Maria
Maria, mãe de Jesus, é honrada nas Escrituras como a mulher escolhida por Deus para trazer ao mundo o Salvador. Sua fé, humildade e obediência são exemplo para todos os cristãos.
A escolhida de Deus
O anjo Gabriel anunciou a Maria que ela seria mãe do Filho do Altíssimo. Ela respondeu com fé: 'Faça-se em mim segundo a tua palavra.'
ဧလိရှဗက် လူပဲ့စွဲစာ ခြောက်လထဲ ရောက်သောအခါ ဘုရားသခင်ဟ ခေါန်းခင်တမန် ဂါဗြေလအား ဂါလိလဲပြေ နာဇရက်မြို့ဆိ မိန်းမပျိုတဦးဆေဟို စေလွှတ်အယ်။ အဲအပျိုကညာဟ ဒါဝိဒ်မင်းမှ ဆင်းသက်သူ ယောသပ် နာမယ်ဆိသော ကွင်တယောက်နဲ့ နားဖောက်ထားသူ ဖြစ်အယ်။ သူမ နာမယ်ဟ မာရိ ဖြစ်အယ်။ ခေါန်းခင်တမန်ဟ မာရိဆေဟို လာယွေ့ "ရမ်းဆာ့ ကောင်းကြီးဟို ခံစားရသော မိနီ၊ နင်နဲ့အတူ ငြိမ်သက်ခြင်း ဆိပါစေ၊ သခင်ဘုရားဟ နင်နဲ့အတူ ဆိအယ်" ဟု ပြောအယ်။
ခေါန်းခင်တမန်ဟ "မာရိ၊ မကြောက်နဲ့၊ နင်ဟ ဘုရားသခင် ဆေ့မှာ မျက်နှာရပီ။ နင်ဟ လူပဲ့စွဲယွေ့ အောင်နီငယ်ဟို မွေးလိမ့်မယ်၊ အဲအောင်နီငယ်ဟို ယေရှုလို့ နာမယ် မှည့်ရမယ်။ အောင်နီငယ်ဟ ကြီးမြတ်လိမ့်မယ်၊ အမြင့်မြတ်ဆုံးသော ဘုရားသခင်ရဲ့ သားတော်ဟု အခေါ်ခံရလိမ့်မယ်။ သခင် ဘုရားသခင်ဟ သူ့အဖ ဒါဝိဒ်မင်းရဲ့ ရာဇပလ္လင်ဟို သူ့အား ပေးလိမ့်မယ်။ သူဟ ယာကုပ်အမျိုးဟို အစဉ်အမြဲ အုပ်ချုပ်လိမ့်မယ်၊ အေးသူရဲ့ နိုင်ငံဟလည်း ပစာခါမှ ကုန်ဆုံးလိမ့်မယ် မဟုတ်" ဟု မာရိအား ဟောအယ်။
ယေရှု ခရစ်ဟ ဖွားမျော်ခြင်းမှာ ဟေလို့ဖြစ်အယ်။ ကိုယ်တော်ရဲ့ အမေ့ မာရိနဲ့ ယောသပ်လို့ လက်မထပ်ခင် စေ့စပ်ကျောန်းလမ်းထားပေမဲ့လည်း၊ မာရိဟ သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် လူပဲ့စွဲကျောန်း တွေ့ရအယ်။
O Magnificat
Maria cantou: 'Minha alma engrandece ao Senhor!' Seu cântico exalta a misericórdia, o poder e a fidelidade de Deus.
မာရိဟ
"ငါရဲ့ စိတ်နေလုံးဟ သခင်ဘုရားဟို ချီးမွန်းအယ်။
ငါ့ဟို ကယ်တင်သောအဆှင် ဘုရားသခင်ဟို အမှီပြုယွေ့ ငါ့စိတ်ဝိညာဉ်ဟ ရွှင်လန်းပါအယ်။
ကိုယ်တော်ဟ မိမိအစေခံရဲ့ နိမ့်ကျသောအဖြစ်ဟို သတိရပီ၊
အခုမှစယွေ့ နောင်လာမဲ့ လူသားအပေါင်းလို့ဟ ငါ့ဟို မင်္ဂလာဆိသူဟု ခေါ်ကြလိမ့်မယ်။
ပစာကို့ တန်ခိုးကြီးသော ဘုရားသခင်ဟ ငါ့ဖို့ အံ့ဖွယ်သောအမှုများဟို ပြုသောကျောန့် ဖြစ်အယ်။
ကိုယ်တော်ရဲ့ နာမတော်ဟ မြင့်မြတ်သန့်ဆှင်းအယ်၊
မျိုးဆက် တဆက်မှ နောက်တဆက်အထိ
ကိုယ်တော်ဟို ရိုသေသူအပေါင်းလို့အား ကရုဏာတော်ဟို ပြသအယ်။
ကိုယ်တော်ဟ ခွန်အားကြီးသော လက်ရုံးတော်ဟို ဆန့်ယွေ့၊
မာနထောင်လွှားသော သူလို့ဟို အကြံအစည် ဆိသမျှနဲ့ ကွဲလွင့်စေပီ။
ဘုရင်များဟို သူလို့ ပလ္လင်ပေါ်မှ ချယွေ့၊
နှိမ့်ချသောသူများဟို ချီးမြှောက်ပီ။
ဖိုက်ဆာသောသူလို့အား ကောင်းသောအရာများနဲ့ ကျွေးမွေးယွေ့၊
ချမ်းသာသောသူများဟို လက်ချဲချဲ လွှတ်လိုက်ပီ။
ကိုယ်တော်ဟ ငါလို့ရဲ့ ဖိုးဖေးများအား ပေးခဲ့လဲ့ ကတိတော်နဲ့အညီ၊
မိမိရဲ့ အစေခံ ဣသရေလလူလို့ဟို မစပီ။
အာဗြဟံနဲ့ သူရဲ့ အမျိုးနွယ်လို့ဆေ ထားသော ကရုဏာဟို
အစဉ်အမြဲ ပြုခြင်းငှာ သတိရပီ" ဟု ဆိုအယ်။
ယောသပ်ဟလည်း ဂါလိလဲပြေ နာဇရက်မြို့မှ ယုဒပြေ ဗက်လင်မြို့လို့ နာမယ်တွင်သော ဒါဝိဒ်မင်းရဲ့ မြို့ဟို သွားအယ်။ ယောသပ်ဟ ဒါဝိဒ်ရဲ့ အမျိုးနွယ်ဖြစ်သောကျောန့် အဲဟို သွားခြင်း ဖြစ်အယ်။ သူနဲ့ လက်ထပ်ရန် ကတိပြုပင်း လူပဲ့စွဲနေသော မာရိနဲ့ စာရင်းသွင်းရန် အဲနေရာသို့ သွားခဲ့အယ်။ ဗက်လင်မြို့တွင် သူလို့ ဆိကြသောအခါနှိုက် အောင်နီငယ်ကို မွေးရန် နေ့စေ့လစေ့လျှင်၊ သားဦးဟို မွေးယွေ့ ခနှီးနဲ့ ထုပ်ပင်း၊ ဧည့်သည် တည်းစရာ နေရာနှိုက် သူလို့နေစရာ မဆိသောကျောန့် အောင်နီငယ်ဟို နွားစားခွက်ထဲမှာ သိပ်ထားကြအယ်။
မာရိဟ အေးအကျောန်းအရာ အားလုံးလို့ဟို အောက်မေ့ပင်း နက်နဲစွာ စိတ်နေလုံးထဲမှာ တွေးတောဆင်ခြင်လျက် နေအယ်။
ရှုမောင်ဟ သူလို့ဟို ကောင်းချီးပေးပင်း သူ့မေ မာရိအား၊ "ဟေအောင်နီငယ်ဟို ဣသရေလူမျိုးထဲဟ လူလို့ဟို ဖျက်စီးခြင်းနဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင် ရွေးချယ်ထားပီ၊ သူဟ ဘုရားသခင်ရဲ့ နိမိတ်လက္ခဏာ ဖြစ်ပင်း သူ့ဟို ရမ်းဆာ့သော လူများဟ ဆန့်ကျင် ပြောဆိုလိမ့်မယ်။ သူလို့ရဲ့ လျှို့ဝှက်အတွေးများဟို ဖော်ထုတ်စေကြလိမ့်မယ်။ ပင်းနောက် နင့်ရဲ့ စိတ်နေလုံးဟို ထက်သောသန်လျက်ဟ ထိုးဖောက်ခံရသလို ဖြစ်လိမ့်မယ်" ဟု ပြောအယ်။
သူ့ရဲ့ မိဖလို့ဟ မျော်လျှင် မိန်းမောတွေဝေယွေ့ အမေဟ "ငါ့ အောင်နီငယ်၊ နင်ဟ ပစာကျောန့် ငါလို့အား ဟေသို့လုပ်လုန်း၊ နင့်ဖနဲ့ ငါဟ နင့်ဟို စိုးရိမ်ကြီးစွာနဲ့ ဆှာခဲ့ပီ" ဟု ပြောအယ်။
ယေရှုဟ "ပစာကျောန့် ငါ့ဟို ဆာကြလုန်း၊ ငါဟ ခမည်းတော်ရဲ့ အိုင်တွင် ဆိနေရမယ်ဟို သိကြဝူးလော" ဟု ပြန်ပြောလေအယ်။ အဲလိုလဲ သူလို့ဟ အဲစကားဟို နားမလည်ကြ။
အဲပင်း ယေရှုဟ မိဖလို့နဲ့အတူ ပြန်သွားယွေ့ နာဇရက်မြို့ဟို ရောက်သောအခါ သူလို့ စကားဟို နားထောင်ပင်း နေအယ်။ သူ့ရဲ့ မေ့ဟ အေးအဖြစ်အပျက် အကုန်လုံးဟို သူမရဲ့ စိတ်နေလုံးထဲမှာ မှတ်ထားအယ်။
Mãe fiel até o fim
Maria acompanhou Jesus desde o nascimento até a cruz. Ela estava entre os discípulos no Pentecostes, fiel em oração.
စပျစ်ယေ ကုန်သွားသောအခါ ယေရှုရဲ့ အမေ့ဟ "အေးသူလို့မှာ စပျစ်ယေ မဆိတော့ဝူး" လို့ ယေရှုအား ပြောကြားအယ်။
ယေရှုဟ "ငါ ပစာ လုပ်ရမယ်ဆိုတာဟို နင်ပြောဖို့ မလိုဝူး၊ ငါ့အချိန် မရောက်သေးဝူး" လို့ ပြန်ပြောအယ်။
အဲအခါ ယေရှုရဲ့ အမေ့ဟ အစေခံလို့အား "သူစေခိုင်းလဲ့အတိုင်း လုပ်ဆောင်ကြလော့" ဟု ဆိုအယ်။
ယေရှုရဲ့ လက်ဝါးကပ်တိုင်နားမှာ သူ့အမေ့နဲ့ သူ့အမေ့ရဲ့ညီမ ဖြစ်သော ကယာဖရဲ့ ပေါင်အိုမဖြစ်သူ မာရိနဲ့ မာဂဒလရွာသူ မာရိလို့ဟ ရပ်နေကြအယ်။ ယေရှုဟ သူ့အမေ့နဲ့ ကိုယ်တော် ချစ်သောတဘဲ့တော်လို့ ရပ်နေတာဟို မျော်လေအယ်၊ အဲလိုမို့ ကိုယ်တော်ဟ အမေ့၊ "ဟေမှာ နင်ရဲ့သား" ဟု ဆိုအယ်။
အဲပင်းရင် တဘဲ့တော်အား ဟေမှာ နင်ရဲ့အမေ့ ဟု ဆိုလေအယ်။ အဲအချိန်မှစယွေ့ တဘဲ့တော်ဟ အမေ့အား မိမိလို့နေအိုင်နှိုက် ခေါ်ထားအယ်။
အေးအခါ ယေရှုရဲ့ အမေ့နဲ့ ညီတော်လို့ဟ ရောက်လာပင်း အပြင်တွင် ရပ်ယွေ့ တယောက်ယောက်ဟို ကိုယ်တော် ဆေသို့ စေလွတ်ယွေ့ ခေါ်ခိုင်းကြအယ်။ လူအုပ်လို့ဟ ယေရှုရဲ့ ပတ်လည်နှိုက် ထိန်နေယွေ့၊ သူလို့ဟ "ကိုယ်တော်ရဲ့ အမေ့၊ ညီတော်များနဲ့ နှမများလို့ဟ ကိုယ်တော်ဟို ဆှာလျက် အပြင်တွင် ဆိကြပါအယ်" ဟု ပြောကြအယ်။
ယေရှုဟ "ငါ့အမေ့၊ ငါ့ညီများဟ စသူလုန်း" ဟု ပြန်ယွေ့ မေးအယ်။ အဲပင်းရင် မိမိပတ်လည်နှိုက် ဝန်းရံလျက် ထိန်နေသူများဟို ကျေ့ရှုလျက် "ကျေ့လော့၊ ငါ့အမေနဲ့ ငါ့ညီများဟာ ဟေမှာဖြစ်အယ်။ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ဆောင်ရွက်သူမန်သမျှဟ ငါ့ညီ၊ ငါ့နှမ၊ ငါ့မေ ဖြစ်အယ်" ဟု ပြောလေအယ်။
သူဟ လက်သမားဆရာရဲ့ သားမဟုတ်လော၊ သူ့မေ့ဟ မာရိ မဟုတ်လော၊ သူ့ညီများဟ ယာကုပ်၊ ယောသပ်၊ ရှိမုန်နဲ့ ယုဒလို့ မဟုတ်လော။ သူ့နှမ အားလုံးဟလည်း ဟေမှာနေတာ မဟုတ်လော၊ ဟေသူဟ အရာအားလုံးကို ဖယ်နားဟ ရလုန်း" ဟု ဆိုကာ
သူလို့ဟ ယေရှုနဲ့ အမေ့ဖြစ်သူ မာရိ အပါအဝင် အမျိုးသမီးလို့နဲ့ လည်းကောင်း၊ ကိုယ်တော်ရဲ့ ညီတော်လို့နဲ့ လည်းကောင်း မကြာခဏ တွေ့ဆုံယွေ့ ဆုတောင်းလျက် နေကြအယ်။