Materialismo
O materialismo é uma armadilha espiritual. A Bíblia alerta que o amor ao dinheiro é raiz de todos os males e nos chama a buscar tesouros no céu, não na terra.
O perigo das riquezas
Que aproveita ao homem ganhar o mundo inteiro e perder a sua alma? O materialismo engana e afasta do que realmente importa.
လူသည် လောကတစ်ခုလုံးကို အစိုးရသော်လည်း မိမိအသက်ဆုံးယှုံးလျှင် ဇာမှာ အကျိုး ဟိပါဖို့သိမ့်လဲ။ မိမိအသက်ကို ဇာအရာနှင့် လှဲနိုင်ပါဖို့လဲ။
လူသည် ဤလောကတစ်ခုလုံးကို အုပ်စိုးရသော်လည်း မိမိ၏အသက်ကို ဆုံးယှုံးလျှင် ဇာချင့် အကျိုးဟိမည်နည်း။
သို့ရာတွင် ချမ်းသာလိုသောသူရို့သည် အပြစ်သွီးဆောင်ခြင်းသို့ လည်းကောင်း၊ ထောင်ချောက်ထဲသို့ လည်းကောင်း၊ လူတိကို ပျက်စီးဆုံးယှုံးစီတတ်သော မိုက်မဲ၍ အန္တရယ်ဟိသည့် တပ်မက်မှုအမျိုးမျိုးထဲသို့ လည်းကောင်း ကျရောက်တတ်၏။
အကြောင်းမူကား ငါရို့သည် လောကထဲသို့ မည်သည့်အရာကိုမျှ ယူဆောင်၍ မလာကတ်၊ ထိုနည်းတူ လောကထဲမှ မည်သည့်အရာကိုမျှလည်း ယူဆောင်၍ မလားနိုင်။ သို့ဖြစ်၍ ငါရို့မှာ အဝတ် အစား ဟိလျှင်ပင် ထိုအရာများနှင့် ရောင့်ရဲသင့်ပေ၏။
အကြောင်းမူကား ငါရို့သည် လောကထဲသို့ မည်သည့်အရာကိုမျှ ယူဆောင်၍ မလာကတ်၊ ထိုနည်းတူ လောကထဲမှ မည်သည့်အရာကိုမျှလည်း ယူဆောင်၍ မလားနိုင်။ သို့ဖြစ်၍ ငါရို့မှာ အဝတ် အစား ဟိလျှင်ပင် ထိုအရာများနှင့် ရောင့်ရဲသင့်ပေ၏။
Tesouros no céu
Ajuntai tesouros no céu, onde traça e ferrugem não consomem. O bom nome vale mais que muitas riquezas, e a sabedoria supera o ouro.
ကောင်းကင်ဘဏ္ဍာ
"သံချီး၊ ပိုးရွ ဖျက်ဆီး၍ ဒါးပြတိ ထွင်းဖောက်ခိုးယူနိုင်သော မြီကြီးထက်မှာ မိမိအတွက် ဘဏ္ဍာကို မစုဆောင်းကတ်ကေ့။ သို့သော်လည်း သံချီး၊ ပိုးရွ မဖျက်ဆီးနိုင်၊ ဒါးပြတိ မထွင်းဖောက်နိုင်သော ကောင်းကင်ဘုံ၌ မိမိအတွက် ဘဏ္ဍာကို စုဆောင်းကတ်။
အကြောင်းမူကား သင်၏စိတ်နှလုံးသည် သင်၏ဘဏ္ဍာဟိသောအရပ်သို့ အစဉ်အမြဲ ရောက်တတ်၏။
ထိုအခါ ယေသျှုက "သင်သည် ပြည့်စုံသောသူတစ်ယောက်ဖြစ်ချင်လျှင် သခင်၏ဥစ္စာဟိသမျှကို ရောင်းချပြီး၊ ဆင်းရဲသားတိကို ပီးလိုက်ပါ။ ထိုသို့ပြုလျှင် သင်သည် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ ပြီးမှ ပြန်လာ၍ ငါ့နောက်သို့ လိုက်လော့" ဟု မိန့်တော်မူ၏။
Contentamento e generosidade
Grande ganho é a piedade com contentamento. A cobiça é idolatria, mas a generosidade traz alegria e bênção.
သို့ရာတွင် ရောင့်ရဲသောစိတ်ဖြင့် ဘုရားဝတ်၌ မွိ့လျော်ခြင်းသည် ကြီးစွာသောအကျိုးကို ဖြစ်စီတတ်၏။
ဤမျက်မှောက်ကာလ၌ လောကီစည်းစိမ် ချမ်းသာကြွယ်ဝသောသူရို့ကို မာန မထောင်လွှားရန် သတိပီးလော့။ စည်းစိမ်ချမ်းသာတည်းဟူသော မတည်မြဲသောအရာ၌ မိမိရို့၏မျှော်လင့်ခြင်းကို မအပ်နှံဘဲ၊ ငါရို့ခံစားဖို့အတွက် အရာခပ်သိမ်းကို ကြွယ်ဝစွာ ပီးတော်မူသော ဘုရားသခင်ကိုသာ မျှော်လင့်ကြရန် သတိပီးလော့။
သင်၏အသက်ရှင်နီထိုင်မှုတွင် ငွီကို တပ်မက်ခြင်းမဟိဘဲ မိမိ၌ ဟိသောအရာနှင့် ရောင့်ရဲခြင်း ဟိလော့။ အကြောင်းမူကား ဘုရားသခင်က "ငါသည် မည်သည့်အခါမျှ သင့်ကို မစွန့်၊ မည်သည့်အခါမျှ သင့်ကို မပစ်ပယ်" ဟု မိန့်တော်မူထားပြီးဖြစ်၏။
လူဟောင်းနှင့် လူသစ်
ထို့ကြောင့် ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပြင်းပြခြင်း၊ မကောင်းမှုကို ပြုလုပ်လိုသောဆန္ဒပြင်းပြခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်း ပုံစံတစ်မျိုးဖြစ်သော လောဘလွန်ကျူးခြင်းများ စသည့် မြီကြီးနှင့်ဆိုင်သော လုပ်ဆောင်ချက်များကို သီဆုံးစီကြလော့။
ထို့နောက် လူတိအား၊ "လောဘလွန်ကြူးခြင်း အမျိုးမျိုးကို သတိနန့် ယှောင်ကြည်ကြလော့။ အကြောင်းမူကား လူ့အသက်သည် ဥစ္စာပစ္စည်းကြွယ်ဝမှု၌ မတည်" ဟု မိန့်တော်မူ၏။
O invisível acima do visível
As coisas que se veem são temporais; as que não se veem são eternas. Devemos fixar os olhos no que é permanente e verdadeiro.
ထို့ကြောင့် ငါရို့သည် မြင်နိုင်သော အရာများကို အာရုံမစိုက်ဘဲ မမြင်နိုင်သော အရာများကို အာရုံစိုက်ကြ၏။ မြင်နိုင်သော အရာများသည် ခဏတစ်ဖြုတ်သာ တည်သော်လည်း မမြင်နိုင်သောအရာမူကား အမြဲထာဝရတည်သတည်း။
မိန်းမရို့သည် တင့်တယ်လျောက်ပတ်စွာ ဝတ်စားဆင်ယင်ခြင်း၊ ဣန္ဒြေစောင့်ခြင်း၊ ယဉ်ကျေးသိမ်မွိ့ခြင်းနှင့် ပြည့်စုံကြစီခြင်းငှာ ငါသည် အလိုဟိ၏။ သို့ရာတွင် ဆံပင်အလှပျင်ခြင်း၊ ရွှီ၊ ပုလဲ သို့မဟုတ် အဖိုးတန်သည့် အဝတ်တန်ဆာများ ဝတ်ဆင်ခြင်းတိကို ပြုလုပ်ခြင်းငှာ မလိုအပ်ပေ။ သို့ရာတွင် မိန်းမရို့သည် ဘုရားဝတ်၌ မွိ့လျော်၍ ကောင်းမြတ်သောအကျင့်ဖြင့် မိမိကိုယ်ကို တန်ဆာဆင်အပ်၏။
ယုံကြည်သူများသည် မိမိရို့ပိုင်ဆိုင်သော ဥစ္စာများကို ဝီမျှကြခြင်း
ယုံကြည်သူရို့၏ အစုအဝေးသည် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြ၍ သူရို့၏ပစ္စည်းဥစ္စာများကို မိမိပိုင်သည်ဟု မပြောဘဲ၊ ဟိသမျှသော ပစ္စည်းဥစ္စာများကို အချင်းချင်း ဝီမျှသုံးဆောင်ကြ၏။