Maria
Maria, mãe de Jesus, é honrada nas Escrituras como a mulher escolhida por Deus para trazer ao mundo o Salvador. Sua fé, humildade e obediência são exemplo para todos os cristãos.
A escolhida de Deus
O anjo Gabriel anunciou a Maria que ela seria mãe do Filho do Altíssimo. Ela respondeu com fé: 'Faça-se em mim segundo a tua palavra.'
ယေသျှု မွီးဖွားတော်မူမည့်အကြောင်း ဟောကြားချက်
ဧလိဇဗက်၏ကိုယ်ဝန် ခြောက်လသို့ရောက်သောအခါ ဘုရားသခင်သည် ကောင်းကင်တမန် ဂါဗြေလအား ဂါလိလဲပြည်၊ နာဇရက်မြို့သို့ ရွှတ်လိုက်တော်မူ၏။ ထိုကောင်းကင်တမန်၏ သတင်းစကားသည် ဒါဝိဒ်အမျိုးဖြစ်သော ယောသပ်နှင့် စိ့စပ်ထားသူ သတို့သမီးကညာအဖို့ ဖြစ်၏။ သူမ၏နာမည်မှာ မာရိဖြစ်၏။ ကောင်းကင်တမန်က သူမပါးသို့ လာပြီးလျှင် "သင်သည် ကြီးစွာသောမင်္ဂလာကို ခံစားရသူဖြစ်၏။ သင်၌ ငြိမ်သက်ခြင်း ဟိပါစီ။ သခင်ဘုရားသည် သင်နှင့်အတူ ဟိ၏" ဟု ဆို၏။
ကောင်းကင်တမန်က "မာရိ၊ မကြောက်ကေ့၊ သင်သည် ဘုရားသခင်ရှိ့တော်မှာ မျက်နှာရဗျာယ်။ သင်သည် ပဋိသန္ဓေယူပြီးလျှင် သားရတနာကို မွီးဖွားလိမ့်မည်။ ထိုသားကို ယေသျှုဟု နာမည်မှည့်ခေါ်ရမည်။ ထိုသားသည် ကြီးမြတ်သောသူ ဖြစ်ပြီးလျှင် အမြင့်မြတ်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။ ထာဝရအသျှင် ဘုရားသခင်သည် သူ၏အဖဒါဝိဒ်၏ ရာဇပလ္လင်ကို သူ့အား ပီးတော်မူလိမ့်မည်။ ထိုသူသည် ယာကုပ်၏အမျိုးအနွယ်ရို့ကို အစဉ်အမြဲအုပ်စိုးပြီးလျှင် သူ၏ နိုင်ငံတော်လည်း အဆုံး ဟိလိမ့်မည် မဟုတ်" ဟု ဆို၏။
ယေသျှုခရစ်တော် ဖွားမြင်တော်မူခြင်း
ယေသျှု ခရစ်တော်၏ ဖွားမြင်တော်မူခြင်းမှာ ဤသို့ဖြစ်၏။ ယောသပ်နှင့် စိ့စပ်ပြီးနောက် ပေါင်းသင်းနီထိုင်ခြင်း မပြုခင် မယ်တော်မာရိသည် သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ စွဲနိန်၏။
O Magnificat
Maria cantou: 'Minha alma engrandece ao Senhor!' Seu cântico exalta a misericórdia, o poder e a fidelidade de Deus.
မာရိ၏ ချီးမွမ်းတေးခြင်း
မာရိက၊
"ငါ၏ စိတ်နှလုံးသည် သခင်ဘုရားကို ချီးမွမ်းပါ၏။
ငါ၏ကယ်တင်သျှင် ဘုရားသခင်ကြောင့် ငါ၏စိတ်ဝိညာဉ်သည် ဝမ်းမြောက်ရွှင်လန်းပါ၏။
ကိုယ်တော်သည် မိမိအခိုင်းအစီ၏ နိမ့်ကျသောအဖြစ်ကို အောက်မိ့သတိရပြီးလျှင်၊
အဂုမှစ၍ လူအပေါင်းရို့သည် ငါ့ကိုမင်္ဂလာဟိသူဟု ခေါ်ကြလိမ့်မည်။
အကြောင်းမူကား အနန္တတန်ခိုးသျှင် ဘုရားသခင်သည် ငါ့အတွက် ကြီးမြတ်တော်မူသော အကြောင်းအရာတိကို ပြုတော်မူခ၍ ဖြစ်၏။
ကိုယ်တော်၏နာမတော်သည် သန့်ယှင်းပါ၏။
ကိုယ်တော့်ကို ကြောက်ရွံ့ရိုသီကြသောသူရို့ကို
သားစဉ်မြီးဆက် ကရုဏာထားတော်မူ၏။
တန်ခိုးကြီးသော လက်ရုံးတော်နှင့် တားဆီးပြီးလျှင်
အတွင်းစိတ်သဘော၌ မာနကြီးသောသူရို့ကို ကွဲလွင့်စီပါ၏။
တန်ခိုးကြီးသော ဘုရင်တိကို ရာဇပလ္လင်ထက်မှ ဆွဲချပြီးလျှင်
နိမ့်ကျသောသူရို့ကို ချီးမြှောက်တော်မူပါ၏။
ငတ်မွတ်သောသူရို့ကို ကောင်းသောအရာတိနှင့် ပြည့်ဝစီပြီး၊
ချမ်းသာကြွယ်ဝသောသူရို့ကို လက်ဗလာဖြင့် ရွှတ်လိုက်တော်မူ၏။
အကျွန်ရို့ အဖိုးအဖီးတိကို ကိုယ်တော်ပီးခသည့် ကတိတော်နှင့်အညီ
မိမိ၏အခိုင်းအစီ ဣသရေလလူမျိုးတိကို မစတော်မူပြီ။
အာဗြဟံနှင့် သူ၏မျိုးနွယ်များအတွက် ထားတော်မူခသော ကရုဏာတော်နှင့်အညီ
အစဉ်အမြဲပြုခြင်းငှာ သတိရတော်မူပြီ" ဟု ဆို၏။
ထို့ကြောင့် ယောသပ်သည်လည်း ဒါဝိဒ်၏အမျိုးအနွယ် ဖြစ်သောကြောင့် ဂါလိလဲနယ် နာဇရက်မြို့မှ ဒါဝိဒ်၏မြို့ဖြစ်သည့် ယုဒပြည် ဗက်လင်မြို့သို့ လားကြ၏။ သူသည် ထိမ်းမြားရန် စိ့စပ်ထားသော မာရိနှင့်အတူ စာရင်းသွင်းရန် လားလေ၏။ သူမ၌ ကိုယ်ဝန်လွယ်ထားလျက် ဟိ၏။ သူရို့သည် ဗက်လင်မြို့တွင် ဟိနိန်စဉ် အချေ မွီးဖွားချိန် ရောက်လာ၍၊ သူမသည် မိမိ၏သားဦးကို ဖွားမြင်လေ၏။ တည်းခိုသည့်အိမ်တွင် သူရို့အတွက် နီရာမဟိသောကြောင့် သူမသည် သူငယ်ကို အဝတ်စနှင့်ပတ်ကာ နွားစာခွက်တွင် သိပ်ထားလေ၏။
မာရိကလည်း ထိုအကြောင်းအရာအားလုံးကို မှတ်ထားပြီးလျှင် အလေးအနက် စဉ်းစားဆင်ခြင်လျက် နိန်၏။
သျှုမောင်သည် သူရို့ကို ကောင်းကြီးပီး၍ သူ၏မိခင် မာရိအား၊ "များစွာသော ဣသရေလလူမျိုး၌ ဖျက်ဆီးခံရသူများနှင့် ကယ်တင်ခြင်းခံရသူများ အတွက် ဤသူငယ်ကို ဘုရားသခင်သည် ရွီးခြယ်ခန့်ထားတော်မူဗျာယ်။ ဤသူသည် ဘုရားသခင်ထံပါးမှ အမှတ်လက္ခဏာဖြစ်ပြီးလျှင် သူ့ကို လူတိက ဆန့်ကျင်ပြောဆိုခြင်းဖြင့်၊ သူရို့၏ စိတ်နှလုံးအကြံအစီတိကို ပေါ်လွင်စီကြလိမ့်မည်။ သင်၏နှလုံးကို သံလျက်ဓါးနန့် ထိုးဖေါက်ခံရသကဲ့သို့ နာကြင်စွာခံစားရလိမ့်မည်" ဟု ပြောဆို၏။
သူ၏မိဖရို့သည် သူ့ကို တွိ့သောအခါ အံ့မောကျ၍၊ သူ၏ မိခင်က "ငါ့သား၊ ဇာဖြစ်လို့ ငါရို့ကို ဤသို့ ပြုသနည်း၊ မေမေနှင့်ဘာဘာကလည်း ကောင်းကောင်း စိတ်ပူပြီးလျှင် သားချေကို ရှာခရသည်" ဟု ပြော၏။
သူက၊ "ဇာဖြစ်လို့ အကျွန့်ကို ရှာကြပါသနည်း။ အကျွန့်အဖအိမ်တော်၌ ဟိ နိန်ရမည် ဆိုသည်ကို မသိကြသလား" ဟု မိဖရို့အား ပြန်ပြော၏။ သို့ရာတွင် သူရို့က သူသည် မိမိရို့အား ဇာကို ပြောနိန်သည်ကို နားမလည်ကြ။
ထို့ကြောင့် ယေသျှုသည် မိဖရို့နှင့်အတူ နာဇရက်မြို့သို့ လိုက်လာပြီး မိဖရို့၏စကားကို နာခံလျက်နိန်၏။ သူ၏မိခင်သည်ကား ဖြစ်ပျက်ခသမျှကို မိမိစိတ်နှလုံးထဲတွင် မှတ်သားထားလေ၏။
Mãe fiel até o fim
Maria acompanhou Jesus desde o nascimento até a cruz. Ela estava entre os discípulos no Pentecostes, fiel em oração.
စပျစ်ရည်ကုန်လားသောအခါ ယေသျှု၏မယ်တော်က "သူရို့မှာ စပျစ်ရည် ကုန်လားယာ" ဟု ကိုယ်တော့်ကို ပြောလေ၏။
ယေသျှုကလည်း "မယ်တော်၊ ဇာအမှုကို ပြုရမည်ကို ငါ့အား မပြောပါကေ့။ ငါ့အချိန်မရောက်သိမ့်" ဟု မိန့်တော်မူ၏။
ထိုအခါ မယ်တော်ကလည်း "သူစီခိုင်းသမျှကို လုပ်ဆောင်ကြလော့" ဟု အခိုင်းအစီတိအား မှာထားလေ၏။
ယေသျှု၏အမိ မာရိ၊ မယ်တော်မာရိ၏ညီမဖြစ်သူ ကလောဖ၏မယား မာရိနှင့် မာဂဒလရွာသူ မာရိရို့သည် ယေသျှု၏ လက်ဝါးကပ်တိုင်နားတွင် ရပ်လျက်ဟိကြ၏။
ယေသျှုသည် ထိုနီရာ၌ မတ်တပ်ရပ်နိန်ကြသည့် သူ၏မိခင်နှင့် သူချစ်သော တပည့်တော် တစ်ယောက်ကို မြင်သောအခါ ကိုယ်တော်က မယ်တော်အား "သူသည် မယ်တော်၏သားဖြစ်၏" ဟု မိန့်တော်မူ၏။
ထို့နောက် ဤတပည့်တော်အား "ထိုမိန်းမသည် သင်၏အမိ ဖြစ်၏" ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ဤတပည့်တော်က မယ်တော်အား မိမိအိမ်၌ နီထိုင်ရန် ခေါ်ဆောင်လားလေ၏။
ယေသျှု၏မိခင်နှင့် ညီတော်များ
ထို့နောက် ယေသျှု၏မိခင်နှင့် ညီတော်ရို့သည် ရောက်လာလျှင် အိမ်အပြင်၌ ရပ်လျက်၊ ရောက်နိန်ကြောင်းကို ကိုယ်တော့်ကို ကြားပြောခိုင်း၏။ လူအပေါင်းရို့သည် ကိုယ်တော့်ကို ခြံရံလျက် ထိုင်နိန်ကြ၏။ သူရို့က "ကိုယ်တော်၏ အမိနှင့် ညီတိ၊ ညီမတိ အိမ်အပြင်၌ ရောက်နိန်ပါ၏၊ ထိုသူရို့သည် ကိုယ်တော့်ကို ရှာနိန်ကြ၏" ဟု လျှောက်ကြ၏။
ကိုယ်တော်က "ငါ့အမိ၊ ငါ့ညီတိကား ဇာသူရို့နည်း" ဟု မိန်းတော်မူပြီး၊ မိမိပတ်လည်တွင် ထိုင်နိန်ကြသောသူရို့အား ကြည့်တော်မူလျက် "ငါ့အမိ၊ ငါ့ညီတိကား၊ ဤသူရို့ပင် ဖြစ်၏။ ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူ မှန်သမျှသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်၏" ဟု မိန့်တော်မူ၏။
သူသည် လက်သမား၏သားဖြစ်သည် မဟုတ်လား။ သူ့အမိသည် မာရိဖြစ်ပြီး ယာကုပ်၊ ယောဟန်၊ သျှိမုန် နှင့် ယုဒရို့သည် သူ၏ညီအစ်ကိုတိ ဖြစ်ကြသည် မဟုတ်လား။ သူ၏ညီမတိလည်း ဤအရပ်၌ နီထိုင်ကြသည် မဟုတ်ပါလား။ သူသည် ဤအရာတိကို ဇာနီရာက ရလာစွာလဲ" ဟု အချင်းချင်း ပုတ်ခတ်ပြောဆိုလျက်
သူရို့သည် ယေသျှု၏ မယ်တော်မာရိ အပါအဝင် မိန်းမတချို့နှင့် လည်းကောင်း၊ ကိုယ်တော်၏ ညီတော်များနှင့် လည်းကောင်း၊ မကြာမကြာ စုရုံး၍ အတူတကွ ဆုတောင်းလျက်နိန်ကြ၏။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.