Milagres de Jesus
Os Evangelhos registram dezenas de milagres realizados por Jesus — curas, ressurreições, domínio sobre a natureza e libertações. Cada milagre revelava sua divindade e compaixão.
Curas de cegos e surdos
Jesus devolveu a visão aos cegos e a audição aos surdos, manifestando seu poder sobre toda enfermidade e deficiência.
မျစ်စိဗြင်ဘဲဟှူ လူနှေ့ယော့-က်ဟှို ဗြင်စေဟှူကြောန်း
အယ်ရပ်ဟှနေဘီး ယေရှုကြွဟှားဟှူ ခီမာ မျစ်စိဗြင်ဘဲဟှူ လူနှေ့ယော့-က်ဟှ ကိုယ်တော်နော့-က်ဟှို လိုက်ဘီးဟှာ "ဒါဝိဒ်ရဲ့ သားတော်! ကျွန်တော်ဟှားလေဟှို သနားတော်မူပါ" ဆိုဘီး အော်ဟစ်ဂေ့လေဟှယ်။
အီတအီဟှို ဝမ်ခီမာ မျစ်စိကန်းနေသူလေဟှာ ယေရှုနားဟှို လာဂေ့လေဟှယ်။ ကိုယ်တော်ဟှလည်း "နန်းနို့မျစ်စိဟှို ငါဗြင်စေနိုင်ဟှယ် ဆိုဇာဟှို ယောင်ဘဲ့လော" ဆိုဘီး မေးလိုက်ဇာ "ယောင်ကြည်ပါဟှယ် သခင်!" ဆိုဘီး လျှော့-က်ဂေ့လေဟှယ်။
ယေရှုဟှာ သူးနို့လေရဲ့ မျစ်စိဟှို တို့ဘီးဟှာ "နန်းနို့ယောင်ကြည်ဟှူတိုင်း နန်းနို့မာဖြစ်စေ!" ဆိုဘီး မိန့်တော်မူဘီးန၊ အယ်သူလေဟှာ မျစ်စိပွမ့်လန်းလာဘီးဟှာ ဗြင်ရဂေ့လေဟှယ်။ ယေရှုဟှ "အယ်ကြောန်းရာလေဟှို ဖယ်သူဟှိုလည်း သိစေန!" ဆိုဘီး ကျပ်ကျပ်တဲတဲဟှား ဒိပေးလေဟှယ်။
အယ်ဘေမဲ့ သူးနို့လေ ထွပ်ဟှားဘီးဟှာ ယေရှုရဲ့ဒန်းဟှာ တပြည်လောင်းဟှို ပ္လံ့နှံ့ဟှားလေဟှယ်။
လူကန်းနှေ့ယော့-က်ဟှို ကုသပေးဟှူကြောန်း
ယေရှုန တဗဲ့တော်လေဟှာ ယေရိခေါဗြို့ဟှနေ ထွပ်လာဟှူ ခီမာ လူအောက်ဂီးဟှာ နော့-က်တော်ဟှို လိုက်ဂေ့လေဟှယ်။ လမ်းဘေးမာထိုင်နေဟှူ လူကန်းနှေ့ယော့-က်ဟှာ ယေရှုဖြတ်ဟှားဟှယ် ဆိုဇာဟှို ကြားသိဟှိကြောန့် "သခင်၊ ဒါဝိဒ်ရဲ့ သားတော်! ကျွန်တော်ဟှားလေဟှို သနားတော်မူပါ!" ဆိုဘီး အော်ဟစ်လေဟှယ်။
လူအောက်ဂီးဟှ သူးနို့ဟှို တိတိဆိဆိဟှား နေဟှို့တွပ် ပြစ်တန်ဘီး ပြောဂေ့ဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှ "သခင်၊ ဒါဝိဒ်ရဲ့ သားတော်! ကျွန်တော်ဟှားလေဟှို သနားတော်မူပါ!" ဆိုဘီး ပိုဘီး ဟှာ အော်ဟစ်ဂေ့ဟှယ်။
ယေရှုဟှာ ရပ်တော်မူလိုက်ဘီး သူးနို့ဟှို ခေါ်လိုက်ဟှယ်။ "နန်းနို့တွပ် ဖြားဇာလောက်ပေးစေရှင်ဟှယ်နူး" ဆိုဘီး ကိုယ်တော်ဟှ မေးတော်မူလေဟှယ်။
သူးနို့ဟှ "သခင်၊ ကျွန်တော်ဟှားလေရဲ့ မျစ်စိဟှို ဗြင်စေတော်မူပါ!" ဆိုဘီး လျှော့-က်ဂေ့လေဟှယ်။
ယေရှုဟှာ သူးနို့ဟှို သနားတော်မူဟှူကြောန့် သူးနို့လေရဲ့ မျစ်စိဟှို လတ်န တို့တော်မူလေဟှယ်။ ရှစ်ရှင်းဘဲ့ သူးနို့ဟှာ မျစ်စိဗြင်ဟှားဘီး နော့-က်တော်ဟှို လိုက်ဂေ့လေဟှယ်။
ယေရှုဟှာ ဗက်ဇဲဒဝါမာ မျစ်ကန်းတယော့-က်ဟှို ဗြင်စေဟှူကြောန်း
သူးနို့လေဟှာ ဗက်ဇဲဒဝါဟှို ရော့-က်လာဂေ့ဟှယ်။ အယ်နေရာမာ လူတချို့ဟှ မျစ်ကန်းတယော့-က်ဟှို ယေရှုနားဟှို ခေါ်လာဘီးဟှာ အယ်လူဟှို တို့ထိဟှို့တွပ် တောန်းဗန်ဂေ့ဟှယ်။ ယေရှုဟှ မျစ်ကန်းဟှို လတ်ဆွဲဘီးဟှာ ဝါပ္လန်ဟှို ခေါ်ဟှားလိုက်ဟှယ်။ အယ်လူရဲ့ မျစ်စိဟှို ထွီးရယ်နထွီးဘီးန ယေရှုဟှာ သူ့ထတ်မာ လတ်လေဟှို တန်လိုက်ဘီးဟှာ "နန် တခုခုဟှို ဗြင်ရဘဲ့လော" ဆိုဘီး မေးလေဟှယ်။
အယ်လူဟှ မော့ကေ့လိုက်ဘီး "ကျွန်တော်ဟှာ လူလေဟှို ဗြင်ရဟှယ်။ အယ်ဘေမဲ့ သူးနို့လေဟှ သစ်ပန်လေမျိုး လမ်းရှော့-က်နေဂေ့ဟှယ်" ဆိုဘီး ပြောလေဟှယ်။
ယေရှုဟှာ အယ်လူရဲ့ မျစ်စိထတ်မာ လတ်လေဟှို ပ္လန်ဘီး တန်လိုက်ဟှယ်။ အယ်ခီမာ အယ်လူဟှာ အားစိုက်ဘီး ကေ့လိုက်ဇာ သူ့ရဲ့ မျစ်စိလန်းရောန် ပ္လန်ရဟှားဘီး သူဟှာ ဂူလောင်းဟှို ရှင်းရှင်းလန်းလန်းဟှား ဗြင်ဟှားဟှယ်။ ယေရှုဟှ သူ့ဟှို "ဝါထဲဟှို ပ္လန်ဝမ်န" ဆိုဘီးဟှာ မိန့်ပေးဘီး အီဟှို ပ္လန်ခိုင်းလိုက်လေဟှယ်။
ယေရှုဟှ ဆွံ့အနားပန်းနေဇာဟှို ပျော့-က်စေကြောန်း
အယ်ဘီးန ယေရှုဟှာ တုရုဗြို့တော်ရဲ့ နီးနားဝန်းကျင်ဟှ ထွပ်ဟှားဘီး ဇိဒုန်ဗြို့တော်ဟှို ဖြတ်ဘီး ဒေကာပေါလိနယ် ဟှတဆင့် ဂါလိလဲအိုင်ဟှို ဆစ်သွားလိုက်ဟှယ်။ လူတချို့ဟှ ဆွံ့အနားပန်းနေဟှူ လူတယော့-က်ဟှို ကိုယ်တော်နားဟှို ခေါ်လာဟှယ်။ အယ်ဘီးဟှာ သူးနို့ဟှ သူ့ထတ်မာ လတ်တန်ပေးဟှို့တွပ် ယေရှုဟှို တောန်းဗန်လေဟှယ်။ အယ်ကြောန့် ယေရှုဟှ သူ့တယော့-က်ထဲဟှိုဘဲ့ လူအောက်ဂီးထဲဟှနေ ခေါ်ဟှားဘီးဟှာ အယ်လူရဲ့ နားလေထဲဟှို လတ်ညှိုးဟှို ထိုးသွမ်းလိုက်ဘီး၊ ထွီးရယ်န ထွီးဘီး အယ်လူရဲ့ လျှာဟှို တို့လိုက်ဟှယ်။ အယ်ဘီးန ယေရှုဟှာ ကောန်းဂန်ဟှို မျှော်ကေ့ဘီး သတ်ပြင်းခ္လဘီးဟှာ "ဧဖသ" ဆိုဘီး အယ်လူဟှို မိန့်တော်မူလေဟှယ်။ အယ်ဓိပါယ်ဟှ "ပွမ့်စေ!" ဆိုဘီး ဖြစ်ဟှယ်။
ရှစ်ရှင်းဘဲ့ အယ်လူရဲ့ နားဟှ ပွပ်လာဘီးဟှာ ခယ်ဟှားဇာခံရဟှူ သူ့လျှာလေဟှ လွတ်ဟှားဘီး ပီးပီသသဟှား စကားပြောနိုင်ဟှားဟှယ်။ ယေရှုဟှ အယ်မျိုး ဖြစ်ပျစ်ကြောန်းဟှို ဖယ်သူ့ဟှိုလည်း ပြောဘဲဟှို့တွပ် လူလေဟှို တားလိုက်ဟှယ်။ အယ်ဘေမဲ့ ယေရှုဟှ တားလေလေ သူးနို့လေဟှ အယ်ကြောန်းဟှို ပိုဘီး ဟှာ ဟောပြောနေဂေ့ဟှယ်။ အယ်မျိုး ဖြစ်ပျစ်ကြောန်းဟှို ကြားရဟှူလူလေဟှ ရရာတိုင်း အံ့ဩဂေ့ဟှယ်။ "ကိုယ်တော်ဟှာ ရှိမျှဂူလောင်းဟှို လျောက်ပတ်အောန် လောက်ဟှယ်! နားပန်းဟှူ လူလေဟှို နားကြားစေဟှယ်။ ဆွံ့အနေဟှူ လူလေဟှိုလည်း စကားပြောစေဟှယ်!" ဆိုဘီး တအံ့တဩ ပြောဂေ့ဟှယ်။
ယေရှုဟှာ မျစ်ကန်းဗာတိမဲဟှို ဗြင်စေဟှူကြောန်း
သူးနို့ဟှာ ယေရိခေါဗြို့ဟှို ရော့-က်လာဂေ့ဟှယ်။ အယ်ဘီးဟှာ ယေရှုဟှာ တဗဲ့တော်လေန ကီးမားဟှူ လူအောက်ဂီးနတူးဒူ ထွပ်ဟှားဟှူ ခီမာ တိမဲရဲ့သား ဗာတိမဲ နာမယ်ရှိဟှူ မျစ်ကန်းဒေါန်းဇား တယော့-က်ဟှာ လမ်းဘေးမာ ထိုင်နေဟှယ်။ သူဟှာ နာဇရက်ဗြို့သား ယေရှု ဖြစ်ဟှယ် ဆိုဇာဟှို ကြားရဟှူ ခီမာ သူဟှ "ဒါဝိဒ်ရဲ့ သားတော်! ယေရှု! ကျွန်တော့်ဟှို သနားပါ!" ဆိုဘီး စဘီး အော်ဟစ်လေဟှယ်။
လူလေဘောင်ဂီးဟှ သူ့ဟှို ပြစ်တန်ဂေ့ဘီး တိတိဟှားနေဟှို့ ပြောဂေ့ဟှယ်။ အယ်ဘေမဲ့ သူဟှ "ဒါဝိဒ်ရဲ့ သားတော်၊ ကျွန်တော့်ဟှို သနားပါ!" ဆိုဘီး ရင်ဟှထတ် က္လယ်ဟှီး အော်ဟစ်လေဟှယ်။
ယေရှုဟှာ ရပ်လိုက်ဘီးန "သူ့ဟှို ခေါ်ဂေ့" ဆိုဘီး ပြောလေဟှယ်။
အယ်ကြောန့် သူးနို့ဟှာ မျစ်ကန်းဟှို ခေါ်ဂေ့ဟှယ်။ သူးနို့ဟှ "အားငယ်န။ ထဒန်။ နန့်ဟှို ကိုယ်တော် ခေါ်နေဟှယ်" ဆိုဘီး ပြောဂေ့ဟှယ်။
အယ်လူဟှာ သူ့ရဲ့ ဝတ်လောင်ဟှို ဘေးဟှို ပစ်ခ္လလိုက်ဘီး၊ ထခူဘီးဟှာ ယေရှုနားဟှို လာဟှယ်။
ယေရှုဟှ "နန့်တွပ် ဖြားဇာ လောက်ပေးစေရှင် ဟှယ်နူး" ဆိုဘီး သူ့ဟှို မေးလေဟှယ်။
မျစ်စိကန်းဟှူ လူဟှ "ဆရာ၊ ကျွန်တော် ဗြင်ရှင်ဟှယ်" ဆိုဘီး ပြောလေဟှယ်။
ယေရှုဟှ "သွားလိုက်၊ နန့်ရဲ့ ယောင်ကြည်ရှင်းဟှာ နန့်ဟှို ကျန်းမာစေဘီ" ဆိုဘီး မိန့်တော်မူလေဟှယ်။
ရှစ်ရှင်းဘဲ အယ်လူဟှာ မျစ်စိဗြင်ဟှားဘီး လမ်းတရှော့-က်လောင်း ယေရှု နော့-က်ဟှို လိုက်လေဟှယ်။
မျစ်ကန်းဒေါန်းစားဟှို ဗြင်စေဟှူကြောန်း
ယေရှုဟှာ ယေရိခေါဗြို့နားဟှို ရော့-က်လာတော်မူဟှူ ခီမာ မျစ်ကန်းတယော့-က်ဟှာ လမ်းဘေးမာ ထိုင်ဘီး တောန်းစားနေဟှယ်။ သူဟှာ လူအောက်ဂီး ဖြတ်ဟှားဇာဟှို ကြားလိုက်ဟှူ ခီမာ "ဖြားဇာလေဖြစ်နေနူး" ဆိုဘီး မေးလိုက်ဟှယ်။
သူးနို့ဟှ "နာဇရက်ဗြို့သားယေရှု ဖြတ်ဟှားတော်မူဟှယ်" ဆိုဘီး သူ့ဟှို ပြောဂေ့ဟှယ်။
အယ်သူဟှ "ဒါဝိဒ်ရဲ့သားတော်! ယေရှု! ကျွန်တော့်ဟှို သနားတော်မူပါ!" ဆိုဘီး အော်ဟစ်လေဟှယ်။
ရှေ့မာရှိနေဟှူ လူလေဟှ သူ့ဟှို ပြစ်တန်ဂေ့ဘီး တိတိဟှားနေဟှို့ ပြောဂေ့ဟှယ်။ အယ်ဘေမဲ့လည်း သူဟှ "ဒါဝိဒ်ရဲ့သား! ကျွန်တော့်ဟှို သနားတော်မူပါ!" ဆိုဘီး ပိုဘီး အော်ဟစ်လေဟှယ်။
အယ်ကြောန့် ယေရှုဟှာ ရပ်နားဘီး မျစ်ကန်းဟှို သူ့နားဟှို ခေါ်လာဟှို့ မိန့်ပေးတော်မူလေဟှယ်။ အယ်သူဟှာ နီးနားဟှို ရော့-က်လာဟှူ ခီမာ ယေရှုဟှ၊ "နန့်တွပ် ငါ့ဟှို ဖြားဇာလောက်စေရှင်ဟှယ်နူး။" ဆိုဘီး သူ့ဟှို မေးတော်မူလေဟှယ်။
သူဟှ "သခင်၊ ကျွန်တော်ဟှို မျစ်စိဗြင်စေတော်မူပါ" ဆိုဘီး လျှော့-က်လေဟှယ်။
ယေရှုဟှ "မျစ်စိဗြင်စေ! နန့်ရဲ့ ယောင်ကြည်ရှင်းဟှ နန့်ဟှို ကယ်တန်ဘီ" ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
ရှစ်ရှင်းဘဲ့ သူဟှာ ဗြင်ဟှားလေဟှယ်။ အယ်ဘီးန ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဘီးဟှာ ယေရှု နော့-က်ဟှို လိုက်လေဟှယ်။ အယ်မူဇာဟှို ဗြင်လိုက်ဟှူ လူအောက်ဂီးဟှာ ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဟှယ်။
ယေရှုဟှာ မွီးဂဒဲဟှ မျစ်စိကန်းနေဟှူ လူတယော့-က်ဟှို ဗြင်စေဟှူကြောန်း
ယေရှုဟှာ လမ်းရှော့-က်သွားနေဒူးမာ မွီးဂဒဲဟှ မျစ်စိကန်းနေဟှူ လူတယော့-က်ဟှို တွိတော်မူဟှယ်။ ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှ ကိုယ်တော့်ဟှို "ဆရာ၊ အယ်လူဟှာ မွီးဂဒဲဟှ မျစ်စိကန်းနေဇာဟှ ဖယ်လူရဲ့ ပြစ်ကြောန့်နူး။ သူ့ရဲ့ ပြစ်ကြောန့်လော။ သူ့မိဖရဲ့ ပြစ်ကြောန့်လော" ဆိုဘီး မေးဂေ့ဟှယ်။
ယေရှုဟှ "သူ့ရဲ့ ပြစ်ကြောန့်လည်း မှုဟှ။ သူ့မိဖရဲ့ ပြစ်ကြောန့်လည်း မှုဟှ။ သူ့မာ ဘုရားသခင်ရဲ့ တဂိုးတော်ဟှာ ထန်ရှားစေဟှို့တွပ်ဖြစ်ဟှယ်။ နို့လေဟှာ ငါ့ဟှို စေလွှတ်ဟှူသူရဲ့ မှုတော်ဟှို နေ့ခီမာ လောက်ဆောန်ရမယ်။ ဖယ်လူလည်း လောက်နိုင်ဘဲဟှူ ညဉ့်ခီ ရော့-က်လာလေ့မယ်။ ငါဟှာ လောကမာ ရှိနေဟှူ ခီမာ ငါဟှာ လောကတွပ် လန်းရောန်ဖြစ်ဟှယ်" ဆိုဘီး ဖြေတော်မူလေဟှယ်။
ယေရှုဟှာ အယ်မျိုး မိန့်တော်မူဘီးန မ္လေဂီးထတ်ဟှို ထွီးရယ်န ထွီးဘီးဟှာ အယ်ထွီးရယ်န ဗယ်ဟှို နယ်လိုက်ဟှယ်။ ကိုယ်တော်ဟှာ အယ်လူရဲ့ မျစ်စိလေဟှို ဗယ်နလူးပေးလိုက်ဘီး သူ့ဟှို "ရှိလောင်ရေကန်မာ သွားဘီးဆေးလိုက်" ဆိုဘီး မိန့်တော်မူလေဟှယ်။ ရှိလောင် နာမယ်ဟှာ "စေလွှတ်ဟှယ်" ဆိုဘီး ဓိပါယ်ရဟှယ်။ အယ်ကြောန့် အယ်လူဟှာ သွားဘီး သူ့မျစ်နှာဟှို ဆေးလိုက်ဟှူ ခီမာ မျစ်စိဗြင်ဟှားဘီး ပ္လန်လာလေဟှယ်။
Curas de paralíticos e enfermos
Paralíticos caminharam, leprosos ficaram limpos e todo tipo de doença foi curada pelo toque e pela palavra de Jesus.
အယ်ခီမာ နူနာသယ် တယော့-က်ဟှာ လာဘီးဟှာ ကိုယ်တော်ရှေ့မာ ပျပ်ဝပ်ဘီး "သခင်၊ လိုတော်ရှိမယ် ဆိုဟှာ ကျွန်တော့်ဟှို အယ်ရောဂါဟှနေ သန့်ရှင်းပေးပါ" ဆိုဘီး တောန်းလျှော့-က်ဟှယ်။
ယေရှုဟှလည်း လတ်တော်ဟှို ဆန့်ဘီးဟှာ "ငါလိုရှိဟှယ်။ သန့်ရှင်းစေ!" ဆိုဘီး မိန့်တော်မူဟှယ်။ ရှစ်ရှင်းဘဲ့ နူနာရောဂါဟှာ ပျော့-က်ဟှားဘီး သူဟှာ သန့်ရှင်းဟှားလေဟှယ် ယေရှုဟှ "အယ်ကြောန်းဟှို ဖယ်သူဟှိုလည်း ပြောန။ ဒိထားပါ! ယဇ်ပုရောဟိတ်နားဟှို သွားဘီး ကိုယ်ဟှိုပြလိုက်ပါ။ လူလေရှေ့မာ သတ်သေဖြစ်ဟှို့တွပ် မောရှေပညတ်ဟှားဟှူတိုင်း ပူဇော်သကာဟှို ဆစ်သပါ" ဆိုဘီး မိန့်တော်မူလေဟှယ်။
အယ်နေရာမာ လေဖြတ်နေဟှူ လူတယော့-က်ဟှို ထမ်းစင်ထတ်မာ တန်ဘီးဟှာ ကိုယ်တော်နားဟှို ထမ်းလာဂေ့လေဟှယ်။ ယေရှုဟှာ အယ်သူလေရဲ့ ယောင်ကြည်ရှင်းဟှို ဗြင်ရဟှူ ခီမာ လေဖြတ်နေဟှူသူဟှို "ငါ့သား၊ စိုးရိမ်န! နန့်ရဲ့ ပြစ်ဟှို ငါလွတ်စေဘီ" ဆိုဘီး မိန့်တော်မူလေဟှယ်။
ကျမ်းပြုဆရာတချို့ဟှ "အယ်သူဟှာ ဘုရားသခင်ဟှို ပြစ်မှားစော်ကားဘီး ပြောနေဟှယ်!" ဆိုဘီးဟှာ သူးနို့ရှင်းရှင်း ပြောနေဂေ့ဟှယ်။
ယေရှုဟှာ အယ်သူလေရဲ့ စိဟှို သိနေကြောန့် "နန်းနို့လေ ဖြားဖြစ်ကြောန့် ကောန်းဘဲဟှူဇာလေဟှို စဉ်းစားနေဂေ့နူး။ ‘နန့်ရဲ့ ပြစ်ဟှို လွတ်စေဘီ’ အယ်မျိုးမှုဘဲနေဟှာ ‘နန်ထဘီးဟှာ လမ်းသွားဝေါ့’ ဆိုဘီး ပြောဟှို့ပိုလွယ်ကြောန့်လော။ လူ့ရဲ့သားဟှာ အယ်လောကမာ ပြစ်ဖြေလွှတ်ဟှို့ ခွမ့်အာဏာရှိဟှယ် ဆိုဇာဟှို နန်းနို့လေသိရအောန်" လေဖြတ်နေသူဟှို "ထဒန်၊ ထမ်းစင်ဟှို ကော့-က်ဘီး နန့်အီဟှို သွားဝေါ့!" ဆိုဘီး မိန့်တော်မူလေဟှယ်။
အယ်သူဟှာ ထဘီး သူ့အီဟှို သွားလေဟှယ်။
အယ်နေရာမာ လတ်တဖတ်သေနေဟှူ လူတယော့-က်ရှိနေလေဟှယ်။ တချို့လူလေဟှာ ယေရှုဟှို ပြစ်တန်စွပ်စွဲရှင်ဟှိကြောန့် "ဒန်းနေ့မာ ရောဂါဟှို ကုသပေးဇာဟှာ ပညတ်တော်ဟှို ဆန့်ကျင်ဇာမှုဟှလော" ဆိုဘီး မေးလျှော့-က်ဂေ့လေဟှယ်။
ယေရှုဟှ "တကယ်ဟှိ နန်းနို့မာ သိုးတကောန်ဘဲ့ရှိဟှယ်။ အယ်သိုးဟှာ ဒန်းနေ့မာ တွမ်းထဲဟှို က္လဟှားဟှယ် ဆိုဟှာ နန်းနို့ဟှာ ဆွဲဒန်ဘဲန နေဟှို့လော။ လူဟှာ သိုးထတ် ပိုဘီး မြတ်လေဟှယ်! အယ်ကြောန့် နို့လေရဲ့ ပညတ်တော်ဟှာ ဒန်းနေ့မာ ကယ်တန်ပေးဟှို့ ခွမ့်ပြုဟှားဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ဘီးန လတ်သေနေဟှူသူဟှို "နန့်ရဲ့ လတ်ဟှို ဆန့်လိုက်" ဆိုဘီး ပြောလေဟှယ်။
အယ်သူဟှာ သူ့လတ်ဟှို ဆန့်လိုက်ဘီးန ကျန်ဟှူလတ်တဖတ်မျိုး ကောန်းတိုင်း ပ္လန်ဖြစ်ဟှားလေဟှယ်။
ရှိမုန်ရဲ့ ယောက္ခမဟှာ ဖျားနာဘီး အိယာထတ်မာ လှဲနေကြောန်းဟှို ယေရှုဟှို ရှစ်ရှင်း တောန်းလျှော့က်လေဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှာ အယ်မီးမနားဟှို သွားဘီးဟှာ သူ့ရဲ့လတ်ဟှို ကိုင်ဘီး ဆွဲဒန်လိုက်ဟှယ်။ သူဟှာ ဖျားနာပျော့-က်ဟှားကြောန့် သူးနို့ဟှို ဧည့်ဝတ်ပြုလေဟှယ်။
ယေရှုဟှာ လူတယော့-က်ဟှို ကျန်းမာစေဟှူကြောန်း
နူနာသယ် တယော့-က်ဟှာ ယေရှုနားဟှို ရော့-က်လာဟှူ ခီမာ ဒူးထော့-က်ဘီးဟှာ "ကိုယ်တော်လိုရှိဟှယ် ဆိုဟှာ ကျွန်တော့်ဟှို သန့်ရှင်းပေးပါ" ဆိုဘီး တောန်းဗန်လေဟှယ်။
ယေရှုဟှာ သနားတော်မူဟှားဘီး လတ်တော်ဟှို ဆန့်ဘီးဟှာ အယ်လူဟှို ထိလိုက်ဟှယ်။ "ငါလိုရှိဟှယ်။ သန့်ရှင်းစေ!" ဆိုဘီး မိန့်တော်မူလေဟှယ်။ ရှစ်ရှင်းဘဲ့ နူနာရောဂါဟှာ ပျော့-က်ဟှားဘီး သူဟှာ သန့်ရှင်းဟှားလေဟှယ်။
အယ်ခီမာ လူလေးယော့-က်ဟှ ရော့-က်လာဘီး လေဖြတ်နေဟှူ လူတယော့-က်ဟှို ယေရှုနားဟှို သယ်လာဂေ့ဟှယ်။ အယ်ဘေမဲ့လည်း လူအောက်ဂီးကြောန့် သူးနို့ဟှာ အယ်လူဟှို ကိုယ်တော်နားဟှို သယ်ဟှို့တတ်နိုင်ဟှမ်း။ အယ်ကြောန့် သူးနို့ဟှာ ယေရှုရှိဟှူ နေရာထတ်ဟှ ခေါန်မိုးဟှို ပေါ့-က်ဖော့-က်လိုက်ဟှယ်။ သူးနို့ဟှာ လေဖြတ်နေဟှူလူဟှို ထမ်းစင်န လျှောခ္လဂေ့ဟှယ်။ ယေရှုဟှာ သူးနို့လေရဲ့ ယောင်ကြည်ရှင်းဟှို ဗြင်ဟှားဟှူ ခီမာ လေဖြတ်နေဟှူလူဟှို "ငါ့သား၊ နန့်ရဲ့ ပြစ်လေဟှာ ခွမ့်လွတ်ဇာခံရဘီ" ဆိုဘီး မိန့်တော်မူလေဟှယ်။
အယ်နေရာမာ ထိုင်နေဟှူ ကျမ်းတတ်ဆရာ တချို့ဟှ သူးနို့ရဲ့ စိထဲမာ စဉ်းစားနေဇာဟှ
"အယ်လူဟှာ ဖြားဖြစ်ကြောန့် အယ်မျိုးပြောနူး! သူဟှာ ပြစ်မှားနေဇာ ဖြစ်ဟှယ်! ဘုရားသခင် တပါးဒဲဘဲ့ ပြစ်လေဟှို လွတ်ပိုင်နိုင်ဟှယ်!"
သူးနို့ရဲ့ စိထဲမာ အယ်မျိုး စဉ်းစားနေဇာဟှို ယေရှုဟှာ ရှစ်ရှင်း သိဟှူကြောန့် "နန်းနို့လေဟှ ဖြားဖြစ်ကြောန့် အယ်ဇာလေဟှို စဉ်းစားနေဂေ့နူး။ လေဖြတ်နေဟှူ လူဟှို ‘နန့်ရဲ့ ပြစ်ဟှို လွတ်ဟှားဘီ’ အယ်မျိုးမှုဘဲ့နေဟှာ ‘နန်ထလိုက်၊ နန့်ထမ်းစင်ဟှို ထမ်းဘီးသွားလိုက်’ ဆိုဘီး ဖယ်စကားဟှ ပိုဘီး ပြောဟှို့လွယ်နူး။ အယ်ကြောန့် လူ့ရဲ့သားဟှာ မ္လေဂီးထတ်မာ ပြစ်လေလွှတ်ဟှို့ ခွမ့်အာဏာရှိဟှယ် ဆိုဇာ နန်းနို့လေဟှို ငါသတ်သေထူပြမယ်။" အယ်ကြောန့် ကိုယ်တော်ဟှ လတ်ခေသေနေဟှူ လူဟှို "နန့်ဟှို ငါပြောမယ်။ ထဒန်။ နန့်ရဲ့ ထမ်းစင်ဟှို ကော့-က်ဘီးဟှာ အီဟှို ပ္လန်ဟှားလိုက်!" ဆိုဘီး ပြောလေဟှယ်။
လူလေ ဂူလောင်းဟှာ စောန့်ကေ့နေဒူးမာ အယ်လူဟှာ ထဘီး၊ သူ့ရဲ့ ထမ်းစင်ဟှို ယူဘီးဟှာ ထွပ်ဟှားလေဟှယ်။ သူးနို့လေ ဂူလောင်းဟှာ ရရာတိုင်း အံ့ဩဟှားဘီးဟှာ ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဘီး "နို့လေဟှာ အယ်မျိုးဇာဟှို လောင်းဝဗြင်ဖူးဟှ!" ဆိုဘီး ပြောဂေ့ဟှယ်။
လတ်တဖတ်သေနေဟှူ လူကြောန်း
ယေရှုဟှာ ဝါလယ်ဇရပ်ထဲဟှို ပ္လန်ဝမ်ဟှားဘီးဟှာ အယ်နေရာမာ လတ်တဖတ်သေနေဟှူ လူတယော့-က်ရှိနေဟှယ်။ လူလေဟှာ ယေရှုဟှို စွတ်စွဲဟှို့တွပ် အယ်လူဟှို ဒန်းနေ့မာ နာပျော့-က်စေမယ်၊ ပျော့-က်စေဟှ ဆိုဇာဟှို နီးကပ် စောန့်ကေ့နေဂေ့ဟှယ်။ ယေရှုဟှာ အယ်လူဟှို "လူလေ ဂူလောင်းရှေ့မာ ထဒန်လိုက်" ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ဘီးန ယေရှုဟှာ "နို့လေရဲ့ ပညတ်တော်ဟှ ဒန်းနေ့မာ ကောန်းဇာလောက်ဟှို့လော။ ဆိုးဇာလောက်အပ်ဘဲ့လော။ လူသတ်ဟှို ကယ်အပ်ဘဲ့လော။ သတ်အပ်ဘဲ့လော" ဆိုဘီး သူးနို့ဟှို မေးတော်မူလေဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှာ တိတိဟှားဘဲ့ နေဂေ့ဟှယ်။
ယေရှုဟှာ ဒေါသထွပ်ဘီးဟှာ သူးနို့လေဟှို လှည့်ပတ်ကေ့ဘီး သူးနို့ရဲ့ စိနှလောင်းမာကြောဟှူကြောန့် ရရာတိုင်း ဝမ်းနဲဘီး လတ်သေနေလူဟှို "နန့်လတ်ဟှို ဆန့်လိုက်" ဆိုဘီး မိန့်တော်မူလေဟှယ်။ သူဟှလည်း လတ်ဟှို ဆန့်လိုက်ဟှူ ခီမာ သူ့လတ်ဟှာ ကောန်းတိုင်း ပ္လန်ဖြစ်ဟှားလေဟှယ်။
နူနာရောဂါဟှို ပျော့-က်စေဟှူကြောန်း
တနေ့မာ ယေရှုဟှာ ဗြို့တဗြို့မာ ရှိနေဒူးမာ နူနာသယ် တယော့-က်ဟှာ ယေရှုဟှို ဗြင်ဟှားဟှူ ခီမာ ပျပ်ဝပ်ဘီး ကိုယ်တော့်ဟှို "သခင်၊ လိုတော်ရှိဟှယ် ဆိုဟှာ ကျွန်တော့်ဟှို သန့်ရှင်းအောန် လောက်နိုင်ဟှယ်!" ဆိုဘီး တောန်းဗန်လေဟှယ်။
ယေရှုဟှာ လတ်တော်ဟှို ဆန့်ဘီးဟှာ သူ့ဟှို တို့ထိတော်မူဟှယ်။ "ငါလိုရှိဟှယ်။ သန့်ရှင်းစေ!" ဆိုဘီး ကိုယ်တော်ဟှ မိန့်တော်မူဟှယ်။ ရှစ်ရှင်းဘဲ့ နူနာရောဂါဟှာ ပျော့-က်ဟှားလေဟှယ်
လူတချို့ဟှာ လေဖြတ်နေဟှူ လူတယော့-က်ဟှို ထမ်းစင်န သယ်လာဘီး အီထဲဟှို သယ်ဆောင်ဟှားဘီး ယေရှုရဲ့ ရှေ့တော်မာ ခ္လဟှားဟှို့ ကြိုးစားဂေ့ဟှယ်။ ကြိုးစားဘေမဲ့လည်း လူလေဘောင်ဂီး ရှိနေကြောန့် သူးနို့ဟှာ လူနာဟှို သယ်သွမ်းဟှားဟှို့ လမ်းရှာတွိဘဲ ဖြစ်နေဟှယ်။ အယ်ကြောန့် သူးနို့ဟှာ အီးခေါန်မိုးထတ်ဟှို တတ်ဘီးဟှာ အီးခေါန်မိုးဟှို ဖော့-က်ဘီးမှ လူနာဟှို ထမ်းစင်န လူအောက်ဂီးရဲ့လယ် ယေရှုရဲ့ ရှေ့တော်ဟှို လျှောခ္လဂေ့ဟှယ်။ ယေရှုဟှာ သူးနို့မာ ရရာတိုင်း ယောင်ကြည်ရှင်း ရှိဟှယ် ဆိုဇာဟှို ဗြင်တော်မူဟှားဘီး လူနာဟှို "မိဆွေ၊ နန်ဟှာ ပြစ်လေလွတ်ရှင်းခံရဘီ" ဆိုဘီး မိန့်တော်မူလေဟှယ်။
ကျမ်းတတ်ဆရာလေန ဖာရိရှဲလေဟှာ "ဘုရားဟှို စော်ဂါးဘီး ပြောနေဟှူ လူဟှ ဖယ်သူနူး! ဘုရားသခင် တပါးဒဲဘဲ့ ပြစ်လေဟှို ဖြေလွတ်ပေးနိုင်ဟှယ်!" ဆိုဘီး သူးနို့ရှင်းရှင်း ပြောနေဂေ့ဟှယ်။
ယေရှုဟှာ သူးနို့ရဲ့ စိဟှို သိကြောန့် သူးနို့ဟှို "နန်းနို့ဟှာ ဖြားဖြစ်ကြောန့် အယ်ဇာလေဟှို နန်းနို့ရဲ့ နှလောင်းထဲမာ စဉ်းစားနေဂေ့နူး။ ‘နန်ဟှာ ပြစ်လွတ်ရှင်းခံရဘီ’ ဆိုဘီး ပြောဇာဟှ လွယ်လော။ ‘နန် ထဘီး လမ်းရှော့-က်’ ဆိုဘီး ပြောဇာဟှ လွယ်လော။ လူ့ရဲ့သားဟှာ လောကမာ ပြစ်လွှတ်ပိုင်ဟှူ ခွမ့်အာဏာ ရှိဟှယ် ဆိုဇာ နန်းနို့ဟှို သတ်သေပြမယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှာ လေဖြတ်နေဟှူ လူဟှို "ထဒန်၊ ထမ်းစင်ဟှို သီးဘီးဟှာ အီပ္လန်ဝေါ့!" ဆိုဘီး မိန့်တော်မူလေဟှယ်။
ရှစ်ရှင်းဘဲ့ အယ်လူဟှာ သူးနို့ ဂူလောင်းရှေ့မာ ထရပ်ဘီး။ သူအိဟှားဟှူ အိယာဟှို သီးဘီး၊ ဘုရားသခင်ဟှို ချီးမွမ်းဘီး အီဟှို ပ္လန်ဟှားဟှယ်။
လတ်တဖတ် လေဖြတ်နေဟှူ လူကြောန်း
တခြားဒန်းနေ့မာ ယေရှုဟှာ ဝါလယ်ဇရပ်ဟှို ဝမ်ဘီး သွန်သန်တော်မူဟှယ်။ အယ်နေရာမာ ညာလတ်တဖတ် သေနေဟှူ လူတယော့-က် ရှိဟှယ်။ ကျမ်းတတ်ဆရာ တချို့န ဖာရိရှဲ တချို့ဟှာ ယေရှုဟှို ပြစ်တန်ရှင်ကြောန့် ဒန်းနေ့မာ ကိုယ်တော်ဟှာ အယ်လူဟှို နာပျော့-က်စေဟှို့လော၊ ပျော့-က်စေဟှလော ဆိုဇာဟှို သူးနို့ဟှာ သေးသေချားချာ စောန့်ကေ့နေဟှယ်။ အယ်ဘေမဲ့ ယေရှုဟှာ သူးနို့ရဲ့ ကြံစည်ဟှို သိကြောန့် အယ်လူဟှို "ထဒန်ဘီး ရှေ့ဟှို ထွပ်လာဟှား" ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်လူဟှာ ထဒန်ဘီး မတ်တတ်ရပ်နေဟှယ်။ အယ်ဘီးန ယေရှုဟှာ သူးနို့ဟှို "နန်းနို့ဟှို ငါမေးမယ်၊ နို့လေရဲ့ ပညတ်တရားဟှာ ဒန်းနေ့မာ ဖြားဇာလေ လောက်ဟှို့ ခွမ့်ပြုဟှားနူး။ ကောန်းဇာလောက်ရလော။ ဆိုးဇာလောက်ရလော။ လူတယော့-က်ရဲ့ သတ်ဟှို ကယ်အပ်လော။ သတ်အပ်လော" ဆိုဘီး မေးတော်မူလေဟှယ်။ ကိုယ်တော်ဟှာ သူးနို့လေ ဂူလောင်း ပတ်လည်ဟှို ကေ့ရှုဘီးန ကိုယ်တော်ဟှာ အယ်လူဟှို "နန့်ရဲ့ လတ်ဟှို ဆန့်လိုက်" ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်လူဟှာ လတ်ဟှို ဆန့်လိုက်ဟှူ ခီမာ သူ့လတ်ဟှာ ကောန်းတိုင်း ပ္လန်ဖြစ်ဟှားဟှယ်။
တပ်မှူးရဲ့ ကျွန်ဟှို နာပျော့-က်စေဟှူကြောန်း
ယေရှုဟှာ လူလေဟှို ဂူလောင်း မိန့်တော်မူဘီးန ကိုယ်တော်ဟှာ ကပေရနောင်ဗြို့ဟှို ကြွဟှားလိုက်ဟှယ်။ အယ်ဗြို့မာ တပ်မှူးတယော့-က်ရဲ့ ရရာတိုင်း ရှစ်ဟှူ ကျွန်တယော့-က်ဟှာ ဖျားဘီး သေခါနီး ဖြစ်နေဟှယ်။ တပ်မှူးဟှာ ယေရှုရဲ့ ဒန်းဟှို ကြားလိုက်ဟှူ ခီမာ သူဟှာ ယုဒလူမျိုး ကြီးကဲတချို့ဟှို ကိုယ်တော်နားဟှို စေလွှတ်ဘီး သူ့ရဲ့ ကျွန်ဟှို ကယ်တန်ပေးဟှို့ တောန်းလျှော့-က်လေဟှယ်။ သူးနို့လေဟှာ ယေရှုနားဟှို ရော့-က်ဟှူ ခီမာ မြစ်တာရပ်ခံဘီး "အယ်တပ်မှူးဟှာ ကိုယ်တော်ရဲ့ ကျေးဇူးပြုရှင်းဟှို ခံထိုက်ဟှယ်။ သူဟှာ ကျွန်တော့်ဟှားလေရဲ့ လူမျိုးလေဟှို ရှစ်ကြောန့် ကျွန်တော့်ဟှားလေတွပ် ဝါလယ်ဇရပ်တဆောန်ဟှို သူကိုယ်တိုင် ဆော့-က်ပေးဟှားဟှယ်" ဆိုဘီး ကိုယ်တော့်ဟှို လျှော့-က်လေဟှယ်။
အယ်ကြောန့် ယေရှုဟှာ သူးနို့လေနတူးဒူ လိုက်ဟှားဟှယ်။ ကိုယ်တော်ဟှာ တပ်မှူးရဲ့ အီနားဟှို ရော့-က်ခါနီးမာ တပ်မှူးစေလွတ်လိုက်ဟှူ မိဆွေလေဟှာ ကိုယ်တော့်ဟှို "သခင်၊ ကိုယ့်ကိုယ်ကိုယ် ပန်ဗန်းခံတော်မူပါန။ ကျွန်တော်ရဲ့ အီးခေါန်မိုးအော့-က်ဟှို ကိုယ်တော်ဟှာ ဝမ်တော်မူရှင်း ကျေးဇူးဟှို ကျွန်တော်ခံထိုက်ဟှ။ အယ်မျိုးဘဲ့ ကျွန်တော် ကိုယ်တိုင်လည်း ကိုယ်တော်နားဟှို ရော့-က်ထိုက်ဟှူလူ မှုဟှ။ မိန့်ပေးလိုက်န ကျွန်တော်ရဲ့ စေခံဟှာ ကျန်းမာရပါလေ့မယ်။ ဥပမာ ကျွန်တော် ကိုယ်တိုင်လည်း အာဏာပိုင်လတ်အော့-က်မာ ရာရှိတယော့-က် ဖြစ်ဘီး ကျွန်တော်ရဲ့ လတ်အော့-က်မာရှိဟှူ စစ်သားလေဟှို အောက်ချောက်ရပါဟှယ်။ တယော့-က်ဟှို ‘သွား!’ ဆိုဟှာ သွားပါဟှယ်။ တယော့-က်ဟှို ‘လာ!’ ဆိုဟှာ လာပါဟှယ်။ အယ်ဘီးဟှာ ကျွန်တော်ဟှာ ကျွန်တော့်ရဲ့ ကျွန်ဟှို မိန့်ပေးလိုက်ဟှယ် ‘အယ်မူဇာဟှို လောက်လိုက်!’ ဆိုဟှာ လောက်လေဟှယ်" ဆိုဘီး လျှော့-က်စေဟှယ်။
အယ်စကားဟှို ယေရှုကြားဟှူ ခီမာ အံ့ဩဟှားဘီး ကိုယ်တော်ဟှာ ပတ်လည်ဟှို ကေ့ဘီးန နော့-က်တော်ဟှို လိုက်နေဟှူ လူအောက်ဂီးဟှို "နန်းနို့ဟှို ငါပြောမယ်။ အယ်မျှလော့-က်ကီးဟှူ ယောင်ကြည်ရှင်းမျိုး ဣသရေလလူမျိုးထဲမာဟှို ငါလောင်းဝ တွိဖူးဟှ!" ဆိုဘီး မိန့်တော်မူလေဟှယ်။
တပ်မှူးစေလွှတ်လိုက်ဟှူ လူလေဟှာ အီဟှို ပ္လန်ရော့-က်န တပ်မှူးရဲ့ ကျွန်ဟှာ ကျန်းမာဟှားဘီ ဆိုဇာဟှို တွိလိုက်ရဟှယ်။
အယ်နေရာမာ ဆယ့်ရှစ်နှစ်လောင်းလောင်း နတ်ဆိုးဝမ်ပူးရှင်းဟှို ခံနေရဟှူကြောန့် ခါးကူးဟှားဘီး လောင်းဝ ခါးဆန့်နိုင်ဘဲဟှူ မီးမတယော့-က်ရှိနေဟှယ်။ ယေရှုဟှာ သူ့ဟှို ဗြင်ဟှူ ခီမာ ရှေ့တော်ဟှို ခေါ်ဘီး "ဝှေ့ မီးမ၊ နန့်ရောဂါ ပျော့-က်ဟှားဘီ!" ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ဘီးန ကိုယ်တော်ဟှာ သူ့ထတ်မာ လတ်ဟှို တန်လိုက်ဟှူ ခီမာ ရှစ်ရှင်းဘဲ့ သူ့ရဲ့ခါးဟှာ ဆန့်ဟှားဘီး ဘုရားသခင်ဟှို ချီးမွမ်းလေဟှယ်။
လူနာတယော့-က်ဟှို ရောဂါပျော့-က်စေဟှူကြောန်း
ဒန်းနေ့မာ ယေရှုဟှာ စားဇာစားဟှို့ ဖာရိရှဲခေါန်းဆောန်တယော့-က်ရဲ့ အီထဲဟှို ဝမ်ဟှားဟှူ ခီမာ သူးနို့လေဟှာ ကိုယ်တော့်ဟှို စောန့်ကေ့နေဂေ့ဟှယ်။ ရေဖျဉ်းစွဲမား တယော့-က်ဟှာ ယေရှုနားဟှို ရော့-က်လာဟှယ်။ ယေရှုဟှ "ဒန်းနေ့မာ ရောဂါ ပျော့-က်စေဟှို့တွပ် ပညတ်တော်ဟှ ခွမ့်ပြုဟှားဘဲ့လော။" ဆိုဘီး ဖာရိရှဲလေန ကျမ်းတတ်ဆရာလေဟှို မေးတော်မူလိုက်ဟှယ်။
အယ်ဘေမဲ့ သူးနို့လေဟှာ တိဆိနေဂေ့ဟှယ်။ ယေရှုဟှာ အယ်လူနာဟှို ခေါ်ဘီး၊ ရောဂါပျော့-က်စေဘီး သူ့ဟှို လွှတ်လိုက်ဟှယ်။
ယေရှုဟှာ လူဆယ်ယော့-က်ဟှို နာပျော့-က်စေဟှူကြောန်း
ယေရှုဟှာ ယေရုရှလင်ဗြို့ဟှို ကြွဟှားဟှူ ခီမာ ရှမာရိပြည်န ဂါလိလဲပြည် နယ်စပ်ဟှနေဘီး ကြွတော်မူလေဟှယ်။ ကိုယ်တော်ဟှာ ဝါတဝါထဲဟှို ဝမ်တော်မူဟှူ ခီမာ နူနာ ဆယ်ယော့-က်ဟှာ ကိုယ်တော့်ဟှို လာတွိဂေ့ဟှယ်။ သူးနို့လေဟှာ ဝီးဝီးမာ ရပ်နေဘီး "သခင်ယေရှု! ကျွန်တော့်ဟှားလေဟှို သနားတော်မူပါ!" ဆိုဘီး အော်ပြောလေဟှယ်။
ယေရှုဟှာ သူးနို့ဟှို ဗြင်တော်မူဟှူ ခီမာ "နန်းနို့ဟှာ ယဇ်ပုရောဟိတ်လေနားဟှို သွားဘီး မိမိကိုယ်ဟှို ပြဂေ့" ဆိုဘီး မိန့်တော်မူလေဟှယ်။
သူးနို့ဟှာ သွားနေဒူးမာဘဲ့ သန့်ရှင်းဟှားလေဟှယ်။ သူးနို့ထဲဟှ တယော့-က်ဟှာ ရောဂါပျော့-က်ဟှားဘီ ဆိုဇာဟှို ဗြင်ဟှူ ခီမာ ဘုရားသခင်ဟှို သံက္လယ်ဂီးန ချီးမွမ်းဘီး ပ္လန်လာလေဟှယ်။ ယေရှုရဲ့ ခေတော်ရင်းမာ ပျပ်ဝပ်ဘီးဟှာ ကိုယ်တော့်ဟှို ကျေးဇူးတန်လေဟှယ်။ အယ်လူဟှာ ရှမာရိလူ တယော့-က်ဖြစ်ဟှယ်။ ယေရှုဟှ "လူဆယ်ယော့-က်လောင်း သန့်ရှင်းဟှားဟှယ် မှုဟှလော။ ကျန်ဟှူ ကိုးယော့-က်ဟှ ဖယ်မာနူး။ ဖြားဖြစ်ကြောန့် အယ်လူမျိုးခြား တယော့-က်ဘဲ့ ပ္လန်လာဘီး ဘုရားသခင်ဟှို ချီးမွမ်းရနူး။" ဆိုဘီး မေးတော်မူလေဟှယ်။ အယ်ဘီးန ယေရှုဟှ သူ့ဟှို "ထဘီးသွားဝေါ့၊ နန့်ရဲ့ ယောင်ကြည်ရှင်းဟှ နန့်ဟှို ကျန်းမာစေဘီ" ဆိုဘီး မိန့်တော်မူလေဟှယ်။
ရေကန်နားမာ ကျန်းမာစေဟှူကြောန်း
အယ်ဘီးန ယုဒလူလေရဲ့ ဘာသာရေးပွဲတော် ရှိဟှူကြောန့် ယေရှုဟှာ ယေရုရှလင်ဗြို့ဟှို သွားလေဟှယ်။ ယေရုရှလင်ဗြို့ သိုးခွဗော့-က်နားမာ မုခ်ဦးဆောန် ငါးဆောန်ရှိဟှူ ရေကန်တကန်ရှိဟှယ်။ ဟေဗြဲစကားန ဗေသေဇာသ ဆိုဘီး ခေါ်ဟှယ်။ အယ်မုခ်ဦးဆောန်လေထဲမာ မျစ်စိကန်းဟှူလူ၊ ခေသန်ဘဲဟှူလူန လေဖြတ်ဟှူလူလေ ဘောင်ဂီးဟှာ လှဲလျောင်းနေဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ ကောန်းဂန်တမန်ဟှာ တခါတလေမာ ရေကန်ထဲဟှို ဆင်းလာဘီး ရေဟှို မွှီလေဟှယ်။ ရေဟှို မွှီးဟှားဘီးန ရေကန်ထဲဟှို ဦးဆောင်းဆင်းနိုင်ဟှူလူဟှာ ရောဂါပျော့-က်ဟှားဟှယ်၊ ဆိုဘီး ထပ်ပေါန်းထဲ့ဟှားဟှယ်။အယ်နေရာမာ သောင်းဆယ်ရှစ်နှစ် လောင်းလောင်း နာဇားနေဟှူ လူတယော့-က် ရှိဟှယ်။ လှဲလျောင်းနေဟှူ အယ်လူဟှို ယေရှုဟှ ဗြင်လိုက်ဘီး ခီကြာဂီး နာဇားနေရဟှယ် ဆိုဇာဟှို သိဟှူကြောန့် ကိုယ်တော်ဟှ "နန့်အနာပျော့-က်ရှင်လော" ဆိုဘီး သူ့ဟှို မေးလေဟှယ်။
နာဇားနေဟှူလူဟှ "ဆရာ၊ ရေဟှို လာမွှီဟှူ ခီမာ ကျွန်တော့်ဟှို ရေကန်ထဲဟှို ခ္လပေးဟှို့လူ မှေ့ဟှ။ ကျွန်တော်ဟှာ ရေကန်ထဲဟှို ဆင်းဟှို့လောက်နေဒူးမာ တခြားတယော့-က်ဟှ ဦးဆောင်းဆင်းဟှားလေဟှယ်" ဆိုဘီး ဖြေလေဟှယ်။
ယေရှုဟှ "ထဒန်၊ နန့်ထမ်းစင်ဟှို ကော့-က်ဘီးဟှာ လမ်းရှော့-က်ဟှားလိုက်" ဆိုဘီး သူ့ဟှို ပြောလေဟှယ်။ အယ်လူဟှာ ရှင်းရှင်းဘဲ့ နာပျော့-က်ဟှားဘီး သူ့အိယာဟှို ကော့-က်ဘီး လမ်းရှော့-က်ဟှားဟှယ်။
အယ်မျိုးဖြစ်ဟှားဟှူ နေ့ဟှာ ဒန်းနေ့ဖြစ်ဟှယ်။
အယ်ဘီးန ယေရှုဟှာ ရေဟှနေ ဝိုင်ဖြစ် ပ္လောန်းလဲဟှားဟှူ ဂါလိလဲနယ် ကာနဗြို့ဟှို ပ္လန်ဟှားဟှယ်။ ကပေရနောင်ဗြို့ဟှ ရာရှိတယော့-က်ရဲ့ သားဟှာ နေကောန်းဘဲဖြစ်နေဟှယ်။ ယုဒနယ်ဟှနေ ဂါလိလဲနယ်ဟှို ယေရှုရော့-က်လာဟှယ် ဆိုဇာဟှို အယ်ရာရှိဟှာ ကြားဟှားခီမာ ကိုယ်တော်နားဟှို သွားဘီး သေခါနီးဖြစ်နေဟှူ သူ့သားရဲ့ နာဟှို ပျော့-က်စေဟှို့တွပ် တောန်းလျှော့-က်လေဟှယ်။ ယေရှုဟှ "နန်းနို့ဟှာ အံ့ဩဘွယ်ရာလေန နိမိတ်လတ်ခဏာလေဟှို ဗြင်ရဘဲ ဆိုဟှာ ယောင်ကြည်ဂေ့ဟှို့ မှုဟှ" ဆိုဘီး သူ့ဟှို ပြောလေဟှယ်။
ရာရှိဟှ "ဆရာ၊ ကျွန်တော့်သား သေခန် ကျွန်တော်နတူးဒူ လိုက်ပါ" ဆိုဘီး ပ္လန်လျှော့-က်လေဟှယ်။
ယေရှုဟှ "သွားလိုက်ပါ။ နန့်ရဲ့သား သတ်ရှင်ဟှားလေ့မယ်" ဆိုဘီး သူ့ဟှို ပြောလေဟှယ်။
အယ်လူဟှာ ယေရှုရဲ့ စကားတော်ဟှို ယောင်ကြည်ဘီး သွားလိုက်ဟှယ်။ အီပ္လန်လမ်းမာ သူ့ရဲ့ စေခံလေဟှ သူ့ဟှို တွိဟှူခီမာ "သခင်ရဲ့သားဟှာ သတ်ရှင်ဟှားဘီ!" ဆိုဘီး ပြောဂေ့ဟှယ်။
သူဟှာ သူ့ရဲ့သား နာပျော့-က်ဟှားခီဟှို စေခံလေဟှို မေးဟှူခီမာ သူးနို့လေဟှ "နတ်ကီးမွန်းဒဲ့ တနာရီမာ နာပျော့-က်ဟှားဟှယ်" ဆိုဘီး ဖြေဂေ့လေဟှယ်။ အယ်ခီဟှာ "နန့်ရဲ့သား သတ်ရှင်ဟှားဘီ" ဆိုဘီး ယေရှုပြောလိုက်ဟှူ ခီဖြစ်ဟှယ် ဆိုဇာဟှို ဖဟှာ ဒိရဟှားလေဟှယ်။ အယ်ကြောန့် သူ့န သူ့ရဲ့အီသား ဂူလောင်းဟှာ ယောင်ကြည်ဂေ့ဟှယ်။
အယ်မူဇာဟှာ ယုဒနယ်ဟှနေ ဂါလိလဲနယ်ဟှို ရော့-က်လာဘီးန ယေရှုလောက်ဟှူ ဒုတိယ နိမိတ်လတ်ခဏာ ဖြစ်ဟှယ်။
A mulher com fluxo de sangue
Uma mulher que sofria há doze anos tocou a orla do manto de Jesus e foi curada instantaneamente pela sua fé.
ဆယ့်နှေ့နှစ် လောင်းလောင်း သွီးသွန်နာစွဲနေဟှူ မီးမတယော့-က်ဟှာ ယေရှုနော့-က်ဟှို လိုက်ဘီး ဝတ်လောင်တော် ပန်းဗွားဟှို တို့ထိလေဟှယ်။ အယ်မီးမဟှာ "ငါဟှာ သူ့ရဲ့ ဝတ်လောင်တော်ဟှို တို့ထိမယ် ဆိုဟှာ ငါကျန်းမာရလေ့မယ်" ဆိုဘီးဟှာ ကိုယ့်ကိုယ်ကိုယ် ပြောနေဟှယ်။
ယေရှုဟှ လှည့်ကေ့ခီမာ အယ်မီးမဟှို ဗြင်ဟှားဘီး "ငါ့သမီး၊ စိုးရိမ်န! နန့်ရဲ့ ယောင်ကြည်ရှင်းဟှာ နန့်ဟှို ကျန်းမာစေဘီ" ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ခီမာဘဲ့ အယ်မီးမဟှာ ရောဂါပျော့-က်ဟှားလေဟှယ်။
အယ်နေရာမာ ဆယ့်နှေ့နှစ် လောင်းလောင်း သွီးသွန်ရောဂါဟှို ပြင်းပြင်းထန်ထန် ခံစားနေရဟှူ မီးမတယော့-က်ရှိဟှယ်။ သူဟှာ ဆရာဝန်လေ ဘောင်ဂီးနလည်း ကုသဟှားပီးဘီ။ သူ့ရဲ့ကပ်လေ ဂူလောင်းလည်း ကူဟှားဘေမဲ့ သတ်သာလာဟှို့ နေနေသာသာ ရောဂါဟှ ပိုဘီး ဆိုးလာဟှယ်။ အယ်မီးမဟှာ ယေရှုကြောန်းဟှို ကြားဟှားလေဟှယ်။ အယ်ကြောန့် ဝတ်ဟှို တို့ဟှို့တွပ် ကိုယ်တော်နော့-က်ဟှ လူအောက်ဂီးထဲဟှို ရော့-က်လာဘီး "ငါဟှာ ကိုယ်တော့်ဝတ်ဟှို တို့လိုက်မယ် ဆိုဟှာ ငါ့ဟှာ ကျန်းမာဟှားလေ့မယ်။" ဆိုဘီး သူ့ကိုယ်သူ ပြောနေလေဟှယ်။
သူဟှာ ကိုယ်တော်ရဲ့ ဝတ်လောင်ဟှို တို့လေဟှယ်။ တို့လိုက်ဟှူန သူ့ရဲ့ သွီးသွန်နေဇာလေဟှာ ရှစ်ရှင်းဘဲ့ ရပ်ဟှားဘီး၊ သူဟှာ ရောဂါပျော့-က်ဟှားဘီ ဆိုဇာဟှို သူ့ကိုယ်ထဲမာ ခံစားရနေဟှယ်။
သူးနို့လေထဲမာလည်း ဆယ့်နှေ့နှစ် လောင်းလောင်း သွီးသွန်နာဖြစ်နေဟှူကြောန့် သူ့ကပ်လေ ဂူလောင်း ကူဒဲ့ထိ ဆရာဝန်လေန ကုဟှယ်။ အယ်ဘေမဲ့လည်း သူ့ရောဂါဟှို ပျော့-က်အောန် ကုနိုင်ဂေ့ဘဲဟှူ မီးမတယော့-က်ရှိလေဟှယ်။ အယ်မီးမဟှာ ယေရှုနော့-က်ဟှ ကပ်လိုက်ဟှားဘီးန ကိုယ်တော်ရဲ့ ဝတ်လောင်တော်ဟှ ပန်းဗွားဟှို တို့ထိလိုက်ဟှူန အယ်မီးမရဲ့ သွီးသွန်ဇာဟှ ရှင်းရှင်း တိဟှားဟှယ်။ ယေရှုဟှ "ငါ့ဟှို ဖယ်သူ တို့ထိလိုက်နူး" ဆိုဘီး မေးလိုက်ဟှယ်။
လူတိုင်းဟှ ဂြင်းဂေ့ဘီး ပေတရုဟှ "သခင်၊ လူလေဟှာ ကျွန်တော့်ဟှားလေရဲ့ ပတ်လည်မာရှိနေဘီး ကိုယ်တော့်ဟှို တိုးဝှေ့နေဂေ့ဟှယ်" ဆိုဘီး ပ္လန်ဖြေလေဟှယ်။
အယ်ဘေမဲ့ ယေရှုဟှ "ငါ့ဟှို ယော့-က်ယော့-က်ဟှ တို့ထိလိုက်ဟှယ်။ ငါ့ထဲဟှ တဂိုးထွပ်ဟှားဇာဟှို ငါသိဟှယ်" ဆိုဘီး ပ္လန်မိန့်တော်မူလေဟှယ်။ အယ်မီးမဟှာ သူတို့ထိလိုက်ဇာဟှို သိဟှားဘီ ဆိုဘီး ကြော့-က်ရွံ့တောင်လှောက်နေကြောန့် ရှေ့ဟှို ထွပ်လာဘီး ယေရှုရဲ့ ခေတော်ရင်းမာ ပျပ်ဝပ်လိုက်ဟှယ်။ လူလေ ဂူလောင်းရဲ့ရှေ့မာ ကိုယ်တော့်ဟှို ဖြားကြောန့် တို့ထိရကြောန်းန ဖယ်မျိုး ရှင်းရှင်း နာပျော့-က်ဟှားကြောန်းဟှို ပြောပြလိုက်ဟှယ်။ ယေရှုဟှာ အယ်မီးမဟှို "ငါ့သမီး၊ နန့်ရဲ့ ယောင်ကြည်ရှင်းဟှာ နန့်ဟှို ကျန်းမာစေဘီ။ ငြီသတ်ရှင်းန သွားပါ" ဆိုဘီး မိန့်တော်မူလေဟှယ်။
Ressurreições
Jesus ressuscitou mortos — a filha de Jairo, o filho da viúva de Naim e Lázaro. Ele é Senhor sobre a morte.
ယာဣရုရဲ့ သမီးန ဝတ်လောင်တော်ဟှိုတို့ဟှူ မီးမကြောန်း
ယေရှုဟှာ အယ်မျိုး ပြောနေခီမာ ယုဒလူမျိုး ရာရှိတယော့-က်ဟှ ရော့-က်လာဘီးဟှာ ကိုယ်တော်ရှေ့မာ ပျပ်ဝပ်လေဟှယ်။ အယ်သူဟှလည်း "ကျွန်တော့်သမီးဟှာ သေဟှားဘီ။ အယ်ဘေမဲ့ ကိုယ်တော်ကြွဘီး သူ့ထတ်မာ လတ်တန်မယ် ဆိုဟှာ သတ်ရှင်ပါလေ့မယ်" ဆိုဘီး လျှော့-က်လေဟှယ်။
အယ်ကြောန့် ယေရှုဟှာ ထဘီးဟှာ တဗဲ့တော်လေနတူးဒူ အယ်သူနော့-က်ဟှို လိုက်ဟှားလေဟှယ်။
အယ်ဘီးန ယေရှုဟှာ ရာရှိရဲ့အီဟှို ရော့-က်ဟှားလေဟှယ်။ ကိုယ်တော်ဟှာ တီးမှုမားလေန မသာအီဟှို လာဟှူသူလေ အောက်အောက်သဲသဲ ဖြစ်နေဂေ့ဇာဟှို ဗြင်တော်မူဟှူ ခီမာ ကိုယ်တော်ဟှ "ဖယ်ဂေ့၊ မီးမငယ် သေနေဇာ မှုဟှ! အိမွိနေဇာဖြစ်ဟှယ်!" ဆိုဘီး မိန့်တော်မူလေဟှယ်။ လူလေ ဂူလောင်းဟှာ ကိုယ်တော့်ဟှို သရော်ဂေ့လေဟှယ်။ လူအောက်ဂီးဟှာ ပ္လန်ဟှိုထွပ်ဟှားဘီးန ယေရှုဟှာ မီးမငယ်ရဲ့ အိခန်းထဲဟှို ဝမ်ဘီး မီးမငယ်ရဲ့လတ်ဟှို ဆွဲထူလိုက်ဟှူ ခီမာ မီးမငယ်ဟှာ ထလေဟှယ်။
ယာဣရု နာမယ်ရှိဟှူ ဝါလယ်ဇရပ်မှူး တယော့-က်ဟှ ရော့-က်လာဘီးဟှာ ယေရှုဟှို ဗြင်ဟှူ ခီမာ သူဟှာ ကိုယ်တော့်ခေရင်းမာ ဒူးထော့-က်ဘီး၊ "ကျွန်တော့်သမီးငယ်ဟှ သေခါနီး ဖြစ်နေဟှယ်။ ကြွလာဘီးဟှာ သူ့ထတ်မာ ကိုယ်တော်ရဲ့ လတ်ဟှို တန်တော်မှုပါ၊ အယ်ဆိုဟှာ သူဟှာ ကျန်းမာဘီး သတ်ရှင်လေ့မယ်!" ဆိုဘီး နူးညွတ် တောန်းဗန်လေဟှယ်။
အယ်ဆိုန ယေရှုဟှ သူ့နတူးဒူ လိုက်ဟှားဟှယ်။ လူလေဘောင်ဂီးဟှ ယေရှုနတူးဒူ လိုက်လာဟှူကြောန့် သူးနို့ဟှာ ဘေးပတ်ပတ်လည်ဟှနေ ကိုယ်တော့်ဟှို တိုးဝှေ့နေဂေ့ဟှယ်။
သူးနို့ဟှာ ဝါလယ်ဇရပ်မှူးရဲ့ အီဟှို ရော့-က်ဟှူ ခီမာ ယေရှုဟှာ အောက်အောက်သဲသဲ ဖြစ်နေဇာလေဟှို ဗြင်ဟှားဘီး သူးနို့လေ ဂူလောင်းဟှာ သံက္လယ်ဟှီး အော်ဘီး ငိုနေဇာလေဟှို ကြားရလေဟှယ်။ ကိုယ်တော်ဟှာ အီထဲဟှို ဝမ်ဟှားဘီး "ဖြားဖြစ်ကြောန့် နန်းနို့လေဟှ အယ်မျိုး အောက်အောက်သဲသဲ လောက်နေဂေ့နူး။ ဖြားဖြစ်ကြောန့်နန်းနို့လေဟှာ ငိုနေရဟှယ်နူး။ အယ်မီးမဂန်းဟှား သေနေဇာ မှုဟှ။ သူမဟှာ အိမွိနေဇာဖြစ်ဟှယ်!" ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
အယ်လူလေဟှ ကိုယ်တော့်ဟှို ရယ်ဇားဂေ့ဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှာ သူးနို့လေ ဂူလောင်းဟှို ပ္လန်ဟှို ထွပ်ခိုင်းဘီးဟှာ မီးမဂန်းဟှားရဲ့ မိဖလေန ကိုယ်တော်နတူးဒူ ပါလာဟှူ တဗဲ့တော် သောင်းပါးဟှို ခေါ်ဘီး မီးမဂန်းဟှား ထားဟှားဟှူ နေရာဟှို သွားလေဟှယ်။ ကိုယ်တော်ဟှာ သူ့ရဲ့လတ်ဟှို ကိုင်ဘီးဟှာ "တလိသ ကုမိ" ဆိုဘီး သူ့ဟှို ပြောလေဟှယ် "မီးမငယ်၊ နန့်ဟှို ငါပြောမယ်၊ ထလိုက်!" ဆိုဘီး ဓိပါယ်ရဟှယ်။
ရှစ်ရှင်းဘဲ့ သူဟှ ထဘီးဟှာ စဘီး ပတ်ပတ်လည် လမ်းရှော့-က်လေဟှယ်။ (သူဟှ သတ် ဆယ့်နှေ့နှစ်ရှိဟှယ်။) အယ်မျိုး ဖြစ်ပျစ်ဟှားဟှူ ခီမာ သူးနို့လေ ဂူလောင်းဟှာ ရရာတိုင်း အံ့ဩဟှားဂေ့ဟှယ်။
ယေရှုဟှ ဆစ်ဘီး "ခုခေတ်မာ ရှိနေဟှူ လူလေဟှို ဖြားဇာန နှိုင်းပြရမယ်နူး။ သူးနို့ဟှာ ဖြားဇာလေန တူဟှယ်နူး။ သူးနို့ဟှာ ဆေးထဲမာ ထိုင်နေဟှူ သားဂန်းလေန တူဟှယ်။ သားဂန်းတအောက်ဟှာ တခြား သားဂန်းတအောက်ဟှို ‘နို့လေဟှာ အီတတ်ဗွဲတီးလောင်းဟှို နန်းနို့တွပ် တီးမှုပေးဘေမဲ့ နန်းနို့ဟှာ ကဂေ့ဟှ! နို့လေဟှာ မသာအီမာဆိုဟှူ မသာချင်းဟှို ဆိုဘေမဲ့ နန်းနို့ဟှာ ငိုဂေ့ဟှ!’ ဆိုဘီး အော်ပြောဂေ့ဟှယ်။ ဗတ္တိဇံယောဟန်ဟှာ စာရှောန်ဘီး ဝိုင်ဟှို သော့-က်ဘဲန ရော့-က်လာဟှူကြောန့် နန်းနို့ဟှ ‘သူ့ထဲမာ နတ်ဆိုးပူးနေဟှယ်!’ ဆိုဘီး ပြောဂေ့ဟှယ်။ လူ့ရဲ့သားဟှာ စားသော့-က်ဘီး ရော့-က်လာဟှူ ခီမာ နန်းနို့ဟှ ‘အယ်လူဟှို ကေ့ပါ! အယ်လူဟှာ စားမတ်ဘီး ဝိုင်သော့-က်သူ၊ ခွန်ကော့-က်မားလေန ပြစ်သားလေရဲ့ မိဆွေဖြစ်ဟှယ်!’ ဆိုဘီး ပြောဂေ့ဟှယ်။ အယ်ဘေမဲ့လည်း ဘုရားသခင်ရဲ့ ပညာတရားဟှို လတ်ခံဟှူ လူလေဟှ အယ်ပညာတရားဟှာ မှန်ဟှယ် ဆိုဇာဟှို သတ်သေပြဂေ့ဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
ဖာရိရှဲရှိမုန်ရဲ့ အီမာ ယေရှုရှိနေဟှူကြောန်း
ဖာရိရှဲတယော့-က်ဟှာ သူ့နတူးဒူ ညဉ့်ဇာစားဟှို့ ယေရှုဟှို တောန်းလျှော့-က်တော်မူကြောန့် ယေရှုဟှာ ဖာရိရှဲရဲ့ အီဟှို ဝမ်ဘီးန စားဗွဲမာ ထိုင်လိုက်ဟှယ်။ အယ်ဗြို့မာ ရရာတိုင်း ပြစ်ကီးဟှူ မီးမတယော့-က် ရှိဟှယ်။ ဖာရိရှဲရဲ့ အီမာ ယေရှုဟှာ ညဉ့်ဇာစားနေဟှယ် ဆိုဇာဟှို အယ်မီးမဟှာ ကြားလိုက်ဟှူကြောန့် ဆီမွှီး က္လော့-က်ဖ္လူဖူးဟှို ယူဟှားဘီးန
အယ်ခီမာ ယာဣရု နာမယ်ရှိဟှူ လူတယော့-က် ရော့-က်လာဟှယ်။ သူဟှာ ဝါလယ်ဇရပ်မှူး ဖြစ်ဟှယ်။ သူဟှာ ယေရှုရဲ့ ခေတော်ရင်းမာ ပ္လားပ္လားဝပ်ဘီး သူ့အီဟှို ကြွပေးတော်မူဟှို့တွပ် ကိုယ်တော့်ဟှို တောန်းဗန်နေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူ့ရဲ့ တယော့-က်ဒဲရှိဟှူ ဆယ့်နှေ့နှစ်ရွယ် သမီးဟှာ သေခါနီးဖြစ်နေကြောန့် ဖြစ်ဟှယ်။
ယေရှုဟှာ သူနတူးဒူ လိုက်ဟှားဟှူ ခီမာ လူလေဟှာ ကိုယ်တော့်ဟှို တိုးဝှေ့နေဂေ့ဟှယ်။
ယေရှုဟှာ အယ်မျိုး ပြောနေဟှူ ခီမာဘဲ့ ဝါလယ်ဇရပ်မှူးရဲ့ အီဟှနေ လူတယော့-က် ရော့-က်လာဟှယ်။ ယာဣရုဟှို "ကိုယ်တော်ရဲ့ သမီးဟှာ သေဟှားဘီ။ ဆရာဟှို နှောက်ယှစ်ပေးန" ဆိုဘီး သူဟှ ပြောလေဟှယ်။
အယ်ဘေမဲ့ ယေရှုဟှာ အယ်မျိုးပြောနေဇာဟှို ကြားဘီးန ယာဣရုဟှို "စိုးရိမ်န။ ယောင်ကြည်ရှင်းဘဲ့ရှိပါ။ ဝယ်ဟှားဂန်းဟှာ ကျန်းမာဟှားလေ့မယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
ယာဣရုရဲ့ အီဟှို ရော့-က်ဟှားဟှူ ခီမာ ကိုယ်တော်ဟှာ ပေတရု၊ ယောဟန်၊ ယာကုပ်န ဝယ်ဟှားဂန်းရဲ့ မိဖလေဟှလွဲဘီး တခြားဖယ်သူ့ဟှိုမှ ကိုယ်တော်နတူးဒူ အီထဲဟှို ဝမ်ခွမ့်ပေးဟှ။ လူတိုင်းဟှာ ဝယ်ဟှားဂန်းတွပ် ငိုကြွေးဘီးဝန်းနဲ နေဂေ့ဟှယ်။ ယေရှုဟှ "ငိုန၊ ဝယ်ဟှားဂန်းဟှာ သေနေဇာ မှုဟှ။ အိမွိနေဟှယ်!" ဆိုဘီး မိန့်တော်မူလေဟှယ်။
သူးနို့ ဂူလောင်းဟှာ ကိုယ်တော့်ဟှို ရယ်ဇားဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဝယ်ဟှားဂန်းဟှာ သေနေဘီ ဆိုဇာဟှို သူးနို့ သိနေကြောန့် ဖြစ်ဟှယ်။ အယ်ဘေမဲ့ ယေရှုဟှာ ဝယ်ဟှားဂန်းရဲ့ လတ်ဟှို ကိုင်လိုက်ဘီး "ဝယ်ဟှားဂန်း၊ ထဝေါ့!" ဆိုဘီး မိန့်တော်မူလေဟှယ်။ ဝယ်ဟှားဂန်းဟှာ သတ်ဝိညာဉ် ပ္လန်ဝမ်လာဘီး ရှစ်ရှင်းထလေဟှယ်။ ယေရှုဟှာ ဝယ်ဟှားဂန်းဟှို စားဇာကျွေးဟှို့ သူးနို့ဟှို မိန့်တော်မူလိုက်ဟှယ်။ ဝယ်ဟှားဂန်းရဲ့ မိဖလေဟှာ ရရာတိုင်း အံ့ဩဟှားဟှယ်။ အယ်ဘေမဲ့ ယေရှုဟှ အယ်မျိုးဖြစ်ဇာလေဟှို ဖယ်သူ့ဟှိုလည်း ပြောဘဲဟှို့တွပ် သူးနို့ဟှို ပညတ်တော်မူလေဟှယ်။
လာဇရုသေဟှူကြောန်း
ဗေသနိဝါမာနေဟှူ လာဇရုဟှာ နေကောန်းဘဲဖြစ်နေဟှယ်။ ဗေသနိဝါမာ ညီအေးမလေဖြစ်ဂေ့ဟှူ မာရိန မာသဟှာ နေထိုင်ဂေ့ဟှယ်။ အယ်မာရိဟှာ သခင်ဘုရားရဲ့ ခေတော်ထတ်ဟှို ဆီမွှီးလောန်းခ္လဘီး ခေတော်ဟှို ဆားဗန်န သုပေးဟှူသူဖြစ်ဟှယ်။ နေကောန်းဘဲဖြစ်နေဟှူ လာဇရုဟှာ သူ့ရဲ့မောင်ဖြစ်ဟှယ်။ ညီအေးမနှေ့ယော့-က်ဟှာ ယေရှုနားဟှို "သခင်၊ ကိုယ်တော်ရှစ်ဟှူလူဟှာ နေကောန်းဘဲ ဖြစ်နေဟှယ်" ဆိုဘီး ဒန်းစကားပို့လိုက်ဂေ့ဟှယ်။
အယ်ဒန်းဟှို ယေရှု ကြားလိုက်ခီမာ "အယ်နာဟှာ လာဇရုဟှို သေဟှို့မှုဘဲ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားစေဘီး ဘုရားသခင်ရဲ့ သားတော်ဟှာလည်း ဖောင်းသရေတော် ထန်ရှားလေ့မယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
ယေရှုဟှာ မာသဟှိုရော၊ သူ့မရဲ့ ညီမဟှိုရော၊ လာဇရုဟှိုရော ရှစ်တော်မူဟှယ်။ ကိုယ်တော်ဟှာ လာဇရုရဲ့ဒန်းဟှို ကြားဘေမဲ့လည်း အယ်နေရာမာ နှေ့ရစ်နေနေသေးဟှယ်။ အယ်ဘီးန ကိုယ်တော်ဟှာ တဗဲ့တော်လေဟှို "ယုဒနယ်ဟှို ပ္လန်ဂေ့ဇို့" ဆိုဘီး မိန့်တော်မူလေဟှယ်။
တဗဲ့တော်လေဟှ "ဆရာ၊ ယုဒလူလေဟှာ ဆရာ့ဟှို စဒူးဟှဘဲ့သေး က္လော့-က်ခဲနပစ်ဟှို့ လောက်နေဂေ့ဟှယ်။ အယ်နေရာဟှိုဘဲ့ ပ္လန်ဘီးကြွတော်မူအူးလော" ဆိုဘီး မေးလျှော့-က်ဂေ့ဟှယ်။
ယေရှုဟှ "တနေ့မာ ဆယ့်နှေ့နာရီ ရှိဟှယ် မှုဟှလော။ အယ်ကြောန့် နေ့ခီမာ သွားလာဟှူ လူလေဟှာ ခလောက်တိုက်မိဂေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှ လောကရဲ့ လန်းရောန်ဟှို ဗြင်ရဟှယ်။ အယ်ဘေမဲ့ ညဉ့်မိုက်ဇာမာ သွားလာဟှူ လူလေဟှာ ခလောက်တိုက်မိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့မာ လန်းရောန်မှေ့ဟှ" ဆိုဘီး ဖြေတော်မူလေဟှယ်။ ယေရှုဟှာ အယ်မျိုး မိန့်တော်မူဘီးန "နို့လေရဲ့ မိဆွေ လာဇရုဟှာ အိမွိဟှားဘီ။ သူ့ဟှို နှိုးဟှို့ ငါသွားမယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
တဗဲ့တော်လေဟှ "သခင်၊ သူဟှာ အိမွိနေဟှယ် ဆိုဟှာ ကျန်းမာလာလေ့မယ်" ဆိုဘီး ဖြေဂေ့ဟှယ်။
ယေရှုဟှာ လာဇရုသေဟှားကြောန်းဟှို မိန့်တော်မူနေ ဘေမဲ့လည်း အိမွိနေဇာဟှိုဘဲ့ မိန့်တော်မူနေဟှယ် ဆိုဘီး သူးနို့ထန်နေဂေ့ဟှယ်။ အယ်ကြောန့် ယေရှုဟှာ သူးနို့ဟှို "လာဇရု သေဟှားဘီ။
Domínio sobre a natureza
Jesus acalmou a tempestade, andou sobre as águas e multiplicou pães. A natureza obedece à voz do seu Criador.
လေမှောန်ဒိုင်းဟှို ဆောင်းမဟှူကြောန်း
ယေရှုဟှာ လှေထဲဟှို ဝမ်တော်မူဘီး တဗဲ့တော်လေလည်း ကိုယ်တော်နတူးဒူ လိုက်ဂေ့လေဟှယ်။ ရောက်တရစ် အိုင်ထဲမာ ကြမ်းတမ်းဟှူ လေမှောန်ဒိုင်းတိုက်လာဘီး လှေဟှာ နစ်မ္လောက်ခါနီး ဖြစ်ဟှားလေဟှယ်။ အယ်ခီမာ ကိုယ်တော်ဟှ လှေထဲမာ အိနေတော်မူဟှယ်။ တဗဲ့တော်လေလည်း ကိုယ်တော့်ဟှို နှိုးဘီးဟှာ "သခင်၊ ကယ်တန်တော်မူပါ! ကျွန်တော့်ဟှားလေ သေဟှို့ဖြစ်နေဂေ့ဘီ!" ဆိုဘီး လျှော့-က်ဂေ့လေဟှယ်။
ကိုယ်တော်ဟှလည်း "ယောင်ကြည်ရှင်း အားနဲဟှူလူလေ! ဖြားဖြစ်ကြောန့် ကြော့-က်နေဂေ့နူး" ဆိုဘီး ထလာဘီးန လေနလှိုင်းဟှို ဆောင်းမဟှူ ခီမာ လေနလှိုင်းလည်း ငြီဟှားဘီး သာယာဟှားလေဟှယ်။
တဗဲ့တော်လေလည်း ရရာတိုင်း အံ့ဩဘီး "အယ်လူဟှ ဖယ်သူနူး။ လေနလှိုင်းလေတောန်မှ သူ့ဟှို နားထောန်ဂေ့ဟှယ်!" ဆိုဘီး ပြောဂေ့လေဟှယ်။
နေဒန်ဇာ ရော့-က်လာဟှူ ခီမာ တဗဲ့တော်လေဟှာ ကိုယ်တော်နားဟှို လာဘီး "အယ်နေရာဟှာ လူသူကင်းဝီးဟှူ နေရာဖြစ်ဘီး ခီလည်း နော့-က်က္လဟှားဘီ။ လူလေဟှို စေလွှတ်ဘီးဟှာ ဝါလေမာ စားဇာဝယ်ခိုင်းဟှို့တွပ် သွားခွမ့်ပေးပါ" ဆိုဘီး လျှော့-က်ဂေ့လေဟှယ်။
ယေရှုဟှ "သူးနို့လေ သွားဇာလိုဟှ။ အယ်သူလေစားဟှို့ စားဇာဟှို နန်းနို့လေ ကိုယ်တိုင် ပေးဂေ့ပါ!" ဆိုဘီး မိန့်တော်မူလေဟှယ်။
တဗဲ့တော်လေဟှ "မုငါးလောင်းန ငါးနှေ့ကောန်ဘဲ့ ကျွန်တော်ဟှားလေမာ ရှိပါဟှယ်" ဆိုဘီး ပ္လန်လျှော့-က်လေဟှယ်။
ယေရှုဟှ "အယ်မုန ငါးဟှို ယူလာပါ" ဆိုဘီး မိန့်တော်မူလေဟှယ်။ ကိုယ်တော်ဟှ လူလေဟှို ဗြစ်ပ္လန်ထတ်မာ ထိုင်ဟှို့ မိန့်တော်မူဘီးန မုငါးလောင်းန ငါးနှေ့ကောန်ဟှို ယူဘီး ကောန်းဂန်ထတ်ဟှို မျှော်ကေ့ဘီးဟှာ ဘုရားသခင်ဟှို ကျေးဇူးတော် ချီးမွမ်းလေဟှယ်။ အယ်ဘီးမှ မုန ငါးဟှို ဖဲ့ဘီး တဗဲ့တော်လေဟှို ပေးလေဟှယ်။ တဗဲ့တော်လေဟှလည်း လူလေဟှို ပေးလေဟှယ်။ လူလေဂူလောင်းဟှာ စားဘီး ဗိုက်ပ္လဲ့ဟှားဟှယ်။ အယ်ဘီးန တဗဲ့တော်လေဟှာ စားဘီး ကျန်ဇာလေဟှို စုသီးလိုက်ဇာ ဆယ့်နှေ့တောန်းပ္လဲ့ ရဂေ့ဟှယ်။ မီးမန သားဂန်းဟှားလေပါဘဲန စားဂေ့ဟှူ ယော့-က်ကျား ရေတွပ်ဟှာ ��,������ လော့-က် ရှိလေဟှယ်။
မိုးသာထပိုင်းမာ ယေရှုဟှာ ရေထတ်မာ လမ်းရှော့-က်ဘီး တဗဲ့တော်လေနားဟှို ကြွလာတော်မူလေဟှယ်။
လူလေးထောန်ဟှို ကျွေးဟှူကြောန်း
ယေရှုဟှာ တဗဲ့တော်လေဟှို သူ့နားဟှို ခေါ်ဘီးဟှာ "အယ်လူလေဟှို ငါသနားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ သောင်းရစ်လောင်းလောင်း ငါနတူးဒူ နေဂေ့ဘီး သူးနို့မာလည်း စားဟှို့မှေ့ဘီ။ သူးနို့ဟှို ဖြားဇာလည်းကျွေးဘဲန ပ္လန်ဟှားဇာဟှို ငါလိုရှင်ဟှ။ အယ်မျိုးပ္လန်စေမယ် ဆိုဟှာ လမ်းမာအားပြတ်ဂေ့မယ်" ဆိုဘီး မိန့်တော်မူဟှယ်။
တဗဲ့တော်လေဟှ "အယ်လူအောက်ဂီးဟှို ဝအောန်ကျွေးဟှို့တွပ် ကျွန်တော်ဟှားလေဟှာ အယ်တောထဲမာ ဖယ်မျိုးရနိုင်ဟှို့နူး" ဆိုဘီး လျှော့-က်ဂေ့ဟှယ်။
ယေရှုဟှ "နန်းနို့လေမာ မုဖယ်လော့-က်ရှိနူး" ဆိုဘီး မေးလိုက်ခီမာ
သူးနို့ဟှ "မုခွန်နှေ့လောင်းန ငါးနဲနဲဟှားရှိပါဟှယ်" ဆိုဘီး ပ္လန်လျှော့-က်ဂေ့ဟှယ်။
အယ်ကြောန့် ယေရှုဟှ လူအောက်ဂီးဟှို မ္လေဂီးထတ်မာထိုင်နေဟှို့ မိန့်တော်မူဟှယ်။ မုခွန်နှေ့လောင်းန ငါးဟှိုယူဘီးဟှာ ဘုရားသခင်ဟှို ကျေးဇူးချီးမွမ်းဘီးန မုနငါးဟှို ဖဲ့ဘီးဟှာ တဗဲ့တော်လေဟှို ပေးဟှယ်။ တဗဲ့တော်လေဟှလည်း လူလေဟှို ပေးဂေ့ဟှယ်။ သူးနို့လေ ဂူလောင်းဟှာ စားဘီးဟှာ ဗိုက်ပ္လဲ့ဟှားဂေ့ဟှယ်။ အယ်ဘီးန တဗဲ့တော်လေဟှာ ကြွင်းကျန်လေဟှို ကော့-က်သီးလိုက်ဟှူဇာ ခွန်နှေ့တောန်းပ္လဲ့ ရဂေ့လေဟှယ်။ စားဟှူသူလေဟှာ မီးမန သားဂန်းဟှားလေပါဘဲန ယော့-က်ကျားလေဘဲ့ ��,������ ရှိဟှယ်။
ဗိမာန်တော် ခွန်ပေးဆောန်ဟှူကြောန်း
ကပေရနောင်ဗြို့ဟှို သူးနို့ရော့-က်လာဟှူ ခီမာ ဗိမာန်တော် ခွန်ကော့-က်မားလေဟှာ ပေတရုနားဟှို လာဘီး "နန့်ရဲ့ ဆရာဟှာ ဗိမာန်တော်ခွန်ဟှို ပေးဘဲ့လော" ဆိုဘီး မေးဂေ့ဟှယ်။
ပေတရုဟှ "ပေးပါဟှယ်" ဆိုဘီး ဖြေလေဟှယ်။
ပေတရုဟှ အီထဲဟှို ဝမ်လာခီမာ ယေရှုဟှ "ရှိမုန်၊ နန်ဖယ်မျိုးထန်နူး။ လောကမာရှိဟှူ မန်းဂီးလေဟှာ ဖယ်သူ့နားဟှနေ ခွန်ကော့-က်ဂေ့နူး။ သူးနို့သားလေ နားဟှလော။ ခြားသူလေ နားဟှလော" ဆိုဘီး မေးလေဟှယ်။
ပေတရုဟှ "ခြားသူလေဘဲ့ ပေးရပါဟှယ်" ဆိုဘီး ပ္လန်လျှော့-က်လေဟှယ်။
ယေရှုဟှ "အယ်ဆိုဟှာ သားလေဟှာ ကန်းလွတ်ခွမ့်ရဂေ့ဟှယ်။ အယ်ဘေမဲ့ အယ်သူလေဟှို မှားယွင်းစေရှင်ဟှ။ အယ်ကြောန့် အိုင်ထဲဟှို သွားဘီးဟှာ ငါးဟှိုမျှားလော။ ရင်ဦးဆောင်းရလာဟှူ ငါးဟှို ယူဘီးဟှာ ဇပ်ပေါ့-က်ဟှို ဖွမ့်လိုက်ပါ။ ငွေဒင်္ဂါးတပ္လားဟှို တွိရလေ့မယ်။ အယ်ဒင်္ဂါးဟှို ယူဘီးဟှာ နန့်နငါ့တွပ် ဗိမာန်တော်ခွန်ဟှို ပေးလိုက်ပါ" ဆိုဘီး မိန့်တော်မူလေဟှယ်။
သဖန်းဗန်ဟှို ကီတော်မူဟှူကြောန်း
ယေရှုဟှာ မိုးလန်းစောစောဂီး ဗြို့ဟှို ပ္လန်ကြွလာဟှူ ခီမာ ဗိုက်ဆာတော်မူလေဟှယ်။ ကိုယ်တော်ဟှာ လမ်းဘေးမာ သဖန်းဗန်တဗန်ဟှို ဗြင်ဘီး အယ်ပန်နားဟှို ကြွတော်မူလေဟှယ်။ အယ်ဘေမဲ့ ပန်ထတ်မာ ဝပ်လေဟှိုဘဲ့ တွိဟှူကြောန့် ကိုယ်တော်ဟှ "နန်ဟှာ ခုခီဟှနေစဘီး ကာလစဉ်ဆစ် လောင်းဝ သီးသီးစေန!" ဆိုဘီး အယ်ပန်ဟှို မိန့်တော်မူလေဟှယ်။ အယ်မူခီမာ သဖန်းဗန်ဟှာ တခါဒဲ သွိခြော့-က်ဟှားလေဟှယ်။
တဗဲ့တော်လေဟှာ အယ်မူဇာဟှို ဗြင်ဘီးဟှာ အံ့ဩဂေ့လေဟှယ်။ သူးနို့ဟှ "သဖန်းဗန်ဟှာ ဖယ်မျိုးဖြစ်ဟှူကြောန့် တခါဒဲ သွိခြော့-က်ဟှားရနူး" ဆိုဘီး သူးနို့ရှင်းရှင်း မေးဂေ့လေဟှယ်။
ယေရှုဟှ "ငါ မှန်ပြောမယ်၊ နန်းနို့လေဟှာ သံသယမှေ့ဘဲန ယောင်ကြည်မယ် ဆိုဟှာ သဖန်းဗန်ဟှို ငါပြုဟှူမျိုး နန်းနို့ပြုနိုင်ဘီး အယ်ထတ်မက အယ်တောန်ဟှို ‘အယ်နေရာဟှနေရွေ့ဘီး ပန်လယ်ထဲဟှို က္လစေ’ ဆိုဘီး ပြောမယ် ဆိုဟှာ ပြောဟှူတိုင်း ဖြစ်လေ့မယ်။ နန်းနို့လေ ယောင်ကြည်မယ် ဆိုဟှာ တောန်းလျှော့-က်ဟှူမျှဟှို ရဂေ့လေ့မယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
ရောက်တရစ် ပြင်းထန်ဟှူ လေမှောန်တိုင်းက္လလာဘီး လှိုင်းလေဟှာ လှေဟှို စဘီးဟှာ ရိုက်လေဟှယ်။ အယ်ကြောန့် လှေဟှာ ရေနပ္လဲ့ခါနီးနီး ဖြစ်ဟှားဟှယ်။ ယေရှုဟှ လှေရဲ့ပဲ့မာ ခေါန်းအောင်း အောင်းဘီး အိနေဟှယ်။ တဗဲ့တော်လေဟှ ကိုယ်တော့်ဟှို နှိုးဂေ့ဘီး "ဆရာ၊ ကျွန်တော့်ဟှားလေ သေဟှို့ဖြစ်နေဂေ့ဇာဟှို ကိုယ်တော် ဂရုစိုက်ဘဲနနေဟှို့လော" ဆိုဘီး လျှော့-က်ဂေ့လေဟှယ်။
ယေရှုဟှ ထလာဘီးန လေနလှိုင်းဟှို မိန့်မှာဟှူ ခီမာ လေနလှိုင်းလည်း ငြီဟှားဘီး သာယာဟှားလေဟှယ်။ အယ်ဘီးန ယေရှုဟှ တဗဲ့တော်လေဟှို "ဖြားဖြစ်ကြောန့် နန်းနို့လေ ကြော့-က်နေဂေ့နူး။ ခုထတ်ထိ နန်းနို့လေဟှ ယောင်ကြည်ရှင်း မှေ့သေးဟှလော" ဆိုဘီး မေးမြန်းလေဟှယ်။
အယ်ဘေမဲ့ သူးနို့လေဟှ ရရာတိုင်း ကြော့-က်နေဂေ့ဘီး "အယ်လူဟှ ဖယ်သူနူး။ လေနလှိုင်းလေတောန်မှ သူ့ဟှို နားထောန်ဂေ့ဟှယ်!" ဆိုဘီး သူးနို့ရှင်းရှင်း စဘီးဟှာ ပြောနေဂေ့ဟှယ်။
ညဉ့်မိုက်ခါနီး ရော့-က်လာဟှူ ခီမာ တဗဲ့တော်လေဟှ ယေရှုနားဟှို လာဘီးဟှာ "အယ်နေရာဟှာ တောဖြစ်နေဟှူကြောန့် လူလေလည်း နေဘဲဟှူ နေရာဖြစ်ဟှယ်။ နော့-က်က္လဟှားဘီ။ စားဇာသွားဝယ်ဘီး စားနိုင်ဟှို့တွပ် လူလေဟှို နီးနားမာရှိဟှူ တောဝါလေဟှို လွှတ်လိုက်ပါ" ဆိုဘီး လျှော့-က်ဂေ့ဟှယ်။
ယေရှုဟှ "နန်းနို့လေဘဲ့ သူးနို့ဟှို စားဇာတခုခု ကျွေးလိုက်" ဆိုဘီး မိန့်တော်မူလေဟှယ်။
အယ်ခီမာ တဗဲ့တော်လေဟှ "ကျွန်တော့်လေဟှ ငွေဒန်းဂါး ������ ဖိုးန စားဇာဝယ်ဘီး အယ်လူလေဟှို ကျွေးရဟှို့လော" ဆိုဘီး လျှော့-က်လေဟှယ်။
ယေရှုဟှ "နန်းနို့လေမာ မုဖယ်မျှလော့-က်ရှိနူး။ သွားဘီးဟှာ ကေ့ကေ့" ဆိုဘီး မိန့်တော်မူလေဟှယ်။
သူးနို့လေဟှ ကေ့ဟှူ ခီမာ "မုငါးလောင်းန ငါးနှေ့ကောန်ရှိဟှယ်" ဆိုဘီး လျှော့-က်လေဟှယ်။
အယ်ဘီးန ယေရှုဟှ လူလေ ဂူလောင်းဟှို အောက်စုခွဲဘီးဟှာ ဗြစ်ပန်လေထတ်မာ ထိုင်ခိုင်းလိုက် ဆိုဘီး တဗဲ့တော်လေဟှို လောက်ဟှို့တွပ် ပြောလေဟှယ်။ အယ်ကြောန့် လူလေဟှာ တရာတဖွဲ့န ငါးဆယ်တဖွဲ့ တန်းလိုက်ထိုင်ဂေ့ဟှယ်။ အယ်ဘီးန ယေရှုဟှ မုငါးလောင်းန ငါးနှေ့ကောန်ဟှို ယူဘီးဟှာ ကောန်းဂန်ဟှို မျှော်ကေ့ဘီး ဘုရားသခင်ဟှို ကျေးဇူးတော် ချီးမွမ်းလိုက်ဟှယ်။ ကိုယ်တော်ဟှာ မုလေဟှို ဖဲ့ဘီးဟှာ လူလေဟှို ဝီပေးဟှို့တွပ် တဗဲ့တော်လေဟှို မုလေ ပေးလိုက်ဟှယ်။ ကိုယ်တော်ဟှာ ငါးနှေ့ကောန်ဟှိုလည်း သူးနို့လေ ဂူလောင်း ကြားထဲမာ ခွဲဝီပေးလိုက်ဟှယ်။ လူတိုင်းဟှာ စားဘီး ဗိုက်ပ္လဲ့ဟှားဂေ့ဟှယ်။ အယ်ဘီးန တဗဲ့တော်လေဟှ စားဘီး ကျန်နေဟှူ မုနငါးလေရဲ့ က္လိုးပဲ့လေဟှို လိုက်ကော့-က်ဟှူ ခီမာ ဆယ့်နှေ့တောန်းပ္လဲ့ ရဂေ့ဟှယ်။ မုစားဟှူ ယော့-က်ကျား ရေတွပ်ဟှာ ��,������ ရှိလေဟှယ်။
လေဆန်ဟှို လှေလှော်နေဟှူကြောန့် ရရာတိုင်း ပန်းနေဟှူ တဗဲ့တော်လေဟှို ကိုယ်တော်ဟှ ဗြင်ဟှားလေဟှယ်။ အယ်ကြောန့် မိုးလန်းသောင်းနာရီန ခြော့-က်နာရီ ကြားမာ ကိုယ်တော်ဟှာ ရေထတ်မာ လမ်းရှော့-က်ဘီးဟှာ သူးနို့နားဟှို ရော့-က်လာလေဟှယ်။ ကိုယ်တော်ဟှာ သူးနို့ဟှို ကျော်ဖြတ်ဟှို့ လောက်လေဟှယ်။ အယ်ဘေမဲ့ တဗဲ့တော်လေဟှ ရေထတ်မာ ကိုယ်တော်ဟှာ လမ်းရှော့-က်နေဇာဟှို ဗြင်ဟှားဟှူ ခီမာ "ဖုကသေ ဖြစ်ဟှယ်!" ဆိုဇာဟှို ထန်ဘီးဟှာ အော်ဟစ်ဂေ့ဟှယ်။ သူးနို့လေ ဂူလောင်းဟှ ယေရှုဟှို ဗြင်ဟှူ ခီမာ ထိလန့်နေဂေ့ဟှယ်။
ယေရှုဟှ ရှစ်ရှင်းဘဲ့ "သတ်တိရှိဂေ့!" ဆိုဘီး ပြောလေဟှယ်။ "ငါဘဲ့ဖြစ်ဟှယ်။ ကြော့-က်ဂေ့န!" အယ်ဘီးန သူးနို့ရှိနေဟှူ လှေထတ်ဟှို တတ်ဟှားဟှူ ခီမာ လေဟှာ ငြီဟှားလေဟှယ်။ တဗဲ့တော်လေဟှ ရရာတိုင်း အံ့ဩဂေ့ဟှယ်။
ယေရှုဟှာ လူ , ဟှို စားဇာကျွေးဟှူကြောန်း
ကြာခန်မာဘဲ့ နော့-က်ထပ် ရရာတိုင်းများဟှူ လူအောက်ဂီးဟှာ စုလာဂေ့ဟှယ်။ သူးနို့လေမာ စားဟှို့ ဖြားလည်းမှေ့ဘဲဟှူကြောန့်၊ ယေရှုဟှ တဗဲ့တော်လေဟှို သူ့နားဟှိုခေါ်ဘီး ပြောလိုက်ဇာဟှ၊ "အယ်လူလေဟှို ငါသနားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ ငါ့နတူးဒူ သောင်းရစ်လောင်းလောင်း ရှိနေဂေ့ဘီး ခုစားဟှို့ ဖြားလည်းမှေ့ဘီ။ သူးနို့ထဲဟှ တချို့ဟှာ ဝီးဟှနေလာရဟှူကြောန့် သူးနို့ဟှို ငါဟှ ကျွေးဘဲ့န အီပ္လန်ခိုင်းမယ် ဆိုဟှာ သူးနို့လေဟှ လမ်းမာ အားပြတ်ဂူလေ့မယ်။"
တဗဲ့တော်လေဟှ "လူမှေ့ဘဲဟှူ နေရာမာ ဖယ်သူဟှ အယ်လူလေ ဂူလောင်းဟှို လော့-က်အောန်ကျွေးဟှို့ မုဟှို ဖယ်ဟှ ရနိုင်ဟှို့နူး" ဆိုဘီး ယေရှုဟှို ပ္လန်လျှော့-က်ဂေ့ဟှယ်။
ယေရှုဟှ "နန်းနို့မာ မုဖယ်မျှလော့-က်ရှိနူး" ဆိုဘီး မေးလေဟှယ်။
တဗဲ့တော်လေဟှ "မုခွန်နစ်လောင်းရှိဟှယ်" ဆိုဘီး ပ္လန်လျှော့-က်လေဟှယ်။
ကိုယ်တော်ဟှာ လူအောက်ဂီးဟှို မ္လေမာ ထိုင်ခိုင်းလိုက်ဟှယ်။ အယ်ဘီးန မုခွန်နစ်လောင်းဟှို ယူဘီးဟှာ ဘုရားသခင်ဟှို ကျေးဇူးတော် ချီးမွမ်းလိုက်ဘီး၊ မုလေဟှို ဖဲ့လေဟှယ်။ အယ်ဘီးမှ လူအောက်ဂီးဟှို ဝီပေးဟှို့တွပ် တဗဲ့တော်လေဟှို ပေးလိုက်ဘီး၊ တဗဲ့တော်လေဟှ လူအောက်ဂီးဟှို ဝီပေးလေဟှယ်။ သူးနို့မာလည်း ငါးဂန်းဟှားလေ နဲနဲရှိလေဟှယ်။ ယေရှုဟှ အယ်ဇာလေတွပ် ကျေးဇူးတော် ချီးမွမ်းဘီးန ငါးလေဟှိုလည်း ဝီပေးဟှို့တွပ် တဗဲ့တော်လေဟှို ပြောလေဟှယ်။ လူတိုင်းဟှာ ဗိုက်ပ္လဲ့အောန်စားရဂေ့ဇာဟှ။ အယ်ဘီးန တဗဲ့တော်လေဟှာ စားဘီးကျန်နေဟှူ က္လိုးပဲ့လေဟှို ပ္လန်ကော့-က်သီးဟှူ ခီမာ ခွန်နစ်တောန်းပ္လဲ့ရဟှယ်။ လူ ��,������ လော့-က် ရှိဟှယ်။ ယေရှုဟှ လူလေဟှို ပ္လန်လွှတ်လိုက်ဘီး၊
ယေရှုဟှာ သဖန်းဗန်ဟှို ကီဆဲဟှူကြောန်း
နော့-က်တနေ့မာ သူးနို့ဟှာ ဗေသနိဝါဟှနေ ပ္လန်လာဂေ့ဟှူ ခီမ ယေရှုဟှ ဗိုက်ဆာနေဟှယ်။ ကိုယ်တော်ဟှာ ဝပ်လေန ဖောင်းနေဟှူ သဖန်းဗန်ဟှို ဝီးဟှနေ ဗြင်လေဟှယ်။ အယ်ကြောန့် သီးတွိနိုင်ဟှယ် ဆိုဘီး ပန်နားဟှို သွားလိုက်ဟှယ်။ အယ်ဘေမဲ့ ပန်နားဟှို ရော့-က်ဟှားဟှူ ခီမာ သဖန်းသီးဆွပ်ဟှို့ခီ ရော့-က်သေးဘဲဟှူကြောန့် ဝပ်လေဘဲ့ တွိဟှယ်။ အယ်ဆိုန ယေရှုဟှ "နန့်ရဲ့ သီးဟှို ကာလစဉ်ဆစ် ဖယ်သူလဲ စားရစေန!" ဆိုဘီး သဖန်းဗန်ဟှို မိန့်တော်မူလေဟှယ်။
တဗဲ့တော်လေလည်း ကြားဂေ့ဟှယ်။
သဖန်းဗန်ဟှ သင်ဂန်းဇာ
သူးနို့ဟှာ နော့-က်တနေ့ မိုးလန်းစောစောဂီး လမ်းရှော့-က်ဟှားဂေ့ဟှူ ခီမာ ပြစ်ဟှနေဘီး ခြော့-က်နေဟှူ သဖန်းဗန်ဟှို သူးနို့ဟှာ ဗြင်ဟှားဂေ့ဟှယ်။ ပေတရုဟှ ဒိရဟှားဘီး ယေရှုဟှို "ဆရာ၊ ကေ့လိုက်ဂေ့! ကိုယ်တော် ကီဆဲလိုက်ဟှူ သဖန်းဗန်ဟှာ ခြော့-က်ဟှားဘီ!" ဆိုဘီး လျှော့-က်လေဟှယ်။
ယေရှုဟှ "ဘုရားသခင်ဟှို ယောင်ကြည်ပါ။ ငါ မှန်းမှန်ကန်းကန် ပြောမယ်။ ဖယ်လူဘဲ့ဖြစ်ဖြစ် အယ်တောန်ဟှို ‘အယ်နေရာဟှနေ ရွေ့ဘီး ပန်လယ်ထဲဟှို က္လလော’ ဆိုဘီး သူ့ရဲ့ စိနှလောင်းထဲမာ သံသယမှေ့ဘဲ့ ယောင်ကြည်ဘီး ပြောမယ် ဆိုဟှာ အယ်တိုင်းဘဲ့ ဖြစ်လေ့မယ်။ အယ်ကြောန့် နန်းနို့ဟှို ငါပြောမယ်။ နန်းနို့ဟှာ တခုခုတွက် ဆုတောန်းဘီး တောန်းရှော့-က်ဟှူ ခီမာ အယ်ဇာဟှို ရပီးဘီး ဆိုဘီး နန်းနို့ ယောင်ကြည်ဂေ့။ အယ်ဆိုဟှာ နန်းနို့ ဖြားဇာဘဲ့ တောန်းတောန်း ရဂေ့လေ့မယ်။ နန်းနို့လေဟှာ ရပ်ဘီး ဆုတောန်းဟှူ ခီမာ နန်းနို့မာ ယော့-က်ယော့-က်ဟှို ပြစ်မှားဇာ တခုခုရှိမယ် ဆိုဟှာ အယ်လူဟှို ခွမ့်လွှတ်ဂေ့။ အယ်ဆိုဟှာ ကောန်းဂန်ဘောင်ဟှ နန်းနို့ဖလည်း နန်းနို့လေရဲ့ ပြစ်ဟှို လွှတ်ပေးလေ့မယ်။"
တဗဲ့တော်လေဟှို ခေါ်ဟှူကြောန်း
တနေ့မာ ယေရှုဟှာ ဂင်္နေသရက်အိုင်ရဲ့ ကမ်းနားမာ ရပ်နေဟှူ ခီမာ လူလေဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှို နားထောန်ဟှို့ ကိုယ်တော်နားဟှို တိုးဝမ်ဂေ့ဟှယ်။ ကိုယ်တော်ဟှာ ကမ်းနားမာ ကပ်ဟှားဟှူ လှေနှေ့စင်းဟှို ဗြင်တော်မူဟှယ်။ ငါးဖမ်းမားလေဟှာ လှေလေထတ်ဟှနေ ဆင်းဘီးန ငါးဖမ်းပိုက်လေဟှို ဆေးနေဂေ့ဟှယ်။ ယေရှုဟှာ အယ်လှေနှေ့စီးထဲဟှ ရှိမုန်ရဲ့ လှေထတ်ဟှို တတ်တော်မူဘီးန လှေဟှို ကမ်းဟှနေ နဲနဲခွာဟှို့ သူ့ဟှို ခွမ့်တောန်းလေဟှယ်။ ယေရှုဟှာ လှေထတ်မာ ထိုင်ဘီးန လူအောက်ဂီးဟှို သွန်သန်ဟှယ်။
ကိုယ်တော်ဟှာ သွန်သန်ရှင်းလေ ပီးဟှားဟှူ ခီမာ ရှိမုန်ဟှို "ရေနတ်ထဲဟှို ထွပ်ဟှားဘီး ငါးလေဟှို ဖမ်းဟှို့တွပ် နန့်န နန့်ပေါန်းဖော်လေရဲ့ ငါးဖမ်းပိုက်လေဟှို ခ္လဂေ့" မိန့်တော်မူလေဟှယ်။
ရှိမုန်ဟှ "ကျွန်တော့်ဟှားလေဟှာ တညဉ့်လောင်း ကြိုးစားဘီး ဖမ်းလည်း ဂေါန်လည်းရဂေ့ဟှ။ အယ်ဘေမဲ့ ကိုယ်တော်ရဲ့ မိန့်တော်တိုင်း ငါးဖမ်းပိုက်လေဟှို ခ္လလိုက်မယ်" ဆိုဘီး ပ္လန်ပြောတော်မူဟှယ်။ သူးနို့ဟှာ ငါးဖမ်းပိုက်လေဟှို ခ္လလိုက်ဘီးန ငါးလေဘောင်ဂီး ဖမ်းမိကြောန့် ငါးဖမ်းပိုက်လေ စုပ္လဲခါနီး ဖြစ်ဟှားဟှယ်။ အယ်ကြောန့် သူးနို့ဟှာ လာဘီး ကူညီပေးဟှို့ တခြားလှေထဲမာရှိနေဟှူ သူးနို့ရဲ့ ပေါန်းဖော်လေဟှို လတ်ပြဘီး ခေါ်လိုက်ဟှယ်။ သူးနို့ဟှာ လာဘီးန လှေနှေ့စင်းလောင်းဟှို ငါးလေပ္လဲ့ ဖ္လဲ့လိုက်ကြောန့် လှေလေဟှာ မ္လုပ်ခါနီး ဖြစ်ဟှားဟှယ်။ အယ်မျိုးဖြစ်ဇာလေဟှို ရှိမုန်ပေတရု ဗြင်လိုက်ဟှူ ခီမာ ယေရှုရှေ့မာ ဒူးထော့-က်ဘီး "သခင်၊ ကျွန်တော့်နားဟှနေ ကြွဟှားတော်မူပါ! ကျွန်တော်ဟှာ ပြစ်သား ဖြစ်ဟှယ်!" ဆိုဘီး လျှော့-က်လေဟှယ်။
သူ့နတူးဒူရှိဟှူ လူလေ ဂူလောင်းဟှာ ဖမ်းမိဟှူ ငါးလေဟှာ ဘောင်ဂီး ဖြစ်နေကြောန့် အံ့ဩဟှားဂေ့ဟှယ်။ ရှိမုန်ရဲ့ လောက်ဖော်ဆောန်ဖတ်လေဖြစ်ဘီး ဇေဗေဒဲရဲ့ သားလေဖြစ်ဟှူ ယာကုပ်န ယောဟန်လေဟှာလည်း အယ်မျိုးဘဲ့ အံ့ဩဟှားဂေ့ဟှယ်။ ယေရှုဟှာ ရှိမုန်ဟှို "ကြော့-က်ဂေ့န။ ခုဟှစဘီး နန်ဟှာ လူလေဟှို ဖမ်းရလေ့မယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
သူးနို့ဟှာ လှေလေဟှို ကမ်းနားမာ ကပ်လိုက်ဘီး ငါးလေ ဂူလောင်း ထားရစ်ဘီးန နော့-က်တော်ဟှို လိုက်ဂေ့ဟှယ်။
လေမူဒိုင်းဟှို ငြီးစေဟှူကြောန်း
တနေ့မာ ယေရှုဟှာ တဗဲ့တော်လေနတူးဒူ လှေထဲဟှို ဝမ်ဟှားဘီးန သူးနို့ဟှို "အိုင်တဖတ်ဟှို ကူးဂေ့ဇို့" ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ကြောန့် သူးနို့ဟှာ စဘီးကူးဂေ့ဟှယ်။ သူးနို့ဟှာ ဝပ်လွှမ့်နေဟှူ ခီမာ ယေရှုဟှာ အိမွိနေတော်မူဟှယ်။ ရောက်တရစ် အိုင်ထဲမာ လေမူဒိုင်းက္လဘီး လှေဟှာ ရေနပ္လဲ့ခါနီးနီး ဖြစ်ဟှားဟှူကြောန့် သူးနို့လေ ဂူလောင်းဟှာ ရရာတိုင်း ကြော့-က်လန့်နေဂေ့ဟှယ်။ တဗဲ့တော်လေဟှာ ယေရှုနားဟှို သွားဘီးန ကိုယ်တော့်ဟှို နှိုးဘီး "သခင်၊ သခင်! ကျွန်တော့်ဟှားလေ သေဟှို့ဖြစ်နေဂေ့ဘီ!" ဆိုဘီး လျှော့-က်ဂေ့လေဟှယ်။
ယေရှုဟှာ အိယာဟှ ထလာဘီးန လေနလှိုင်းဟှို မိန့်ပေးလိုက်ဟှူန လေနလှိုင်းလည်း လောက်ဝ ငြီသတ်ဟှားလေဟှယ်။ အယ်ဘီးမှ ကိုယ်တော်ဟှာ တဗဲ့တော်လေဟှို "နန်းနို့ရဲ့ ယောင်ကြည်ရှင်း ဖယ်မာနူး" ဆိုဘီး မိန့်တော်မူလေဟှယ်။
သူးနို့ဟှာ ကြော့-က်ရွံ့အံ့ဩဘီး "အယ်လူဟှ ဖယ်သူနူး။ သူဟှာ လေနလှိုင်းလေဟှို မိန့်ပေးလိုက်န သူးနို့လေဟှာ နားထောန်ဂေ့ဟှယ်!" ဆိုဘီး သူးနို့ရှင်းရှင်း ပြောနေဂေ့ဟှယ်။
လေမူဒိုင်းဟှို ငြီးစေဟှူကြောန်း
တနေ့မာ ယေရှုဟှာ တဗဲ့တော်လေနတူးဒူ လှေထဲဟှို ဝမ်ဟှားဘီးန သူးနို့ဟှို "အိုင်တဖတ်ဟှို ကူးဂေ့ဇို့" ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ကြောန့် သူးနို့ဟှာ စဘီးကူးဂေ့ဟှယ်။ သူးနို့ဟှာ ဝပ်လွှမ့်နေဟှူ ခီမာ ယေရှုဟှာ အိမွိနေတော်မူဟှယ်။ ရောက်တရစ် အိုင်ထဲမာ လေမူဒိုင်းက္လဘီး လှေဟှာ ရေနပ္လဲ့ခါနီးနီး ဖြစ်ဟှားဟှူကြောန့် သူးနို့လေ ဂူလောင်းဟှာ ရရာတိုင်း ကြော့-က်လန့်နေဂေ့ဟှယ်။ တဗဲ့တော်လေဟှာ ယေရှုနားဟှို သွားဘီးန ကိုယ်တော့်ဟှို နှိုးဘီး "သခင်၊ သခင်! ကျွန်တော့်ဟှားလေ သေဟှို့ဖြစ်နေဂေ့ဘီ!" ဆိုဘီး လျှော့-က်ဂေ့လေဟှယ်။
ယေရှုဟှာ အိယာဟှ ထလာဘီးန လေနလှိုင်းဟှို မိန့်ပေးလိုက်ဟှူန လေနလှိုင်းလည်း လောက်ဝ ငြီသတ်ဟှားလေဟှယ်။ အယ်ဘီးမှ ကိုယ်တော်ဟှာ တဗဲ့တော်လေဟှို "နန်းနို့ရဲ့ ယောင်ကြည်ရှင်း ဖယ်မာနူး" ဆိုဘီး မိန့်တော်မူလေဟှယ်။
သူးနို့ဟှာ ကြော့-က်ရွံ့အံ့ဩဘီး "အယ်လူဟှ ဖယ်သူနူး။ သူဟှာ လေနလှိုင်းလေဟှို မိန့်ပေးလိုက်န သူးနို့လေဟှာ နားထောန်ဂေ့ဟှယ်!" ဆိုဘီး သူးနို့ရှင်းရှင်း ပြောနေဂေ့ဟှယ်။
နတ်ဆိုးဟှို နှန်ထုဟှူကြောန်း
ယေရှုန တဗဲ့တော်လေဟှာ ဂါရစပြည်ဟှို ဝပ်လွှမ့်ဟှားဘီး ဂီရသဒေသဟှာ ဂါလိလဲပြည် အိုင်တဖတ်မာ ရှိဟှယ်။
ညဉ့်မိုက်ခါနီးခီမာ တဗဲ့တော် ဆယ့်နှေ့ပါးဟှာ ကိုယ်တော့်နားဟှို လာဘီးန "လူလေဟှို နီးနားမာရှိနေဟှူ ဝါလေဟှို သွားစေဘီး အိဟှို့နေရာလေန စားဇာလေရှာဟှို ရှာစေတော်မူပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်နေရာဟှာ လူသူမှေ့ဘဲဟှူ နေရာဖြစ်ဟှူကြောန့် ဖြစ်ဟှယ်" ဆိုဘီး လျှော့-က်ဂေ့ဟှယ်။
အယ်ဘေမဲ့ ကိုယ်တော်ဟှာ သူးနို့ဟှို "နန်းနို့ကိုယ်တိုင် သူးနို့စားဟှို့ စားဇာတခုခုပေးဂေ့" ဆိုဘီး မိန့်တော်မူလေဟှယ်။
သူးနို့ဟှ "ကျွန်တော့်ဟှားလေ ဂူလောင်းမာ မုငါးလောင်းန ငါးနှေ့ကောန်ဘဲ့ ရှိဟှယ်။ ကိုယ်တော်ဟှ အယ်လူအောက်ဂီးတွပ် စားဇာဝယ်ဟှို့ ကျွန်တော့်ဟှားလေဟှို သွားစေရှင်လော" ဆိုဘီး ပ္လန်လျှော့က်ဂေ့ဟှယ်။ (အယ်လူအောက်ဂီးထဲမာ ယော့-က်ကျား ��,������ လော့-က် ရှိဟှယ်။)
ယေရှုဟှာ တဗဲ့တော်လေဟှို "လူလေဟှို ငါးဆယ်စီစုဘီး ထိုင်ခိုင်းလိုက်" ဆိုဘီး မိန့်တော်မူလေဟှယ်။
တဗဲ့တော်လေဟှာ မိန့်တော်မူလိုက်ဟှူတိုင်း လောက်ဘီးန၊ ယေရှုဟှာ မုငါးလောင်းန ငါးနှေ့ကောန်ဟှို ယူလေဟှယ်။ အယ်ဘီးန ကောန်းဂန်ဟှို မော့ကေ့ဘီး၊ မုန ငါးတွပ် ဘုရားသခင်ဟှို ချီးမွမ်းဘီး၊ မုဟှို ဖဲ့ဘီးန လူလေဟှို ဝီပေးဟှို့ တဗဲ့တော်လေဟှို ပေးလေဟှယ်။ သူးနို့ ဂူလောင်းဟှာ ဗိုက်ပ္လဲ့အောန် စားဂေ့ဘီးန တဗဲ့တော်လေဟှာ ကြွင်းကျန်လေဟှို လိုက်ကော့-က်ဂေ့ဇာ ခြင်းဒေါန်းန ဆယ့်နှေ့တောန်းပ္လဲ့ ရဂေ့ဟှယ်။
ကာနဗြို့ဟှအီတတ်ဗွဲ
သောင်းရစ်မြော့-က်နေ့မာ ဂါလိလဲနယ် ကာနဗြို့မာ အီတတ်ဗွဲလောက်လေဟှယ်။ အယ်ပွဲမာ ယေရှုရဲ့ မိလည်း ရှိနေဟှယ်။ အယ်ဘီးဟှာ ယေရှုန တဗဲ့တော်လေဟှိုလည်း အီတတ်ဗွဲဟှို ဖိဟှားလေဟှယ်။ ဝိုင်ကူဟှားခီမာ ယေရှုရဲ့မိဟှ "သူးနို့မာ ဝိုင်ကူဟှားဘီ" ဆိုဘီး ကိုယ်တော့်ဟှို ပြောလေဟှယ်။
ယေရှုဟှ "ဝှေ့မီးမ၊ နို့ဟှို ဖြားလောက်ရမယ် ဆိုဘီး ပြောန။ နို့ခီဟှာ ခုထိ ရော့-က်သေးဟှ" ဆိုဘီး ပ္လန်ပြောဟှယ်။
အယ်ဘီးန ယေရှုရဲ့ မိဟှ "နန်းနို့ဟှို သူစေခိုင်းဟှူတိုင်း လောက်ဂေ့" ဆိုဘီး စေခံလေဟှို ပြောလိုက်ဟှယ်။
ယုဒလူလေမာ ဘာသာဓလေ့တိုင်း ဆေးကြောဇာနဆိုင်ဟှူ စည်းမျဉ်းလေရှိဟှယ်။ အယ်စည်းမျဉ်းလေကြောန့် အယ်နေရာမာ က္လော့-က်ရေအိုး ခြော့-က်လောင်းရှိဘီး ရေအိုးဂီးတလောင်းစီဟှာ ဂါလံနှေ့ဆယ်န သောင်းဆယ်ကြား ဝမ်ဆံ့ဟှယ်။ ယေရှုဟှ "အယ်ရေအိုးလေဟှို ရေဖ္လဲ့ဂေ့" ဆိုဘီး စေခံလေဟှို ပြောလိုက်ဟှယ်။ သူးနို့ဟှာ ပ္လဲ့အောန် ဖ္လဲ့ဂေ့ဟှယ်။ အယ်ဘီးန ကိုယ်တော်ဟှ "ခု အယ်အိုးထဲဟှရေဟှို ခပ်ဘီးဟှာ ပွဲအောက်နားဟှို ယူဟှားဂေ့" ဆိုဘီး သူးနို့ဟှို ပြောလိုက်ဟှယ်။ သူးနို့ဟှာ ရေဟှို ယူဟှားဟှယ်။ ခု အယ်ရေဟှာ ဝိုင်ဖြစ် ပ္လောန်းလဲဟှားဘီး ပွဲအောက်ဟှ ဗြည်းလေဟှယ်။ အယ်ဝိုင်ဟှာ ဖယ်နေရာဟှ ရလာဟှယ် ဆိုဇာဟှို သူသိဟှ။ အယ်ဘေမဲ့ ရေခပ်လာဟှူ စေခံလေဟှာ ကောန်းကောန်းဟှားသိနေဟှယ်။ အယ်ကြောန့် သူဟှာ ဒို့သားဟှို ခေါ်လိုက်ဘီး၊ "လူတိုင်းဟှာ ကောန်းဆောင်း ဝိုင်နဘဲ့ ဦးဆောင်းဧည့်ခံဟှယ်။ ဧည့်သည်လေ ဘောင်ဂီးသော့-က်ဘီးမှ ညံ့ဟှူဝိုင်န ဧည့်ခံဟှယ်။ အယ်ဘေမဲ့ နန်ဟှ ကောန်းဆောင်း ဝိုင်ဟှို ခုထိသီးဟှားလေဟှယ်!" ဆိုဘီး ပြောလေဟှယ်။
ယေရှုဟှာ ဦးဆောင်း နိမိတ်လတ်ခဏာဟှို ဂါလိလဲနယ် ကာနဗြို့မာ လောက်ဘီးဟှာ မိမိရဲ့ ဖောင်းသရေတော်ဟှို ဖွမ့်ပြလေဟှယ်။ အယ်ဘီးန တဗဲ့တော်လေဟှာ ကိုယ်တော့်ဟှို ယောင်ကြည်ဂေ့ဟှယ်။
ကိုယ်တော်ဟှာ ဖိလိပ္ပုဟှို စမ်းသပ်ဟှို့တွပ် မေးလိုက်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှ ဖြားဇာလောက်ရမယ် ဆိုဇာဟှို သိတော်မူဟှားပီးဘီ။
ဖိလိပ္ပုဟှ "သူးနို့ဟှာ စားဇာဒစ်သားစီ စားရဟှို့တွပ် ငွေဒန်းဂါးလေ ������ ထတ် ပိုမှဘဲ့ လော့-က်အောန်ဝယ်နိုင်မယ်" ဆိုဘီး ပ္လန်လျှော့-က်လေဟှယ်။
တဗဲ့တော်လေထဲဟှ တယော့-က်ဖြစ်ဟှူ ရှိမုန်ပေတရုရဲ့ညီ အန္ဒြေဟှ၊ "အယ်နေရာမာ မုယောမုငါးလောင်းန ငါးနှေ့ကောန်ရှိဟှူ ကောန်သားတယော့-က်ရှိဟှယ်။ အယ်ဘေမဲ့ အယ်မုန ငါးလေဟှာ အယ်လူလေဘောင်ဂီးတွပ် လောင်းဝလော့-က်ဟှို့ မှုဟှ" ဆိုဘီး လျှော့-က်လေဟှယ်။
ယေရှုဟှ "လူလေဟှို ထိုင်ခိုင်းလိုက်" ဆိုဘီး မိန့်တော်မူဟှယ်။ အယ်နေရာမာ ဗြစ်ပ္လန်လေ ရှိဟှယ်။ အယ်ကြောန့် ��,������ လော့-က်ရှိဟှူ ယော့-က်ကျားလေဟှာ ထိုင်ဂေ့ဟှယ်။ ယေရှုဟှာ မုဟှိုယူဘီးဟှာ ဘုရားသခင်ဟှို ကျေးဇူးတော် ချီးမွမ်းဘီးန ထိုင်နေဟှူ လူလေဟှို ဝီပေးလိုက်ဟှယ်။ အယ်မျိုးဘဲ့ ငါးဟှိုလည်း သူးနို့စားရှင်မျိုးစားဂေ့ဟှို့တွပ် ဝီပေးလေဟှယ်။ သူးနို့လေ ဂူလောင်းဟှာ ဗိုက်ဝဟှားဟှူ ခီမာ ကိုယ်တော်ဟှ တဗဲ့တော်လေဟှို "တခုလည်း ပစ်စလတ်ခတ် ဖြစ်ဘဲနေအောန် ကျန်နေဟှူ ပိုင်းစလေဟှို စုသီးဂေ့" ဆိုဘီး ပြောဟှယ်။ အယ်ကြောန့် တဗဲ့တော်လေဟှာ စုသီးလိုက်ဟှူ ခီမာ လူလေစားဟှားဟှူ မုယောမုငါးလောင်းန ငါးနှေ့ကောန်ဟှနေ ကျန်နေဟှူ ပိုင်းစလေဟှာ ဆယ့်နှေ့တောန်းပ္လဲ့ ရဂေ့ဟှယ်။
အယ်ဘီးန တဗဲ့တော်လေဟှာ သောင်းလေးမိုင်လော့-က် လှော်ခတ်ဘီးခီမာ ယေရှုဟှာ ရေထတ်မာ လမ်းရှော့-က်ဘီးဟှာ လှေနားဟှို လာနေဇာဟှို ဗြင်ဟှားဘီး ကြော့-က်လန့်ဟှားဂေ့ဟှယ်။ ယေရှုဟှ "ကြော့-က်ဂေ့န။ ငါဘဲ့ဖြစ်ဟှယ်" ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။ အယ်ဘီးန သူးနို့ဟှာ ဝန်းသာအားရန ကိုယ်တော့်ဟှို လှေထတ်ဟှို ဆွဲဒန်ဘီးန လှေဟှာ သူးနို့သွားမယ့် ကမ်းခြေဟှို ရှင်းရှင်းဘဲ့ ရော့-က်ဟှားဟှယ်။
ယေရှုဟှ တဗဲ့တော်ခွန်နှေ့ပါးဟှို ကိုယ်ထန်ရှားပြတော်မူကြောန်း
အယ်ဘီးန ယေရှုဟှာ တိဗေရိအိုင်နားမာ တဗဲ့တော်လေဟှို နော့-က်တခါ ကိုယ်ထန်ရှားပြတော်မူဟှယ်။ ကိုယ်ထန်ရှားပြဇာဟှ အယ်မျိုးဖြစ်ဟှယ်။ ရှိမုန်ပေတရု၊ မြွှာဘ္လူး ဆိုဘီး ခေါ်ဟှူ သောမ၊ ဂါလိလဲနယ်၊ ကာနဗြို့သား နာသနေလ၊ ဇေဗေဒဲရဲ့သားလေန တခြားတဗဲ့တော် နှေ့ယော့-က်ဟှာ တူးဒူရှိနေဂေ့ဟှယ်။ ရှိမုန်ပေတရုဟှာ "ငါ ငါးသွားဖမ်းမယ်" ဆိုဘီး တခြားလူလေဟှို ပြောလေဟှယ်။
သူးနို့ဟှ "နို့လေလည်းလိုက်မယ်" ဆိုဘီး ပ္လန်ပြောဂေ့ဟှယ်။ အယ်ကြောန့် သူးနို့ဟှာ လှေန ငါးဖမ်းထွပ်ဟှားဂေ့ဟှယ်။ အယ်ဘေမဲ့ အယ်ညဉ့်မာ တကောန်လည်း ဖမ်းမိဂေ့ဟှ။ မိုးလန်းဇာမာ ယေရှုဟှာ ကမ်းနားမာ ရပ်နေဘေမဲ့လည်း တဗဲ့တော်လေဟှာ ယေရှုဖြစ်ဟှယ် ဆိုဇာဟှို သိဂေ့ဟှ။ အယ်န ယေရှုဟှာ "မိဆွေလေ၊ ငါးကောန်လည်းဖမ်းမိဟှလော" ဆိုဘီး သူးနို့ဟှို မေးတော်မူလေဟှယ်။
သူးနို့ဟှာ "ကောန်လည်းမိဟှ" ဆိုဘီး ပ္လန်ဖြေလေဟှယ်။
ကိုယ်တော်ဟှာ "နန်းနို့လှေရဲ့ ညာဖတ်ဟှို ပိုက်ဟှို ပစ်ခ္လဂေ့။ အယ်ဆိုဟှာ နန်းနို့ဟှာ ငါးလေဟှို ဖမ်းမိလေ့မယ်" ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။ အယ်ကြောန့် သူးနို့ဟှာ ပိုက်ဟှို ပစ်ခ္လလိုက်ဇာ ငါးလေဘောင်ဂီးမိနေကြောန့် ပိုက်ဟှို ဆွဲဒန်ဟှို့ ခွန်အားမှေ့ဟှမ်း။
ယေရှုရှစ်တော်မူဟှူ တဗဲ့တော်ဟှာ "သခင်ဘုရားဘဲ့!" ဆိုဘီး ရှိမုန်ပေတရုဟှို ပြောလေဟှယ်။ သူဟှာ သခင်ဘုရားဖြစ်ဟှယ် ဆိုဇာဟှို ပေတရုကြားလိုက်ခီမာ ခလွတ်ဟှားဟှူ ပ္လန်အန်းဂီဟှို ခါးမာပတ်ဘီးဟှာ ရေထဲဟှို ခူခ္လဟှားလေဟှယ်။ တခြားတဗဲ့တော်လေဟှာ ငါးနပ္လဲ့နေဟှူပိုက်ဟှို ဆွဲဒန်ဘီးဟှာ လှေစီးဘီး ကမ်းနားဟှို လာဂေ့ဟှယ်။ သူးနို့ဟှာ ကမ်းဟှနေ ကိုက်တရာလော့-က်ဘဲ့ ဝီးဂေ့ဟှယ်။ သူးနို့ဟှာ ကမ်းထတ်ဟှို ရော့-က်ဟှူ ခီမာ မီးဘောင်ထတ်မာ ကန်ဟှားဟှူ ငါးန မုနဲနဲဟှားဟှို တွိဟှားဂေ့ဟှယ်။ ယေရှုဟှာ "နန်းနို့ ခုဖမ်းလာဟှူ ငါးနဲနဲဟှား ယူလာဂေ့" ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
ရှိမုန်ပေတရုဟှာ လှေထတ်ဟှို တတ်ဟှားဘီး ငါးဂီးလေနပ္လဲ့နေဟှူ ပိုက်ကွန်ဟှို ကမ်းထတ်ဟှို ဆွဲဒန်လိုက်ဟှူ ခီမာ အားလောင်းပေါန်း ������ ကောန် ရှိဟှယ်။ အယ်မျှလောက် ငါးလေဘောင်ဂီး ဖမ်းမိဘေမဲ့လည်း ပိုက်ဟှာ စုပ္လဲဟှ။
Libertações
Jesus expulsou demônios com autoridade. Os espíritos impuros não resistiam à sua palavra e saíam imediatamente.
တပ်မှူးရဲ့ ယောင်ကြည်ဇာကြောန်း
ယေရှုဟှာ ကပေရနောင်ဗြို့ဟှို ဝမ်လာဟှူ ခီမာ ရောမတပ်မှူးတယော့-က်ဟှ ကိုယ်တော်နားဟှို လာဘီး တောန်းဗန်ဇာဟှ "သခင်၊ ကျွန်တော်ရဲ့ စေခံတယော့-က်ဟှာ လတ်ခေသေဟှူရောဂါန ရရာတိုင်း နာကျင်ဘီးဟှာ အီမာ ထနိုင်ဘဲ ဖြစ်နေပါဟှယ်။ ကယ်မတော်မူပါ" ဆိုဘီး ဖြစ်ဟှယ်။
ယေရှုဟှ "ငါလာဘီးဟှာ ရောဂါဟှို ပျော့-က်ကင်းစေမယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
တပ်မှူးဟှ "သခင်၊ ကျွန်တော်ရဲ့ အီးခေါန်မိုးအော့-က်ဟှို ကိုယ်တော်ဝမ်ရှင်း ကျေးဇူးဟှို ကျွန်တော်ခံထိုက်ဟှ။ မိန့်ပေးလိုက်န ကျွန်တော်ရဲ့ စေခံဟှာ ကျန်းမာရပါလေ့မယ်။ ဥပမာ ကျွန်တော် ကိုယ်တိုင်လည်း အာဏာပိုင် လတ်အော့-က်မာ ရာရှိတယော့-က်ဖြစ်ဘီး ကျွန်တော်ရဲ့ လတ်အော့-က်မာရှိဟှူ စစ်သားလေဟှို အောက်ချောက်ရပါဟှယ်။ တယော့-က်ဟှို ‘သွား!’ ဆိုဟှာ သွားပါဟှယ်။ တယော့-က်ဟှို ‘လာ!’ ဆိုဟှာ လာပါဟှယ်။ အယ်ဘီးဟှာ ကျွန်တော်ဟှာ ကျွန်တော့်ရဲ့ ကျွန်ဟှို မိန့်ပေးလိုက်ဟှယ် ‘အယ်မူဇာဟှို လောက်လိုက်!’ ဆိုဟှာ လောက်လေဟှယ်" ဆိုဘီး လျှော့-က်လေဟှယ်။
အယ်စကားဟှို ယေရှုကြားဟှူ ခီမာ အံ့ဩဟှားဘီး "ငါ မှန်ပြောမယ်၊ အယ်မျှလော့-က်ကီးဟှူ ယောင်ကြည်ရှင်းမျိုး ဣသရေလ လူမျိုးထဲမှာဟှို ငါတွိဖူးဟှ။ ငါပြောမယ်။ လူလေဘောင်ဂီးဟှာ ရှေ့ရပ်၊ နော့-က်ရပ်ဟှလာဘီး ကောန်းဂန်နိုင်ငံတော်မာ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်လေနတူးဒူ စားသော့-က်ဗွဲမာ လာဘီးထိုင်လေ့မယ်။ အယ်ဘေမဲ့ နိုင်ငံတော်သားလေလည်း ငိုကြွေးဘီး အံသွားခဲက္လိဟှူ နေရာ ပ္လန်ရပ် မှောန်မိုက်ထဲမာ နေရလေ့မယ်" ဆိုဘီး တဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။ အယ်ဘီးမှ ယေရှုဟှ "နန်သွားဝေါ့။ နန်ယောင်ကြည်တိုင်း ဖြစ်လေ့မယ်" ဆိုဘီး ပြောလိုက်ခီမာဘဲ့ တပ်မှူးရဲ့စေခံလည်း ရောဂါပျော့-က်ဟှားလေဟှယ်။
လူနှေ့ယော့-က်ထဲဟှ နတ်ဆိုးလေဟှို နှန်ထုဟှူကြောန်း
အိုင်ဟှို့ဖတ်ကမ်း ဂါဒရပြည်ဟှို ရော့-က်ဟှူ ခီမာ နတ်ဆိုးဝမ်ပူးနေဟှူ လူနှေ့ယော့-က်ဟှာ သန်းခ္လိုင်းထဲဟှနေ ထွပ်လာဘီး ကိုယ်တော်န ဆောင်တွိလေဟှယ်။ အယ်သူလေဟှာ ရာရာတိုင်း ခွန်အားကီးဘီး ဆိုးသွန်းဂေ့ကြောန့် ဖယ်သူလေလည်း အယ်လမ်းဟှနေဘီး သွားဟှိရဲဂေ့ဟှ။ အယ်သူလေဟှလည်း "ဘုရားသခင်ရဲ့ သားတော်၊ ကျွန်တော်ဟှားလေဟှို ဖြားလောက်ရှင်ကြောန့်နူး။ ခီရော့-က်ခန်မာ ညှဉ်းဆဲဟှို့တွပ် ကြွလာဟှူဇာလော" ဆိုဘီးဟှာ သံက္လယ်ဂီးန လျှော့-က်ဂေ့လေဟှယ်။
အယ်သူလေရဲ့ လော့က်ဂီးဝီးဘဲဟှူ နေရာမာလည်း ဝပ်အောက်ဂီးဟှာ စာစားနေဂေ့ဟှယ်။ နတ်ဆိုးလေဟှလည်း "ကျွန်တော်ဟှားလေဟှို နှန်ထုမယ် ဆိုဟှာ အယ်ဝပ်လေထဲဟှို ဝမ်ခွမ့်ပေးတော်မူပါ" ဆိုဘီး ယေရှုဟှို တောန်းဗန်ဂေ့ဟှယ်။
ကိုယ်တော်ဟှလည်း "သွားဂေ့" ဆိုဘီး မိန့်တော်မူဟှယ်။ နတ်ဆိုးလေလည်း ထွပ်ဟှားဘီးဟှာ ဝပ်လေထဲဟှို ဝမ်ဟှားဟှယ်။ ဝပ်အောက်ဂီးဟှာ အိုင်ကမ်းနားဟှို ပ္လေးဆင်းဟှားဘီး ရေမ္လောက်သေဟှားလေဟှယ်။
ဝပ်ထီးမားလေလည်း ဗြို့ထဲဟှို ဝမ်ပ္လေးဘီးဟှာ နတ်ဆိုးဝမ်ပူးနေဟှူ လူနှေ့ယော့-က်ကြောန်းန သူးနို့လေဗြင်တွိရဟှူ ကြောန်းရာလေ ဂူလောင်းဟှို ပြောပြဂေ့လေဟှယ်။ အယ်ဘီးန တဗြို့လောင်းမာရှိဟှူ လူလေလည်း ယေရှုဟှို တွိရှင်ကြောန့် ဗြို့ပ္လန်ဟှို ထွပ်လာဂေ့ဟှယ်။ ကိုယ်တော့်ဟှို တွိဟှူ ခီမာ သူးနို့လေရဲ့ ဒေသဟှနေဘီး ထွပ်ဟှားဟှို့တွပ် တောန်းဗန်ဂေ့ဟှယ်။
စကားအနေဟှူသူဟှို ကုသပေးဟှူကြောန်း
အယ်သူလေထွပ်ဟှားဘီးန နတ်ဆိုးဝမ်ဘီး စကားအနေဟှူ လူတယော့-က်ဟှို ယေရှုနားဟှို ခေါ်လာဂေ့လေဟှယ်။ နတ်ဆိုးဟှို နှန်ထုလိုက်ဟှူ ခီမာ စကားအ,နေဟှူ သူဟှာ စကားပြောလေဟှယ်။ လူလေ ဂူလောင်းဟှာ အံ့ဩဟှားဂေ့ဟှယ်။ "အယ်မျိုးမှုရာလေဟှို ဣသရေလ လူမျိုးထဲမာ ခါလည်းဗြင်ဖူးဟှ!" ဆိုဘီး ပြောဆိုဂေ့လေဟှယ်။
ယေရှုန ဗေလဇေဗုလကြောန်း
အယ်ခီမာ နတ်ဆိုးဝမ်ပူးနေဟှူ မျစ်စိကန်းဘီး စကားအနေဟှူ လူတယော့-က်ဟှို ယေရှုနားဟှို ခေါ်ဆောန်လာဂေ့လေဟှယ်။ ယေရှုဟှာ နတ်ဆိုးဟှို နှန်ထုလိုက်ဟှူကြောန့် အယ်သူဟှာ မျစ်စိဗြင်လာဘီး စကားပြောလေဟှယ်။
မီးမတယော့-က်ရဲ့ ယောင်ကြည်ရှင်းကြောန်း
ယေရှုဟှာ အယ်မူရပ်ဟှနေ ထွပ်ခွာတော်မူဘီးဟှာ တုရုဗြို့န ဇိဒုန်ဗြို့ရဲ့ ကျေးဝါလေဟှို ကြွဟှားလေဟှယ်။ အယ်ဒေသမာနေဟှူ ခါနာန်လူမျိုးဖြစ်ဟှူ မီးမတယော့-က်ဟှာ ကိုယ်တော်နားဟှို လာဘီး "သခင်၊ ဒါဝိဒ်ရဲ့သားတော်! ကျွန်မဟှို သနားတော်မူပါ! ကျွန်မသမီးဟှာ နတ်ဆိုးဝမ်ဘီး ရရာတိုင်း နှိစစ်ခံနေရပါဟှယ်" ဆိုဘီး အော်ဟစ်လေဟှယ်။
အယ်ဘေမဲ့ ကိုယ်တော်ဟှာ စကားတခွန်းလည်း ပ္လန်ပြောဟှ။ တဗဲ့တော်လေဟှာ ကိုယ်တော်နားဟှို လာဘီးဟှာ "အယ်မီးမဟှို ဝီးဂီးဟှို သွားစေတော်မူပါ! သူဟှာ အော်ဟစ်ဆူညံဘီး နော့-က်ဟှနေ လိုက်နေပါဟှယ်!" ဆိုဘီး တောန်းလျှော့-က်ဂေ့လေဟှယ်။
ကိုယ်တော်ဟှ "ငါဟှာ ဣသရေလလူမျိုးလေရဲ့ ပျော့-က်နေဟှူ သိုးလေနားဟှိုဘဲ့ စေလွတ်ရှင်းခံရဟှယ်" ဆိုဘီး ပ္လန်ဖြေတော်မူလေဟှယ်။
အယ်မီးမဟှာ လာဘီး ကိုယ်တော်ရှေ့မာ ပျပ်ဝပ်ဘီး "သခင်၊ ကျွန်မဟှို ကယ်မတော်မူပါ!" ဆိုဘီး လျှော့-က်လေဟှယ်။
ယေရှုဟှ "သားမီးလေရဲ့ စားဇာဟှို ယူဘီးဟှာ ခွီးဟှို ကျွေးအပ်ဟှ" ဆိုဘီး မိန့်တော်မူလေဟှယ်။
အယ်မီးမဟှလည်း "မှန်ပါဟှယ်သခင်၊ ခွီးလေဟှာ သူးနို့သခင်ရဲ့ စားဗွဲဟှ က္လလာဟှူ စားကြွင်းစားကျန်လေဟှို စားရဂေ့ပါဟှယ်" ဆိုဘီး လျှော့-က်လေဟှယ်။
အယ်ကြောန့် ယေရှုဟှ "နန်ဟှာ ယောင်ကြည်မှုကီးမားဟှူ မီးမဖြစ်ဟှယ်! နန့်အလိုရှိဟှူတိုင်း နန့်မာဖြစ်စေ" ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။ အယ်ခီမာဘဲ့ အယ်မီးမရဲ့ သမီးဟှာ ကျန်းမာဟှားလေဟှယ်။
ကောန်သားထဲဟှ နတ်ဆိုးဟှို နှန်ထုဟှူကြောန်း
ကိုယ်တော်န တဗဲ့တော်လေဟှာ လူအောက်ဂီးနားဟှို ရော့-က်လာခီမာ လူတယော့-က်ဟှ ယေရှုရှေ့မာ ဒူးထော့-က်ဘီး "သခင်၊ ကျွန်တော်ရဲ့ သားဟှို သနားတော်မူပါ! သူဟှာ ဝပ်ရူးပ္လန်ရောဂါစွဲဘီး မီးထဲရေထဲဟှို ခါဘီးခါ လဲက္လတတ်ပါဟှယ်။ ကိုယ်တော်ရဲ့ တဗဲ့တော်လေနားဟှို ခေါ်လာဘေမဲ့ သူးနို့လေဟှာ သူဟှို ကျန်းမာပေးနိုင်ဂေ့ဟှ" ဆိုဘီး လျှော့-က်လေဟှယ်။
ယေရှုဟှ "ယောင်ကြည်ရှင်းမှေ့ဘဲန ဖော့-က်ပ္လန်တတ်ဟှူ လူလေ! ငါဟှာ နန်းနို့လေနတူးဒူ ဖယ်မျှကြာအောန် နေရဟှို့နူး၊ နန်းနို့လေဟှို ဖယ်မျှကြာအောန် သီးခံရအူးမယ်နူး၊ ကောန်သားဟှို ငါ့နားဟှိုခေါ်လာဂေ့!" ဆိုဘီး မိန့်တော်မူလေဟှယ်။ ယေရှုဟှ နတ်ဆိုးဟှို ထွပ်ဟှားဟှို့ မိန့်ပေးလိုက်ဟှူ ခီမာ နတ်ဆိုးဟှာ အယ်မူကောန်သားထဲဟှနေ ထွပ်ဟှားလေဟှယ်။ အယ်ခီမာဘဲ့ အယ်ကောန်သားလည်း ကျန်းမာဟှားလေဟှယ်။
အယ်ခီမာဘဲ့ ညစ်ညူးဟှူနတ် ဝမ်ပူးနေဟှူ လူတယော့-က်ဟှာ ဝါလယ်ဇရပ်ထဲဟှို ဝမ်လာဘီးဟှာ အော်နေဇာဟှ "နာဇရက်ဗြို့သား ယေရှု၊ ကိုယ်တော်ဟှ ကျွန်တော့်လေန ဖြားဆိုင်ဟှယ်နူး။ ကျွန်တော့်လေဟှို ဖျစ်ဆီးဟှို့တွပ် ရော့-က်လာဇာလော။ ကိုယ်တော်ဟှာ ဖယ်သူဖြစ်ဟှယ် ဆိုဇာ ကျွန်တော်သိဟှယ်။ ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သန့်ရှင်းဟှူသူ ဖြစ်ဟှယ်!"
ယေရှုဟှာ အယ်နတ်ဟှို "တိတိဟှားနေဘီး အယ်လူထဲဟှ ထွပ်ဟှားဂေ့!" ဆိုဘီး ဆောင်းမလေဟှယ်။
ညစ်ညူးဟှူနတ်ဟှ အယ်လူဟှို ရရာတိုင်း တတ်စေဘီး သံက္လယ်ဂီး အော်ဘီးဟှာ ထွပ်ဟှားလေဟှယ်။
ယေရှုဟှာ ညစ်ညူးဟှူနတ်လေဟှို နှန်ထုဟှူကြောန်း
ယေရှုန တဗဲ့တော်လေဟှာ ဂါလိလဲအိုင်ရဲ့ ဟှို့ဖတ်ကမ်းမာရှိဟှူ ဂါဒရဒေသဟှို ရော့-က်လာဂေ့ဟှယ်။ ယေရှုဟှ လှေထဲဟှ ထွပ်လာဟှူ ခီမာ လူတယော့-က်ဟှာ သန်းခ္လိုင်းထဲဟှနေ ထွပ်လာဘီး ကိုယ်တော့်ဟှို တွိဆောင်လေဟှယ်။ အယ်လူဟှာ ညစ်ညူးဟှူနတ် ဝမ်ပူးနေဘီး သန်းခ္လိုင်းဂူလေ ကြားမာနေဟှယ်။ ဖယ်သူလဲ သူ့ဟှို တောက်နိုင်ဂေ့ဟှ။ သံကြိုးနဟှိုမှ ခယ်ဟှားနိုင်ဂေ့ဟှ။ သူ့ရဲ့ ခေလေနလတ်လေဟှို ခါဘီးခါ ခယ်ဖူးဂေ့ဟှယ်။ အယ်ဘေမဲ့ သူဟှာ ခီတိုင်း သံကြိုးလေဟှို ဆွဲဖြတ်ဘီး ခေရှင်းလေဟှိုလည်း ဆွဲဖ္လဲလေဟှယ်။ သူဟှာ ရရာတိုင်း ခွန်အားကီးဟှူကြောန့် ဖယ်သူလည်း ထီးချောက်နိုင်ဂေ့ဟှ။ နေ့ရောညဉ့်ရော သူဟှာ သန်းခ္လိုင်းဂူကြားလေန တောန်ဂူးထပ်လေမာ ရှော့-က်သွားနေဘီး၊ အော်ဘီးဟှာ သူ့ကိုယ်သူ ထတ်ဟှူက္လော့-က်တောင်းလေန လှီးဖြတ်နေဟှယ်။
သူဟှာ ယေရှုဟှို ဝီးဟှနေ ဗြင်ဟှူ ခီမာ ပ္လေးလာဘီးဟှာ ကိုယ်တော်ရဲ့ ခေတော်ရင်းမာ ပ္လားပ္လားပျပ်ဝပ်ဘီး "ဗြစ်ဆောင်းဖြစ်ဟှူ ဘုရားသခင်ရဲ့ သားတော်ယေရှု! ကိုယ်တော်ဟှာ ကျွန်တော့်န ဖြားဆိုင်ကြောန့်နူး။ ကျွန်တော့်ဟှို ညှဉ်းဆဲပါန ဘုရားသခင်ဟှို အားကိုးဘီးဟှာ ကိုယ်တော့်ဟှို ကျွန်တော်တောန်းဗန်ဟှယ်!" ဆိုဘီး သံက္လယ်ဂီးန လျှော့-က်လေဟှယ်။ သူအယ်မျိုးပြောဇာဟှာ ယေရှုဟှ "ညစ်ညူးဟှူနတ်၊ အယ်လူထဲဟှနေ ထွပ်ဟှား!" ဆိုဘီး ပြောဟှားဟှူကြောန့် ဖြစ်ဟှယ်။
ယေရှုဟှ "နန်းနို့နာမယ် ဖြားမျိုးခေါ်နူး" ဆိုဘီး မေးလိုက်ဟှယ်။
အယ်လူဟှ "ကျွန်တော့်လေဟှ ဘောင်ဂီးဖြစ်ဟှူကြောန့် ‘လေဂေါင်၊’ ‘လူအောက်ဂီး’ ဆိုဘီး ခေါ်ဂေ့ဟှယ်!" ဆိုဘီး ယေရှုဟှို ပ္လန်ပြောလိုက်ဟှယ်။ ညစ်ညူးဟှူနတ် ပူးနေဟှူသူဟှာ နတ်ဆိုးလေဟှို အယ်နယ်ဟှနေဘီးဟှာ နှန်ထုဘဲနေဟှို့တွပ် ယေရှုဟှို တောန်းဗန်လေဟှယ်။
အယ်ခီမာ တောန်ဂူးထတ်မာ ဝပ်အောက်ဂီးဟှာ စာစားနေဂေ့ဟှယ်။ နတ်ဆိုးလေဟှလည်း "ကျွန်တော့်လေဟှို အယ်ဝပ်လေထဲဟှို စေလွှတ်ပေးပါ။ သူးနို့ထဲဟှို ဝမ်ခွမ့်ပေးပါ" ဆိုဘီး ယေရှုဟှို တောန်းဗန်ဂေ့ဟှယ်။ ယေရှုဟှ ခွမ့်ပေးလိုက်ဟှူကြောန့် ညစ်ညူးဟှူ နတ်လေဟှ ထွပ်ဟှားဘီး ဝပ်လေထဲဟှို ဝမ်ဂေ့လေဟှယ်။ ��,������ လော့-က်ရှိဟှူ ဝပ်အောက်ဂီးဟှာ အိုင်ကမ်းနားဟှို ပ္လေးဆင်းဟှားဘီး ရေမ္လောက်ဘီးဟှာ သေဟှားလေဟှယ်။
ဝပ်ထီးမားလေဟှ ထွပ်ပ္လေးဟှားဘီး ဗြို့န တောဝါလေနှံ့ အယ်ဒန်းဟှို လိုက်ပြောဂေ့ဟှယ်။ လူလေဟှာ ဖြားဇာလေ ဖြစ်ဟှားဟှယ် ဆိုဇာဟှို ကေ့ဟှို့ ထွပ်လာဂေ့ဟှယ်။
အယ်ဘေမဲ့ နန်းနို့ဟှ အယ်မျိုးသွန်သန်ဘီး လူလေမာ သူးနို့ရဲ့ မိဖဟှို ကူညီဟှို့ တခုခုရှိဟှယ် ဆိုဟှာ ‘အယ်ဇာဟှာ ကော်ဘန်ဖြစ်ဟှယ်’ ဆိုဘီး ပြောဟှယ် (အယ်ဓိပါယ်ဟှ ဘုရားသခင်ဟှို လှူဘီးဟှူ အောက်စာဖြစ်ဟှယ်)၊ အယ်မျိုးဆိုဟှာ နန်းနို့ဟှ အယ်အောက်စာလေဟှို သောင်းပြုဘီးဟှာ သူ့ရဲ့ မိဖဟှို ကူညီဟှို့တွပ် ခွမ့်ပေးဟှယ်။ အယ်မျိုးဘဲ့ နန်းနို့လေဟှ တခြားလူလေဟှို လတ်ဆစ်ကမ်းလိုက်ဟှူ သွန်သန်မှုဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှို ဖျစ်ပစ်ဂေ့ဟှယ်။ အယ်ဆိုဟှာ အယ်မျိုးဇာလေ ဘောင်ဂီးဟှို နန်းနို့လေ လောက်ဂေ့ဟှယ်။"
လူဟှို ညစ်ညူးစေဟှူ ဇာလေကြောန်း
အယ်ဘီးန ယေရှုဟှ လူအောက်ဂီးဟှို သူ့နားဟှို ပ္လန်ခေါ်ဘီးဟှာ "နန်းနို့အားလောင်း ငါ့စကားဟှို နားထောန်ဘီးဟှာ နားလည်ဂေ့။ ပ္လန်ဟှနေ လူထဲဟှိုဝမ်ဘီး လူဟှို ညစ်ညူးစေနိုင်ဟှူဇာ ခုလည်း မှေ့ဟှ။ လူထဲဟှနေ ထွပ်လာဟှူဇာလေဟှဘဲ့ လူဟှို ညစ်ညူးနိုင်ဟှယ်။ "
မီးမဂီးတယော့-က်ရဲ့ ယောင်ကြည်ရှင်းကြောန်း
အယ်ဘီးန ယေရှုဟှ အယ်နေရာဟှနေ ထွပ်ဟှားဘီးဟှာ တုရုဗြို့တော်န နီးဟှူ ဒေသဟှို သွားလိုက်ဟှယ်။ ကိုယ်တော်ဟှာ အီတအီထဲဟှို ဝမ်ဟှားဘီး အယ်နေရာမာ ကိုယ်တော် ရှိနေဟှယ် ဆိုဇာဟှို ဖယ်သူ့ဟှိုလဲ သိစေရှင်ဟှ။ အယ်ဘေမဲ့ ကိုယ်တော်ဟှာ ပူးဘီးနေနိုင်ဟှ။ ညစ်ညူးဟှူ နတ် ဝမ်ပူးနေဟှူ သမီးငယ်ရဲ့ မိဟှ ယေရှုကြောန်းဟှို ကြားဟှူ ခီမာ ကိုယ်တော်နားဟှို ရှစ်ရှင်း ရော့-က်လာဘီးဟှာ ခေရင်းမာ ဒူးထော့-က်လေဟှယ်။ အယ်မီးမဂီးဟှာ ရှုရိဖိနိတ်နယ်သူ လူမျိုးခြားဖြစ်ဟှယ်။ သူ့ရဲ့ သမီးထဲဟှ နတ်ဆိုးဟှို နှန်ထုဟှို့တွပ် ယေရှုဟှို တောန်းလျှော့-က်ဟှယ်။ အယ်ဘေမဲ့ ယေရှုဟှ "သားမီးလေဟှို ရင်ဦးဆောင်းကျွေးခွမ့်ပေးပါ။ သားမီးလေရဲ့ စားဇာဟှို ယူဘီးဟှာ ခွီးလေဟှို ပစ်ပေးဇာဟှာ မှန်ဟှ" ဆိုဘီး ပ္လန်ဖြေလေဟှယ်။
အယ်မီးမဂီးဟှ "သခင်၊ ဗွဲအော့-က်ဟှ ခွီးလေဟှိုမှ သားမီးလေရဲ့ စားကြွင်းစားကျန်လေဟှို စားရဂေ့ဟှယ်!" ဆိုဘီး ပ္လန်လျှော့-က်လေဟှယ်။
အယ်ကြောန့် ယေရှုဟှ "အယ်မျိုး ပ္လန်လျှော့-က်ဟှူကြောန့် အီဟှို ပ္လန်ဟှားလိုက်။ နတ်ဆိုးဟှာ နန့်သမီးထဲဟှနေ ထွပ်ဟှားဘီ ဆိုဇာဟှို နန်တွိရလေ့မယ်!" ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
အယ်မီးမဂီးဟှ အီဟှို ပ္လန်ရော့-က်ဟှားဟှူ ခီမာ သူ့ရဲ့ သမီးဟှာ အိယာထဲမာ လဲလျောင်းနေဇာဟှို တွိရဇာဟှ သူ့နားဟှ နတ်ဆိုး ထွပ်ဟှားပီးဘီ ဆိုဇာဟှို သိရလေဟှယ်။
လူအောက်ဂီးထဲဟှနေ တယော့-က်ဟှ "ဆရာ၊ ညစ်ညူးဟှူနတ် ဝမ်ပူးနေဟှူကြောန့် စကားပြောနိုင်ဘဲဟှူ ကျွန်တော့်သားဟှို ဆရာ့နားဟှို ခေါ်လာဟှယ်။ နတ်ဆိုးဟှာ သူ့ဟှို ဖမ်းစားဟှူခီတိုင်း သူ့ဟှို မ္လေဂီးမာ လဲခ္လတတ်ဘီး၊ ဇပ်ပေါ့-က်ဟှ ဖြုပ်ထွပ်ဘီး၊ အံသွားလေ က္လိတတ်ဟှယ်။ အယ်ဘီးန တော့-က်မာ လာဟှယ်။ ကျွန်တော်ဟှာ ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှို အယ်နတ်ဆိုးဟှို နှန်ထုဟှို့ ပြောဟှယ် အယ်ဘေမဲ့ သူးနို့လေဟှ တတ်နိုင်ဂေ့ဟှ" ဆိုဘီး ပ္လန်ဖြေလေဟှယ်။
ယေရှုဟှ "နန်းနို့ဟှာ လောင်းဝ ယောင်ကြည်ဘဲဟှူ လူလေ ဖြစ်ဟှယ်! ငါဟှာ ဖယ်လော့-က်ကြာအောန် နန်းနို့နတူးဒူ နေရဟှို့နူး။ ဖယ်မျှလော့-က်ကြာအောန် နန်းနို့ဟှို သီးခံရဟှို့နူး။ ကောန်းသားဟှားဟှို ငါ့နားဟှို ခေါ်လာဂေ့!" ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။ အယ်ကြောန့် သူးနို့လေဟှ သူ့ဟှို ယေရှုနားဟှို ခေါ်ဟှားဂေ့ဟှယ်။
နတ်ဆိုးဟှာ ယေရှုဟှို ဗြင်ဟှူ ခီမာ ရှစ်ရှင်းဘဲ့ ကောန်းသားဟှားဟှို လဲခ္လဘီး တူတတ်စေဟှယ်။ အယ်ကြောန့် သူဟှာ မ္လေမာ လဲခ္လဘီး လူးလိနေဘီးဟှာ ဇပ်ပေါ့-က်ဟှ ဖြုပ်လေ ထွပ်နေလေဟှယ်။ ယေရှုဟှ "အယ်မျိုးဖြစ်နေဇာ ကြာဘီလော" ဆိုဘီး ကောန်သားရဲ့ ဖဟှို မေးလေဟှယ်။
သူဟှ "သားဂန်းဟှား ဂဒဲဟှ ဖြစ်နေဟှယ်။" "သူ့ဟှို မီးထဲမာရော၊ ရေထဲမာရော လဲက္လစေဘီးဟှာ သတ်ဟှို့ ခါဘီးခါ ကြိုးစားဟှယ်။ အယ်ဘေမဲ့ ကိုယ်တော်ဟှာ တခုခု တတ်နိုင်မယ် ဆိုဟှာ ကျွန်တော့်ဟှို သနားဘီးဟှာ ကူညီပေးပါ!" ဆိုဘီး ပ္လန်ဖြေလေဟှယ်။
ယေရှုဟှ "နန်ကိုယ်တိုင်လည်း တတ်နိုင်ဟှယ် မှုဟှလော။ ယောင်ကြည်ရှင်းရှိဟှူ လူတယော့-က်တွပ် ဂူလောင်း ဖြစ်နိုင်ဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
ရှစ်ရှင်းဘဲ့ ကောန်သားဟှားရဲ့ ဖဟှ "ကျွန်တော် တကယ် ယောင်ကြည်ပါဟှယ်။ ကျွန်တော်ဟှာ ယောင်ကြည်ဘဲကြောန့် ကျွန်တော့်ဟှို မစပေးပါ!" ဆိုဘီး အော်ဘီးပြောလေဟှယ်။
လူအောက်ဂီးဟှာ သူးနို့ရှိဟှူ နေရာဟှို ပ္လေးလာဂေ့ဇာဟှို ယေရှု ဗြင်ဟှားဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှ ညစ်ညူးဟှူ နတ်ဟှို မိန့်ပေးလိုက်ဟှယ်။ "ဆွံ့အဘီး နားပန်းဟှူ နတ် ကောန်သားထဲဟှနေ ထွပ်ဟှားဘီး နော့-က်ထပ် သူ့ထဲဟှို လောင်းဝ ဝမ်န ငါမိန့်ပေးဟှယ်!" ဆိုဘီး ပြောလေဟှယ်။
နတ်ဆိုးဟှ အော်ဘီးဟှာ ကောန်သားဟှို ရရာတိုင်း တူတတ်ခိုင်းဘီးန ထွပ်ဟှားလေဟှယ်။ ကောန်သားဟှ သေကောန်မျိုး ဖြစ်ဟှားကြောန့် "သူသေဟှားဘီ!" ဆိုဘီး လူတိုင်းပြောဂေ့ဟှယ်။ အယ်ဘေမဲ့ ယေရှုဟှ ကောန်သားရဲ့ လတ်ဟှို ကိုင်ဘီး ထဒန်ဟှို့ ဆွဲဒန်လိုက်ဟှူ ခီမာ သူဟှာ ထလာဟှယ်။
လူလေဘောင်ဂီးဟှို နာပျော့-က်စေဟှူကြောန်း
ယေရှုဟှာ ဝါလယ်ဇရပ်ဟှနေ ထွပ်ဟှားဘီးန ရှိမုန်ရဲ့ အီဟှို ကြွဟှားလိုက်ဟှယ်။ ရှိမုန်ရဲ့ ယောက္ခမဟှာ ဖျားနာဘီး ရရာတိုင်း နေကောန်းဘဲ ဖြစ်နေကြောန်း သူးနို့ဟှာ ယေရှုဟှို တောန်းလျှော့-က်လေဟှယ်။ ကိုယ်တော်ဟှာ အယ်မီးမရဲ့ ဘေးနားမာ သွားရပ်ဘီး ဖျားပျော့-က်စေ ဆိုဘီး မိန့်ပေးလိုက်ဟှယ်။ အယ်မီးမဟှာ ဖျားနာပျော့-က်ဟှားကြောန့် ရှစ်ရှင်းထဘီး ကိုယ်တော်န တဗဲ့တော်လေဟှို ဧည့်ဝတ်ပြုလေဟှယ်။
ယေရှုဟှာ ကမ်းထတ်ဟှို ခေခ္လလိုက်ဟှူန နတ်ဆိုးလေပူးနေဟှူ ဂါရစဗြို့သား တယော့-က်ဟှာ ကိုယ်တော့်ဟှို လာတွိလေဟှယ်။ အယ်လူဟှာ ခီကြာဂီး ဝတ်လည်းဝတ်ဘဲန၊ အီမာလည်းနေဘဲန သန်းခ္လိုင်းထဲမာဘဲ့ နေလေဟှယ်။ သူဟှာ ယေရှုဟှို ဗြင်ခီမာ ကိုယ်တော်ရဲ့ ခေတော်ရင်းမာ ပ္လားပ္လားဝပ်ဘီး "ဗြင့်ဆောင်းဟှူ ဘုရားသခင်ရဲ့ သားတော် ယေရှု! ကိုယ်တော်ဟှာ ကျွန်တော်န ဖြားဆိုင်ဟှယ်နူး။ ကျွန်တော် တောန်းဗန်ပါဟှယ်။ ကျွန်တော့်ဟှို နှိစစ်ပါန!" ဆိုဘီး သံက္လယ်ဂီးန လျှော့-က်လေဟှယ်။ အယ်မျိုး တောန်းဗန်နေဇာဟှ ယေရှုဟှာ ညစ်ညူးဟှူ နတ်လေဟှို အယ်လူထဲဟှ ထွပ်ဟှားဟှို့ မိန့်ပေးတော်မူလိုက်ကြောန့် ဖြစ်ဟှယ်။ အယ်လူဟှာ နတ်ဆိုးရဲ့ ခါဘီးခါ နှိစစ်ဇာဟှို ခံရဘီး သူ့ရဲ့ ခေလတ်လေဟှို သံကြိုးလေန ခယ်ဟှားဘီး လှောန်ဟှားဘေမဲ့လည်း သူဟှာ သံကြိုးလေဟှို ဆွဲဖြတ်ဘီးဟှာ တောကန္တာရထဲဟှို ထွပ်ပ္လေးဟှယ်။
ယေရှုဟှာ "နန့်နာမယ် ဖြားမျိုးခေါ်နူး" ဆိုဘီး သူဟှို မေးတော်မူဟှယ်။
သူ့ထဲမာ နတ်ဆိုးလေ ဘောင်ဂီးရှိနေဟှူကြောန့် သူဟှ "ကျွန်တော့်နာမယ်ဟှာ ‘လေဂေါင် ဖြစ်ဟှယ်’ " ဆိုဘီး ပ္လန်လျှော့-က်လေဟှယ်။ နတ်ဆိုးလေဟှာ သူးနို့ဟှို နတ်ဆောင်းတွမ်းထဲဟှို နှန်ခ္လဘဲဟှို့တွပ် ယေရှုဟှို တောန်းဗန်ဂေ့ဟှယ်။
နီးနားဟှ တောန်ဂူးထတ်မာ ဝပ်အောက်ဂီးဟှာ စာစားနေဂေ့ဟှယ်။ နတ်ဆိုးလေဟှာ သူးနို့ဟှို အယ်ဝပ်လေထဲဟှို ဝမ်ခွမ့်ပေးတော်မူဟှို့ တောန်းဗန်ဂေ့ဟှူကြောန့် ယေရှုဟှာ ခွမ့်ပေးလေဟှယ်။ နတ်ဆိုးလေဟှာ အယ်လူထဲဟှ ထွပ်ဟှားဘီးန ဝပ်လေထဲဟှို ဝမ်ဟှားဟှယ်။ ဝပ်အောက်ဂီးဟှာ အိုင်ကမ်းနားဟှို ပ္လေးဆင်းဟှားဘီး ရေမ္လောက်သေဟှားလေဟှယ်။
ဝပ်ထီးမားလေဟှာ အယ်မျိုး ဖြစ်ဟှားဇာလေဟှို ဗြင်ဟှားကြောန့် သူးနို့ဟှာ ထွပ်ပ္လေးဂေ့ဘီးန ဗြို့န တောဝါလေမာ အယ်ဒန်းဟှို လိုက်ပြောဂေ့ဟှယ်။ လူလေဟှာ အယ်မျိုးဖြစ်ဟှားဇာလေဟှို ကေ့စားဟှို့ ထွပ်လာဂေ့ဟှူ ခီမာ နတ်ဆိုးလေ ထွပ်ဟှားဘီးဟှူ လူဟှာ ဝတ်ဟှို ဝတ်ဟှားဘီး ပေါင်မှန်စိန ယေရှုရဲ့ ခေတော်ရင်းမာ ထိုင်နေဇာဟှို တွိလိုက်ကြောန့် သူးနို့လေ ဂူလောင်းဟှာ ကြော့-က်လန့်ဟှားဂေ့ဟှယ်။
နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ အယ်နေရာမာ ရှိနေဟှူ လူတချို့ဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဗြင်ရဘဲ့န သေရလေ့ဟှို့ မှုဟှ" ဆိုဘီး မိန့်တော်မူလေဟှယ်။
ဆင်းသဏ္ဌာန် ပ္လောန်းလဲဟှူကြောန်း
ယေရှုဟှာ အယ်မျိုးမိန့်တော်မူဘီး တဘတ်လော့-က် ကြာဟှူ ခီမာ ပေတရု၊ ယာကုပ်န ယောဟန်လေဟှို ခေါ်ဘီးန ဆုတောန်းဟှို့ တောန်ထတ်ဟှို တတ်ဟှားဂေ့ဟှယ်။ ကိုယ်တော်ဟှာ ဆုတောန်းနေဟှူ ခီမာ ကိုယ်တော်ရဲ့ မျစ်နှာဟှာ ဆင်းသဏ္ဌာန် ပ္လောန်းလဲဟှားဘီး ဝတ်တော်ဟှာလည်း ဖ္လူဆွတ်ဆွတ် ဖြစ်လာဟှယ်။ လူနှေ့ယော့-က်ဟှာ ရောက်တရစ် ပေါ်လာဘီး ကိုယ်တော်န စကားပြောနေဂေ့ဟှယ်။ သူးနို့ဟှာ မောရှေန ဧလိယဖြစ်ဘီး သူးနို့ဟှာ ကောန်းဂန်ဖောင်းသရေတော်န ပေါ်လာဘီး ဘုရားသခင်ရဲ့ ရည်ရွယ်ချစ် ပ္လဲ့ဇောင်ဟှို့တွပ် ကြာခန်မာ ယေရုရှလင်ဗြို့မာ ကိုယ်တော် သေခံရဟှို့ကြောန်းဟှို ယေရှုန ပြောနေဂေ့ဟှယ်။
ပေတရုန သူ့ရဲ့ လောက်ဖော်ဆောန်ဖတ်လေဟှာ အိမွိနေဂေ့ဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှာ နိုးလာဘီးဟှာ ယေရှုရဲ့ ဖောင်းသရေတော်န ကိုယ်တော်နတူးဒူ ရပ်နေဟှူ လူနှေ့ယော့-က်ဟှို ဗြင်ရဟှယ်။ အယ်လူနှေ့ယော့-က်ဟှာ ယေရှုနားဟှ ထွပ်ဟှားဟှူ ခီမာ ပေတရုဟှာ ကိုယ်တော့်ဟှို "သခင်၊ အယ်နေရာဟှာ နေရှင်ဘွယ်ကောန်းဟှယ်! ကျွန်တော့်ဟှားလေဟှာ ကိုယ်တော်တွပ် တဲတဆောန်၊ မောရှေတွပ် တဲတဆောန်န ဧလိယတွပ် တဲတဆောန်၊ တဲသောင်းဆောန်ဟှို ကျွန်တော်ဟှားလေ ဆော့-က်ပေးမယ်" ဆိုဘီး လျှော့-က်လေဟှယ်။ (သူပြောနေဇာဟှို သူတကယ် သိဂေ့ဟှ။)
လူအောက်ဂီးထဲဟှနေ လူတယော့-က်ဟှ "ဆရာ! ကျွန်တော့်ရဲ့ သားဟှို ကေ့ရှုပေးဟှို့ ကျွန်တော်တောန်းဗန်ပါဟှယ်။ သူဟှာ ကျွန်တော့်ရဲ့ တယော့-က်ဒဲဟှူ သားဖြစ်ဟှယ်! နတ်ဖမ်စားဟှားဟှူကြောန့် သူဟှာ ရောက်တရစ် ထအော်ဘီးဟှာ ဇတ်ပေါ့-က်ဟှ ဖြုတ်လေထွပ်ဘီး တော့-က်မာလာလေဟှယ်။ နတ်ဟှာ သူ့ဟှို နာကျင်အောန်လောက်ဘီးမှ ခတ်ခတ်ခဲခဲ ထွပ်ဟှားဟှယ်! ကျွန်တော်ဟှာ ဆရာရဲ့ တဗဲ့လေဟှို အယ်နတ်ဟှို နှန်ထုခိုင်းဘေမဲ့ သူးနို့ဟှာ တတ်နိုင်ဂေ့ဟှ" ဆိုဘီး အော်ဟစ်ဘီး လျှော့-က်လေဟှယ်။
ယေရှုဟှ "ယောင်ကြည်ရှင်းလည်းမှေ့။ ဖော့-က်ပ္လန်ဟှူ လူလေ! ငါဟှာ နန်းနို့နတူးဒူ ဖယ်လော့-က်ကြာအောန် နေနေရနူး။ ငါဟှာ နန်းနို့ဟှို ဖယ်လော့-က်ကြာကြာ သီးခံရဟှို့နူး။" ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ဘီးန ကိုယ်တော်ဟှာ အယ်လူဟှို "နန့်ရဲ့ သားဟှို ခေါ်လာပါ" ဆိုဘီး မိန့်တော်မူလေဟှယ်။
ကောန်သားဟှားဟှာ လာနေဒူးမာဘဲ့ နတ်ဆိုးဟှာ သူ့ဟှို မ္လေထတ်မာလှဲခ္လဘီး တော့-က်မာအောန် လောက်ဟှယ်။ ယေရှုဟှာ ညစ်ညူးဟှူနတ်ဟှို မိန့်ပေးလိုက်ဘီး ကောန်းသားဟှားဟှို ကျန်းမာစေဘီးန သူ့ရဲ့ဖဟှို ပ္လန်ပေးလေဟှယ်။ လူလေ ဂူလောင်းဟှာ ဘုရားသခင်ရဲ့ မဟာတဂိုးတော်ဟှို အံ့ဩဟှားဂေ့ဟှယ်။
သေခံရဟှို့တွပ် ထပ်ဘီး မိန့်တော်မူဟှူကြောန်း
လူလေဟှာ ယေရှု ပြုလောက်ဇာလေ ဂူလောင်းဟှို အံ့ဩနေခီမာဘဲ့ ကိုယ်တော်ဟှာ တဗဲ့တော်လေဟှို
ယေရှုန ဗေလဇေဗုလကြောန်း
ယေရှုဟှာ အ,နေဟှူ နတ်ဆိုးဟှို နှန်ထုလေဟှယ်။ နတ်ဆိုးထွပ်ဟှားဘီးန အ,နေဟှူသူဟှာ စကားပြောလာဟှူကြောန့် လူအောက်ဂီးဟှာ ရရာတိုင်း အံ့သြဟှားဟှယ်။
သူးနို့ထဲဟှ တယော့-က်ဟှာ ယဇ်ပုရောဟိတ်မန်းရဲ့ ကျွန်တယော့-က်ဟှို ခွတ်လိုက်ဇာ အယ်လူရဲ့ ညာဖတ်နားဝှပ်ဟှာ ပြတ်ဟှားလေဟှယ်။
အယ်ဘေမဲ့ ယေရှုဟှာ "တော်ဘီ!" ဆိုဘီး မိန့်တော်မူလေဟှယ်။ ကိုယ်တော်ဟှာ အယ်လူရဲ့ နားဝှပ်ဟှို လတ်တော်န ထိလိုက်ဘီး ပ္လန်ကောန်းစေလေဟှယ်။
ယောဟန် စေလွှတ်လိုက်ဟှူ လူလေ ပ္လန်ဟှားဘီးန ယေရှုဟှာ ယောဟန်ကြောန်းဟှို "ယောဟန်ဟှို တွိဟှို့ ဆိုဘီး တောကန္တာရထဲဟှို သွားဟှူ ခီမာ ဖြားဇာလေ တွိမယ် ဆိုဘီး မျှော်လင့်နူး။ လေတိုက်ဟှိ လှောက်နေဟှူ ကျူဗန်လေဟှို ကေ့ဟှို့ သွားဟှူဇာလော။ ဖြားဇာလေဟှို တွိရှင်ကြောန့် သွားနူး။ ဝတ်ကောန်းကောန်းဝတ်ဟှူ လူဟှို ကေ့ဟှို့ သွားဟှူဇာလော။ အယ်မျိုး အံ့ဩဘွယ်ဝတ်ဟှားဘီး စည်းဇိမ်ခံနေဟှူ လူလေဟှာ နန်းတော်မာဘဲ့ ရှိဟှယ်! ဖြားဇာလေ ကေ့ရှင်ကြောန့် သွားနူး။ ငါဟှို ပြောကေ့။ ပရောဖက်ဟှို ကေ့ရှင်ကြောန့် သွားဇာလော။ မှန်ပါဟှယ်။ အယ်ဘေမဲ့ နန်းနို့ဟှာ ပရောဖက်ထတ် ရရာတိုင်း ကီးဟှူလူဟှို ဗြင်ဟှားဟှယ်။ ယောဟန်ဟှို ကျမ်းစာမာ ‘ဘုရားသခင်ဟှ ပြောဟှယ်။ ငါဟှာ သင်သွားမယ့်လမ်းဟှို ဆင်သင့်ဖြစ်စေဟှို့ ငါ့ရဲ့ တမန်ဟှို နန့်ရှေ့မာ စေလွှတ်မယ်’ ဆိုဘီး ပြောဟှားဟှယ်။ နန်းနို့ဟှို ငါပြောမယ်။ လောကမာ သတ်ရှင်ဟှားဟှူ လူလေထဲမာ ယောဟန်ထတ် ကီးမြတ်ဟှူ လူမှေ့ဟှ။ အယ်ဘေမဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်မာ ငယ်ဆောင်းဟှူလူဟှာ ယောဟန်ထတ် ပိုဘီး ကီးမြတ်ဟှယ်" ဆိုဘီး ယေရှုဟှ ထပ်ဘီး မိန့်တော်မူလေဟှယ်။
လူလေ ဂူလောင်းဟှာ ကိုယ်တော်ရဲ့စကားဟှို ကြားဟှူ ခီမာ သူးနို့န ထူးသဖြင့် ခွန်ကော့-က်မားလေဟှာ ဘုရားသခင်ရဲ့ ဖြောန့်မတ်ရှင်းဟှို ဝန်ခံဂေ့ဘီး ယောဟန်ပေးဟှူ ဗတ္တိဇံခံဂေ့ဟှယ်။ အယ်ဘေမဲ့ ဖာရိရှဲလေန ကျမ်းတတ်ဆရာလေဟှာ သူးနို့ကိုယ်တိုင်တွပ် ဘုရားသခင်ရဲ့ ကြံစည်တော်ဟှို ငြင်းပယ်ဂေ့ဘီး ယောဟန်ရဲ့ ဗတ္တိဇံဟှို ခံဂေ့ဟှ။