား၊ အဘယ်လူမျှမအောင်နိုင်၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သော အဆိပ်အတောက်နှင့် ပြည့်စုံ၏။-
ငါတို့သည် လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းချီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို လျှာဖြင့် ကျိန်ဆဲတတ်ကြ၏။- နှုတ်တစ်ပါးတည်းအထဲက၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်း ထွက်တတ်ပါသည်တကား၊ ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။- စမ်းရေပေါက် တစ်ပေါက်တည်းအထဲက ချိုသောရေနှင့် ခါးသောရေ ထွက်တတ်သလော။- ငါ့ညီအစ်ကိုတို့၊ သင်္ဘောသဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော။ စပျစ်ပင်သည် သင်္ဘောသဖန်းသီးကို သီးနိုင်သလော။ ထိုအတူ၊ ငန်သောရေသည် ချိုသောရေကို မဖြစ်စေနိုင်။
Palavras sábias
A língua branda quebra até ossos. A palavra certa no tempo certo é como maçãs de ouro em salvas de prata.
ကြာမြင့်စွာသည်းခံလျှင် မင်းကိုဖျောင်းဖျနိုင်၏။ ချိုသောစကားသည်လည်း အရိုးကျိုးအောင်တတ်နိုင်၏။
သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သော လူတစ်ချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာကိုပင် ပျောက်စေတတ်၏။
သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည်၏။ မုသားလျှာမူကား ခဏသာတည်၏။
စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။
မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိဟူ၍လည်းကောင်း၊ မိမိနှုတ်ကို မဖွင့်ဘဲနေသောသူကိုလည်း၊ ဉာဏ်ကောင်းသောသူ ဟူ၍လည်းကောင်း သူတစ်ပါးထင်တတ်၏။
Disciplinar a fala
Quem guarda a boca e a língua guarda a sua alma de angústias. A religião sem controle da língua é vã.
သင်တို့တွင် အကြင်သူသည် သီလဆောက်တည် ဟန်ပြုသော်လည်း၊ မိမိနှုတ်ကို မချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည် အချည်းနှီးသက်သက် ဖြစ်၏။-
ကိုယ်တော်၌မျှော်လင့်ခြင်း
ငါသည်စကားဖြင့်မျှ မပြစ်မှားမည်အကြောင်း၊ ကိုယ်အကျင့်ကို သတိပြုမည်။ မတရားသောသူသည် ငါ့ရှေ့မှာရှိစဉ်၊ ငါသည်ကိုယ်နှုတ်ကို ချည်နှောင်မည်ဟု ငါပြောထား၏။
ကောင်းမွန်သောအရာကို တွေ့မြင်မည်အကြောင်း၊ အသက်ရှင်ခြင်းနှင့်တကွ နေ့ရက်ကာလကို တောင့်တလိုချင်သောသူ မည်သည်ကား၊ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေလော့။ နှုတ်ခမ်းလည်း မုသားစကားကို မပြောစေနှင့်။
ဖြောင့်မတ်သောသူ၏နှုတ်သည် ပညာကိုမြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားသောစကားကို ပြောဆိုတတ်၏။ ထာဝရဘုရား၏တရားတော်သည် သူ၏စိတ်နှလုံးထဲမှာ တည်သည်ဖြစ်၍၊ သူသွားသောအခါ မချော်မလဲရ။
အကျွန်ုပ်သည်လည်း၊ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းအကြောင်းအရာကို မြွက်ဆို၍ အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည်။
အကျွန်ုပ်သည် စကားတစ်ခွန်းကိုမျှ မမြွက်သော်လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ၏။
အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သစ္စာမရှိသောနှုတ်မှလည်းကောင်း၊ လှည့်စားတတ်သော လျှာမှလည်းကောင်း ကယ်နုတ်တော်မူပါ။
ငါတို့သည် ကိုယ်လျှာအားဖြင့်နိုင်မည်။ ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကိုစောင့်လိမ့်မည်။ ငါတို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆိုသောသူတို့၏ ချော့မော့သောနှုတ်ခမ်းနှင့် ဝါကြွားသောလျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်။
အိုထာဝရဘုရား၊ သူတို့စကားကို ပပျောက်အောင် ကွဲပြားစေတော်မူပါ။ မြို့တော်တွင် အနိုင်အထက်ပြုခြင်းနှင့် လုယူခြင်းကို အကျွန်ုပ်မြင်ပါပြီ။
Toda língua confessará
Ao nome de Jesus todo joelho se dobrará e toda língua confessará que Jesus Cristo é Senhor, para glória de Deus Pai.
ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပေးသနားတော်မူ၏။- အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊- ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။
မေတ္တာ
ငါသည် လူဘာသာစကားကိုလည်းကောင်း၊ ကောင်းကင်တမန် ဘာသာစကားကိုလည်းကောင်း ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့လည်းကောင်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့လည်းကောင်း ဖြစ်၏။-
ငါဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက်၊ တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတ္တံ့။ သင့်စကားများအားဖြင့် သင်သည် အပြစ်လွတ်လိမ့်မည်။- သို့မဟုတ် သင့်စကားများအားဖြင့် အပြစ်စီရင်ခြင်းကို ခံရလိမ့်မည်ဟု မိန့်တော်မူ၏။-
ထိုသို့ လူသားတို့တည်လုပ်သောမြို့နှင့် ရဲတိုက်ကိုကြည့်ရှုခြင်းငှာ၊ ထာဝရဘုရားသည် ဆင်းသက်တော်မူ၏။ ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတစ်မျိုးတည်း၊ စကားတစ်မျိုးတည်းရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကိုအဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။ လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနားမလည်စေခြင်းငှာ၊ သူတို့စကားကိုရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည်မြို့ကိုမတည်ဘဲ နေကြ၏။ သို့ဖြစ်၍ ထိုမြို့၌ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုတ်ထွေး၍၊ သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသောကြောင့်၊ ထိုမြို့သည် ဗာဗုလုန်မြို့ဟူ၍တွင်သတည်း။