Marido e mulher
O casamento é aliança sagrada entre marido e mulher, instituída por Deus desde o Éden. A Bíblia define papéis complementares fundados em amor, respeito e fidelidade mútua.
Instituição divina
Deus criou homem e mulher e os uniu em uma só carne. O casamento é projeto divino que reflete o amor de Cristo pela Igreja.
ယေသျှုက "ဖန်ဆင်းသျှင်သည် အစကတည်းက ယောက်ျားနှင့် မိန်းမကို ဖန်ဆင်းတော်မူခသည်ဟူသော ကျမ်းစာကို သင်ရို့ မဖတ်ဖူးကတ်လားဟု မိန့်တော်မူ၏။ ‘ဤအကြောင်းကြောင့် ယောက်ျားသည် သူ၏အမိ အဖကို စွန့်၍ သူ၏မယားနှင့် တစ်လုံးတစ်ဝတည်း ပေါင်းသင်း နီထိုင်လိမ့်မည်၊ သို့ဖြစ်၍ သူရို့နှစ်ယောက်သည် ခန္ဓာကိုယ်တစ်ခုတည်း ဖြစ်လာလိမ့်မည်’ ဟု ဘုရားသခင် မိန့်တော်မူခ၏။ ထို့ကြောင့် သူရို့သည် ခန္ဓာနှစ်ခု မဟုတ်၊ တစ်ခန္ဓာတည်း ဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင် အတူတကွ ပေါင်းဖက်ထားသည်ကို လူသည် ခွဲခွါခွင့်မဟိ" ဟု မိန့်တော်မူ၏။
Papéis no casamento
O marido ama e a mulher respeita. Ambos se submetem voluntariamente a Deus e um ao outro, em parceria e unidade.
လင်ယောက်ျားရို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အဖို့ မိမိအသက်ကို စွန့်တော်မူသကဲ့သို့ သင်ရို့၏ မယားတိကို ချစ်ကြလော့။ ကိုယ်တော်သည် ဤသို့ မိမိအသက်ကို စွန့်တော်မူသည်မှာ ထိုအသင်းတော်ကို ရီ၌ ဆီးကြောခြင်းဖြင့် သန့်ယှင်းစီပြီးမှ နှုတ်ကပတ်တော်ဖြင့် ဘုရားသခင်အား ဆက်ကပ်တော်မူ၏။ ထိုသို့ အသင်းတော်ကို မိမိအား ဆက်သတော်မူရာ၌ အညစ်အကြေး တင်ခြင်း၊ အစွန်းအကွက် ဖြစ်ခြင်း၊ အရီရှုံ့ခြင်း မဟိဘဲ သန့်ယှင်းပြီး အပြစ်ကင်းစင်လျက် ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံစီရန် ဖြစ်၏။ လင်ယောက်ျားရို့သည် မိမိရို့ကိုယ်ကို ချစ်သကဲ့သို့ မိမိရို့၏ မယားတိကို ချစ်ကြရမည်။ မယားကို ချစ်သောသူသည် မိမိကိုယ်ကို ချစ်သောသူဖြစ်၏။ ( ဇာသူလေ့ မိမိကိုယ်ကို မုန်းသည်ဟူ၍ မဟိ။ ထိုသို့ပြုမည့်အစား၊ ခရစ်တော်သည် အသင်းတော်အား ကျွေးမွေးပြုစုတော်မူသကဲ့သို့ ငါရို့သည် မိမိကိုယ်ကို ကျွေးမွေး၍ ပြုစုစောင့်ရှောက်ကြ၏။
မယားဖြစ်သူရို့၊ သင်ရို့သည် သခင်ဘုရား၏ အုပ်စိုးခြင်းကို ခံယူသကဲ့သို့ မိမိ၏ လင်ယောက်ျားရို့ အုပ်စိုးခြင်းကို ခံယူကြလော့။ အကြောင်းမူကား ခရစ်တော်သည် အသင်းတော်၏ ဦးဂေါင်းဖြစ်သကဲ့သို့ လင်ယောက်ျားသည် မိမိမယား၏ ဦးဂေါင်း ဖြစ်စီလော့။ ခရစ်တော်သည် မိမိ၏ကိုယ်ခန္ဓာဖြစ် သော အသင်းတော်ကို ကယ်တင်သောအသျှင် ဖြစ်တော်မူ၏။ ထို့ကြောင့် အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးခြင်းကို ခံယူသကဲ့သို့ မယားရို့သည်လည်း အရာရာ၌ မိမိရို့ လင်ယောက်ျားရို့၏ အုပ်စိုးခြင်းကို အပြည့်အဝ ခံယူရကြမည်။
သို့ရာတွင် ထိုစကားသည် သင်ရို့ကိုလည်း ရည်ညွှန်း၍ ဆိုသတည်း။ ထို့ကြောင့် လင်ယောက်ျားတိုင်း မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိ၏မယားကိုလည်း ချစ်ရမည်။ ထို့နည်းတူ မယားဖြစ်သောသူတိုင်းသည်လည်း မိမိ၏လင်ယောက်ျားကို ရိုသီခြင်း ဟိရမည်။
ခရစ်ယာန်မိသားစုနှင့်ဆိုင်သော လမ်းညွှန်ချက်များ
အိမ်ထောင်သျှင်မရို့၊ သင်ရို့သည် သခင်ဘုရား၌ ဟိကြသည့်အတွက် လင်ယောက်ျားရို့၏ အုပ်စိုးမှုကို ဝန်ခံကြလော့။
အိမ်ထောင်သျှင်ရို့၊ သင်ရို့၏ မယားကို ချစ်ကြလော့။ ကြမ်းတမ်းစွာ မပြုမူကတ်ကေ့။
အိမ်ထောင်သျှင်နှင့် အိမ်ထောင်သျှင်မများ
ထိုနည်းတူစွာ အိမ်ထောင်သျှင်မရို့၊ သင်ရို့ အိမ်ထောင်သျှင်၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ ထို့သို့ပြုလျှင် သင်ရို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မယုံကြည်သော အိမ်ထောင်သျှင်တိ ဟိပါက သူရို့သည် သင်ရို့၏ အပြုအမူကိုထောက်၍ ယုံကြည်လာကြလိမ့်မည်။ ထိုသို့ပြုလျှင် သင်ရို့၏ နှုတ်အားဖြင့် ပြောရန်ပင် မလိုပေ။ ဇာကြောင့်ဆိုသော် သင်ရို့၏ စိတ်ထားစင်ကြယ်ခြင်းနှင့် ရိုသီလေးစားစွာ ကျင့်ကြံပြုမူခြင်းများကို သူရို့ တွိ့မြင်ကြမည် ဖြစ်သောကြောင့်ဖြစ်၏။
ထိုနည်းတူ အိမ်ထောင်သျှင်ရို့၊ သင်ရို့၏ အိမ်ထောင်သျှင်မရို့သည် အားနွဲ့သူတိဖြစ်ကြောင်းကို သိမှတ်ကာ အတူတကွ နီထိုင်ကြလော့။ အကြောင်းမူကား သူရို့သည် အသက်နှင့်ဆိုင်သော ဘုရားသခင်၏ ဆုကျေးဇူးကို သင်ရို့နှင့်အတူ ခံစားရကြမည့်သူများ ဖြစ်သောကြောင့် သူရို့အား လေးစားစွာ ဆက်ဆံကြလော့။ ထိုသို့ ပြုလျှင် သင်ရို့၏ ဆုတောင်းခြင်းကို ဆီးတား ခံရလိမ့်မည် မဟုတ်ပေ။
Fidelidade e união
O casamento é honroso e deve ser preservado com fidelidade. O cordão de três dobras não se rompe facilmente.
Permanecer juntos
O que Deus uniu, o homem não separe. A Bíblia protege o casamento e orienta sobre convivência, perdão e perseverança conjugal.
ထိမ်းမြားပေါင်းသင်းခြင်းအကြောင်း မိန်းမြန်းခြင်း
အဂု သင်ရို့ရီးသား၍ ပီးပို့လိုက်သော စာ၌ ပါဟိသော အကြောင်းအရာများနှင့် ပတ်သက်၍ ပြောရသောစကားမူကား၊ ယောက်ျားတစ်ယောက်သည် အိမ်ထောင်မပြုဘဲ နီနိုင်လျှင် ကောင်း၏။ သို့သော် မတရားသောမေထုန်ပြုခြင်း များပြားနိန်သောကြောင့် ယောကျ်ားတိုင်း၌ မယားဟိအပ်၏။ မိန်းမတိုင်း၌လည်း လင်ယောက်ျား ဟိအပ်၏။ လင်ယောက်ျားတစ်ယောက်သည် မိမိမယားအား ပြုအပ်သော ဝတ်ကိုလည်းကောင်း၊ မယားသည်လည်း မိမိလင်ယောက်ျားအား ပြုအပ်သောဝတ်ကိုလည်းကောင်း ပြည့်ဝစွာ ပြုလျက် တစ်ဦး၏အလိုကို တစ်ဦးက ဖြည့်ဆည်းပီးရမည်။ မယားသည် မိမိ၏ကိုယ်ခန္ဓာကို မိမိမပိုင်၊ လင်ယောကျ်ားသာလျှင် ပိုင်၏။ ထိုနည်းတူ လင်ယောကျ်ားသည်လည်း မိမိ၏ကိုယ်ခန္ဓာကို မိမိမပိုင်၊ မယားသာလျှင် ပိုင်၏။ သင်ရို့သည် ဆုတောင်းပတ္ထနာပြုခြင်းငှာ သဘောတူညီစွာ ဆိုင်းငံ့ခြင်းမှတစ်ပါး မိမိရို့၏လင်မယားဝတ်ကို ပြုရန် မငြင်းပယ်ကတ်ကေ့။ သို့ရာတွင် မိမိရို့၏စိတ်ကို ချုပ်တည်းခြင်းအားဖြင့် စာတန်မာရ်နတ်၏ သွီးဆောင်ခြင်းကို မခံရစီရန် ဆုတောင်းပတ္ထနာပြုကြ ပြီးသောအခါ ပြန်၍ လင်မယားဝတ်ကို ပြုကြလော့။
အိမ်ထောင်သျှင်ရို့အဖို့ ငါ၌ ပညတ်တစ်ခုဟိ၏။ ယင်း ပညတ်သည်ကား ငါ့ပညတ် မဟုတ်။ သခင်ဘုရား၏ ပညတ်သာ ဖြစ်၏။ ထိုအရာကား၊ မယားသည် မိမိ၏လင်ယောကျ်ားကို မကွဲကွာရ။ သို့သော် ကွဲကွာလျှင် တစ်ဦးတည်းနီထိုင်ရမည်။ ထိုသို့မဟုတ် မိမိလင်ယောကျ်ားနှင့် ပြန်၍ ပေါင်းသင်းစီ။ လင်ယောကျ်ားသည်လည်း မိမိမယားကို မကွာယှင်းရ။
သို့ရာတွင် မယုံကြည်သောသူသည် မိမိ၏ ယုံကြည်သူ အိမ်ထောင်ဖက်အား ကွာယှင်းလိုလျှင် ကွာယှင်းနိုင်၏။ ဤအမှုမျိုးတွင် ထိုယုံကြည်သူသည် လင်ယောကျ်ားဖြစ်စီ၊ မယားဖြစ်စီ အနှောင်အဖွဲ့ကင်းကြစီ။ ဘုရားသခင်သည် သင်ရို့အား သင့်တင့်အီးချမ်းစွာ နီထိုင်ကြရန် ခေါ်ထားတော်မူ၏။ ယုံကြည်သူဖြစ်သော အသင် အိမ်ထောင်သျှင်မ၊ သင်သည် မိမိ၏လင်ယောက်ျားဖြစ်သူကို ကယ်တင်နိုင်မည် မဟုတ်ဟု ဇာပိုင် သိနိုင်မည်နည်း။ ယုံကြည်သူဖြစ်သော အသင်အိမ်ထောင်သျှင်၊ သင်သည် မိမိ၏မယားကို ကယ်တင်နိုင်မည် မဟုတ်ဟု ဇာပိုင် သိနိုင်မည်နည်း။
ဥပမာကား လက်ထပ်ထားသော မိန်းမတစ်ယောက်သည် ထိုမိန်းမ၏လင် အသက်ရှင်သမျှ ကာလပတ်လုံး ပညတ်တရားအားဖြင့် သူမ၏လင်နှင့် ချိုင်နှောင်ထားလျက်ဟိ၏။ သို့ရာတွင် လင် သီဆုံးလားလျှင်မူကား ထိုမိန်းမသည် လင်နှင့် ချိုင်နှောင်ထားသော ပညတ်တရားမှ လွတ်မြောက်လား၏။