Meditação
A meditação na Palavra de Deus é prática espiritual essencial. Diferente da meditação oriental, a meditação bíblica é reflexão profunda sobre as Escrituras — ruminar a Palavra dia e noite.
Meditar na Palavra dia e noite
Bem-aventurado o homem que medita na lei do Senhor de dia e de noite. Ele é como árvore plantada junto a ribeiros de águas.
မင်္ဂလာအစစ်အမှန်
မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။
ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှာ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ၊ နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည်အကြံထမြောက်၍ အောင်မြင်လိမ့်မည်။
တရားတော်ကိုနှစ်သက်မြတ်နိုးခြင်း
ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက် နေပါ၏။ ပညတ်တရားတော်သည် အကျွန်ုပ်၏ရန်သူတို့ထက်၊ အကျွန်ုပ်ကိုသာ၍ ပညာရှိစေပါ၏။ ပညတ်တရားတော်သည် အကျွန်ုပ်၌ အစဉ်တည်ပါ၏။ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့်၊ အကျွန်ုပ်၏ ဆရာအပေါင်းတို့ထက် သာ၍နားလည်ပါ၏။ ကိုယ်တော်၏ဥပဒေသများကို စောင့်သောကြောင့်၊ အသက်ကြီးသူတို့ထက် သာ၍ ဉာဏ်ကောင်းပါ၏။
ပေးတော်မူသော ဩဝါဒကိုဆင်ခြင်၍ လမ်းခရီးတော်တို့ကို ကြည့်ရှုပါ၏။ အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ။
အကျွန်ုပ်သည် နှစ်သက်သောပညတ်တော်တို့၌ မွေ့လျော်ပါမည်။ နှစ်သက်သော ပညတ်တော်တို့အားလက်တို့ကိုချီ၍၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။
မိုးမလင်းမီ အကျွန်ုပ် အော်ဟစ်တတ်ပါ၏။ နှုတ်ကပတ်တော်ကို မျှော်လင့်လျက်နေပါ၏။ ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသောငှာ၊ ညဉ့်ယံမလွန်မီ အကျွန်ုပ်နိုးတတ်ပါ၏။
Frutos da meditação
A meditação produz entendimento, alegria e adoração. Quem medita na Palavra encontra direção, paz e renovação espiritual.
အကျွန်ုပ်ပြောသောစကားနှင့် စိတ်နှလုံး၏အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေသော။ အိုထာဝရဘုရား အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်ကိုရွေးနုတ်တော်မူသောဘုရား။
ငါ့နှုတ်သည် ပညာကိုမြွက်ဆိုမည်။ ငါ့နှလုံးသည် ဉာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည်။
ထာဝရဘုရား၏အမှုတော်တို့ကို အောက်မေ့ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုဖူးသော အံ့ဩဖွယ်တို့ကို အောက်မေ့ပါမည်။ ပြုတော်မူသမျှတို့ကိုဆင်ခြင်၍ စီရင်တော်မူသော အရာတို့ကို မြွက်ဆိုပါမည်။
ရှေးလွန်လေပြီးသော ကာလကိုအောက်မေ့၍၊ အလုံးစုံသောအမှုတော်တို့ကိုလည်းကောင်း၊ လက်တော်နှင့်ပြုပြင်သော အရာများကိုလည်းကောင်း ဆင်ခြင်ပါ၏။
အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ဗိမာန်တော်ထဲမှာ ကရုဏာတော်ကို အောက်မေ့ကြပါ၏။
ငါသည် အသက်ရှင်စဉ်၊ ထာဝရဘုရားကိုသီချင်းဆိုမည်။ ငါဖြစ်သည် ကာလပတ်လုံး၊ ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။ ငါဥဒါန်းကျူးခြင်းအသံသည် နှစ်သက်တော်မူဖွယ်ဖြစ်၍၊ ထာဝရဘုရား၌ ငါရွှင်လန်းလိမ့်မည်။