Mediador
Jesus é o único mediador entre Deus e os homens. Ele é o caminho, a verdade e a vida — ninguém vem ao Pai senão por Ele. Sua intercessão é eterna e perfeita.
O único mediador
Há um só Deus e um só mediador entre Deus e os homens — Cristo Jesus. Ele intercede por nós diante do Pai com autoridade eterna.
ဘုရားသခင် တစ်ဆူတည်း ဟိတော်မူ၏၊ ဘုရားသခင်နှင့် လူတိကြားတွင် စိ့စပ်ပီးသောသူတည်းဟူသော လူသားဖြစ်သော ခရစ်တော်ယေသျှု တစ်ပါးတည်းသာ ဟိတော်မူ၏။
ယေသျှုကလည်း၊ "ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။
သို့ရာတွင် ယေသျှုသည် ဘုရားသခင်နှင့် မိမိ၏လူရို့ကြားမှာ ပျင်ဆင်ထားတော်မူသော ပဋိညာဉ်တရားသည် ကတိတော်၌ တည်သောကြောင့် သာ၍ ကောင်းမြတ် သည်ဖြစ်၍ အဂုအခါ ကိုယ်တော့်အား ယဇ်ပုရောဟိတ်တိထက် သာ၍ မြင့်မြတ်သော ယဇ်ပုရောဟိတ်တာဝန်ကို ပီးအပ်ထားတော်မူ၏။
ထို့ကြောင့် ခရစ်တော်သည် အသစ်သောပဋိညာဉ်ကို ပျင်ဆင်တော်မူသော ကြားဝင်စိ့စပ်ပီးသူ ဖြစ်၏။ အကြောင်းမူကား ဘုရားသခင်သည် မိမိခေါ်ထားတော်မူသော သူရို့အား ကတိပီးထားတော်မူသည့် ထာဝရကောင်းကြီးမင်္ဂလာများကို ရကြစီခြင်းငှာ ဖြစ်၏။ ပထမပဋိညာဉ်တရား အောက်၌ ပြစ်မှားမိခသော လူတိကို အပြစ်မှ လွတ်မြောက်ရန် ကိုယ်တော်သည် အသီခံ ပီးတော်မူခ၏။
Intercessão e proteção
Jesus rogou ao Pai que nos guarde do mal. O Espírito intercede por nós com gemidos inexprimíveis, e nada nos separa do amor de Cristo.
အကျွန်သည် သူရို့ကို ဤလောကမှ နုတ်ယူပါစီကြောင်း တောင်းလျှောက်နိန်ခြင်း မဟုတ်ပါ၊ ဒုစရိုက်အပြစ်မှ ကင်းဝီးပါစီကြောင်း အကျွန် ဆုတောင်းပါ၏။
ထို့အပြင် ငါရို့၏စိတ်နှလုံးကို သိမြင်တော်မူသော ဘုရားသခင်သည် ဝိညာဉ်တော်၏သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ သန့်ယှင်းသူရို့အတွက် အသနားခံနိန်ခြင်းဖြစ်၏။
အကြောင်းမူကား၊ သီခြင်းဖြစ်စီ၊ အသက်ရှင်ခြင်းဖြစ်စီ၊ ကောင်းကင်တမန်ဖြစ်စီ၊ အကာသကို အစိုးရသောသူဖြစ်စီ၊ တန်ခိုးသျှင်ဖြစ်စီ၊ မျက်မှောက်အရာဖြစ်စီ၊ နောင်လာလတ္တံ့သောအရာဖြစ်စီ၊ ဤလောက၏အမြင့်ဖြစ်စီ၊ အနိမ့်ဖြစ်စီ၊ ဖန်ဆင်းထားသမျှသောအရာ အားလုံးထဲက မည်သည့်အရာမျှ ငါရို့၏အသျှင် ယေသျှုခရစ်တော်အားဖြင့် ခံရသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါရို့ကို မကွာစီနိုင်ဟု ငါသည် ယုံကြည်စိတ်ချလျက်ဟိ၏။
ခရစ်တော်သည် အပြစ်ကင်းသော်လည်း ဘုရားသခင်သည် ငါရို့အပြစ်အတွက်ကြောင့် ခရစ်တော်အား အပြစ်ဟိသောသူဟု မှတ်တော်မူ၏။ ဤသည်ကား ငါရို့သည် ထိုအသျှင်အားဖြင့် ဘုရားသခင်ရှိ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။