Pular para o conteúdo
Publicidade

Frutos do Espírito

Por Bíblia Online

Quando você anda com Deus, a sua vida muda por dentro e isso transparece nas atitudes diárias. A bondade, a paciência e o amor que você demonstra aos outros não nascem do seu próprio esforço, mas do Espírito Santo que habita em você.

Essas marcas revelam quem você é e a quem você serve. Conforme você permanece ligado a Cristo, o caráter dele se forma em você naturalmente, transformando a sua maneira de viver e abençoando todos ao seu redor.

Os frutos do Espírito são evidências visíveis da presença de Deus na vida do crente. Amor, alegria, paz, paciência — são marcas que diferenciam os filhos de Deus no mundo.

O fruto do Espírito

O fruto do Espírito é amor, alegria, paz, paciência, amabilidade, bondade, fidelidade, mansidão e domínio próprio. Contra estas coisas não há lei.

ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊- နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ပေ​တည်း။ ထို​သို့​သော​အ​ကျင့်​ကို အ​ဘယ်​တ​ရား​မျှ မ​မြစ်​တား။-

အ​ထက်​ကာ​လ၌ သင်​တို့​သည် မှောင်​မိုက်​အ​တိ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ သ​ခင်​ဘု​ရား၌ အ​လင်း​ဖြစ်​ကြ၏။ သို့​ဖြစ်၍ အ​လင်း၏​သား​ကဲ့​သို့ ကျင့်​နေ​ကြ​လော့။- အ​လင်း​တော်၏ အ​ကျိုး​မူ​ကား၊ အ​လုံး​စုံ​သော ကောင်း​မွန်​ခြင်း၊ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း ဖြစ်​သ​တည်း။- သ​ခင်​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​ကြ​လော့။-

အ​ထက်​မှ သက်​ရောက်​သော​ပ​ညာ​မူ​ကား၊ ရှေ့​ဦး​စွာ​စင်​ကြယ်၏။ ထို​မှ​တစ်​ပါး၊ အ​သင့်​အ​တင့်​နေ​တတ်၏။ ဖြည်း​ညင်း​သော​သ​ဘော ရှိ၏။ သွေး​ဆောင်​လွယ်၏။ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ ကောင်း​ကျိုး​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။ လျစ်​လျူ​သော​စိတ်​ရှိ၏။ လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စင်၏။- အ​သင့်​အ​တင့်​နေ​ခြင်း​ငှာ​ပြု​စု​တတ်​သော သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​တ​ရား၏ မျိုး​စေ့​ကို ငြိမ်​သက်​စွာ ကြဲ​တတ်​ကြ၏။

ထို​နည်း​တူ၊ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ခြား​သော သူ​တည်း​ဟူ​သော၊ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သော သူ၏​မ​ယား​ဖြစ်၍၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ တိုး​ပွား​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏​ကိုယ်​ခ​န္ဓာ​အား​ဖြင့်​သေ၍ ပ​ညတ်​တ​ရား​နှင့် ကွာ​ကြ၏။- ငါ​တို့​သည် ဇာ​တိ​ပ​က​တိ၌ ကျင်​လည်​သော​အ​ခါ၊ အ​ပြစ်​နှင့်​စပ်​ဆိုင်​သော စိတ်​တို့​သည် ပ​ညတ်​တ​ရား​အား​ဖြင့်​ပေါက်၍ သေ​ခြင်း​တ​ရား၏​အ​လို​နှင့်​အ​ညီ တိုး​ပွား​မည်​အ​ကြောင်း၊ ငါ​တို့၏​ကိုယ်​အင်္ဂါ​များ၌ ပြု​ပြင်​ကြ၏။- ယ​ခု​မူ​ကား၊ ကျမ်း​စာ၌​ပါ​သော တ​ရား​ဟောင်း​ကို မ​မှီ​ဘဲ၊ ဝိ​ညာဉ်​တော်​တ​ရား​သစ်​ကို​မှီ၍ အ​မှု​ဆောင်​ရွက်​ခြင်း​အ​လို​ငှာ၊ ငါ​တို့​သည်​သေ​သ​ဖြင့် အုပ်​ချုပ်​သော​ပ​ညတ်​တ​ရား၏​လက်​မှ လွတ်​ခြင်း​သို့ ရောက်​ကြ​ပြီ။

ယ​ခု သင်​တို့​ရှက်​ကြောက်​သော ထို​အ​ကျင့်​တို့​ကို ကျင့်​စဉ်​အ​ခါ၊ အ​ဘယ်​အ​ကျိုး​ကို ရ​ကြ​သ​နည်း။ ထို​သို့​သော​အ​ကျင့်​သည် သေ​ခြင်း၌ လမ်း​ဆုံး​သ​တည်း။- ယ​ခု​မူ​ကား၊ သင်​တို့​သည် အ​ပြစ်​တ​ရား၏ လက်​မှ​လွတ်၍၊ ဘု​ရား​သ​ခင်၏​ကျွန် ဖြစ်​ကြ​သည်​နှင့် အ​ညီ၊ သန့်​ရှင်း​ခြင်း​အ​ကျိုး​ကို ရ​ကြ၏။ အ​ဆုံး၌​လည်း ထာ​ဝ​ရ​အ​သက်​ကို ရ​ကြ​လိမ့်​မည်။-

Permanecer em Cristo

Quem permanece em Cristo dá muito fruto. Toda árvore boa produz bons frutos — e é pelo fruto que se conhece a árvore.

ငါ၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့၌​တည်​နေ​မည်။ စ​ပျစ်​ခက်​သည် အ​ပင်၌​မ​တည်​လျှင်၊ ကိုယ်​အ​လို​အ​လျောက် အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့၊ သင်​တို့​သည် ငါ၌​မ​တည်​လျှင် အ​သီး​မ​သီး​နိုင်​ကြ။- ငါ​သည် စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ သင်​တို့​သည် အ​ခက်​များ​ဖြစ်​ကြ၏။ အ​ကြင်​သူ​သည် ငါ၌​တည်၍ ငါ​သည်​လည်း သူ၌​တည်၏၊ ထို​သူ​သည် များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။ ငါ​နှင့်​ကွာ​လျှင် သင်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​တတ်​နိုင်​ကြ။-

သင်​တို့​သည် များ​စွာ​သော​အ​သီး​ကို သီး​သော​အား​ဖြင့်၊ ငါ့​ခ​မည်း​တော်​သည် ဘုန်း​ထင်​ရှား​တော်​မူ၍၊ သင်​တို့​သည်​လည်း ငါ၏​တ​ပည့် မှန်​ကြ​လိမ့်​မည်။-

အ​ပင်​နှင့်​အ​သီး

မ​ကောင်း​သော​အ​သီး​ကို သီး​သော​အ​ပင်​ကား၊ ကောင်း​သော​အ​ပင် မ​ဟုတ်။ ကောင်း​သော​အ​သီး​ကို သီး​သော အ​ပင်​ကား၊ မ​ကောင်း​သော​အ​ပင် မ​ဟုတ်။- အ​သီး​ကို​ထောက်၍ အ​ပင်​သ​ဘော​ကို​သိ​ရ၏။ ဆူး​ပင်၌ သင်္ဘော​သ​ဖန်း​သီး​ကို မ​ဆွတ်​တတ်။ တော​ချုံ​၌ စ​ပျစ်​သီး​ကို မ​ဆွတ်​တတ်။-ကောင်း​သော​သူ​သည် ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ မ​ကောင်း​သော​သူ​သည် မ​ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က မ​ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။

နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။

Semear e colher

Quem semeia na justiça colherá fruto de vida. Os frutos do Espírito são a colheita de uma vida plantada no Senhor.

ကိုယ်​အ​ဖို့ ဖြောင့်​မတ်​ခြင်း​မျိုး​စေ့​ကို​ကြဲ၍၊ က​ရု​ဏာ​တော် အ​သီး​အ​နှံ​ကို ရိတ်​ကြ​လော့။ မ​လုပ်​သေး​သော လယ်​ကို ထွန်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကြွ​လာ၍၊ သင်​တို့​အ​ပေါ်​သို့ ဖြောင့်​မတ်​ခြင်း​မိုး​ကို ရွာ​စေ​တော်​မ​မူ​မီ တိုင်​အောင်၊ ကိုယ်​တော်​ကို ရှာ​ရ​သော​အ​ချိန် ရောက်​လေ​ပြီ။

ဖြောင့်​မတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ထို​သူ​အား​ပြော​လော့။ အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​အ​ကျင့်​တို့၏​အ​ကျိုး​ကို ခံ​စား​ရ​လိမ့်​မည်။

ထို​မျှ​မ​က ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​တော် အ​စ​အ​ဦး​ကို ခံ​ပြီး​သော ငါ​တို့​သည်​လည်း၊ သား​အ​ရာ၌ ချီး​မြှောက်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော ကိုယ်​ခ​န္ဓာ ရွေး​နုတ်​ခြင်း​ချမ်း​သာ​ကို မျှော်​လင့်၍၊ စိတ်​နှ​လုံး​အ​ထဲ၌ ညည်း​တွား​လျက်​နေ​ကြ၏။-

ငါ​ပေး​သော​အ​ကျိုး​သည် ရွှေ​ထက်​မ​က၊ ရွှေ​စင်​ထက်​သာ၍​မြတ်၏။ ငါ​ကြောင့်​ရ​သော အ​ခွန်​ဘ​ဏ္ဍာ သည် ငွေ​တော်​ထက်​သာ၍​မြတ်၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.