Pular para o conteúdo
Publicidade

Milagres de Jesus

Por Bíblia Online  - 

As páginas dos Evangelhos mostram que Jesus caminhou entre dores reais, ouvindo pedidos diretos por socorro e respondendo com poder e compaixão profunda. Cada gesto de cura e cada transformação realizada por ele revelavam quem ele de fato era, trazendo esperança palpável para quem vivia à margem da sociedade daquela época.

Esses relatos mostram que nenhuma situação era distante demais do alcance de Deus. Ao ler estas passagens, você recorda que o mesmo poder que restaurou a visão de cegos e devolveu a audição aos surdos continua agindo hoje, inclinado para ouvir a sua voz e atento às suas necessidades cotidianas.

Os Evangelhos registram dezenas de milagres realizados por Jesus — curas, ressurreições, domínio sobre a natureza e libertações. Cada milagre revelava sua divindade e compaixão.

Curas de cegos e surdos

Jesus devolveu a visão aos cegos e a audição aos surdos, manifestando seu poder sobre toda enfermidade e deficiência.

ထို​အ​ရပ်​မှ ယေ​ရှု​သည် ကြွ​တော်​မူ​စဉ်၊ မျက်​စိ​ကန်း​သော​သူ နှစ်​ယောက်​တို့​သည် နောက်​တော်​သို့ လိုက်၍ ဒါ​ဝိဒ်၏​သား​တော်၊ ကျွန်​တော်​တို့​ကို သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​ကြ၏။- အိမ်​သို့ ဝင်​တော်​မူ​လျှင်၊ မျက်​စိ​ကန်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။ ကိုယ်​တော်​က​လည်း၊ ဤ​အ​မှု​ကို ငါ​တတ်​နိုင်​သည်​ကို ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယုံ​ပါ၏​သ​ခင်​ဟု လျှောက်​ကြ၏။- ထို​အ​ခါ သူ​တို့၏​မျက်​စိ​ကို တို့​တော်​မူ၍၊ သင်​တို့ ယုံ​ခြင်း​ရှိ​သည်​အ​တိုင်း သင်​တို့၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ​လျှင်၊- သူ​တို့​သည် မျက်​စိ​ပွင့်​လင်း​လေ၏။ ယေ​ရှု​က​လည်း၊ အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့​ဟု မြစ်​တား​တော်​မူ၏။- သို့​သော်​လည်း ထို​သူ​တို့​သည်​သွား၍ သ​တင်း​တော်​ကို တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​စေ၏။-(ရှင်မဿဲ 9:27-31)

ယေ​ရိ​ခေါ​မြို့​မှ ထွက်​သွား​ကြ​စဉ်​တွင် လူ​များ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။- ယေ​ရှု​သည် ကြွ​သွား​တော်​မူ​ကြောင်း​ကို လမ်း​နား​မှာ​ထိုင်​နေ​သော လူ​ကန်း​နှစ်​ယောက်​တို့​သည် ကြား​ရ​လျှင် ဒါ​ဝိဒ်၏​သား​တော်​အ​ရှင်၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။ ထို​သူ​တို့​ကို တိတ်​ဆိတ်​စွာ​နေ​စေ​ခြင်း​ငှာ လူ​အ​စု​အ​ဝေး​တို့​သည် ငေါက်၍ ဆို​ကြ​သော်​လည်း၊ ဒါ​ဝိဒ်၏ သား​တော်​အ​ရှင်၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု သာ၍ ဟစ်​ကြော်​ကြ၏။- ယေ​ရှု​သည်​လည်း ရပ်​တော်​မူ​လျက် ထို​သူ​တို့​ကို​ခေါ်၍ သင်​တို့၌ အ​ဘယ်​သို့ ပြု​စေ​လို​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- သ​ခင်၊ အ​ကျွန်ုပ်​တို့ မျက်​စိ​ကို ပွင့်​လင်း​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​ဟု လျှောက်​ကြ​သော်၊- ယေ​ရှု​သည် သ​နား​ခြင်း​စိတ်​တော်​ရှိ၍ သူ​တို့​မျက်​စိ​ကို လက်​နှင့် တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် ထို​သူ​တို့​သည် မျက်​စိ​မြင်၍ နောက်​တော်​သို့ လိုက်​ကြ၏။(ရှင်မဿဲ 20:29-34)

ဗက်​ဇဲ​ဒ​မြို့​သို့ ရောက်​တော်​မူ​လျှင်၊ လူ​ကန်း​တစ်​ယောက်​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့၍၊ ထို​သူ​ကို တို့​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။- ကိုယ်​တော်​သည် လူ​ကန်း​ကို​လက်​ဆွဲ၍ မြို့​ပြင်​သို့ ထွက်​ပြီး​မှ၊ သူ၏​မျက်​စိ​ကို တံ​တွေး​နှင့်​ထွေး၍ သူ့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​လျက်၊ သင်​သည် တစ်​စုံ​တစ်​ခု​ကို မြင်​သ​လော​ဟု မေး​တော်​မူ၏။- ထို​သူ​သည် ကြည့်​မျှော်​လျှင်၊ လူ​တို့​သည် သစ်​ပင်​ကဲ့​သို့​ဖြစ်၍ လှမ်း​သွား​သည်​ကို အ​ကျွန်ုပ် မြင်​ပါ​သည်​ဟု လျှောက်၏။- နောက်​တစ်​ဖန် သူ၏​မျက်​စိ​ပေါ်​မှာ လက်​တော်​ကို​တင်၍ ကြည့်​မျှော်​စေ​တော်​မူ​လျှင်၊ သူ​သည် ပ​က​တိ​အ​ဖြစ်​သို့ ရောက်၍ အ​လုံး​စုံ​တို့​ကို ရှင်း​လင်း​စွာ​မြင်​လေ၏။- ကိုယ်​တော်​က​လည်း၊ မြို့​ထဲ​သို့​မ​ဝင်​နှင့်။ မြို့၌ အ​ဘယ်​သူ​ကို​မျှ မ​ပြော​နှင့်​ဟု မိန့်​တော်​မူ၍ သူ့​ကို မိ​မိ​နေ​ရာ​သို့ လွှတ်​လိုက်​လေ၏။

(မ၊ ၁၆:၁၃-၂၀။ လု၊ ၉:၁၈-၂၁)(ရှင်မာကု 8:22-26)

တစ်​ဖန် ကိုယ်​တော်​သည် တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​မှ​ထွက်၍ ဒေ​ကာ​ပေါ​လိ​ပြည်​နယ်​ကို လျှောက်​သွား​သ​ဖြင့်၊ ဂါ​လိ​လဲ​အိုင်​သို့ ရောက်​တော်​မူ၏။- ထို​အ​ခါ နား​ပင်း၍ စ​ကား​အ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊ သူ့​အ​ပေါ်​မှာ လက်​တော်​ကို တင်​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။- ကိုယ်​တော်​သည် ထို​သူ​ကို လူ​အ​စု​အ​ဝေး​ထဲ​က​ခေါ်၍၊ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ပြီး​လျှင်၊ လက်​ညှိုး​တော်​ကို သူ၏​နား​ပေါက်၌ သွင်း​တော်​မူ၏။ တံ​တွေး​နှင့် ထွေး၍ သူ၏​လျှာ​ကို​လည်း တို့​တော်​မူ၏။- ထို​နောက် ကောင်း​ကင်​သို့ ကြည့်​မျှော်၍ ညည်း​တွား​သံ​ကို​ပြု​လျက်၊ ဧ​ဖ​သ​ဟု မိန့်​တော်​မူ၏။ အ​နက်​ကား၊ ပွင့်​စေ​ဟု ဆို​လို​သ​တည်း။- ထို​ခ​ဏ​ချင်း​တွင် သူ​သည် နား​ပွင့်​ခြင်း၊ လျှာ​ကြော​လွတ်​ခြင်း​ရှိ​သ​ဖြင့် စ​ကား​ပြီ​ပြီ​ပြော​နိုင်၏။- ထို​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စေ​ခြင်း​ငှာ သူ​တို့​ကို ပ​ညတ်​တော်​မူ၏။ ပ​ညတ်​တော်​မူ​သော်​လည်း သူ​တို့​သည် သာ၍ အ​လွန်​သ​တင်း ကြား​ပြော​ကြ၏။- အ​တိုင်း​ထက်​အ​လွန် မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ သူ​သည် အ​လုံး​စုံ​တို့​ကို လျောက်​ပတ်​စွာ ပြု​တော်​မူ​ပြီ။ နား​ပင်း​သော​သူ​တို့​ကို ကြားစေတော်မူပြီ။ အသောသူတို့ကို စ​ကား​ပြော​စေ​တော်​မူ​ပြီ​ဟု ဆို​ကြ၏။(ရှင်မာကု 7:31-37)

ယေ​ရိ​ခေါ​မြို့​သို့ ရောက်​ကြ​လျှင်၊ တ​ပည့်​တော်​တို့​မှ​စ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ထို​မြို့​မှ ထွက်​ကြွ​တော်​မူ​စဉ်​တွင်၊ တိ​မဲ၏​သား ဗာ​တိ​မဲ​အ​မည်​ရှိ​သော လူ​ကန်း​သည် လမ်း​နား​မှာ​ထိုင်၍ တောင်း​စား​လေ၏။- နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ရှိ​ကြောင်း​ကို ကြား​ရ​လျှင်၊ ဒါ​ဝိဒ်၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။- ထို​သူ​ကို တိတ်​ဆိတ်​စွာ​နေ​စေ​ခြင်း​ငှာ လူ​အ​များ​တို့​သည် ငေါက်၍​ဆို​ကြ​သော်​လည်း၊ ဒါ​ဝိဒ်၏​သား​တော်၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု သာ၍ ဟစ်​ကြော်​လေ​သော်၊- ယေ​ရှု​သည် ရပ်​တော်​မူ​လျက်၊ ထို​သူ​ကို​ခေါ်​ခဲ့​ဟု အ​မိန့်​တော်​ရှိ၏။ သူ​တစ်​ပါး​တို့​သည် လူ​ကန်း​ကို​ခေါ်၍ မ​စိုး​ရိမ်​နှင့်၊ ထ​လော့။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု ဆို​ကြ၏။- ထို​သူ​သည် မိ​မိ​အ​ဝတ်​ကို ပစ်​ချ​ထား​ပြီး​လျှင်၊ ထ၍ ယေ​ရှု​ထံ​တော်​သို့​သွား၏။- ယေ​ရှု​က​လည်း၊ သင်၌ အ​ဘယ်​သို့ ပြု​စေ​လို​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- အ​ရှင်​ဘု​ရား အ​ကျွန်ုပ်​မျက်​စိ​မြင်​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​ဟု လူ​ကန်း​လျှောက်​လေ​သော်၊ ယေ​ရှု​က၊ သွား​လော့။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​မ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် ထို​သူ​သည် မျက်​စိ​မြင်၍ လမ်း၌​နောက်​တော်​သို့ လိုက်​လေ၏။(ရှင်မာကု 10:46-52)

ယေ​ရိ​ခေါ​မြို့​အ​နီး၌ ရှိ​တော်​မူ​စဉ်​တွင်၊ လူ​ကန်း​တစ်​ယောက်​သည် လမ်း​နား​မှာ​ထိုင်၍ တောင်း​စား​လေ၏။- ထို​လူ​ကန်း​သည် လမ်း၌ လူ​များ​သွား​သံ​ကို ကြား​လျှင် အ​ဘယ်​သို့ ဖြစ်​သ​နည်း​ဟု​မေး၏။- နာ​ဇ​ရက်​မြို့​သား​ယေ​ရှု ကြွ​သွား​ကြောင်း​ကို သူ​တစ်​ပါး​ပြော​လျှင်၊- ဒါ​ဝိဒ်၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။- ထို​သူ​ကို တိတ်​ဆိတ်​စွာ​နေ​စေ​ခြင်း​ငှာ ရှေ့​တော်၌ သွား​သော​သူ​တို့​သည် ငေါက်၍ ဆို​ကြ​သော်​လည်း၊ ဒါ​ဝိဒ်၏​သား​တော်၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု သာ၍ ဟစ်​ကြော်​ကြ​လေ၏။- ယေ​ရှု​သည်​လည်း ရပ်​တော်​မူ​လျက်၊ ထို​သူ​ကို ခေါ်​ခဲ့​ဟု အ​မိန့်​တော်​ရှိ၏။ လူ​ကန်း​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ပြီး​မှ၊ သင်၌ အ​ဘယ်​သို့ ပြု​စေ​လို​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- သ​ခင်၊ အ​ကျွန်ုပ်​မျက်​စိ​မြင်​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​ဟု လျှောက်​လေ​သော်၊- ယေ​ရှု​က၊ မျက်​စိ​မြင်​စေ။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို ကယ်​မ​ပြီ​ဟု မိန့်​တော်​မူ၏။- ထို​ခ​ဏ​ချင်း​တွင် ထို​သူ​သည် မျက်​စိ​မြင်၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​လျက် နောက်​တော်​သို့ လိုက်​လေ၏။ လူ​အ​ပေါင်း​တို့​သည် မြင်​လျှင် ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​ကြ၏။(ရှင်လုကာ 18:35-43)

လမ်း၌​သွား​တော်​မူ​စဉ်၊ အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သော​သူ​တစ်​ယောက်​ကို တွေ့​မြင်​သော်​မူ၏။- တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ ဤ​သူ​သည် အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် မျက်​စိ​ကန်း​သ​နည်း။ ကိုယ်​အ​ပြစ်​ကြောင့် ကန်း​သ​လော။ မိ​ဘ​အ​ပြစ်​ကြောင့် ကန်း​သ​လော​ဟု မေး​လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ ကိုယ်​အ​ပြစ်​ကြောင့်​မ​ဟုတ်။ မိ​ဘ​အ​ပြစ်​ကြောင့်​လည်း မ​ဟုတ်။ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို သူ၌​ထင်​ရှား​စေ​မည်​အ​ကြောင်း​တည်း။- ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏​အ​မှု​ကို နေ့​အ​ချိန်၌​ရှိ​စဉ်​တွင် ငါ​ပြု​ရ​မည်။ အ​ဘယ်​သူ​မျှ အ​မှု​မ​ပြု​နိုင်​သော အ​ချိန်​တည်း​ဟူ​သော ည​အ​ချိန်​လာ​သေး၏။- ငါ​သည် ဤ​လော​က၌ ရှိ​စဉ်​တွင် ဤ​လော​က၏​အ​လင်း​ဖြစ်၏​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-မြေ​ပေါ်​မှာ ထွေး၍ တံ​တွေး​နှင့်​ရွှံ့​လုပ်​ပြီး​မှ၊ ကန်း​သော​သူ၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး၍၊- သင်​သွား​လော့။ ရှိ​လောင်​ရေ​ကန်၌ မျက်​စိ​ကို​ဆေး​လော့​ဟု မိန့်​တော်​မူ၏။ ရှိ​လောင်​အ​နက်​ကား စေ​လွှတ်​သည်​ဟု ဆို​လို​သ​တည်း။ ထို​သူ​သည် သွား၍​ဆေး​ပြီး​မှ၊ မျက်​စိ​မြင်​လျက်​ပြန်​လေ၏။(ရှင်ယောဟန် 9:1-7)

Curas de paralíticos e enfermos

Paralíticos caminharam, leprosos ficaram limpos e todo tipo de doença foi curada pelo toque e pela palavra de Jesus.

ထို​အ​ခါ နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် ညွှတ်​ပျပ်​လျက်၊ သ​ခင်​အ​လို​တော်​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်၍ သန့်​ရှင်း​ခြင်း​သို့​ရောက်​လေ၏။- ယေ​ရှု​က​လည်း သင်​သ​တိ​ပြု။ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။-

(​လု၊ ၇:၁-၁၀။)(ရှင်မဿဲ 8:2-4)

လက်​ခြေ​သေ၍ အိပ်​ရာ​ပေါ်​မှာ တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။- ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က၊ ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သည်​ဟု ထင်​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့၏​စိတ်​ကို သိ​မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် အ​ဘယ်​ကြောင့် ငြူ​စူ​သော​စိတ် ရှိ​ကြ​သ​နည်း။- အ​ဘယ်​စ​ကား​ကို သာ၍ ပြော​လွယ်​သ​နည်း။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု ပြော​လွယ်​သ​လော။ သင်​ထ၍ လှမ်း​သွား​လော့​ဟု ပြော​လွယ်​သ​လော။- လူ​သား​သည် မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။ ကိုယ်​အိပ်​ရာ​ကို ဆောင်၍ ကိုယ်​အိမ်​သို့ သွား​လော့​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။- ထို​သူ​သည်​လည်း ထ၍ မိ​မိ​အိမ်​သို့ သွား​လေ၏။-(ရှင်မဿဲ 9:2-7)

လူ​အ​ချို့​တို့​က၊ ဥ​ပုသ်​နေ့၌ ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ မေး​လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ မိ​မိ၌ သိုး​တစ်​ကောင်​တည်း​ရှိ၍ ထို​သိုး​သည် ဥ​ပုသ်​နေ့၌ တွင်း​ထဲ​သို့​ကျ​လျှင်၊ မ​ဆွဲ​မ​တင်​ဘဲ နေ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​တွင် ရှိ​သ​လော။-လူ​သည် သိုး​ထက် အ​လွန်​မြတ်​ပေ၏။ ထို​ကြောင့်​ဥ​ပုသ်​နေ့၌ ကျေး​ဇူး​ပြု​အပ်​သည်​ဟု ပြန်​ပြော​တော်​မူ​ပြီး​မှ၊- ထို​သူ​အား၊ သင်၏​လက်​ကို ဆန့်​လော့​ဟု မိန့်​တော်​မူ၍၊ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင် ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-(ရှင်မဿဲ 12:10-13)

ရှိ​မုန်၏​ယော​က္ခ​မ​သည် ဖျား​နာ​စွဲ၍ တုံး​လုံး​နေ​သည်​အ​ကြောင်း​ကို အ​လျင်​အ​မြန် လျှောက်​ကြ၏။- ကိုယ်​တော်​သည်​လာ၍ ထို​မိန်း​မ၏​လက်​ကို ကိုင်​လျက် ချီ​ကြွ​တော်​မူ​သည် ခ​ဏ​ချင်း​တွင် သူ​သည် အ​ဖျား​ပျောက်၍ ဧည့်​သည်​ဝတ်​ကို ပြု​လေ၏။(ရှင်မာကု 1:30,31)

နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ၍ ဒူး​ထောက်​လျက်၊ ကိုယ်​တော်​အ​လို​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု တောင်း​ပန်​လေ၏။- ယေ​ရှု​သည် သ​နား​သော​စိတ်​ရှိ​သ​ဖြင့် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို​တို့​လျက်၊ ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ၏။- ထို​သို့ မိန့်​တော်​မူ​သည် ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်၍ သန့်​ရှင်း​ခြင်း​သို့ ရောက်​လေ၏။-(ရှင်မာကု 1:40-42)

ထို​အ​ခါ လက်​ခြေ​သေ​သော​သူ​တစ်​ယောက်​ကို လူ​လေး​ယောက်​တို့​သည် ထမ်း၍ အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။- လူ​စု​ဝေး​လျက်​ရှိ​သော​ကြောင့် ကိုယ်​တော်​ရင်း​သို့ မ​ချဉ်း​ကပ်​နိုင်​သ​ဖြင့်၊ ကိုယ်​တော်​ရှိ​ရာ​အ​ပေါ်​မှာ အ​မိုး​ကို ဖောက်​ထွင်း​ပြီး​မှ လူ​နာ​နှင့်​တ​ကွ အိပ်​ရာ​ခု​တင်​ကို လျှော့​ချ​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို မြင်​လျှင်၊ လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။- ထို​အ​ရပ်၌​ထိုင်​သော ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က၊- ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ အ​ဘယ်​ကြောင့် ဤ​သို့​ပြော​ရ​သ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​သည် အ​ပြစ်​ကို လွှတ်​နိုင်​သ​နည်း​ဟု စိတ်​ထဲ​မှာ ထင်​မှတ်​ကြ၏။- သူ​တို့​စိတ်​ထဲ​မှာ ထို​သို့ ထင်​မှတ်​ခြင်း​ရှိ​သည်​ကို ယေ​ရှု​သည် မိ​မိ​ဉာဏ်​အား​ဖြင့် ချက်​ချင်း​သိ​တော်​မူ​လျှင်၊ သင်​တို့ စိတ်​ထဲ​မှာ အ​ဘယ်​ကြောင့် ဤ​သို့ ထင်​မှတ်​ကြ​သ​နည်း။- လက်​ခြေ​သေ​သော​သူ​အား အ​ဘယ်​စ​ကား​ကို သာ၍ ပြော​လွယ်​သ​နည်း။ သင်၏​အ​ပြစ်​ကို​လွတ်​စေ​ပြီ​ဟု ပြော​လွယ်​သ​လော။ သင်​ထ​လော့။ ကိုယ်​အိပ်​ရာ​ကို​ဆောင်၍ လှမ်း​သွား​လော့​ဟု ပြော​လွယ်​သ​လော။- လူ​သား​သည် မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။- ကိုယ်​အိပ်​ရာ​ကို ဆောင်၍ ကိုယ်​အိမ်​သို့​သွား​လော့​ဟု သင့်​အား ငါ​ဆို​သည်​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။- ထို​သူ​သည်​လည်း ချက်​ချင်း​ထ၍ အိပ်​ရာ​ကို​ဆောင်​လျက် လူ​အ​ပေါင်း​တို့​ရှေ့​မှာ ထွက်​သွား၏။ ထို​လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ ဤ​ကဲ့​သို့ တစ်​ခါ​မျှ​မ​မြင်​စ​ဖူး​ဟု ပြော​ဆို၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။

(မ၊ ၉:၉-၁၃။ လု၊ ၅:၂၇-၃၂)(ရှင်မာကု 2:3-12)

တ​ရား​ဇ​ရပ်​သို့ တစ်​ဖန် ဝင်​တော်​မူ၍၊ ထို​ဇ​ရပ်၌ လက်​တစ်​ဖက်​သေ​သော​သူ တစ်​ယောက်​ရှိ၏။- ဥ​ပုသ်​နေ့၌ သူ၏​ရော​ဂါ​ကို​ငြိမ်း​စေ​မည် မ​ငြိမ်း​စေ​မည်​ကို ထို​သူ​တို့​သည် ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ ချောင်း​ကြည့်​ကြ၏။- ကိုယ်​တော်​က​လည်း၊ အ​လယ်၌ မတ်​တတ်​နေ​လော့​ဟု လက်​တစ်​ဖက်​သေ​သော​သူ​အား မိန့်​တော်​မူ​ပြီး​မှ၊- ဥ​ပုသ်​နေ့၌ ကျေး​ဇူး​ပြု​အပ်​သ​လော၊ သူ့​အ​ကျိုး​ကို ဖျက်​ဆီး​အပ်​သ​လော၊ အ​သက်​ကို ကယ်​အပ်​သ​လော၊ သတ်​အပ်​သ​လော​ဟု ပ​ရိ​သတ်​တို့​အား မေး​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ၏။- ထို​အ​ခါ အ​မျက်​တော်​နှင့် သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍ သူ​တို့​စိတ်​နှ​လုံး မိုက်​သော​ကြောင့် ဝမ်း​နည်း​တော်​မူ​ခြင်း​ရှိ​လျက်၊ သင်၏​လက်​ကို​ဆန့်​လော့​ဟု ထို​သူ​အား မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-(ရှင်မာကု 3:1-5)

ကိုယ်​တော်​သည် မြို့​တစ်​မြို့၌​ရှိ​တော်​မူ​စဉ်၊ တစ်​ကိုယ်​လုံး​နူ​နာ​စွဲ​သော သူ​တစ်​ယောက်​သည် ကိုယ်​တော်​ကို မြင်​လျှင် ပျပ်​ဝပ်၍၊ သ​ခင်၊ အ​လို​တော်​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု တောင်း​ပန်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက်၊ လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်​လေ၏။-(ရှင်လုကာ 5:12,13)

ထို​အ​ခါ လက်​ခြေ​သေ​သော​သူ​တစ်​ယောက်​ကို အိပ်​ရာ​နှင့်​တ​ကွ အ​ထံ​တော်သို့​ဆောင်​ခဲ့၍၊ ရှေ့​တော်​၌ သွင်း​ထား​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။- လူ​စု​ဝေး​လျက်​ရှိ​သော​ကြောင့် ဝင်​စ​ရာ​လမ်း​ကို မ​တွေ့​သ​ဖြင့်၊ အိမ်​မိုး​ပေါ်​သို့​တက်၍ အုတ်​မိုး​ကို ဖောက်​ပြီး​မှ လူ​နာ​ကို အိပ်​ရာနှင့်​တ​ကွ လူ​များ​အ​လည် ယေ​ရှု၏​ရှေ့​တော်​သို့ လျှော့​ချ​ကြ၏။- ကိုယ်​တော်​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင်၊ လူ​နာ​အား၊ အ​ချင်း​လူ၊ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။- ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က၊ ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သော​ဤ​သူ​ကား အ​ဘယ်​သူ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​သည် အ​ပြစ်​ကို လွှတ်​နိုင်​သ​နည်း​ဟု ထင်​မှတ်​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့၏ ထင်​မှတ်​ခြင်း​ကို​သိ​တော်​မူ​လျှင်၊ သင်​တို့​စိတ်​ထဲ​မှာ အ​ဘယ်​ကြောင့် ထင်​မှတ်​ကြ​သ​နည်း။- အ​ဘယ်​စ​ကား​ကို​သာ၍ ပြော​လွယ်​သ​နည်း။ သင်၏​အ​ပြစ်​ကို​လွတ်​စေ​ပြီ​ဟု ပြော​လွယ်​သ​လော။ သင်​ထ၍ လှမ်း​သွား​လော့​ဟု ပြော​လွယ်​သ​လော။- လူ​သား​သည်​မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။ ကိုယ်​အိပ်​ရာကို ဆောင်၍ ကိုယ်​အိမ်​သို့​သွား​လော။ သင့်​အား ငါ​ဆို​သည်​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။- ထို​သူ​သည်​လည်း လူ​အ​များ​ရှေ့​မှာ ချက်​ချင်း​ထ၍ အိပ်​ရာကို​ဆောင်​လျက်၊ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက် မိ​မိ​အိမ်​သို့​သွား​လေ၏။-(ရှင်လုကာ 5:18-25)

အ​ခြား​သော​ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​သည်​တွင်၊ ထို​ဇ​ရပ်၌ လက်​ယာ​လက်​သေ​သော​သူ တစ်​ယောက်​ရှိ၏။- ဥ​ပုသ်​နေ့၌ သူ၏​ရော​ဂါ​ကို ငြိမ်း​စေ​မည် မ​ငြိမ်း​စေ​မည်​ကို ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ ချောင်း​ကြည့်​ကြ၏။- ကိုယ်​တော်​သည် သူ​တို့​အ​ကြံ​အ​စည်​ကို​သိ​လျှင်၊ လက်​သေ​သော​သူ​အား၊ ထ​လော့။ အ​လယ်၌ မတ်​တတ်​နေ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း ထို​သူ​သည်​ထ၍ မတ်​တတ်​နေ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​ကို ငါ​မေး​မည်။ ဥ​ပုသ်​နေ့၌ အ​ဘယ်​သို့​ပြု​အပ်​သ​နည်း။ ကျေး​ဇူး​ပြု​အပ်​သ​လော။ သူ့​အ​ကျိုး​ကို ဖျက်​ဆီး​အပ်​သ​လော။ အ​သက်​ကို ကယ်​အပ်​သ​လော၊ သတ်​အပ်​သ​လော​ဟု ပ​ရိသတ်​တို့​အား မေး​တော်​မူ​ပြီး​လျှင်၊- ထို​သူ​အ​ပေါင်း​တို့​ကို ပတ်​လည်​ကြည့်​ရှု​လျက်၊ သင်၏​လက်​ကို ဆန့်​လော့​ဟု ထို​သူ​အား​မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-(ရှင်လုကာ 6:6-10)

ထို​ဒေ​သ​နာ​တော်​ကို ယေ​ရှု​သည် ပ​ရိသတ်​တို့​အား အ​ကုန်​အ​စင် ဟော​တော်​မူ​ပြီး​မှ က​ပေ​ရ​နောင်​မြို့​သို့ ကြွ​ဝင်​တော်​မူ၏။- ထို​မြို့၌ တပ်​မှူး၏​ကျွန်​တစ်​ယောက်​သည် နာ၍ သေ​ခါ​နီး​ရှိ၏။ သူ၏​သ​ခင်​သည် သူ့​ကို​ချစ်၍၊- ယေ​ရှု၏ သ​တင်း​တော်​ကို​ကြား​လျှင်၊ ယု​ဒ​အ​မျိုး အ​ကြီး​အ​ကဲ​တို့​ကို​အ​ထံ​တော်​သို့ စေ​လွှတ်​သ​ဖြ​င့်၊ ကိုယ်​တော်​သည်​ကြွ၍ ထို​ကျွန်​ကို ချမ်း​သာ​ပေး​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။- ထို​သူ​တို့​သည် ယေ​ရှု​ထံ​တော်​သို့​ရောက်​လျှင်၊ ကျေး​ဇူး​တော်​ကို ခံ​မည့်​သူ​သည် ခံ​ထိုက်​သော​သူ​ဖြစ်​ပါ၏။- သူ​သည် အ​ကျွန်ုပ်​တို့​အ​မျိုး​ကို နှစ်​သက်၍ အ​ကျွန်ုပ်​တို့​အ​ဖို့ တ​ရား​ဇ​ရပ်​ကို ဆောက်​ပါ​ပြီ​ဟူ၍ ကျပ်​ကျပ်​တောင်း​ပန်​ကြ၏။- ယေ​ရှု​သည် သူ​တို့​နှင့်​အ​တူ ကြွ​တော်​မူ၏။ တပ်​မှူး​အိမ်​နှင့် မ​နီး​မ​ဝေး​ရောက်​တော်​မူ​သော​အ​ခါ၊ တပ်​မှူး​သည် မိ​မိ​အ​ဆွေ​တို့​ကို စေ​လွှတ်၍၊ သ​ခင်၊ ကိုယ်​ကို ပင်​ပန်း​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်၏ အိမ်​မိုး​အောက်​သို့ ကြွ​ဝင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​မ​ခံ​ထိုက်​ပါ။- ထို​အ​တူ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ ရောက်​ထိုက်​သော​သူ မ​ဟုတ်​သည်​ကို အ​ကျွန်ုပ်​ထင်​ပါ​ပြီ။ အ​မိန့်​တော်​တစ်​ခွန်း​ရှိ​လျှင် အ​ကျွန်ုပ်၏​ငယ်​သား​သည် ချမ်း​သာ​ရ​ပါ​လိမ့်​မည်။- ဥ​ပ​မာ​ကား၊ အ​ကျွန်ုပ်​သည် မင်း​အောက်၌ ကျွန်​ခံ​သော​သူ​ဖြစ်​သော်​လည်း စစ်​သူ​ရဲ​များ​ကို​အုပ်​စိုး၍ တစ်​ဦး​ကို​သွား​ချေ​ဟု ဆို​လျှင် သွား​ပါ၏။ တစ်​ဦး​ကို​လာ​ခဲ့​ဟု ခေါ်​လျှင် လာ​ပါ၏။ ကျွန်​ကို​လည်း ဤ​အ​မှု​ကို​လုပ်​တော့​ဟု ဆို​လျှင် လုပ်​ပါ၏​ဟု တပ်​မှူး​လျှောက်​စေ၏။- ထို​စ​ကား​ကို ယေ​ရှု​သည်​ကြား​တော်​မူ​လျှင် အံ့​ဩ​ခြင်း​ရှိ၍ နောက်​တော်​သို့​လိုက်​သော​သူ​များ​ကို လှည့်​ကြည့်​လျက်၊ ငါ​ဆို​သည်​ကား၊ ဤ​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး၌​ပင် ငါ​မ​တွေ့​ဖူး​သေး​ဟု မိန့်​တော်​မူ၏။- တပ်​မှူး​စေ​လွှတ်​သော သူ​တို့​သည် အိမ်​သို့ ပြန်​ရောက်​လျှင်၊ အ​နာ​ရာ​ဂါ​စွဲ​သော ကျွန်​သည် ကျန်း​မာ​လျက်​ရှိ​သည်​ကို တွေ့​ကြ၏။(ရှင်လုကာ 7:1-10)

တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး နတ်​စွဲ၍ ရော​ဂါ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သော မိန်း​မ​တစ်​ယောက်​ရှိ၏။ ထို​မိန်း​မ​သည် ကျော​ကုန်း၍ ကိုယ်​ကို အ​လျှင်း​မ​ဆန့်​နိုင်။- ယေ​ရှု​သည် ထို​မိန်း​မ​ကို မြင်​တော်​မူ​လျှင် အ​ထံ​တော်​သို့​ခေါ်၍၊ အ​ချင်း​မိန်း​မ၊ သင်​သည် အ​နာ​ရော​ဂါ​နှင့် လွတ်၏​ဟု မိန့်​တော်​မူ​လျက်၊- သူ့​အ​ပေါ်​မှာ​လက်​တော်​ကို တင်​တော်​မူ​သ​ဖြင့်၊ သူ​သည် ချက်​ချင်း တည့်​မတ်​ခြင်း​သို့​ရောက်၍ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။-(ရှင်လုကာ 13:11-13)

တစ်​နေ့​သော​ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် အ​စာ​ကို​သုံး​ဆောင်​ခြင်း​ငှာ အ​ရာ​ရှိ​ဖြစ်​သော ဖာ​ရိ​ရှဲ​တစ်​ယောက်၏​အိမ်​သို့ ဝင်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ချောင်း​ကြည့်​ကြ၏။- ရေ​ဖျဉ်း​နာ​စွဲ​သော သူ​တစ်​ယောက်​သည် ရှေ့​တော်၌​ရှိ၏။- ဥ​ပုသ်​နေ့၌ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ဖာ​ရိ​ရှဲ​နှင့် ကျမ်း​တတ်​တို့​ကို မေး​တော်​မူ​စေ​ပြီး​မှ၊- သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ၏။ ယေ​ရှု​သည် ထို​သူ​ကို​ယူ၍ အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​စေ​ပြီး​မှ၊ လွှတ်​လိုက်​တော်​မူ၏။-(ရှင်လုကာ 14:1-4)

ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ​စဉ်၊ ရှ​မာ​ရိ​ပြည်​နှင့် ဂါ​လိ​လဲ​ပြည်​စပ်​ကြား၌ လျှောက်​သွား​တော်​မူ၏။- ရွာ​တစ်​ရွာ​သို့ ဝင်​တော်​မူ​သည်​တွင်၊ နူ​နာ​စွဲ​သော​သူ​တစ်​ကျိပ်​တို့​သည် ခ​ရီး​ဦး​ကြို​ပြု၍ အ​ဝေး​က​ရပ်​လျက်၊- သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​ကြ၏။- ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် သွား​စဉ်​တွင် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ၏။-ထို​သူ​တို့​တွင် တစ်​ယောက်​သော​သူ​သည် အ​နာ​ရော​ဂါ​ကင်း​လွတ်​သည်​ကို သိ​မြင်​လျှင်၊ ပြန်​လာ၍ ကြီး​သော​အ​သံ​နှင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။- ခြေ​တော်​ရင်း၌ ပျပ်​ဝပ်၍ ကျေး​ဇူး​တော်​ကြီး​လှ​ပါ​သည်​ဟု ဝန်​ခံ​လေ၏။ ထို​သူ​သည် ရှ​မာ​ရိ​လူ ဖြစ်​သ​တည်း။- ယေ​ရှု​က​လည်း၊ တစ်​ကျိပ်​သော​သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ​သည်​မ​ဟုတ်​လော။ ကိုး​ယောက်​သော​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။- ဤ​တစ်​ပါး​အ​မျိုး​သား​ကို​ထား၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ ပြန်​လာ​သော​သူ တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု မေး​တော်​မူ​ပြီး​မှ၊- သင်​ထ၍ သွား​လော့။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင်၏​အ​နာ​ကို​ငြိမ်း​စေ​ပြီ​ဟု ထို​သူ​အား မိန့်​တော်​မူ၏။

(မ၊ ၂၄:၂၃-၂၈၊ ၃၇-၄၁)(ရှင်လုကာ 17:11-19)

ထို​နောက်​မှ ယု​ဒ​ပွဲ​ခံ​စဉ်​တွင်၊ ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ၏။- ယေ​ရု​ရှ​လင်​မြို့၌ သိုး​တံ​ခါး​နား​မှာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဗေ​သေ​သ​ဒ​အ​မည်​ရှိ​သော ရေ​ကန်​ရှိ၏။ ထို​ရေ​ကန်​သည် က​နား​ပြင်​ငါး​ဆောင်​နှင့် ပြည့်​စုံ၏။- ထို​က​နား​ပြင်​တို့၌ မျက်​စိ​ကန်း၊ ခြေ​မ​စွမ်း၊ ကိုယ်​ပိန်​ခြောက်​သော​သူ​တို့​မှ​စ၍ အ​နာ​ရော​ဂါ​စွဲ​သော​သူ​များ အ​ပေါင်း​တို့​သည် ရေ​လှုပ်​ရှား​ခြင်း​ကို မျှော်​လင့်၍ နေ​ကြ၏။- အ​ကြောင်း​မူ​ကား၊ အ​ချိန်​တန်​လျှင် ကောင်း​ကင်​တ​မန်​သည် ရေ​ကန်​သို့​ဆင်း​သက်၍ ရေ​ကို လှုပ်​ရှား​တတ်၏။ ထို​သို့​ရေ​လှုပ်​ရှား​သည်​နောက်၊ ရှေ့ ဦး​စွာ ဝင်​သော​သူ​သည် မိ​မိ၌​စွဲ​သ​မျှ​သော​အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ခြင်း​သို့ ရောက်​တတ်၏။

ထို​အ​ခါ သုံး​ဆယ်​ရှစ်​နှစ်​ပတ်​လုံး ရော​ဂါ​စွဲ​သော​သူ​တစ်​ယောက်​သည် ရေ​ကန်​နား​မှာ​ရှိ၏။- ထို​သူ​သည် တုံး​လုံး​နေ​သည်​ကို ယေ​ရှု​မြင်​တော်​မူ၍ ကြာ​လှ​ပြီ​ဟု သိ​တော်​မူ​လျှင်၊ သင်​သည် ကျန်း​မာ​ခြင်း​သို့ ရောက်​လို​သ​လော​ဟု မေး​တော်​မူ၏။- နာ​သော​သူ​က​လည်း၊ သ​ခင်၊ ရေ​လှုပ်​ရှား​သော​အ​ခါ ရေ​ကန်​ထဲ​သို့ အ​ကျွန်ုပ်​ကို သွင်း​ထား​မည့်​သူ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​သွား​စဉ်​တွင် အ​ခြား​သော​သူ​သည် အ​ကျွန်ုပ်​ရှေ့​မှာ ဝင်​တတ်​ပါ​သည်​ဟု လျှောက်၏။- ယေ​ရှု​က​လည်း​ထ​လော့။ ကိုယ်​အိပ်​ရာ​ကို ဆောင်၍ လှမ်း​သွား​လော့​ဟု မိန့်​တော်​မူ​သည်၊- ခ​ဏ​ချင်း​တွင် ထို​သူ​သည် ပ​က​တိ​အ​ဖြစ်​သို့​ရောက်၍၊ မိ​မိ​အိပ်​ရာ​ကို​ဆောင်​လျက် လှမ်း​သွား၏။(ရှင်ယောဟန် 5:1-9)

ရေ​ကို စ​ပျစ်​ရည်​ဖြစ်​စေ​သော​အ​ရပ်၊ ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သို့ တစ်​ဖန်​ကြွ​တော်​မူ၏။ က​ပေ​ရ​နောင်​မြို့၌ အ​မတ်​တစ်​ယောက်၏​သား​သည် အ​နာ​ရော​ဂါ​စွဲ​လျက်​ရှိ၏။-ယေ​ရှု​သည်​ယု​ဒ​ပြည်​မှ​ဂါ​လိ​လဲ​ပြည်​သို့ ရောက်​တော်​မူ​သည်​ကို ထို​အ​မတ်​သည်​ကြား​လျှင်၊ အ​ထံ​တော်​သို့ သွား၍ သေ​ခါ​နီး​ဖြစ်​သော မိ​မိ​သား​ဆီ​သို့​ကြွ၍ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို မ​မြင်​ရ​လျှင် ယုံ​ခြင်း​မ​ရှိ​ကြ​ဟု မိန့်​တော်​မူ​သော်၊- သ​ခင်၊ အ​ကျွန်ုပ်​သား​မ​သေ​မီ​ကြွ​တော်​မူ​ပါ​ဟု အ​မတ်​လျှောက်​ပြန်၏။- ယေ​ရှု​က​လည်း၊ သွား​လော့။ သင်၏​သား​သည် အ​သက်​ချမ်း​သာ​ရ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​အ​မတ်​သည် ယေ​ရှု​မိန့်​တော်​မူ​သော​စ​ကား​ကို ယုံ၍​သွား​လေ၏။- လမ်း၌​သွား​စဉ်​တွင် မိ​မိ​ငယ်​သား​တို့​သည် ခ​ရီး​ဦး​ကြို​လာ၍၊ ကိုယ်​တော်၏​သား​သည် အ​သက်​ချမ်း​သာ​ရ​ပါ​ပြီ​ဟု ကြား​လျှောက်​ကြ၏။- အ​ဘယ်​အ​ချိန်၌ သက်​သာ​ခြင်း​သို့ ရောက်​သ​နည်း​ဟု မေး​လျှင်၊ မ​နေ့​ခု​နစ်​နာ​ရီ​အ​ချိန်၌ ဖျား​နာ​ပျောက်​ပါ​သည်​ဟု လျှောက်​ကြ၏။- ထို​အ​ချိန်​ကား၊ သင်၏​သား​သည် အ​သက်​ချမ်း​သာ​ရ​ပြီ​ဟု ယေ​ရှု​မိန့်​တော်​မူ​သော အ​ချိန်​ဖြစ်​သည်​ကို အ​ဘ​သိ၍၊ ကိုယ်​တိုင်​မှ​စ​သော မိ​မိ၏​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။- ဤ​နိ​မိတ်​လ​က္ခ​ဏာ​တော်​ကား၊ ယေ​ရှု​သည် ယု​ဒ​ပြည်​မှ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​သည်​နောက်၊ ပြ​တော်​မူ​သော ဒု​တိ​ယ​နိ​မိတ်​လ​က္ခ​ဏာ ဖြစ်​သ​တည်း။(ရှင်ယောဟန် 4:46-54)

A mulher com fluxo de sangue

Uma mulher que sofria há doze anos tocou a orla do manto de Jesus e foi curada instantaneamente pela sua fé.

ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ​စွဲ​သော မိန်း​မ​တစ်​ယောက်​က၊- ငါ​သည် အ​ဝတ်​တော်​ကို​သာ​တို့​လျှင် ချမ်း​သာ​ရ​မည်​ဟု စိတ်​ထင်​နှင့် နောက်​တော်​သို့​ချဉ်း​ကပ်၍ အ​ဝတ်​တော်၏ ပန်း​ပွား​ကို တို့​လေ၏။- ယေ​ရှု​သည် လှည့်၍ ထို​မိန်း​မ​ကို မြင်​တော်​မူ​လျှင်၊ ငါ့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​မှ​စ၍ ထို​မိန်း​မ​သည် အ​နာ​ကင်း​ပျောက်​လေ၏။-(ရှင်မဿဲ 9:20-22)

ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ စွဲ​သော​ကြောင့်၊- များ​စွာ​သော ဆေး​သ​မား​တို့​လက်၌ အ​လွန်​ခံ​ရ၍၊ ဥ​စ္စာ​ရှိ​သ​မျှ ကုန်​သော်​လည်း သက်​သာ​မ​ရ​သည်​သာ​မ​က၊ အ​နာ​တိုး​သော မိန်း​မ​တစ်​ယောက်​သည်၊- ယေ​ရှု၏​သ​တင်း​တော်​ကို ကြား​သည်​ရှိ​သော်၊- ငါ​သည် အ​ဝတ်​တော်​ကို​သာ​တို့​လျှင် ချမ်း​သာ​ရ​မည်​ဟု ဆို​သည်​နှင့်၊ လူ​အ​စု​အ​ဝေး​ထဲ၌ နောက်​တော်​သို့ လာ၍ အ​ဝတ်​တော်​ကို တို့​လေ၏။- ထို​ခ​ဏ​ချင်း​တွင် အ​သွေး​စု​ဝေး​ရာ ခန်းခြောက်​သည်​ဖြစ်၍၊ ထို​ရော​ဂါ​နှိပ်​စက်​ခြင်း​နှင့် ကင်း​လွတ်​ပြီ​ဟု မိ​မိ​ကိုယ်၌​သိ​လေ၏။-(ရှင်မာကု 5:25-29)

ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ​စွဲ​သော​ကြောင့်၊ ဥ​စ္စာ​ရှိ​သ​မျှ​ကို ဆေး​သ​မား​တို့​အား​ပေး၍ ကုန်​သော်​လည်း၊ အ​ဘယ်​ဆေး​သ​မား​လက်၌​မျှ ချမ်း​သာ​မ​ရ​နိုင်​သော မိန်း​မ​တစ်​ယောက်​သည်၊- နောက်​တော်​သို့ ချဉ်း​ကပ်၍ အ​ဝတ်​တော်၏​ပန်း​ပွား​ကို တို့​သ​ဖြင့်၊ ထို​ခ​ဏ​ချင်း​တွင် သွေး​သွန်​အ​နာ​ပျောက်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ့​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ငြင်း​လတ်​သော်၊ ပေ​တ​ရု​မှ​စ၍ သူ၏​အ​ပေါင်း​အ​ဖော်​တို့​က၊ သ​ခင်၊ လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​အား ထိ​ခိုက်​တိုက်​မိ​ကြ​သည် ဖြစ်၍၊ ငါ့​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ​ပါ​သည်​တ​ကား​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​တို့​လေ​ပြီ။ ငါ့​ကိုယ်​မှ တန်​ခိုး​ထွက်​သည်​ကို ငါ​သိ၏​ဟု မိန့်​တော်​မူ၏။- ထို​မိန်း​မ​သည် မိ​မိ​ပုန်း​ရှောင်၍ မ​နေ​နိုင်​သည်​ကို​သိ​လျှင် တုန်​လှုပ်​လျက်​လာ၍၊ အ​ဘယ်​အ​ကြောင်း​ကြောင့် တို့​သည်​ကို​လည်း​ကောင်း၊ ချက်​ချင်း ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ ပျပ်​ဝပ်​လျက် ကြား​လျှောက်​လေ၏။- ကိုယ်​တော်​က​လည်း၊ ငါ့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ။ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု မိန့်​တော်​မူ၏။(ရှင်လုကာ 8:43-48)

Ressurreições

Jesus ressuscitou mortos — a filha de Jairo, o filho da viúva de Naim e Lázaro. Ele é Senhor sobre a morte.

ထို​စ​ကား​ကို မိန့်​တော်​မူ​စဉ် အ​ရာ​ရှိ​တစ်​ယောက်​သည် လာ၍ ပျပ်​ဝပ်​လျက်၊ အ​ကျွန်ုပ်၏​သ​မီး​သည် ယ​ခု​ပင် သေ​ဆဲ​ရှိ​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်​သည်​ကြွ၍ သူ့​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု လျှောက်၏။- ယေ​ရှု​သည် ထ၍ တ​ပည့်​တော်​နှင့်​အ​တူ ထို​သူ​နောက်​သို့ လိုက်​တော်​မူ၏။-(ရှင်မဿဲ 9:18,19)

အ​ရာ​ရှိ​အိမ်​သို့ ရောက်​တော်​မူ၍ တီး​မှုတ်​သော သူ​တို့​နှင့် များ​စွာ​သော​လူ​တို့​သည် အုန်း​အုန်း​သဲ​သဲ ပြု​ကြ​သည်​ကို​မြင်​လျှင်၊- ဖယ်​ရှား​ကြ​လော့။ မိန်း​မ​ငယ် သေ​သည်​မ​ဟုတ်၊ အိပ်​ပျော်​သည်​ဟု မိန့်​တော်​မူ​သော်၊ ထို​သူ​တို့​သည် ပြက်​ရယ်​ပြု​ကြ၏။- ထို​လူ​များ​ကို ပြင်​သို့​ထွက်​စေ​ပြီး​မှ အ​တွင်း​သို့​ဝင်၍၊ မိန်း​မ​ငယ်၏​လက်​ကို ကိုင်​တော်​မူ​သည်​တွင် သူ​သည် ထ​လေ၏။-(ရှင်မဿဲ 9:23-25)

ထို​အ​ခါ ယာ​ဣ​ရု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် လာ၍ ကိုယ်​တော်​ကို​မြင်​လျှင်၊ ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊ အ​ကျွန်ုပ်၏ သ​မီး​ငယ်​သေ​လု​ပါ​ပြီ။- သို့​သော်​လည်း ကိုယ်​တော်​သည်​ကြွ၍ သူ့​ကို ကယ်​တင်​ခြင်း​ငှာ သူ၏​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု များ​စွာ​တောင်း​ပန်၏။- ကိုယ်​တော်​သည် သူ​နှင့်​အ​တူ​သွား၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ခြံ​ရံ​လျက် ထိ​ခိုက်​တိုက်​မိ​ကြ၏။(ရှင်မာကု 5:22-24)

တ​ရား​ဇ​ရပ်​မှူး​အိမ်​သို့​ရောက်၍ အုန်း​အုန်း သဲ​သဲ​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ အ​လွန်​ငို​ကြွေး​မြည်​တမ်း​သော သူ​တို့​ကို​လည်း​ကောင်း မြင်​တော်​မူ​လျှင်၊- အ​တွင်း​သို့​ဝင်၍ သင်​တို့​သည် အ​ဘယ်​ကြောင့် အုန်း​အုန်း​သဲ​သဲ​ပြု၍ ငို​ကြွေး​ကြ​သ​နည်း။ သူ​ငယ်​သေ​သည်​မ​ဟုတ် အိပ်​ပျော်​သည်​ဟု မိန့်​တော်​မူ​သော်၊- ထို​သူ​တို့​သည် ပြက်​ရယ်​ပြု​ကြ၏။ ထို​သူ​ရှိ​သ​မျှ​တို့​ကို ပြင်​သို့ ထွက်​စေ​ပြီး​မှ သူ​ငယ်၏ မိ​ဘ​တို့​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​ပါ​သော သူ​တို့​ကို​လည်း​ကောင်း ခေါ်​ပြီး​လျှင်၊ သူ​ငယ် လျောင်း​ရာ​အ​ရပ်​သို့ ဝင်၍၊- သူ​ငယ်၏​လက်​ကို ကိုင်​တော်​မူ​လျက်၊ တ​လိ​သ​ကု​မိ​ဟု မိန့်​တော်​မူ၏။ အ​နက်​ကား၊ မိန်း​မ​ငယ်​ထ​လော့ ငါ​ဆို၏​ဟု ဆို​လို​သ​တည်း။- ထို​ခ​ဏ​ချင်း​တွင် မိန်း​မ​ငယ်​သည် ထ၍​လှမ်း​သွား၏။ သူ​သည် တစ်​ဆယ်​နှစ်​နှစ်​အ​ရွယ် ရှိ၏။ ထို​သူ​တို့​သည် အ​လွန် မိန်း​မော​တွေ​ဝေ​ခြင်း​သို့ ရောက်​ကြ၏။-(ရှင်မာကု 5:38-42)

ထို​ကြောင့် ဤ​လူ​မျိုး​ကို အ​ဘယ်​ဥ​ပ​မာ​နှင့် ပုံ​ပြ​ရ​အံ့​နည်း။ အ​ဘယ်​သူ​နှင့် တူ​သ​နည်း။- ပွဲ​သ​ဘင်၌ ထိုင်​နေ​သော​သူ​ငယ်​ချင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် အ​သံ​လွှင့်​ကြ၍၊ ငါ​တို့​သည် သာ​ယာ​စွာ​တီး​မှုတ်​သော်​လည်း သင်​တို့​သည် မ​က​ကြ။ ညည်း​တွား​စွာ မြည်​တမ်း​သော်​လည်း မ​ငို​ကြွေး​ကြ​ဟု ပြော​ဆို​သော​သူ​ငယ်​တို့​နှင့် ဤ​လူ​မျိုး​သည် တူ​လှ၏။- အ​ကြောင်း​မူ​ကား၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် မုန့်​ကို​မ​စား၊ စ​ပျစ်​ရည်​ကို​မ​သောက်​ဘဲ လာ​သည်​ရှိ​သော် သင်​တို့​က၊ ဤ​သူ​သည် နတ်​ဆိုး​စွဲ​သော သူ​ပါ​တ​ကား​ဟု ဆို​ကြ၏။- လူ​သား​သည် စား​သောက်​လျက် လာ​သည်​ရှိ​သော်၊ ဤ​သူ​သည် စား​ကြူး​သော​သူ၊ စ​ပျစ်​ရည်​သောက်​ကြူး​သော​သူ ပါ​တ​ကား။ အ​ခွန်​ခံ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​ကို မိတ်​ဆွေ​ဖွဲ့​သော​သူ ပါ​တ​ကား​ဟု ဆို​ပြန်​ကြ၏။- သို့​သော်​လည်း ပ​ညာ​တ​ရား​သည် မိ​မိ​သား​ရှိ​သ​မျှ​တို့​တွင် ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​နှင့် လွတ်၏​ဟု မိန့်​တော်​မူ၏။

ဖာ​ရိ​ရှဲ​တစ်​ယောက်​သည် အ​စာ​ကို သုံး​ဆောင်​တော်​မူ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ခေါ်​ပင့်​လျှင်၊ ထို​ဖာ​ရိ​ရှဲ၏​အိမ်​သို့​ကြွ၍ စား​ပွဲ၌​လျောင်း​တော်​မူ၏။- ထို​သို့ စား​ပွဲ၌​လျောင်း​တော်​မူ​သည်​ကို ထို​မြို့၌ ဆိုး​သော​မိန်း​မ​တစ်​ယောက်​သည် သိ​လျှင်၊ ဆီ​မွှေး​ကျောက်​ဖြူ ခွက်​တစ်​လုံး​ကို ယူ​ခဲ့၍၊-(ရှင်လုကာ 7:31-37)

ထို​အ​ခါ ယာ​ဣ​ရု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် လာ၍ ယေ​ရှု၏​ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊- တစ်​ဆယ်​နှစ်​နှစ်​အ​ရွယ်​ရှိ​သော မိ​မိ၌ တစ်​ယောက်​တည်း​သော​သ​မီး​သည် သေ​ဆဲ​ရှိ​သော​ကြောင့်၊ မိ​မိ​အိမ်​သို့ ကြွ​တော်​မူ​မည်​အ​ကြောင်း ကိုယ်​တော်​ကို​တောင်း​ပန်၍ ကြွ​တော်​မူ​စဉ်​တွင် လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို ထိ​ခိုက်​တိုက်​မိ​ကြ၏။-(ရှင်လုကာ 8:41,42)

ထို​သို့ မိန့်​တော်​မူ​စဉ်​တွင် တ​ရား​ဇ​ရပ်​မှူး​အိမ်​မှ လူ​လာ၍၊ ကိုယ်​တော်၏ သ​မီး​သေ​ပါ​ပြီ။ ဆ​ရာ​ကို မ​နှောင့်​ယှက်​ပါ​နှင့်​ဟု ဆို၏။- ယေ​ရှု​သည်​ကြား​လျှင်၊ မ​ကြောက်​ကြ​နှင့်။ ယုံ​ကြည်​ခြင်း​စိတ်​တစ်​ခု​သာ ရှိ​စေ​လော့။ ထို​သို့​ရှိ​လျှင် သူ​သည် ဘေး​နှင့် လွတ်​လိမ့်​မည်​ဟု တ​ရား​ဇ​ရပ်​မှူး​အား မိန့်​တော်​မူ၏။- အိမ်​သို့​ရောက်​လျှင်၊ ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်​နှင့် မိန်း​မ​ငယ်၏​မိ​ဘ​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ အ​ထဲ​သို့​မ​ဝင်​စေ​ခြင်း​ငှာ ဆီး​တား​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ​သည်​ကို ကိုယ်​တော်​က၊ မ​ငို​ကြ​နှင့်။ သူ​ငယ်​သေ​သည် မ​ဟုတ်၊ အိပ်​ပျော်​သည်​ဟု မိန့်​တော်​မူ​လျှင်၊- သူ​ငယ်​သေ​ကြောင်း​ကို ထို​သူ​တို့​သည်​သိ​သ​ဖြင့် ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။- ထို​သူ​ရှိ​သ​မျှ​တို့​ကို ပြင်​သို့​ထွက်​စေ​ပြီး​မှ သူ​ငယ်၏​လက်​ကို ကိုင်​တော်​မူ​လျက်၊ သူ​ငယ်​ထ​လော့​ဟု ခေါ်​တော်​မူ​သည်​တွင်၊- စိတ်​ဝိ​ညာဉ်​ပြန်​လာ၍ မိန်း​မ​ငယ်​သည် ချက်​ချင်း​ထ​လေ၏။- သူ့​အား​စား​စ​ရာ​ပေး​လော့​ဟု မိန့်​တော်​မူ၏။ မိ​ဘ​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​သို့ ရောက်​ကြ၏။ ထို​အ​မှု​အ​ရာ​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​ရ​မည်​အ​ကြောင်း ပ​ညတ်​တော်​မူ၏။(ရှင်လုကာ 8:49-56)

ညီ​အစ်​မ မာ​ရိ​နှင့် မာ​သ​တို့​နေ​သော ဗေ​သ​နိ​ရွာ​သား၊ လာ​ဇ​ရု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် နာ​လျက်​နေ​လေ၏။-နာ​လျက်​နေ​သော လာ​ဇ​ရု၏​နှ​မ​မာ​ရိ​ကား၊ သ​ခင်​ဘု​ရား​ကို ဆီ​မွှေး​နှင့်​လိမ်း၍ ခြေ​တော်​ကို မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သော မာ​ရိ ဖြစ်​သ​တည်း။-ညီ​အစ်​မ​တို့​သည် အ​ထံ​တော်​သို့​စေ​လွှတ်၍၊ သ​ခင်၊ ကိုယ်​တော်​ချစ်​တော်​မူ​သော​သူ​သည် နာ​လျက်​နေ​ပါ​သည်​ဟု လျှောက်​ကြ၏။- ထို​စ​ကား​ကို ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ထို​အ​နာ​သည် သေ​နာ​မ​ဟုတ်။ ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​သော​အ​နာ ဖြစ်၏။ ထို​အ​နာ​ကြောင့် ဘု​ရား​သ​ခင်၏​သား​တော်​သည် ဘုန်း​ထင်​ရှား​ခြင်း​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ယေ​ရှု​သည် မာ​သ​ကို​လည်း​ကောင်း၊ သူ၏​ညီ​မ​နှင့် လာ​ဇ​ရု​ကို​လည်း​ကောင်း ချစ်​တော်​မူ၏။- လာ​ဇ​ရု နာ​သည်​ကို​ကြား​တော်​မူ​လျှင်၊ ကြွ​တော်​မ​မူ​ဘဲ ထို​အ​ရပ်၌ နှစ်​ရက်​နေ​တော်​မူ၏။

ထို​နောက်​မှ တ​ပည့်​တော်​တို့​အား၊ ယု​ဒ​ပြည်​သို့ တစ်​ဖန်​သွား​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​လျှင်၊- တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ ယု​ဒ​လူ​တို့​သည် ယ​ခု​ပင် ကိုယ်​တော်​ကို​ခဲ​နှင့်​ပစ်​ခြင်း​ငှာ ရှာ​ကြံ​လျက်​ပင် ထို​အ​ရပ်​သို့ တစ်​ဖန် ကြွ​တော်​မူ​ဦး​မည်​လော​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ တစ်​နေ့​တွင် တစ်​ဆယ့်​နှစ်​နာ​ရီ ရှိ​သည်​မ​ဟုတ်​လော။ လူ​သည် နေ့​အ​ချိန်၌​သာ သွား​လာ​လျှင်၊ နေ​ရောင်​အ​လင်း​ကို မြင်​ရ​သော​ကြောင့် ထိ​မိ၍ မ​လဲ​တတ်။- ည​အ​ချိန်၌ သွား​လာ​လျှင်​မူ​ကား၊ အ​လင်း​မ​ရှိ​သော​ကြောင့် ထိ​မိ၍​လဲ​တတ်၏​ဟု မိန့်​တော်​မူ​ပြီး​မှ၊- ငါ​တို့​အ​ဆွေ လာ​ဇ​ရု​သည် အိပ်​ပျော်၏။ သူ့​ကို​နှိုး​ခြင်း​အ​လို​ငှာ ငါ​သွား​မည်​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​က​လည်း၊ သ​ခင်၊ သူ​သည် အိပ်​ပျော်​လျှင် သက်​သာ​ရ​လိမ့်​မည်​ဟု လျှောက်​ကြ၏။- ယေ​ရှု​သည် လာ​ဇ​ရု​သေ​ကြောင်း​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သော်​လည်း၊ ပ​က​တိ​အိပ်​ပျော်​ကြောင်း​ကို မိန့်​တော်​မူ​သည်​ဟု တ​ပည့်​တော်​တို့​သည် ထင်​မှတ်​ကြ၏။- ထို​ကြောင့်​ယေ​ရှု​က၊ လာ​ဇ​ရု​သေ​ပြီ။ သင်​တို့​သည် ယုံ​ကြည်​မည်​အ​ကြောင်း၊-(ရှင်ယောဟန် 11:1-14)

Domínio sobre a natureza

Jesus acalmou a tempestade, andou sobre as águas e multiplicou pães. A natureza obedece à voz do seu Criador.

ထို​အ​ခါ လှေ​ထဲ​သို့ ဝင်​တော်​မူ၍ တ​ပည့်​တော်​တို့​သည် လိုက်​ကြ၏။ အိုင်၌ လှိုင်း​တံ​ပိုး​ပြင်း​စွာ​ထ၍ လှေ​ကို လွှမ်း​လေ၏။- ကိုယ်​တော်​သည် ကျိန်း​စက်၍ နေ​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို နှိုး​ပြီး​လျှင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏။ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း​ဟု မေး​တော်​မူ​ပြီး​လျှင်၊ ထ၍ လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် အ​လွန်​သာ​ယာ​လေ၏။- ထို​လူ​တို့​က​လည်း၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့်​ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အံ့​ဩ​ကြ၏။-

(​မာ၊ ၅:၁-၂၀။ လု၊ ၈:၂၆-၃၉။)(ရှင်မဿဲ 8:23-27)

ညဉ့်​ဦး​ယံ၌ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏။ မိုး​လည်း ချုပ်​ပါ​ပြီ။ လူ​အ​စု​အ​ဝေး​တို့​သည် မြို့​ရွာ​သို့​သွား၍ စား​စ​ရာ​ကို​ဝယ်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ယေ​ရှု​က၊ သွား​ရ​သော​အ​ကြောင်း​မ​ရှိ။ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​က​လည်း၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှ​တစ်​ပါး အ​ဘယ်​စား​စ​ရာ​မျှ အ​ကျွန်ုပ်​တို့၌​မ​ရှိ​ပါ​ဟု လျှောက်​ပြန်​လျှင်၊ ထို​မုန့်​နှင့် ငါး​ကို ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ လူ​အ​စု​အ​ဝေး​တို့​ကို မြက်​ပင်​ပေါ်​မှာ လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​လည်း​ယူ၍ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​နှင့် ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- တ​ပည့်​တော်​တို့​သည်​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။ လူ​အ​ပေါင်း​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။- စား​သော​သူ အ​ရေ​အ​တွက်​ကား၊ မိန်း​မ​နှင့် သူ​ငယ်​ကို မ​ဆို​ဘဲ၊ ယောက်ျား​ငါး​ထောင်​မျှ​လောက် ရှိ​သ​တည်း။

(​မာ၊ ၆:၄၅-၅၂။ ယော၊ ၆:၁၅-၂၁။)(ရှင်မဿဲ 14:15-21)

ည​သုံး​ချက်​တီး​ကျော်​အ​ချိန်၌ ယေ​ရှု​သည် အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်​လျက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ကြွ​တော်​မူ၏။-(ရှင်မဿဲ 14:25)

ထို​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်၍၊ ဤ​လူ​များ​ကို ငါ​သ​နား၏။ သုံး​ရက်​ပတ်​လုံး ငါ​နှင့်​အ​တူ ရှိ​ကြ​ပြီ။ စား​စ​ရာ အ​လျှင်း​မ​ရှိ။ လမ်း​ခ​ရီး၌ မော​မည်​ကို​စိုး​ရိမ်​သော​ကြောင့် အ​စာ​မ​စား​မီ သူ​တို့​ကို​လွှတ်​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ​ဟု မိန့်​တော်​မူ​လျှင်၊- တ​ပည့်​တော်​တို့​က ဤ​မျှ​လောက်​များ​သော​လူ​စု​တို့​သည် ဝ​စွာ​စား​လောက်​သော​အ​စာ​ကို ဤ​တော​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ရ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​ကြ​သော်၊- ယေ​ရှု​က၊ သင်​တို့​တွင် မုန့်​ဘယ်​နှစ်​လုံး​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ မုန့်​ခု​နစ်​လုံး​နှင့် အ​နည်း​ငယ်​မျှ​သော ငါး​ကောင်​က​လေး ရှိ​ပါ​သည်​ဟု ပြန်​လျှောက်​ကြ၏။- ထို​အ​ခါ လူ​အ​စု​အ​ဝေး​တို့​ကို မြေ​ပေါ်​မှာ​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- မုန့်​ခု​နစ်​လုံး​နှင့် ငါး​တို့​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ၊ မုန့်​နှင့်​ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ တ​ပည့်​တော်​တို့​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။- လူ​အ​ပေါင်း​တို့​သည် စား၍​ဝ​ကြ​ပြီး​မှ၊ ကြွင်း​ရစ်​သော အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ ခု​နစ်​တောင်း​အ​ပြည့် ရ​ကြ၏။- စား​သော​သူ အ​ရေ​အ​တွက်​ကား၊ မိန်း​မ​နှင့် သူ​ငယ်​ကို မ​ဆို​ဘဲ ယောက်ျား​လေး​ထောင် ရှိ​သ​တည်း။-(ရှင်မဿဲ 15:32-38)

က​ပေ​ရ​နောင်​မြို့​သို့ ရောက်​သော​အ​ခါ၊ ဗိ​မာန်​တော်​အ​ခွန်​တည်း​ဟူ​သော ဒိ​ဒြ​မ္မ​ကို ခံ​သော​သူ​တို့​သည် ပေ​တ​ရု​ဆီ​သို့​လာ၍ သင်၏​ဆ​ရာ​သည် ဒိ​ဒြ​မ္မ​ကို မ​ပေး​သ​လော​ဟု မေး​မြန်း​လျှင်၊ ပေး​ပါ​သည်​ဟု ပေ​တ​ရု​ဆို၏။ပေ​တ​ရု​သည် အိမ်​သို့​ဝင်​သော​အ​ခါ၊ ယေ​ရှု​သည် တင်​ကူး၍၊ အ​ချင်း​ရှိ​မုန်၊ သင်​သည်​အ​ဘယ်​သို့ ထင်​သ​နည်း။ လော​ကီ​ရှင်​ဘု​ရင်​တို့​သည် အ​ဘယ်​သူ​မှာ အ​ခွန်​ကို​ခံ​ကြ​သ​နည်း။ မိ​မိ​သား​မှာ ခံ​ကြ​သ​လော။ သူ​တစ်​ပါး​မှာ ခံ​ကြ​သ​လော၊ ဟု​မေး​တော်​မူ​လျှင်၊ ပေ​တ​ရု​က၊ သူ​တစ်​ပါး​မှာ​ခံ​ကြ​ပါ​သည်​ဟု လျှောက်​သော်၊ ယေ​ရှု​က​လည်း သို့​ဖြစ်​လျှင် သား​မူ​ကား လွတ်​ရ၏။ သို့​သော်​လည်း ထို​သူ​တို့​သည် ငါ​တို့​ကြောင့် မ​မှား​ယွင်း​မည်​အ​ကြောင်း၊ အိုင်​သို့​သွား၍ ငါး​မျှား​ကို​ချ​လော့။ ရှေ့​ဦး​စွာ​ရ​သော​ငါး​ကို ယူ၍ ပါး​စပ်​ကို​ဖွင့်​လျှင်၊ သ​တာ​တဲ​တစ်​ပြား​ကို​တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ၍ ငါ့​အ​ဖို့​နှင့် သင့်​အ​ဖို့ ထို​သူ​တို့​အား​ပေး​လော့​ဟု မိန့်​တော်​မူ၏။(ရှင်မဿဲ 17:24-27)

နံ​နက်​အ​ချိန်၌ မြို့​သို့ ပြန်​စဉ်​တွင် ဆာ​မွတ်​တော်​မူ၏။- လမ်း​နား​မှာ သင်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​လျှင်၊ ထို​အ​ပင်​သို့​ကြွ​သွား၍ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊ ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် သင်၌​အ​သီး​မ​သီး​စေ​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ ထို​အ​ပင်​သည် ချက်​ချင်း သွေ့​ခြောက်​လေ၏။- တ​ပည့်​တော်​တို့​သည် မြင်​လျှင်၊ သင်္ဘော​သ​ဖန်း​ပင်​သည် ချက်​ချင်း သွေ့​ခြောက်​ပါ​ပြီ​တ​ကား​ဟု အံ့​ဩ၍ ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ယုံ​မှား​ခြင်း​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ သင်္ဘော​သ​ဖန်း​ပင်၌ ပြု​သ​ကဲ့​သို့ သင်​တို့​ပြု​နိုင်​သည် သာ​မ​က၊ ထို​တောင်​ကို​ပင် နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌​ကျ​လော့​ဟု ဆို​လျှင် ဆို​သည်​အ​တိုင်း ဖြစ်​လိမ့်​မည်။-ယုံ​ကြည်​ခြင်း​ပါ​လျက် ပ​တ္ထ​နာ​ပြု၍ ဆု​တောင်း​သ​မျှ​တို့​ကို သင်​တို့​သည် ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

(​မာ၊ ၁၁:၂၇-၃၃။ လု၊ ၂၀:၁-၈။)(ရှင်မဿဲ 21:18-22)

ထို​အ​ခါ ပြင်း​စွာ​သော မိုး​သက်​မုန်​တိုင်း​ဖြစ်၍ လှိုင်း​တံ​ပိုး​ခတ်​သော​ကြောင့် လှေ​သည် ရေ​နှင့် ပြည့်​လေ၏။- ကိုယ်​တော်​သည် ပဲ့၌ ခေါင်း​အုံး​ပေါ်​မှာ ကျိန်း​စက်၍ နေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ကို နှိုး​ပြီး​မှ၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​ကို လျစ်​လျူ​သော​စိတ် ရှိ​တော်​မူ သ​လော​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​သည် ထ၍ တိတ်​ဆိတ်​ငြိမ်​ဝပ်​စွာ​နေ​ဟု လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် လေ​သည်​ငြိမ်၍ အ​လွန်​သာ​ယာ​လေ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် အ​ဘယ်​ကြောင့် ဤ​မျှ​လောက် ကြောက်​တတ်​သ​နည်း။ အ​ဘယ်​ကြောင့် ယုံ​ကြည်​ခြင်း​စိတ်​နှင့် ကင်း​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့၍ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။(ရှင်မာကု 4:37-41)

မိုး​ချုပ်​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏။ မိုး​လည်း ချုပ်​ပါ​ပြီ။- လူ​များ​တို့​သည် ပတ်​ဝန်း​ကျင်​ရွာ​ဇ​န​ပုဒ်​သို့ သွား၍ စား​စ​ရာ​ကို​ဝယ်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ။ သူ​တို့၌ စား​စ​ရာ​မ​ရှိ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု ပြန်​ပြော​တော်​မူ၏။ တ​ပည့်​တော်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် သွား၍ ဒေ​နာ​ရိ​အ​ပြား​နှစ်​ရာ​နှင့် မုန့်​ကို​ဝယ်​ပြီး​လျှင် သူ​တို့​အား စား​စ​ရာ​ဖို့ ပေး​ရ​ပါ​အံ့​လော​ဟု လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့၌ မုန့်​ဘယ်​နှစ်​လုံး​ရှိ​သ​နည်း။ သွား၍ ကြည့်​ရှု​ကြ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည် သိ​ပြီး​မှ၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင် ရှိ​ပါ​သည်​ဟု လျှောက်​ပြန်၏။- ထို​အ​ခါ လူ​အ​ပေါင်း​တို့​ကို မြက်​စိမ်း​ပေါ်​မှာ အ​စု​စု​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- သူ​တို့​သည် တစ်​ရာ​တစ်​စု၊ ငါး​ဆယ်​တစ်​စု၊ အ​စု​စု​လျောင်း​ကြ​လျှင်၊- ကိုယ်​တော်​သည် မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ၍၊ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​တို့​ရှေ့၌​ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ ငါး​နှစ်​ကောင်​ကို​လည်း လူ​အ​ပေါင်း​တို့​အား ဝေ​ငှ​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ၊- မုန့်​နှင့် ငါး​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း၊ အ​ပြည့်​ရ​ကြ၏။- မုန့်​ကို​စား​သော​သူ ယောက်ျား​အ​ရေ​အ​တွက်​ကား၊ လူ​ငါး​ထောင်​မျှ​လောက် ရှိ​သ​တည်း။

(မ၊ ၁၄:၂၂-၃၃။ ယော၊ ၆:၁၅-၂၁)(ရှင်မာကု 6:35-44)

လေ​မ​သင့်​သော​ကြောင့် တ​ပည့်​တော်​တို့​သည် တက်​ခတ်၍ ပင်​ပန်း​ကြ​သည်​ကို မြင်​တော်​မူ၏။ ည​သုံး​ချက်​တီး​ကျော်​အ​ချိန်၌ အိုင်​ပေါ်​မှ စက်​တော်​ဖြန့်​လျက်၊ သူ​တို့​ရှိ​ရာ​သို့​ကြွ၍ အ​နား​မှာ လျှောက်​သွား​မည် ပြု​တော်​မူ၏။- ထို​သို့ အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်၍ ကြွ​တော်​မူ​သည်​ကို သူ​တို့​သည်​မြင်​လျှင်၊ ဖုတ်​တ​စ္ဆေ​ဖြစ်​သည်​ဟု စိတ်​ထင်​နှင့် အော်​ဟစ်​ကြ၏။- ထို​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မြင်၍ ထိတ်​လန့်​ခြင်း​သို့ ရောက်​ကြ၏။ ကိုယ်​တော်​သည် ချက်​ချင်း​နှုတ်​ဆက်၍ တည်​ကြည်​သော​စိတ် ရှိ​ကြ​လော့။ ငါ​ပင်​ဖြစ်​သည်၊ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။- လှေ​ပေါ်၌ သူ​တို့​ရှိ​ရာ​သို့ တက်​တော်​မူ​လျှင် လေ​သည်​ငြိမ်​လေ၏။ ထို​သူ​တို့​သည် အ​တိုင်း​ထက်​အ​လွန် မိန်း​မော​တွေ​ဝေ​အံ့​ဩ​ခြင်း​သို့ ရောက်​ကြ၏။-(ရှင်မာကု 6:48-51)

ထို​အ​ခါ စု​ဝေး​သော​သူ​အ​လွန်​များ၍ စား​စ​ရာ​မ​ရှိ​လျှင်၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို ခေါ်၍၊- ဤ​လူ​များ​ကို ငါ​သ​နား၏။ သုံး​ရက်​ပတ်​လုံး ငါ​နှင့်​အ​တူ ရှိ​ကြ​ပြီ။ စား​စ​ရာ​အ​လျှင်း မ​ရှိ။- အ​ချို့​တို့​သည် အ​ဝေး​က​လာ​သည်​ဖြစ်၍၊ အ​စာ​မ​စား​မီ သူ​တို့​အိမ်​သို့ ငါ​လွှတ်​လျှင် လမ်း​ခ​ရီး၌ မော​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​က​လည်း၊ ဤ​တော​အ​ရပ်၌ ဤ​သူ​တို့​ကို အ​ဘယ်​သို့ ဝ​စွာ​ကျွေး​နိုင်​ပါမည်​နည်း​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ သင်​တို့​တွင် မုန့်​ဘယ်​နှစ်​လုံး ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ မုန့်​ခု​နစ်​လုံး​ရှိ​ပါ​သည်​ဟု လျှောက်​ကြ၏။- ထို​အ​ခါ လူ​အ​စု​အ​ဝေး​ကို မြေ​ပေါ်​မှာ​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။ မုန့်​ခု​နစ်​လုံး​ကို​လည်း ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​တို့​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည် ထည့်​ကြ၏။- အ​နည်း​ငယ်​မျှ​သော ငါး​ကောင်​က​လေး​လည်း ရှိ​သည်​ဖြစ်၍၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ လူ​များ​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ မိန့်​တော်​မူ၏။- ထို​သူ​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ ခု​နစ်​တောင်း​အ​ပြည့် ရ​ကြ၏။- စား​သော​သူ အ​ရေ​အ​တွက်​ကား၊ လူ​လေး​ထောင်​မျှ​လောက် ရှိ​သ​တည်း။ ထို​သူ​တို့​ကို လွှတ်​တော်​မူ​ပြီး​မှ၊-(ရှင်မာကု 8:1-9)

နက်​ဖြန်​နေ့၌ ဗေ​သ​နိ​ရွာ​မှ ပြန်​ကြ​စဉ်​တွင် ဆာ​မွတ်​တော်​မူ၏။- အ​ရွက်​နှင့်​ပြည့်​စုံ​သော သင်္ဘော​သ​ဖန်း​ပင်​ကို အ​ဝေး​က​မြင်​လျှင်၊ သင်္ဘော​သ​ဖန်း​သီး ဆွတ်​သော​အ​ချိန်​ကာ​လ မ​ရောက်​သေး​သော​ကြောင့်၊ ထို​အ​ပင်၌ အ​သီး​ကို တွေ့​ကောင်း​တွေ့​လိမ့်​မည်​ဟု ကြွ​သွား၍ ရောက်​သော​အ​ခါ၊ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊- ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် သင်၏​အ​သီး​ကို အ​ဘယ်​သူ​မျှ​မ​စား​စေ​နှင့်​ဟု မိန့်​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ကြား​ကြ၏။

(မ၊ ၂၁:၁၂-၁၇။ လု၊ ၁၉:၄၅-၄၈။ ယော၊ ၂:၁၃-၂၂)(ရှင်မာကု 11:12-14)

နံ​နက်​အ​ချိန်​တွင် လမ်း၌​သွား​ကြ​စဉ်၊ သင်္ဘော​သ​ဖန်း​ပင်​သည် အ​မြစ်​မှ​စ၍ သွေ့​ခြောက်​လျက်​ရှိ​သည်​ကို မြင်​ကြ၏။- ပေ​တ​ရု​သည် သ​တိ​ရ​လျှင်၊ အ​ရှင်​ဘု​ရား ကြည့်​တော်​မူ​ပါ။ ကျိန်​တော်​မူ​သော သင်္ဘော​သ​ဖန်း​ပင်​သည် သွေ့​ခြောက်​ပါ​ပြီ​တ​ကား​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ခြင်း ရှိ​ကြ​လော့။- ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ယုံ​မှား​သော​စိတ်​နှင့်​ကင်း၍ မိ​မိ​ဆို​သည်​အ​တိုင်း ဖြစ်​မည်​ဟု ယုံ​ကြည်​လျက်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌ ကျ​လော့​ဟု​ဆို​လျှင်၊ ထို​သူ​ဆို​သည်​အ​တိုင်း၊ ဖြစ်​လိမ့်​မည်။-ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သင်​တို့​သည် ဆု​ကျေး​ဇူး​ကို​ရ​မည်​ဟု ယုံ​ကြည်​သော​စိတ်​နှင့် ဆု​တောင်း​သ​မျှ​တို့​ကို ရ​ကြ​လိမ့်​မည်။- သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သူ​တစ်​ပါး၌ အ​ပြစ်​တင်​ခွင့်​ရှိ​လျှင်၊ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-(ရှင်မာကု 11:20-25)

တစ်​ရံ​ရော​အ​ခါ ဂင်္နေ​သ​ရက်​အိုင်​နား​မှာ ရပ်​တော်​မူ၍၊ လူ​များ​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​ကို နား​ထောင်​ခြင်း​ငှာ ကိုယ်​တော်​အ​နီး​သို့ တိုး​ဝင်​ကြ​စဉ်​တွင်၊ ကမ်း​နား​မှာ​ဆိုက်​သော လှေ​နှစ်​စင်း​ကို မြင်​တော်​မူ၏။-တံ​ငါ​တို့​သည် လှေ​ထဲ​က​ထွက်၍​ပိုက်​ကွန်​တို့​ကို ဆေး​လျှော်​လျက် နေ​ကြ၏။- ထို​လှေ​တို့​တွင် ရှိ​မုန်၏ လှေ​ထဲ​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ လှေ​ကို​ကမ်း​နား​မှာ အ​နည်း​ငယ်​ခွာ​ဖွင့်​စေ​ခြင်း​ငှာ ရှိ​မုန်​ကို အ​ခွင့်​တောင်း​တော်​မူ၏။ ထို​လှေ​ပေါ်​မှာ ထိုင်​လျက် လူ​များ​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။

စ​ကား​တော်​ပြတ်​သော​အ​ခါ၊ ရေ​နက်​ရာ​အ​ရပ်​သို့ ရွေ့​ဦး​လော့။ ပိုက်​ကွန်​ကို​ချ၍ ငါး​ကို​အုပ်​စမ်း​လော့​ဟု ရှိ​မုန်​အား​မိန့်​တော်​မူ၏။- ရှိ​မုန်​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် တစ်​ည​လုံး​ကြိုး​စား​သော်​လည်း တစ်​ကောင်​ကို​မျှ မ​ရ​ပါ။ သို့​ရာ​တွင် အ​မိန့်​တော်​ရှိ​လျှင် ပိုက်​ကွန်​ကို ချ​ပါ​မည်​ဟု လျှောက်​လေ၏။ထို​သို့​ချ​ကြ​ပြီး​လျှင်၊ အ​လွန်​များ​စွာ​သော ငါး​တို့​ကို အုပ်​မိ​သ​ဖြင့် ပိုက်​ကွန်​သည် စုတ်​ပြတ်​စ​ရှိ၏။-အ​ခြား​သော လှေ​တစ်​စင်း၌​ရှိ​သော အ​ပေါင်း​အ​ဖော်​တို့​သည် လာ၍​ကူ​ညီ​စေ​ခြင်း​ငှာ သူ​တို့​ကို အ​မှတ်​ပေး​သ​ဖြင့်၊ သူ​တို့​သည်​လာ၍ လှေ​နှစ်​စင်း နစ်​လု​မ​တတ် ငါး​နှင့် ပြည့်​စေ​ကြ၏။- ရှိ​မုန်​ပေ​တ​ရု​သည် မြင်​လျှင်၊ ယေ​ရှု၏ ပု​ဆစ်​တော်​ကို ဦး​တိုက်၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ပြစ်​များ​သော​သူ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​ဆီ​မှ ကြွ​သွား​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- အ​ဘယ်​ကြောင့် ဤ​သို့ လျှောက်​သ​နည်း ဟူ​မူ​ကား၊ အုပ်​မိ​သော​ငါး​များ​ကို ထောက်​သ​ဖြင့်၊ ရှိ​မုန်​နှင့် သူ၏​အ​ပေါင်း​အ​ဖော် ဇေ​ဗေ​ဒဲ၏​သား ယာ​ကုပ်​နှင့် ယော​ဟန်​မှ​စ၍ ရှိ​မုန်​နှင့် ပါ​သ​မျှ​သော​သူ​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။- ယေ​ရှု​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​နှင့်။ သင်​သည်​ယ​ခု​မှ​စ၍ လူ​တို့​ကို​ဖမ်း​မိ​သော​သူ ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ကမ်း​နား​မှာ​လှေ​ကို ဆိုက်​ပြီး​လျှင်၊ ထို​သူ​တို့​သည် ရှိ​သ​မျှ​တို့​ကို စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။

(မ၊ ၈:၁-၄။ မာ၊ ၁:၄၀-၄၅။)(ရှင်လုကာ 5:1-11)

တစ်​နေ့​သ၌ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ လှေ​ထဲ​သို့​ဝင်၍၊ အိုင်​တစ်​ဖက်​သို့ ကူး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​ပြီး​လျှင် လွှင့်​သွား​ကြ၏။- အိုင်​ကို​ကူး​သော​အ​ခါ ယေ​ရှု​သည် ကျိန်း​စက်​တော်​မူ၏။ အိုင်၌​မိုး​သက်​မုန်​တိုင်း​ဖြစ်၍၊ လှေ​သည် ရေ​နှင့် ပြည့်​သော​ကြောင့် ဘေး​ရောက်​လု၏။- တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင်၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ကိုယ်​တော်​သည် ထ၍ လေ​နှင့် လှိုင်း​တံ​ပိုး​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ လေ​နှင့် လှိုင်း​တံ​ပိုး​သည် ငြိမ်း၍​သာ​ယာ​လေ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့ ယုံ​ကြည်​ခြင်း​စိတ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သူ​တို့​သည် ကြောက်​ရွံ့​အံ့​ဩ၍၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ရေ​ကို​ပင် မှာ​ထား​တော်​မူ၍၊ သူ​တို့​သည် နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။

(မ၊ ၈:၂၈-၃၄။ မာ၊ ၅:၁-၂၀)(ရှင်လုကာ 8:22-25)

တစ်​နေ့​သ၌ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ လှေ​ထဲ​သို့​ဝင်၍၊ အိုင်​တစ်​ဖက်​သို့ ကူး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​ပြီး​လျှင် လွှင့်​သွား​ကြ၏။- အိုင်​ကို​ကူး​သော​အ​ခါ ယေ​ရှု​သည် ကျိန်း​စက်​တော်​မူ၏။ အိုင်၌​မိုး​သက်​မုန်​တိုင်း​ဖြစ်၍၊ လှေ​သည် ရေ​နှင့် ပြည့်​သော​ကြောင့် ဘေး​ရောက်​လု၏။- တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင်၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ကိုယ်​တော်​သည် ထ၍ လေ​နှင့် လှိုင်း​တံ​ပိုး​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ လေ​နှင့် လှိုင်း​တံ​ပိုး​သည် ငြိမ်း၍​သာ​ယာ​လေ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့ ယုံ​ကြည်​ခြင်း​စိတ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သူ​တို့​သည် ကြောက်​ရွံ့​အံ့​ဩ၍၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ရေ​ကို​ပင် မှာ​ထား​တော်​မူ၍၊ သူ​တို့​သည် နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။

(မ၊ ၈:၂၈-၃၄။ မာ၊ ၅:၁-၂၀)

ဂါ​လိ​လဲ​ပြည်​နှင့် အိုင်​တစ်​ဖက်​ဖြစ်​သော ဂါ​ဒ​ရ​ပြည်​သို့ ရောက်​ကြ၍၊-(ရှင်လုကာ 8:22-26)

မိုး​ချုပ်​သော​အ​ခါ တစ်​ကျိပ်​နှစ်​ပါး​သော​သူ​တို့​သည် ချဉ်း​ကပ်​လျက်၊ လူ​များ​တို့​သည် ပတ်​ဝန်း​ကျင်​ရွာ​ဇ​န​ပုဒ်​သို့​သွား၍၊ အိပ်​ရာ၊ စား​စ​ရာ​ကို ရှာ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ။ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။ တ​ပည့်​တော်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည်​သွား၍ ဤ​လူ​အ​ပေါင်း​တို့ စား​စ​ရာ​ဖို့​မ​ဝယ်​လျှင်၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှ​တစ်​ပါး အ​ဘယ်​စား​စ​ရာ​မျှ အ​ကျွန်ုပ်​တို့၌ မ​ရှိ​ပါ​ဟု​လျှောက်​ကြ၏။- ထို​သို့ လျှောက်​သည်​အ​ကြောင်း​ကား၊ လူ​ငါး​ထောင်​ခန့်​မျှ ရှိ​သ​တည်း။ ထို​အ​ခါ​လူ​များ​တို့​ကို တစ်​စု​လျှင် ငါး​ဆယ်​စီ အ​စု​စု​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- တ​ပည့်​တော်​တို့​သည် အ​မိန့်​တော်​အ​တိုင်း​ပြု၍၊ လူ​အ​ပေါင်း​တို့​ကို လျောင်း​စေ​ပြီး​လျှင်၊- ယေ​ရှု​သည် မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ၍ ကောင်း​ကင်​သို့​ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် စား၍​ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။

(မ၊ ၁၆:၁၃-၂၀။ မာ၊ ၈:၂၇-၃၀)(ရှင်လုကာ 9:12-17)

သုံး​ရက်​မြောက်​သော​နေ့၌ ဂါ​လိ​လဲ​ပြည် ကာ​န​မြို့​တွင် မင်္ဂ​လာ​ဆောင်​ပွဲ​ကို​ခံ​ကြ​စဉ်၊ ထို​ပွဲ၌ ယေ​ရှု၏​မယ်​တော်​ရှိ၏။- ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​ကို​လည်း ထို​ပွဲ​သို့ ခေါ်​ပင့်​ကြ၏။- စ​ပျစ်​ရည်​ကုန်​သော​အ​ခါ၊ ယေ​ရှု၏​မယ်​တော်​က၊ စ​ပျစ်​ရည်​မ​ရှိ​ဟု​ကြား​ပြော၏။- ယေ​ရှု​က​လည်း၊ အ​ချင်း​မိန်း​မ၊ သင်​သည် ငါ​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ငါ့​အ​ချိန်​မ​ရောက်​သေး​ဟု မိန့်​တော်​မူ၏။- မယ်​တော်​က​လည်း၊ သူ​စေ​ခိုင်း​သ​မျှ​တို့​ကို ပြု​ကြ​လော့​ဟု အ​စေ​ခံ​တို့​အား​ဆို​လေ၏။- ယု​ဒ​ဘာ​သာ​အ​လျောက် စင်​ကြယ်​ခြင်း​အ​ဖို့​အ​လို​ငှာ၊ ထို​အ​ရပ်၌ နှစ်​တင်း​သုံး​တင်း​ခန့်​ဝင်​သော ကျောက်​အိုး​စ​ရည်း​ခြောက်​လုံး ထား​လျက်​ရှိ၏။- ယေ​ရှု​က​လည်း၊ ဤ​ရေ​အိုး​တို့​ကို​ရေ​ဖြည့်​ကြ​ဟု အ​စေ​ခံ​တို့​အား မိန့်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် လျှံ​မ​တတ်​ဖြည့်​ကြ၏။- ယ​ခု​ခပ်၍ ပွဲ​အုပ်​ထံ​သို့​သွင်း​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း သွင်း​ကြ၏။- ပွဲ​အုပ်​သည် စ​ပျစ်​ရည်​ဖြစ်​စေ​သော​ရေ​ကို မြည်း​စမ်း၍၊ ထို​ရေ​ကို ခပ်​သော​အ​စေ​ခံ​တို့​သည် စ​ပျစ်​ရည်​ကို အ​ဘယ်​မှာ​ရ​သည်​ကို​သိ​သော်​လည်း၊ ပွဲ​အုပ်​သည် မ​သိ​သော​ကြောင့်၊ မင်္ဂ​လာ​ဆောင်​လု​လင်​အား အ​သံ​ကို​လွှင့်၍၊- အ​ခြား​သော​သူ​မည်​သည်​ကား၊ ရှေ့​ဦး​စွာ ကောင်း​သော​စ​ပျစ်​ရည်​ကို ထည့်၍ ဝ​စွာ​သောက်​ကြ​ပြီး​မှ ညံ့​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​ရှိ၏။ သင်​မူ​ကား၊ ကောင်း​သော​စ​ပျစ်​ရည်​ကို ယ​ခု​တိုင်​အောင် သို​ထား​ပြီ​ဟု​ဆို၏။- ထို​သို့​ယေ​ရှု​သည် ရှေ့​ဦး​စွာ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​ကို ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့၌​ပြ၍ မိ​မိ​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။(ရှင်ယောဟန် 2:1-11)

ထို​သို့​မေး​တော်​မူ​သော်၊ မိ​မိ​အ​ဘယ်​သို့ ပြု​မည်​ကို​သိ​တော်​မူ​လျက်​ပင် ဖိ​လိ​ပ္ပု​ကို​စုံ​စမ်း​ခြင်း​ငှာ​သာ မေး​တော်​မူ၏။- ဖိ​လိ​ပ္ပု​က​လည်း၊ ဤ​သူ​တို့​သည် မုန့်​တစ်​ဖဲ့​စီ​စေ့​အောင် ဒေ​နာ​ရိ​အ​ပြား​နှစ်​ရာ​အ​ဖိုး​ထိုက်​သော​မုန့် မ​လောက်​ပါ​ဟု လျှောက်၏။- ရှိ​မုန်​ပေ​တ​ရု၏​ညီ အ​န္ဒြေ​အ​မည်​ရှိ​သော တ​ပည့်​တော်​က၊- မု​ယော​မုန့်​ငါး​လုံး​နှင့် ငါး​က​လေး​နှစ်​ကောင်​ပါ​သော သူ​ငယ်​တစ်​ယောက်​ရှိ​ပါ၏။ သို့​သော်​လည်း ဤ​မျှ​လောက် များ​စွာ​သော​သူ​တို့​သည် ရှိ​ကြ​သည်​ဖြစ်၍၊ ထို​မုန့်​နှင့် ငါး​နှစ်​ကောင်​တို့​ကို အ​ဘယ်​ပြော​စ​ရာ​ရှိ​ပါ​သ​နည်း ဟု​လျှောက်၏။- ယေ​ရှု​က​လည်း၊ လူ​များ​တို့​ကို လျောင်း​ကြ​စေ​ဟု မိန့်​တော်​မူ၏။ ထို​အ​ရပ်၌ မြက်​ပင်​ထူ​ပြော​လျက်​ရှိ​သည် ဖြစ်၍၊ အ​ရေ​အ​တွက်​အား​ဖြင့် ငါး​ထောင်​မျှ​လောက်​သော​လူ​တို့​သည် လျောင်း​ကြ၏။- ယေ​ရှု​သည်​မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ တ​ပည့်​တော်​တို့​အား ဝေ​ငှ​တော်​မူ၍၊ တ​ပည့်​တော်​တို့​သည် လျောင်း​သော​သူ​တို့​အား ဝေ​ငှ​ပြန်၏။ ထို​နည်း​တူ ငါး​နှစ်​ကောင်​ကို လူ​များ​လို​ချင်​သ​မျှ ဝေ​ငှ​ကြ၏။- ထို​သူ​တို့​သည်​ဝ​ကြ​ပြီး​မှ ကိုယ်​တော်​က၊ ဘာ​မျှ မ​ပျောက်​စေ​ခြင်း​ငှာ ကြွင်း​ကျန်​သော​အ​ကျိုး​အ​ပဲ့​တို့​ကို ကောက်​သိမ်း​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ဖြစ်၍၊- စား​သော​သူ​တို့၌ ကျန်​ကြွင်း​သော မု​ယော​မုန့်​ငါး​လုံး၏ အ​ကျိုး​အ​ပဲ့​တို့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။-(ရှင်ယောဟန် 6:6-13)

ခ​ရီး​တစ်​တိုင်​ခွဲ​နှစ်​တိုင်​လောက် တက်​ခတ်၍ ရောက်​သော​အ​ခါ၊ ယေ​ရှု​သည် အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်​၍ လှေ​အ​နီး​သို့​ချဉ်း​တော်​မူ​သည်​ကို သူ​တို့​သည်​မြင်၍ ကြောက်​လန့်​ခြင်း​ရှိ​ကြ၏။- ကိုယ်​တော်​က​လည်း၊ ငါ​ပင်​ဖြစ်​သည်၊ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ လှေ​ထဲ​သို့ ကိုယ်​တော်​ကို ဝမ်း​မြောက်​စွာ​ခံ​ယူ​ကြ၏။- လှေ​သည်​လည်း ရောက်​လို​သော​အ​ရပ်​သို့ တစ်​ခ​ဏ​ချင်း​တွင် ဆိုက်​လေ၏။(ရှင်ယောဟန် 6:19-21)

တစ်​ဖန်​ယေ​ရှု​သည် တိ​ဗေ​ရိ​အိုင်​နား​မှာ တ​ပည့်​တော်​တို့​အား ကိုယ်​ကို​ပြ​တော်​မူ၏။ ပြ​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊- ရှိ​မုန်​ပေ​တ​ရု​နှင့် ဒိ​ဒု​မု​ဟု​အ​မည်​ရှိ​သော သော​မ၊ ဂါ​လိ​လဲ​ပြည် ကာ​န​မြို့​သား နာ​သ​နေ​လ၊ ဇေ​ဗေ​ဒဲ၏ သား​နှစ်​ယောက်၊ အ​ခြား​သော​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် အ​တူ​ရှိ​ကြ၏။- ရှိ​မုန်​ပေ​တ​ရု​က၊ ကျွန်ုပ်​သည် ငါး​ဖမ်း​သွား​မည်​ဟု​ဆို​လျှင်၊ ထို​သူ​တို့​က၊ အ​ကျွန်ုပ်​တို့​လည်း​လိုက်​မည်​ဟု ပြော​ဆို​သည်​နှင့် ထွက်​သွား​ကြ၏။ ချက်​ချင်း​လှေ​ထဲ​သို့​ဝင်၍ ထို​ည​တွင် တစ်​ကောင်​ကို​မျှ​မ​ရ​ကြ။-နံ​နက်​ရောက်​သော​အ​ခါ ယေ​ရှု​သည် ကမ်း​နား​မှာ​ရပ်​တော်​မူ၏။ သို့​ရာ​တွင် ယေ​ရှု​ဖြစ်​တော်​မူ​သည်​ကို တ​ပည့်​တော်​တို့​သည် မ​သိ​ကြ။- ယေ​ရှု​က​လည်း၊ ချစ်​သား​တို့၊ စား​စ​ရာ​တစ်​စုံ​တစ်​ခု ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ မ​ရှိ​ပါ​ဟု​ပြန်​ပြော​ကြ၏။- တစ်​ဖန်​ယေ​ရှု​က၊ လှေ​လက်​ယာ​ဘက်၌ ပိုက်​ကွန်​ကို​ပစ်​ချ​လော့။ ထို​သို့​ပြု​လျှင် ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် ပစ်​ချ၍​များ​စွာ​သော​ငါး​တို့​ကို အုပ်​မိ​သော​ကြောင့်၊ ပိုက်​ကွန်​ကို​ဆွဲ၍​မ​ရ​နိုင်။

ထို​အ​ခါ ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့်​တော်​က၊ ငါ​တို့​သ​ခင်​ပေ​တည်း​ဟု ပေ​တ​ရု​အား ပြော​ဆို၏။ သ​ခင်​ဖြစ်​ကြောင်း​ကို ရှိ​မုန်​ပေ​တ​ရု​သည် ကြား​လျှင်၊ အ​ဝတ်​ကို မ​ခြုံ​ဘဲ​ရှိ​လျက် အ​ပေါ်​အင်္ကျီ​ကို​သာ ဝတ်​စည်း၍ အိုင်​ထဲ​သို့ ဆင်း​လေ၏။- အ​ခြား​သော တ​ပည့်​တော်​တို့​သည် ကမ်း​နှင့် မ​နီး​မ​ဝေး အ​လံ​ငါး​ဆယ်​လောက်​ကွာ​သည်​ဖြစ်၍၊ ငါး​များ​နှင့် ပိုက်​ကွန်​ကို ဆွဲ​ငင်​လျက် လှေ​စီး၍ လာ​ကြ၏။- ကုန်း​ပေါ်​သို့​ရောက်​သော​အ​ခါ မီး​ခဲ​ပုံ​ကို​လည်း​ကောင်း၊ ကင်​ထား​သော​ငါး​ကို​လည်း​ကောင်း၊ မုန့်​ကို​လည်း​ကောင်း တွေ့​မြင်​ကြ၏။- ယေ​ရှု​က​လည်း၊ ယ​ခု​ရ​သော​ငါး​အ​ချို့​ကို ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။- ရှိ​မုန်​ပေ​တ​ရု​သည် လှေ​ပေါ်​သို့​တက်၍၊ ငါး​ကြီး​တစ်​ရာ​ငါး​ဆယ်​သုံး​ကောင်​နှင့် ပြည့်​လျက်​ရှိ​သော ပိုက်​ကွန်​ကို ကုန်း​ပေါ်​သို့ ဆွဲ​တင်​လေ၏။ ထို​မျှ​လောက် များ​သော်​လည်း ပိုက်​ကွန်​သည် မ​စုတ်​မ​ပြတ်​ရှိ၏။-(ရှင်ယောဟန် 21:1-11)

Libertações

Jesus expulsou demônios com autoridade. Os espíritos impuros não resistiam à sua palavra e saíam imediatamente.

ထို​နောက်​မှ က​ပေ​ရ​နောင်​မြို့​သို့ ကြွ​ဝင်​တော်​မူ​လျှင်၊ တပ်​မှူး​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ၍၊- သ​ခင်၊ ကျွန်​တော်၏ ငယ်​သား​တစ်​ယောက်​သည် လက်​ခြေ​သေ​သည်​အ​နာ​နှင့် ပြင်း​စွာ​ခံ​ရ၍ အိမ်​တွင် တုံး​လုံး​နေ​ပါ​သည်​ဟု တောင်း​ပန်​လေ၏။- ယေ​ရှု​က​လည်း ငါ​လာ၍ ချမ်း​သာ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊- တပ်​မှူး​က၊ သ​ခင်၊ ကျွန်​တော်၏ အိမ်​မိုး​အောက်​သို့ ကြွ​ဝင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို ကျွန်​တော်​မ​ခံ​ထိုက်​ပါ။ အ​မိန့်​တော်​တစ်​ခွန်း​ရှိ​လျှင် ကျွန်​တော်၏​ငယ်​သား​သည် ချမ်း​သာ​ရ​ပါ​လိမ့်​မည်။- ဥ​ပ​မာ​ကား၊ ကျွန်​တော်​သည် မင်း​အောက်၌ ကျွန်​ခံ​သော​သူ​ဖြစ်​သော်​လည်း စစ်​သူ​ရဲ​များ​ကို​အုပ်​စိုး၍ တစ်​ဦး​ကို​သွား​ချေ​ဟု ဆို​လျှင် သွား​ပါ၏။ တစ်​ဦး​ကို လာ​ခဲ့​ဟု​ဆို​လျှင် လာ​ပါ၏။ ကျွန်​ကို​လည်း ဤ​အ​မှု​ကို လုပ်​တော့​ဟု ဆို​လျှင် လုပ်​ပါ၏​ဟု တပ်​မှူး​လျှောက်​လေ၏။- ထို​စ​ကား​ကို ယေ​ရှု​သည်​ကြား​လျှင် အံ့​ဩ​ခြင်း​ရှိ၍၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး၌​ပင် ငါ​မ​တွေ့​ဖူး​သေး။- ငါ​ဆို​ပြန်​သည်​ကား၊ လူ​များ​တို့​သည်၊ အ​ရှေ့​အ​ရပ်၊ အ​နောက်​အ​ရပ်​မှ​လာ၍၊ ကောင်း​ကင်​နိုင်​ငံ​တော်၌ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​တ​ကွ လျောင်း​ရ​ကြ​လ​တ္တံ့၊-နိုင်​ငံ​တော်​သား​တို့​သည်​လည်း ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ်​မှောင်​မိုက်​ထဲ​သို့ နှင်​ချ​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့​ဟု နောက်​တော်​သို့ လိုက်​သော​သူ​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊-တပ်​မှူး​အား သင်​သွား​လော့။ ယုံ​ကြည်​သည်​နှင့်​အ​ညီ သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် သူ၏​ငယ်​သား​သည် အ​နာ​ရော​ဂါ​ကင်း၍ သက်​သာ​ခြင်း​သို့ ရောက်​လေ၏။-

(​မာ၊ ၁:၂၉-၃၄။ လု၊ ၄:၃၈-၄၁။)(ရှင်မဿဲ 8:5-13)

ကမ်း​တစ်​ဖက်၊ ဂါ​ဒ​ရ​ပြည်​သို့ ရောက်​တော်​မူ​သော​အ​ခါ နတ်​ဆိုး​စွဲ​သော လူ​နှစ်​ယောက်​တို့​သည် ထို​လမ်း​ကို အ​ဘယ်​သူ​မျှ မ​သွား​နိုင်​အောင် အ​လွန်​ကြမ်း​ကြုတ်​စွာ​ပြု​လျက်၊ သင်္ချိုင်း​တ​စ​ပြင်​မှ ထွက်​လာ၍ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်၊- ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ချိန်​မ​ရောက်​မီ အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ ကြွ​လာ​တော်​မူ​သ​လော​ဟု အော်​ဟစ်၍​လျှောက်​ကြ၏။- ထို​သူ​တို့​နှင့် မ​နီး​မ​ဝေး​သော​အ​ရပ်၌ များ​စွာ​သော ဝက်​အ​စု​သည် ကျက်​စား​လျက်​ရှိ၏။- နတ်​ဆိုး​တို့​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို နှင်​ထုတ်​လျှင်၊ ထို​ဝက်​အ​စု​ထဲ​သို့ ဝင်​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​ကြ​သော်၊- သွား​ကြ​ဟု မိန့်​တော်​မူ၏။ နတ်​ဆိုး​တို့​သည် ထွက်၍ ဝက်​ထဲ​သို့​ဝင်​သ​ဖြင့် ဝက်​အ​စု​ရှိ​သ​မျှ​သည် အိုင်​ကမ်း​ဇောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း၍ ရေ၌​သေ​ကြ၏။- ဝက်​ကျောင်း​သော သူ​တို့​သည်​လည်း ပြေး၍ မြို့​ထဲ​သို့​ဝင်​ပြီး​လျှင်၊ နတ်​ဆိုး​စွဲ​သော​သူ​တို့၏ အ​ကြောင်း​မှ​စ၍ ဖြစ်​လေ​သ​မျှ​တို့​ကို ကြား​ပြော​ကြ​သော်၊- တစ်​မြို့​လုံး​လည်း ယေ​ရှု​ကို​တွေ့​အံ့​သော​ငှာ ထွက်​လာ​ကြ၏။ ကိုယ်​တော်​ကို​တွေ့​မြင်​လျှင် မိ​မိ​တို့​ပြည်​က ထွက်​သွား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-(ရှင်မဿဲ 8:28-34)

ထို​သူ​တို့​သည် ထွက်​သွား​ကြ​သည်​နောက်၊ နတ်​ဆိုး​စွဲ​သော လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။- နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ​ပြီး​မှ ထို​အ​သော​သူ​သည် စ​ကား​ပြော၏။ လူ​အ​စု​အ​ဝေး​တို့​သည်​လည်း အံ့​ဩ၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဤ​ကဲ့​သို့ မ​မြင်​ရ​စ​ဖူး​ဟု ပြော​ဆို​ကြ၏။-(ရှင်မဿဲ 9:32,33)

ထို​အ​ခါ နတ်​ဆိုး​စွဲ​သော လူ​ကန်း​လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​လျှင်၊ ထို​လူ​ကန်း​လူ​အ​သည် မျက်​စိ​မြင်၍ စ​ကား​ပြော​နိုင်​အောင် ကယ်​မ​တော်​မူ၏။-(ရှင်မဿဲ 12:22)

ယေ​ရှု​သည် ထို​အ​ရပ်​မှ​ထွက်၍ တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​လျှင်၊- ခါ​နာန်​အ​မျိုး​ဖြစ်​သော မိန်း​မ​တစ်​ယောက်​သည် ထို​နယ်​စပ်​မှ​ထွက်​လာ၍၊ ဒါ​ဝိဒ်၏​သား​တော်​ရှင်၊ ကျွန်​မ​ကို သ​နား​တော်​မူ​ပါ။ ကျွန်​မ၏​သ​မီး​သည် နတ်​ဆိုး​နှိပ်​စက်​ခြင်း​ကို ပြင်း​စွာ​ခံ​ရ​ပါ​သည်​ဟု ဟစ်​ကြော်​သော်​လည်း စ​ကား​တစ်​ခွန်း​မျှ ပြန်​တော်​မ​မူ။- တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ထို​မိန်း​မ ပြန်​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ငါ​တို့​နောက်​သို့ လိုက်၍ ဟစ်​ကြော်​လျက်​နေ​ပါ​သည်​ဟု တောင်း​လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဝင် ပျောက်​လွင့်​သော သိုး​များ​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး​ရှိ​ရာ​သို့ ငါ့​ကို​မ​စေ​လွှတ်​ဟု မိန့်​တော်​မူ၏။- ထို​မိန်း​မ​သည် ချဉ်း​ကပ်၍ ပျပ်​ဝပ်​လျက် ကျွန်​မ​ကို ကယ်​တော်​မူ​ပါ​သ​ခင်​ဟု လျှောက်​ပြန်​လျှင်၊- ကိုယ်​တော်​က၊ သား၏​အ​စာ​ကို​ယူ၍ ခွေး​အား​မ​ပေး​မ​ချ​အပ်​ဟု ပြန်​ပြော​တော်​မူ၏။- မိန်း​မ​က​လည်း မှန်​ပါ၏​သ​ခင်၊ ခွေး​မည်​သည်​ကား မိ​မိ​သ​ခင်၏ စား​ပွဲ​မှ​ကျ​သော စား​နုပ်​စား​ပေါက်​ကို စား​မြဲ​ထုံး​စံ​ရှိ​ပါ၏​ဟု လျှောက်​ပြန်​လျှင်၊- အို မိန်း​မ၊ သင်​သည် ယုံ​ကြည်​အား​ကြီး​လှ​ပြီ။ သင့်​အ​လို​ရှိ​သည်​အ​တိုင်း သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​အ​ချိန်​မှ​စ၍ ထို​မိန်း​မ၏​သ​မီး​သည် ကျန်း​မာ​ပ​က​တိ​ဖြစ်​လေ၏။(ရှင်မဿဲ 15:21-28)

လူ​အ​စု​အ​ဝေး​ရှိ​ရာ​သို့ ရောက်​ကြ​သော​အ​ခါ၊ လူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍ ဒူး​ထောက်​လျက်၊ သ​ခင်၊- အ​ကျွန်ုပ်၏​သား​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။ ဝက်​ရူး​နာ​စွဲ၍ ပြင်း​စွာ​ခံ​စား​ရ​ပါ၏။ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​တတ်​ပါ၏။- တ​ပည့်​တော်​တို့​ထံ​သို့ ဆောင်​ခဲ့၍ သူ​တို့​သည် ချမ်း​သာ​မ​ပေး​နိုင်​ကြ​ပါ​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။- ယေ​ရှု​သည် သူ့​ကို​ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် သူ​မှ​ထွက်​သွား​သ​ဖြင့်၊ ထို​ခ​ဏ​မှ​စ၍ သူ​ငယ်​သည် ကျန်း​မာ​ပ​က​တိ ဖြစ်​လေ၏။(ရှင်မဿဲ 17:14-18)

ထို​သူ​တို့၏​တ​ရား​ဇ​ရပ်၌ ညစ်​ညူး​သော​နတ် စွဲ​သော​သူ​ရှိ၍၊- ဪ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ လာ​သ​လော။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​တော်​မူ​သော​သူ ဖြစ်​ပါ​သည်​ဟု ဟစ်​ကြော်​လေ၏။- ယေ​ရှု​က​လည်း တိတ်​ဆိတ်​စွာ​နေ​လော့။ ထို​သူ၏​အ​ထဲ​က ထွက်​သွား​လော့​ဟု ဆုံး​မ​တော်​မူ​လျှင်၊- ညစ်​ညူး​သော​နတ်​သည် ထို​သူ​ကို တောင့်​မာ​စေ​ပြီး​မှ၊ ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ ထွက်​သွား၏။-(ရှင်မာကု 1:23-26)

အိုင်​တစ်​ဖက်၊ ဂါ​ဒ​ရ​ပြည်​သို့ ရောက်​ကြ၍၊- ယေ​ရှု​သည် လှေ​ထဲ​က​ထွက်​ကြွ​တော်​မူ​သည် ခ​ဏ​ချင်း​တွင်၊ ညစ်​ညူး​သော​နတ်​စွဲ​သော​သူ​သည် သင်္ချိုင်း​တ​စ​ပြင်​မှ ထွက်​လာ၍ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​လေ၏။- ထို​သူ​သည် သင်္ချိုင်း​တ​စ​ပြင်၌ နေ​တတ်၏။ သူ့​ကို သံ​ကြိုး​နှင့်​ပင် အ​ဘယ်​သူ​မျှ ချည်၍​မ​နိုင်။- ခြေ​ချင်း၊ သံ​ကြိုး​နှင့် အ​ဖန်​များ​စွာ ချည်​စမ်း​သော်​လည်း၊ သံ​ကြိုး​ကို​ဆွဲ​ဖြတ်၍ ခြေ​ချင်း​ကို ဖြဲ​တတ်၏။ သူ့​ကို​ယဉ်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​မျှ မ​တတ်​နိုင်။- နေ့​ည​မ​ပြတ် သင်္ချိုင်း​တ​စ​ပြင်၌​လည်း​ကောင်း၊ တောင်​ပေါ်၌​လည်း​ကောင်း၊ ဟစ်​ကြော်​လျက်၊ ကျောက်​ဇောင်း​နှင့် ကိုယ်​ကို​ရှ​စေ​လျက် နေ​တတ်၏။- ယေ​ရှု​ကို အ​ဝေး​က​မြင်​လျှင်၊ အ​ထံ​တော်​သို့ ပြေး​လာ၍ ပျပ်​ဝပ်​လျက်၊- အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ အ​ကျွန်ုပ် တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။- လျှောက်​သည်​အ​ကြောင်း​ကား၊ ညစ်​ညူး​သော​နတ်၊ ထို​လူ​မှ​ထွက်​သွား​လော့​ဟု မိန့်​တော်​မူ​ခဲ့​ပြီ။- ကိုယ်​တော်​က​လည်း၊ သင်​သည် အ​ဘယ်​အ​မည် ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​အ​မည်​ကား၊ လေ​ဂေါင်​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် အ​များ​ဖြစ်​ကြ​ပါ၏​ဟု လျှောက်​ပြီး​မှ၊- ထို​ပြည်​ထဲ​က အ​ခြား​သို့ မ​နှင်​ပါ​မည်​အ​ကြောင်း များ​စွာ​တောင်း​ပန်​လေ၏။

ထို​အ​ရပ်၌ တောင်​ပေါ်​မှာ များ​စွာ​သော ဝက်​အ​စု​သည် ကျက်​စား​လျက်​ရှိ၏။- နတ်​ဆိုး​အ​ပေါင်း​တို့​လည်း၊ အ​ကျွန်ုပ်​တို့​သည် ထို​ဝက်​ထဲ​သို့ ဝင်​ရ​ပါ​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ​ပါ​ဟု တောင်း​ပန်​ပြန်​လျှင်၊- ယေ​ရှု​သည် ချက်​ချင်း​အ​ခွင့်​ပေး​တော်​မူ၏။ ညစ်​ညူး​သော​နတ်​တို့​သည် ထွက်၍ ဝက်​ထဲ​သို့​ဝင်​သ​ဖြင့် ဝက်​အ​စု​သည် အိုင်​ကမ်း​ဇောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း၍ အိုင်၌​အ​သက်​ဆုံး​ကြ၏။ အ​ရေ​အ​တွက်​အား​ဖြင့် နှစ်​ထောင်​လောက်​ရှိ၏။- ဝက်​ကျောင်း​သော​သူ​တို့​သည် ပြေး၍​မြို့​ရွာ​တို့၌ သ​တင်း​ကြား​ပြော​လျှင်၊ လူ​များ​တို့​သည် ထို​အ​မှု​အ​ရာ​တို့​ကို ကြည့်​ရှု​အံ့​သော​ငှာ ထွက်​လာ​ကြ၏။-(ရှင်မာကု 5:1-14)

သင်​တို့​မူ​ကား၊ အ​ကြင်​သူ​သည် ကိုယ်​မိ​ဘ​ကို သင်​တို့​အ​သုံး​ရ​နိုင်​သ​မျှ​သော ငါ၏​ဥ​စ္စာ​သည် အ​လှူ​ဝ​တ္ထု​တည်း​ဟူ​သော ကော်​ဘန်​ဖြစ်​စေ​ဟု ဆို၏။- ထို​သူ​သည် မိ​ဘ​ဝတ်​ကို အ​လျှင်း​မ​ပြု​ရ​ဟု မြစ်​တား၍၊- မိ​မိ​တို့ အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အား​ဖြင့် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကို ပယ်​ကြ၏။ ထို​သို့​သော အ​ကျင့်​အ​လေ့​များ​တို့​ကို သင်​တို့​သည် ကျင့်​လေ့​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။

(မ၊ ၁၅:၁၀-၂၀)

ထို​အ​ခါ လူ​အ​စု​အ​ဝေး​အ​ပေါင်း​ကို အ​ထံ​တော်​သို့​ခေါ်၍၊ သင်​တို့​ရှိ​သ​မျှ​သည် နား​ထောင်​နား​လည်​ကြ​လော့။- လူ​ပြင်​မှ​လာ၍ လူ​အ​တွင်း​သို့​ဝင်​လျက်၊ လူ​ကို ညစ်​ညူး​စေ​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ လူ​အ​တွင်း​မှ ထွက်​သော​အ​ရာ​သည် လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။-(ရှင်မာကု 7:11-15)

ကိုယ်​တော်​သည် ထို​အ​ရပ်​မှ​ထ၍ တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​ပြီး​လျှင် အိမ်​သို့​ဝင်၍ အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​သော်​လည်း ပုန်း​ရှောင်၍ နေ​တော်​မ​မူ​နိုင်။- အ​ကြောင်း​မူ​ကား၊ ညစ်​ညူး​သော​နတ်​စွဲ​သော မိန်း​မ​ငယ်၏ အ​မိ​သည် သ​တင်း​တော်​ကို ကြား​သ​ဖြင့်၊ လာ၍​ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊- မိ​မိ​သ​မီး​ထဲ​က နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။ ထို​မိန်း​မ​ကား၊ ဟေ​လ​သ​အ​မျိုး၊ ရှု​ရိ​ဖိ​နိတ်​ပြည်​သူ ဖြစ်​သ​တည်း။- ယေ​ရှု​က​လည်း၊ ရှေ့​ဦး​စွာ သား​များ​ကို ဝ​စွာ​ကျွေး​ပါ​ရ​စေ။ သား၏​အ​စာ​ကို​ယူ၍ ခွေး​အား​မ​ပေး​မ​ချ​အပ်​ဟု မိန့်​တော်​မူ၏။- မိန်း​မ​က​လည်း မှန်​ပါ၏​သ​ခင်။ ခွေး​မည်​သည်​ကား၊ သား​တို့၏ စား​နုပ်​စား​ပေါက်​ကို စား​ပွဲ​အောက်၌ စား​မြဲ​ထုံး​စံ​ရှိ​ပါ​သည်​ဟု ပြန်၍ လျှောက်​လျှင်၊- ကိုယ်​တော်​က၊ ထို​စ​ကား​ကြောင့် သင်​သွား​လော့။ နတ်​ဆိုး​သည် သင်၏​သ​မီး​ထဲ​မှ ထွက်​သွား​ပြီ​ဟု မိန့်​တော်​မူ၏။- ထို​မိန်း​မ​သည် မိ​မိ​အိမ်​သို့​ပြန်၍ နတ်​ဆိုး ထွက်​သွား​သည်​ကို​လည်း​ကောင်း၊ သ​မီး​သည် အိပ်​ရာ၌ အိပ်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း တွေ့၏။(ရှင်မာကု 7:24-30)

လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​သော​နတ်​အ​စွဲ​ခံ​ရ​သော အ​ကျွန်ုပ်၏​သား​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပါ​ပြီ။- နတ်​သည် ဖမ်း​စား​လေ​ရာ​ရာ၌ သူ့​ကို​မြေ​ပေါ်​မှာ လှဲ၍၊ သူ​သည်​လည်း ခံ​တွင်း​မှ အ​မြှုပ်​ထွက်​လျက်၊ အံ​သွား​ခဲ​ကြိတ်​လျက်၊ ပိန်​ခြောက်​လျက် နေ​ရ​ပါ၏။ ထို​နတ်​ကို နှင်​ထုတ်​ပါ​မည်​အ​ကြောင်း တ​ပည့်​တော်​တို့​အား အ​ကျွန်ုပ်​လျှောက်၍ သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ​ဟု လျှောက်​သော်၊- ကိုယ်​တော်​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊- ယူ​ခဲ့​ကြ၏။ ထို​နတ်​သည် ကိုယ်​တော်​ကို​မြင်​လျှင် ချက်​ချင်း သူ​ငယ်​ကို တောင့်​မာ​စေ​သ​ဖြင့် သူ​ငယ်​သည် မြေ​ပေါ်​မှာ​လဲ၍ အ​မြှုပ်​ထွက်​လျက် ကိုယ်​ကို လှိမ့်​လျက်​နေ၏။- ကိုယ်​တော်​က​လည်း၊ ဤ​သို့​ဖြစ်​သည်​ကား၊ အ​ဘယ်​မျှ​လောက် ကြာ​ပြီ​နည်း​ဟု သူ​ငယ်၏​အ​ဘ​အား မေး​တော်​မူ​လျှင်၊ အ​ဘ​က၊ ငယ်​သော အ​ရွယ်​က​ပင် ဖြစ်​ပါ၏။- သူ​ငယ်​ကို သေ​စေ​ခြင်း​ငှာ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​စေ​တတ်၏။ သို့​သော်​လည်း ကိုယ်​တော်​သည် တတ်​နိုင်​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​ကို သ​နား၍ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ သင်​သည် ယုံ​ကြည်​နိုင်​သ​လော။ ယုံ​ကြည်​သော​သူ​ဖြစ်​လျှင် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​သည်​ဟု မိန့်​တော်​မူ၏။- သူ​ငယ်၏​အ​ဘ​သည် ချက်​ချင်း​ဟစ်​ကြော်၍ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ၏ သ​ခင်။ မ​ယုံ​ကြည်​သည်​ကို မ​စ​တော်​မူ​ပါ​ဟု မျက်​ရည်​နှင့် လျှောက်​ပြန်​လေ၏။- ထို​အ​ခါ လူ​များ​တို့​သည် စု​ဝေး​လျက် ပြေး​လာ​ကြ​သည်​ကို ယေ​ရှု​သည်​မြင်​လျှင်၊ နား​ပင်း၍ စ​ကား​အ​သော​နတ်၊ သူ​ငယ်​မှ​ထွက်​လော့၊ နောက်​တစ်​ဖန်​မ​ဝင်​နှင့် ငါ​အ​မိန့်​ရှိ၏​ဟု ထို​ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ မိန့်​တော်​မူ​သ​ဖြင့်၊- နတ်​သည် အော်​ဟစ်၍ အ​လွန်​တောင့်​မာ​စေ​ပြီး​မှ ထွက်​သွား၏။ သူ​ငယ်​သည် သေ​သ​ကဲ့​သို့​ဖြစ်၏။ သေ​ပြီ​ဟု လူ​များ​ဆို​ကြ၏။- ယေ​ရှု​သည် သူ၏​လက်​ကို​ကိုင်၍ ချီ​ကြွ​တော်​မူ​သ​ဖြင့် သူ​သည်​ထ​လေ၏။(ရှင်မာကု 9:17-27)

တ​ရား​ဇ​ရပ်​မှ ထွက်​ပြီး​လျှင် ရှိ​မုန်​အိမ်​သို့​ကြွ​တော်​မူ၏။ ရှိ​မုန်၏ ယော​က္ခ​မ​သည် ပြင်း​စွာ​သော ဖျား​နာ​စွဲ​သည်​ဖြစ်၍ သူ့​အ​တွက် ကိုယ်​တော်​ကို တောင်း​လျှောက်​ကြ၏။- ကိုယ်​တော်​သည် ထို​မိန်း​မ၏ အ​နား​မှာ​ရပ်၍ ဖျား​နာ​ကို ဆုံး​မ​တော်​မူ​လျှင်၊ သူ​သည် အ​ဖျား​ပျောက်​သ​ဖြင့် ချက်​ချင်း​ထ၍ ဧည့်​သည်​ဝတ်​ကို​ပြု​လေ၏။(ရှင်လုကာ 4:38,39)

ယေ​ရှု​သည် ကုန်း​ပေါ်​သို့ တက်​တော်​မူ​လျှင်၊ ကာ​လ​တာ​ရှည်​စွာ နတ်​ဆိုး​စွဲ​သ​ဖြင့် အ​ဝတ်​ကို​မ​ဝတ်၊ အိမ်၌​မ​နေ၊ သင်္ချိုင်း​တ​စ​ပြင်၌​နေ​တတ်​သော ဂါ​ဒ​ရ​ပြည်​သား​တစ်​ယောက်​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို ပြု​လေ၏။- ကိုယ်​တော်​ကို​မြင်​လျှင် ပျပ်​ဝပ်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။- လျှောက်​သည်​အ​ကြောင်း​ကား၊ နတ်​ဆိုး​သည် ထို​လူ​ကို အ​ဖန်​များ​စွာ​ဖမ်း​ဆီး​လှ​ပြီ။ ခြေ​ချင်း​သံ​ကြိုး​နှင့် အ​ကျဉ်း​ထား​သော်​လည်း ခြေ​ချင်း​သံ​ကြိုး​ကို​ဆွဲ​ဖြတ်၍ နတ်​ဆိုး​သည် တော​အ​ရပ်​သို့ နှင်​မြဲ​ရှိ​ကြောင်း​ကို ကိုယ်​တော်​သည်​ထောက်၍၊ ညစ်​ညူး​သော​နတ်၊ ထို​လူ​မှ ထွက်​သွား​လော့​ဟု မိန့်​တော်​မူ​ခဲ့​ပြီ။- ယေ​ရှု​က​လည်း၊ သင်​သည် အ​ဘယ်​အ​မည်​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ထို​လူ​ကို နတ်​ဆိုး​အ​များ စွဲ​သော​ကြောင့် အ​ကျွန်ုပ်​အ​မည်​ကား လေ​ဂေါင်​ဖြစ်​ပါ​သည်​ဟု လျှောက်​ပြီး​မှ၊- အ​နက်​ဆုံး​သော အ​ရပ်​သို့​သွား​စေ​ခြင်း​ငှာ မ​နှင်​ပါ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။

ထို​အ​ရပ်၌ တောင်​ပေါ်​မှာ များ​စွာ​သော​ဝက်​အ​စု​သည် ကျက်​စား​လျက်​ရှိ၏။ ထို​ဝက်​ထဲ​သို့ ဝင်​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု နတ်​ဆိုး​တို့​သည် တောင်း​ပန်​ပြန်​လျှင် အ​ခွင့်​ပေး​တော်​မူ၏။- နတ်​ဆိုး​တို့​သည် လူ​မှ​ထွက်၍ ဝက်​ထဲ​သို့​ဝင်​သ​ဖြင့်၊ ဝက်​အ​စု​သည် အိုင်​ကမ်း​ဇောက်​ကို တစ်​ဟုန်​တည်း ပြေး​ဆင်း၍ အ​သက်​ဆုံး​ကြ၏။- ဝက်​ကျောင်း​သော​သူ​တို့​သည် ထို​အ​ခြင်း​အ​ရာ​ကို မြင်​လျှင်​ပြေး၍ မြို့​ရွာ​တို့၌ သ​တင်း​ကြား​ပြော​ကြ​သော်၊- လူ​များ​တို့​သည် ထို​အ​မှု​အ​ရာ​ကို ကြည့်​ရှု​အံ့​သော​ငှာ ထွက်​လာ​ကြ၏။ အ​ထံ​တော်​သို့ ရောက်​သော​အ​ခါ နတ်​ဆိုး​ထွက်​သွား​သော​သူ​သည် အ​ဝတ်​ကို​ဝတ်၍ ပ​က​တိ​စိတ်​နှင့် ယေ​ရှု၏​ခြေ​တော်​ရင်း၌ ထိုင်​နေ​သည်​ကို မြင်​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။-(ရှင်လုကာ 8:27-35)

ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​အ​ရပ်၌​ရှိ​သော သူ​အ​ချို့​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို​မ​မြင်​မီ သေ​ခြင်း​သို့ မ​ရောက်​ရ​ကြ​ဟု မိန့်​တော်​မူ၏။

(မ၊ ၁၇:၁-၈။ မာ၊ ၉:၂-၈)

ထို​သို့​မိန့်​တော်​မူ​သည်​နောက်၊ ရှစ်​ရက်​လောက်​လွန်​သော​အ​ခါ၊ ယေ​ရှု​သည် ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်​တို့​ကို​ခေါ်၍ ဆု​တောင်း​ခြင်း​ငှာ တောင်​ပေါ်​သို့ တက်​ကြွ​တော်​မူ၏။-ဆု​တောင်း​တော်​မူ​စဉ်​တွင် မျက်​နှာ​တော်​သည် ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​ရှိ၍၊ အ​ဝတ်​တော်​လည်း ပြောင်​ပြောင်​လက်​လက် ဖြူ၏။- မော​ရှေ​နှင့် ဧ​လိ​ယ​တည်း​ဟူ​သော လူ​နှစ်​ယောက်​တို့​သည် ဘုန်း​အ​သ​ရေ​နှင့် ထင်​ရှား၍၊- ကိုယ်​တော်​နှင့်​အ​တူ ဆွေး​နွေး​လျက် ယေ​ရု​ရှ​လင်​မြို့၌ စု​တေတော်​မူ​မည် အ​ကြောင်း​အ​ရာ​ကို ပြော​ကြ၏။-(ရှင်လုကာ 9:27-31)

ပေ​တ​ရု​နှင့် သူ၏​အ​ဖော်​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တ​ငိုက်​ငိုက်​ရှိ​ကြ၏၊ နိုး​သော​အ​ခါ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့် ရပ်​နေ​သော လူ​နှစ်​ယောက်​ကို​လည်း​ကောင်း မြင်​ကြ၏။- ထို​သူ​တို့​သည် အ​ထံ​တော်​မှ​သွား​ကြ​စဉ်၊ ပေ​တ​ရု​က၊ သ​ခင်၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့ တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့ တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​ကျွန်ုပ်​တို့ ဆောက်​လုပ်​ပါ​ရ​စေ​ဟု ယောင်​ယမ်း၍ လျှောက်​လေ၏။-(ရှင်လုကာ 9:32,33)

လူ​အ​စု​အ​ဝေး၌ ပါ​သော​သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်၏​သား​ကို ကြည့်​ရှု​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ အ​ကျွန်ုပ်၌ သား​တစ်​ယောက်​တည်း ရှိ​ပါ၏။- နတ်​ဖမ်း​စား​သ​ဖြင့် သူ​သည်​ရုတ်​ခ​နဲ​အော်​ဟစ်၍၊ အ​မြှုပ်​ထွက်​လျက် တောင့်​မာ​ခြင်း​သို့ ရောက်​တတ်​ပါ၏။ ထို​သို့ နာ​ကျင်​စွာ​နှိပ်​စက်​ပြီး​မှ နတ်​သည်​အ​လွန် သွား​ခဲ၏။- ထို​နတ်​ကို နှင်​ထုတ်​ပါ​မည်​အ​ကြောင်း တ​ပည့်​တော်​တို့​အား အ​ကျွန်ုပ်​တောင်း​ပန်​သော်​လည်း သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ​ဟု အော်​ဟစ်​လျက် လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သင်၏​သား​ကို ငါ့​ထံ​သို့ ယူ​ခဲ့​ဟု မိန့်​တော်​မူ၏။- သူ​ငယ်​လာ​စဉ်​ပင် နတ်​ဆိုး​သည် မြေ​ပေါ်​မှာ​လှဲ၍ တောင့်​မာ​စေ၏။ ယေ​ရှု​သည် ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ ထို​သူ​ငယ်​ကို ချမ်း​သာ​စေ​ပြီး​မှ အ​ဘ​အား အပ်​ပေး​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ မ​ဟာ​တန်​ခိုး​တော်​ကို မြင်၍ မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။

(မ၊ ၁၇:၂၂-၂၃။ မာ၊ ၉:၃၀-၃၂)(ရှင်လုကာ 9:38-43)

တစ်​ရံ​ရော​အ​ခါ စ​ကား​အ​သော​နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ၍၊ နတ်​ဆိုး​ထွက်​သည်​နောက် အ​သော​သူ​သည် စ​ကား​ပြော၏။ အ​စု​အ​ဝေး​တို့​သည်​လည်း အံ့​ဩ​ကြ၏။-(ရှင်လုကာ 11:14)

တစ်​ယောက်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် လက်​ယာ​နား​ရွက်​ပြတ်​လေ၏။- ယေ​ရှု​က​လည်း၊ တန်​စေ​ဟု မိန့်​တော်​မူ၍ နား​ရွက်​ကို လက်​တော်​နှင့်​တို့​သ​ဖြင့် အ​နာ​ကို ပျောက်​စေ​တော်​မူ၏။-(ရှင်လုကာ 22:50,51)

ယော​ဟန်​စေ​လွှတ်​သော သူ​တို့​သည် သွား​ကြ​သည်​နောက်၊ ယေ​ရှု​သည် ယော​ဟန်​ကို အ​ကြောင်း​ပြု၍ ပ​ရိသတ်​တို့​အား၊ သင်​တို့​သည် အ​ဘယ်​မည်​သော​အ​ရာ​ကို ကြည့်​ရှု​ခြင်း​ငှာ တော​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​လှုပ်​သော​ကျူ​ပင်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။- သို့​မ​ဟုတ် နူး​ညံ့​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ တင့်​တယ်​သော အ​ဝတ်​ကို​ဝတ်​ဆင်၍ ကောင်း​မွန်​စွာ စား​သောက်​သော​သူ​တို့​သည် မင်း​အိမ်၌ နေ​တတ်​ကြ၏။- ပ​ရော​ဖက်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ မှန်​ပေ၏။ ပ​ရော​ဖက်​ထက် ကြီး​မြတ်​သော​သူ​လည်း ဖြစ်​သည်​ဟု ငါ​ဆို၏။- ကျမ်း​စာ၌​လာ​သည်​ကား၊ ကြည့်​ရှု​လော့။ သင်​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို သင့်​ရှေ့၌ ငါ​စေ​လွှတ်၏​ဟု ဆို​ရာ၌ ထို​သူ​ကို​ဆို​လို​သ​တည်း။-ငါ​ဆို​သည်​ကား၊ မိန်း​မ​မွေး​သော​သူ​တို့​တွင် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော ပ​ရော​ဖက် တစ်​ယောက်​မျှ​မ​ရှိ။ သို့​သော်​လည်း ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ထို​သူ​ထက် သာ၍​ကြီး​မြတ်၏။- အ​ခွန်​ခံ​သူ​မှ​စ၍ လူ​အ​ပေါင်း​တို့​သည် ယော​ဟန်၏​စ​ကား​ကို ကြား​နာ​ရ​လျှင်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍ ယော​ဟန်​ပေး​သော ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။ဖာ​ရိ​ရှဲ​နှင့် ကျမ်း​တတ်​တို့​မူ​ကား၊ သူ​တို့​အ​ကျိုး​အ​လို​ငှာ ဘု​ရား​သ​ခင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​ကို​ပယ်၍ ယော​ဟန်၏ ဗ​တ္တိ​ဇံ​ကို မ​ခံ​ဘဲ​နေ​ကြ၏။(ရှင်လုကာ 7:24-30)

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.