Pular para o conteúdo
Publicidade

Marido e mulher

Por Bíblia Online

O casamento começa em uma decisão que passa pela rotina dos dias, pelos desentendimentos superados e pelo compromisso renovado a cada manhã. Viver a dois exige paciência e disposição para perdoar, lembrando que o amor não é apenas um sentimento passageiro, mas uma escolha diária de cuidar do outro com verdade.

As Escrituras tratam dessa união com clareza, mostrando que Deus acompanha cada passo da vida a dois. Encontrar orientação na palavra ajuda a fortalecer o vínculo, mantendo o respeito e a fé no centro do lar, mesmo quando os dias difíceis chegam.

O casamento é aliança sagrada entre marido e mulher, instituída por Deus desde o Éden. A Bíblia define papéis complementares fundados em amor, respeito e fidelidade mútua.

Instituição divina

Deus criou homem e mulher e os uniu em uma só carne. O casamento é projeto divino que reflete o amor de Cristo pela Igreja.

ထို​သို့​ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ လူ​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ လူယောက်ျား၊ လူ​မိန်း​မ​ကို​ဖန်​ဆင်း​ပြီး​လျှင်၊

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ ယောက်ျား​သည် တစ်​ယောက်​တည်း​မ​နေ​ကောင်း၊ သူ​နှင့်​တော်​သော အ​ထောက်​အ​မ​ကို သူ့​ဖို့​ငါ​လုပ်​ဦး​မည်​ဟု အ​ကြံ​ရှိ​တော်​မူ​၏။

ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍၊ ကိုယ်​ခင်​ပွန်း၌​မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။

ကိုယ်​တော်​က၊ အ​စ​အ​ဦး၌ ဖန်​ဆင်း​တော်​မူ​သော​သူ​သည် ယောက်ျား​နှင့် မိန်း​မ​နှစ်​ယောက်​တည်း​ကို ဖန်​ဆင်း​တော်​မူ၏။-ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍ ကိုယ်​ခင်​ပွန်း၌ မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်​ဟု ကျမ်း​ဆို​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​သ​လော။-ထို​ကြောင့် လင်​မ​ယား​တို့​သည် နှစ်​ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း​ဖြစ်၏။ ဘု​ရား​သ​ခင်​ဖက်​စပ်၍ ထမ်း​ပိုး​တင် တော်​မူ​သော​အ​ရာ​ကို လူ​မ​ခွဲ​မ​ခွာ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။-

တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​ပြီ​မ​ဟုတ်​လော။ သို့​သော်​လည်း၊ ကိုယ်​တော်၌ ဝိ​ညာဉ်​တော် အ​ကျန်​အ​ကြွင်း​ရှိ၏။ အ​ဘယ်​ကြောင့် တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​နှင့် ထိုက်​တန်​သော​အ​မျိုး​ကို​ရှာ၍ ထို​သို့ ဖန်​ဆင်း​တော်​မူ၏။ သို့​ဖြစ်၍၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ အ​သက်​ပျို​စဉ်​အ​ခါ လက်​ထပ်​သော​မ​ယား​ကို သ​စ္စာ​ဖျက်၍ မ​ပြစ်​မှား​ကြ​နှင့်။

Papéis no casamento

O marido ama e a mulher respeita. Ambos se submetem voluntariamente a Deus e um ao outro, em parceria e unidade.

အ​ချင်း​ယောက်ျား​တို့၊ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို ချစ်​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​လည်း ကိုယ်​ခင်​ပွန်း​ကို ချစ်​ကြ​လော့။- ထို​အ​သင်း​တော်​သည် သန့်​ရှင်း​လျက် အ​ပြစ်​ကင်း​လျက်​ရှိ​သည် ဖြစ်၍၊ အ​ညစ်​အ​ကြေး​တင်​ခြင်း၊ အ​ရေ​တွန့်​ခြင်း​မှ စ​သည်​တို့​နှင့် လွတ်​လပ်​သ​ဖြင့်၊ အ​သ​ရေ​တင့်​တယ်​လျက် ရှိ​သော အ​သင်း​တော်​ကို ခ​ရစ်​တော်​သည် မိ​မိ​အား ဆက်​သ​အံ့​သော​ငှာ၊ နှုတ်​က​ပတ်​တော်​ရေ၌ ဆေး​ကြော ခြင်း​အား​ဖြင့် စင်​ကြယ်​သန့်​ရှင်း စေ​မည်​အ​ကြောင်း၊ ထို​အ​သင်း​တော်​အ​ဖို့ အ​လို​ငှာ ကိုယ်​ကို​ကိုယ်​စွန့်​တော်​မူ၏။- ထို​နည်း​တူ ယောက်ျား​တို့​သည် မိ​မိ​ကိုယ်​ကို ချစ်​သ​ကဲ့​သို့ မိ​မိ​ခင်​ပွန်း​တို့​ကို​ချစ်​ရ​ကြ​မည်။ ခင်​ပွန်း​ကို ချစ်​သော​သူ​သည် ကိုယ်​ကို​ချစ်​သော​သူ​ဖြစ်၏။- ကိုယ်​အ​သား​ကို မုန်း​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ သ​ကဲ့​သို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် မိ​မိ​တို့​အ​သား​ကို ကျွေး​မွေး​ပြု​စု​တတ်​ကြ၏။-

အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၏ အုပ်​စိုး​တော်​မူ​ခြင်း​ကို ဝန်​ခံ​သ​ကဲ့​သို့၊ ကိုယ်​ခင်​ပွန်း၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် အ​သင်း​တော်၏​အ​ပေါ်​မှာ ခေါင်း​ဖြစ်​တော်​မူ​သ​ကဲ့​သို့၊ ယောက်ျား​သည် မိ​မိ​ခင်​ပွန်း၏​အ​ပေါ်​မှာ ခေါင်း​ဖြစ်၏။ ခ​ရစ်​တော်​သည်​လည်း မိ​မိ​ကိုယ်​ကို ကယ်​တင်​သော​သူ ဖြစ်​တော်​မူ၏။- အ​သင်း​တော်​သည် ခ​ရစ်​တော်၏ အုပ်​စိုး​တော်​မူ​ခြင်း​ကို ဝန်​ခံ​သ​ကဲ့​သို့၊ မိန်း​မ​တို့​လည်း ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို အ​ရာ​ရာ၌ ဝန်​ခံ​ရ​ကြ​မည်။-

သို့​ရာ​တွင် သင်​တို့​သည် အ​သီး​အ​သီး ကိုယ်​ကို​ကိုယ် ချစ်​သ​ကဲ့​သို့ ကိုယ်​ခင်​ပွန်း​ကို​ချစ်​ကြ​လော့။ မိန်း​မ​သည်​လည်း ကိုယ်​ခင်​ပွန်း​ကို ရို​သေ​ခြင်း​ရှိ​စေ​လော့။

ခ​ရစ်​ယာန်​မိ​သား​စု၏​တာ၀န်

အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၌ လျောက်​ပတ်​သည်​အ​တိုင်း၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- အ​ချင်း​ယောက်ျား​တို့၊ ကိုယ်​ခင်​ပွန်း​ကို ချစ်​ကြ​လော့။ ကြမ်း​တမ်း​စွာ မ​ပြု​ကြ​နှင့်။-

ဇ​နီး​နှ​င့်​ခင်​ပွန်း

အ​ထက်​ဆို​ခဲ့​ပြီး​သည်​နည်း​တူ မိန်း​မ​တို့၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- သို့​ပြု၍၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို နား​မ​ထောင်​သော ယောက်ျား​အ​ချို့​ရှိ​လျှင်၊ ထို​သူ​တို့​သည် တ​ရား​မ​နာ​သော်​လည်း၊ သင်​တို့၏ ကြောက်​ရွံ့​ခြင်း​နှင့် စင်​ကြယ်​သော​အ​ကျင့်​တို့​ကို ထောက်​ရှု၍၊ မိ​မိ​မ​ယား၏​အ​ကျင့်​အား​ဖြင့် သွေး​ဆောင်​လျက် အ​တူ​ပါ​မည် အ​ကြောင်း​ရှိ၏။-

ထို​နည်း​တူ၊ ယောက်ျား​တို့၊ ဆု​တောင်း​ခြင်း​အ​မှု၌ အ​ဆီး​အ​တား​မ​ရှိ​စေ​ခြင်း​ငှာ အ​သက်​ရှင်​ခြင်း​ကျေး​ဇူး​တော်​ကို ဆက်​ဆံ၍ အ​မွေ​ခံ​ရ​သော​သူ​ချင်း​ကဲ့​သို့၊ သ​တိ​ပ​ညာ​နှင့် လျော်​စွာ ကိုယ်​ခင်​ပွန်း​နှင့်​အ​တူ​နေ၍၊ အား​နည်း​သော​သူ​ကို ပြု​သင့်​သည်​အ​တိုင်း သူ့​ကို စောင့်​မ​ပြု​စု​ကြ​လော့။

Fidelidade e união

O casamento é honroso e deve ser preservado com fidelidade. O cordão de três dobras não se rompe facilmente.

မိတ်​ဆွေ၏​တန်​ဖိုး

လူ​သည် တစ်​ယောက်​တည်း​ထက် နှစ်​ယောက်​သာ၍​ကောင်း၏။ ကြိုး​စား​အား​ထုတ်​လျှင်၊ ကောင်း​သော​အ​ကျိုး​ကို ရ​တတ်၏။ တစ်​ယောက်​လဲ​လျှင် တစ်​ယောက်​ထူ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သူ လဲ​လျှင်​မူ​ကား အ​ကျိုး​နည်း​ပြီ။ ထူ​သော​သူ မ​ရှိ။ လူ​သည်​နှစ်​ယောက်​အ​တူ​အိပ်​လျှင် နွေး​တတ်၏။ တစ်​ယောက်​တည်း​သော​သူ​မူ​ကား၊ အ​ဘယ်​သို့ နွေး​နိုင်​သ​နည်း။ လူ​တစ်​ယောက်​သည် တစ်​ယောက်​ကို​နိုင်​လျှင် ထို​လူ​ကို နှစ်​ယောက်​ဆီး​တား​နိုင်၏။ သုံး​လွန်း​တင်​သော ကြိုး​သည်​လည်း အ​လွယ်​တ​ကူ မ​ပြတ်​တတ်။

သီ​လ​နှင့်​ပြည့်​စုံ​သော​မိန်း​မ

သီ​လ​နှင့်​ပြည့်​စုံ​သော မိန်း​မ​ကို အ​ဘယ်​သူ​တွေ့​ရ​သ​နည်း။ ထို​သို့​သော​မိန်း​မ​သည် ပ​တ္တ​မြား​ထက် အ​ဖိုး​သာ၍ ထိုက်​ပေ၏။ သူ၏​ခင်​ပွန်း​သည် သူ့​ကို​ယုံ၍၊ ဆင်း​ရဲ​ခြင်း​နှင့် ကင်း​လွတ်​လိမ့်​မည်။

မ​ယား​ကို​ရ​သော​သူ​သည် ကောင်း​သော​အ​ရာ​ကို​ရ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ခံ​ရ၏။

အိမ်​နှင့်​စည်း​စိမ်​သည် မိ​ဘ​အ​မွေ​ဥ​စ္စာ ဖြစ်၏။ သ​မ္မာ​သ​တိ​ရှိ​သော မ​ယား​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​ရာ​ဖြစ်၏။

သီ​လ​ရှိ​သော​မိန်း​မ​သည် မိ​မိ​လင်၌ ဦး​ရစ်​သ​ရ​ဖူ​ဖြစ်၏။ အ​ရှက်​ခွဲ​တတ်​သော မိန်း​မ​မူ​ကား၊ လင်၏​အ​ရိုး​တို့၌ ဆွေး​မြေ့​ခြင်း​ကဲ့​သို့ ဖြစ်၏။

သင်၏​စမ်း​ရေ​တွင်း၌ မင်္ဂ​လာ​ရှိ​စေ၍၊ အ​သက်​အ​ရွယ်​ပျို​စဉ်​ကာ​လ၊ ပေါင်း​ဖော်​သော မ​ယား​နှင့်​အ​တူ ပျော်​မွေ့​လော့။ သူ​သည် စုံ​မက်​တတ်​သော​သ​မင်​မ၊ နှစ်​လို​ဖွယ်​သော ဒ​ရယ်​မ​ကဲ့​သို့​ဖြစ်၍၊ သူ၏​သား​မြတ်​တို့​သည် သင်၏​အ​လို​ဆ​န္ဒ​ကို အ​စဉ်​ပြေ​စေ၍၊ သူ့​ကို​ချစ်​သော​စိတ်​နှင့် အ​စဉ်​ယစ်​မူး​လျက်​နေ​လော့။

Permanecer juntos

O que Deus uniu, o homem não separe. A Bíblia protege o casamento e orienta sobre convivência, perdão e perseverança conjugal.

ထိမ်း​မြားစုံဖက်​ခြင်း​ပြ​ဿ​နာ

သင်​တို့​သည် ငါ့​ထံ​သို့​ပေး​လိုက်​သော​စာ၌ ပါ​သော​အ​ရာ​မှာ၊ ယောက်ျား​သည် မိန်း​မ​နှင့်​မ​ဆက်​ဆံ​ဘဲ​နေ​လျှင်၊- ကောင်း​သော်​လည်း၊ မ​တ​ရား​သော​မေ​ထုန်​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ယောက်ျား​တိုင်း မိ​မိ​မ​ယား​ရှိ​စေ​လော့။ မိန်း​မ​တိုင်း မိ​မိ​လင်​ရှိ​စေ​လော့။- ယောက်ျား​သည် ဆက်​ဆံ​ခြင်း​ဝတ်​ကို မိ​မိ​မ​ယား​အား ပြု​စေ​လော့။ ထို​နည်း​တူ၊ မိန်း​မ​သည်​လည်း ဆက်​ဆံ​ခြင်း​ဝတ်​ကို မိ​မိ​လင်​အား ပြု​စေ​လော့။- မိန်း​မ​သည် မိ​မိ​ကိုယ်​ကို​မ​ပိုင်၊ လင်​သည်​ပိုင်၏။ ထို​နည်း​တူ ယောက်ျား​သည်​လည်း မိ​မိ​ကိုယ်​ကို​မ​ပိုင်၊ မ​ယား​သည်​ပိုင်၏။- အ​ချင်း​ချင်း​ခင်​ပွန်း​ဝတ်​ကို မ​ပယ်​မ​ရှောင်​ကြ​နှင့်။ ထို​သို့​ဆို​သော်၊ ဆု​တောင်း​ခြင်း​ဝတ်​ကို ပြု​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သ​ဘော​တူ၍ ခင်​ပွန်း​ဝတ်​ကို ခ​ဏ​မျှ​မ​ရှောင်​ရ​ဟု မ​ဆို​လို။ ထို​သို့​ရှောင်​လျှင်၊ ကိုယ်​ကို မ​ချုပ်​တည်း​နိုင်​သော​အား​ဖြင့် စာ​တန်​သည် အ​ပြစ်​သို့ သွေး​ဆောင်​ရ​သော​အ​ခွင့် မ​ရှိ​စေ​ခြင်း​ငှာ၊ နောက်​တစ်​ဖန် အ​တူ​နေ​ကြ​လော့။-

ခင်​ပွန်း​ရှိ​သော သူ​တို့​ကို​လည်း၊ ငါ​ပ​ညတ်​သည် သာ​မ​က၊ သ​ခင်​ဘု​ရား ပ​ညတ်​တော်​မူ​သည်​ကား၊ မ​ယား​သည် မိ​မိ​ခင်​ပွန်း​ကို မ​စွန့်​ပစ်​စေ​နှင့်။- စွန့်​ပစ်​လျှင် ခင်​ပွန်း​မ​ရှိ​ဘဲ​နေ​စေ။ သို့​မ​ဟုတ်​လျှင်၊ ခင်​ပွန်း​ဟောင်း​ထံ​သို့ ပြန်၍ အ​သင့်​အ​တင့်​နေ​စေ။ ယောက်ျား​သည်​လည်း မိ​မိ​မ​ယား​နှင့် မ​ကွာ​စေ​နှင့်။-

သို့​သော်​လည်း မ​ယုံ​ကြည်​သော​သူ​သည် ကွာ​သွား​လို​လျှင် ကွာ​သွား​စေ။ ထို​သို့​ပြု​လျှင် တ​ပည့်​တော်​သည် ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ချည်​နှောင်​ခြင်း​မ​ရှိ။ ငါ​တို့​သည် အ​သင့်​အ​တင့်​နေ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ရှိ၏။- အ​ချင်း​မိန်း​မ၊ သင်​သည် ကိုယ်​ခင်​ပွန်း​ကို ကယ်​တင်​မည်၊ မ​ကယ်​တင်​မည်​ကို အ​ဘယ်​သို့ သိ​သ​နည်း။ အ​ချင်း​ယောက်ျား၊ သင်​သည် ကိုယ်​ခင်​ပွန်း​ကို ကယ်​တင်​မည်။ မ​ကယ်​တည်​မည်​ကို အ​ဘယ်​သို့​သိ​သ​နည်း။

ဥ​ပ​မာ​ကား၊ လင်​ရှိ​သော​မိန်း​မ​သည် လင်​မ​သေ​မီ​တိုင်​အောင်၊ ပ​ညတ်​တ​ရား​အား​ဖြင့် လင်၌ ချည်​နှောင်​လျက်​ရှိ၏။ လင်​သေ​လျှင်​မူ​ကား လင်​ဝတ်​နှင့်​လွတ်၏။-

အ​ထွေ​ထွေ​ပ​ညတ်​များ

အိမ်​ထောင်​ဖက်​ပြု​စ​ရှိ​သော​သူ​သည် စစ်​တိုက်​မ​သွား​ရ။ မင်း​အ​မှု​ကို မ​ဆောင်​ရ။ တစ်​နှစ်​ပတ်​လုံး ကိုယ်​အိမ်၌​အ​လွတ်​နေ၍ မ​ယား​ကို ကျွေး​မွေး​ပြု​စု​ရ​မည်။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.