Milagres
Os milagres manifestam o poder soberano de Deus. Desde a criação até os sinais de Jesus e dos apóstolos, Deus intervém sobrenaturalmente na história para revelar sua glória e amor.
O Deus dos milagres
Para Deus nada é impossível. Ele abriu o mar, fez cair fogo do céu e ressuscitou mortos. Seu poder não tem limites.
ယေသျှုက သူရို့ကို စိုက်ကြည့်ပြီးလျှင် "ကယ်တင်ခြင်းရရန် လူ့အနေဖြင့် မတတ်နိုင်သော်လည်း ဘုရားသခင်သည် အရာအားလုံးကို တတ်နိုင်တော်မူ၏" ဟု မိန့်တော်မူ၏။
ယေသျှုက သူရို့ကို စိုက်ကြည့်ပြီးလျှင် "ကယ်တင်ခြင်းရရန် လူ့အနေဖြင့် မတတ်နိုင်သော်လည်း ဘုရားသခင်သည် အရာအားလုံးကို တတ်နိုင်တော်မူ၏" ဟု မိန့်တော်မူ၏။
ဘုရားသခင် မတတ်နိုင်သောအရာ တခုလည်းမဟိ" ဟု ဆို၏။
Milagres pela fé
Se tiverdes fé como um grão de mostarda, movereis montanhas. A fé é a chave que acessa o poder miraculoso de Deus.
ကိုယ်တော်က "သင်ရို့၌ ယုံကြည်ခြင်း အလွန် အားနည်းသောကြောင့်ဖြစ်၏။ ငါ အမှန်ဆိုသည်ကား သင်ရို့သည် မုန်ညှင်းစိလောက်မျှ ယုံကြည်ခြင်းဟိမည်ဆိုလျှင် ဤတောင်ကို ‘ဤနီရာက ထိုနီရာသို့ ရွှိ့လော့’ ဟု ဆိုလျှင် တောင်သည် ရွှိ့လားမည်ဖြစ်၏။ သင်ရို့မလုပ်နိုင်သောအရာသည်မဟိ" ဟု မိန့်တော်မူ၏။
ယေသျှုက "သင်ရို့ကို ငါ အမှန်ဆိုသည်ကား သင်ရို့မှာ သံသယကင်းသည့်ယုံကြည်ခြင်းသာ ဟိမည်ဆိုလျှင် ဤသဖန်းပင်ကို ငါ လုပ်ရေပိုင် လုပ်နိုင်သည်သာမက ဤတောင်ကုန်းကို ‘ပင်လယ်ထဲသို့ ကျလီ’ ဟု ဆိုလျှင် သင်ရို့ဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။
ယေသျှုက "ဇာကြောင့် ‘တတ်နိုင်တော်မူလျှင်’ ဟူ၍ ပြောသနည်း။ ယုံကြည်ခြင်းဟိသောသူအဖို့ ခပ်သိမ်းသော အမှုအရာကို တတ်စွမ်းနိုင်သည်" ဟု ထိုသူအား မိန့်တော်မူ၏။
ယေသျှုသည် ထိုသူရို့ကို စိစိကြည့်ပြီးလျှင် "ဤအမှုကို လူတိ မတတ်နိုင်သော်လည်း ဘုရားသခင် တတ်နိုင်တော်မူ၏။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတိကို တတ်နိုင်တော်မူ၏" ဟု မိန့်တော်မူ၏။
ယေသျှုက "လူမတတ်နိုင်သော အရာကို ဘုရားသခင် တတ်နိုင်တော်မူ၏" ဟု မိန့်တော်မူ၏။
သူရို့သည် မယုံကြည်ကြသောကြောင့် ကိုယ်တော်သည်လည်း ထိုအရပ်၌ နိမိတ်လက္ခဏာများစွာကို ပြတော်မမူခပေ။
Sinais e prodígios
Os apóstolos realizaram sinais e maravilhas em nome de Jesus. Os dons do Espírito incluem a operação de milagres e a fé sobrenatural.
"အို၊ ဣသရေလအမျိုးသားရို့၊ ငါ့စကားကို နားထောင်ကြလော့။ နာဇရက်မြို့သား ယေသျှုသည် ဘုရားသခင်၏ အံ့ဖွယ်ရာများနှင့် နိမိတ်လက္ခဏာများကို ပြသခသော ဘုရားသခင်၏ အခွင့်အာဏာရသည့် လူသားတစ်ယောက်ဖြစ်ကြောင်းကို သင်ရို့အား ထင်ရှားစွာ သက်သီပြတော်မူခယာ။ ထိုအရာများသည် သင်ရို့ကြားမှာ ဖြစ်ပျက်ခသည်ကို သင်ရို့ကိုယ်တိုင် သိခကြ၏။
ထိုသို့ ဆုတောင်းပြီးသောအခါ၌ သူရို့စုဝေးနိန်သောအရပ်သည် တုန်လှုပ်လေ၏။ သူရို့သည်လည်း သန့်ယှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလျက် ဘုရားသခင်၏ တရားတော်ကို ရဲရင့်စွာ စတင်၍ ဟောပြောကြလေ၏။
သကေဝ၏သားများ
ဘုရားသခင်သည် ပေါလုအားဖြင့် ထူးဆန်းသော နိမိတ်လက္ခဏာများကို ပြုတော်မူလျက်ဟိ၏။ ပေါလု အသုံးပြုသည့် လက်ကိုင်ပဝါ၊ ခါးပန်း စသည်များကိုပင် မကျန်းမာသောသူရို့ ပါးသို့ ယူဆောင်လားခြင်းဖြင့် မကျန်းမာသော သူရို့သည် ရောဂါပျောက်ကင်း၍ ဝိညာဉ်ဆိုး ဝင်ပူးခံရသော သူရို့၌လည်း လွတ်မြောက်ခြင်းကို ရဟိလေ၏။
ငါသည် တမန်တော်တစ်ပါးဖြစ်ကြောင်းကို သင်ရို့ပါးတွင် များစွာသော သည်းခံခြင်းဖြင့် ပြုခသော သက်သီသည်ကား နိမိတ်လက္ခဏာများ၊ အံ့ဩဖွယ်ရာများ ဖြစ်၏။
ဘုရားသခင်သည် တမန်တော်တိကို ပထမအရာ၌ လည်းကောင်း၊ ပရောဖက်တိကို ဒုတိယအရာ၌ လည်းကောင်း၊ သွန်သင်ပီးသော ဆရာတိကို တတိယအရာ၌ လည်းကောင်း၊ ထို့နောက် နိမိတ်လက္ခဏာပြသော သူတိကိုလည်းကောင်း၊ အနာရောဂါများကို ပျောက်ကင်းစီနိုင်သော တန်ခိုးကို ရဟိသောသူတိကိုလည်းကောင်း၊ သူတစ်ပါးအား ကူညီသောသူတိကိုလည်းကောင်း၊ စီစဉ်ညွှန်ကြားနိုင်စွမ်းဟိသောသူတိကိုလည်းကောင်း၊ အမျိုးမျိုးသော ဘာသာ စကားများကို ပြောနိုင်သောသူတိကိုလည်းကောင်း အသင်းတော်တွင် ခန့်ထားတော်မူ၏။
ဝိညာဉ်တော်သည် လူတစ်ယောက်အား ဉာဏ်ပညာစကားကိုလည်းကောင်း၊ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ယောက်အား အသိပညာစကား ကိုလည်းကောင်း ပီးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ယုံကြည်ခြင်းပါရမီကိုလည်းကောင်း၊ တစ်ယောက်သောသူအား အနာရောဂါ ပျောက်ကင်းစီနိုင်သော တန်ခိုးများကိုလည်းကောင်း ပီးတော်မူ၏။ ထိုဝိညာဉ်တော်သည် တစ်ယောက်သောသူအား နိမိတ်လက္ခဏာများ ပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား စိတ်ဝိညာဉ်ကို ပိုင်းခြားသိနိုင်သော ဉာဏ်ပညာကိုလည်းကောင်း ပီးတော်မူ၏။ တစ်ယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုနိုင်သော စွမ်းရည်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား ထိုအမျိုးမျိုးသော ဘာသာစကားကို အနက်ပြန်ဆိုနိုင်သော စွမ်းရည်ကိုလည်းကောင်း ပီးတော်မူ၏။
ယေသျှုက "ထိုသူ့ကို မတားကေ့၊ ငါ့နာမကို အမှီပြုကာ အံ့ဖွယ်သောအမူကို ပြုပြီးလျှင် ငါ့အား ပုတ်ခတ်ပြောဆိုနိုင်မည့် လူတစ်ယောက်မျှ မဟိ။ ငါရို့ကို မဆန့်ကျင်သောသူသည် ငါရို့ ဘ ဖက်သားဖြစ်၏။
Milagres de cura e provisão
A oração da fé salvará o enfermo. Deus provê, cura e intervém quando clamamos a Ele com fé genuína.
ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းသည် လူနာကို ကျန်းမာစီလိမ့်မည်။ သခင်ဘုရားသည်လည်း သူ့ကို ထူမတော်မူလိမ့်မည်။ သူရို့သည် အပြစ်ကို ပြုမှားမိခလျှင်လည်း ထိုသူ့ရို့ကို ခွင့်ရွှတ်တော်မူလိမ့်မည်။ သို့ဖြစ်၍ သင်ရို့သည် ကျန်းမာခြင်းကို ရစီမည့်အကြောင်း တစ်ယောက်ကို တစ်ယောက် မိမိရို့၏ အပြစ်များကို ဖော်ပြဝန်ခံလျက် တစ်ယောက်ကို တစ်ယောက် ဆုတောင်းပီးကြလော့။ ဖြောင့်မတ်သောသူတစ်ယောက်၏ ဆုတောင်းပတ္ထနာသည် အလွန်တန်ခိုးပါ၍ အကျိုးဟိ၏။
ဧလိယသည် ငါရို့ကဲ့သို့ လူ တစ်ယောက်ဖြစ်သော်လည်း မိုးမရွာမည့်အကြောင်း စိတ်အားထက်သန်စွာ ဆုတောင်းသောအခါ သုံးနှစ်နှင့် ခြောက်လတိုင်တိုင် မြီကြီး၌ မိုးမရွာဘဲ နိန်လေ၏။ ထို့နောက် သူသည် နောက်တဖန် ဆုတောင်းသောအခါ အာကာပြင်မှ မိုးရွာသွန်း၍ မြီကြီးသည် အသီးအနှံများကို ဖြစ်ထွန်းလေ၏။
ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူတော်မူကာ ကောင်းကင်သို့ မျှော်ကြည့်လျက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတော်မူပြီးမှ မုန့်နှင့်ငါးကို ဖဲ့တော်မူ၍ လူတိအား ဝီငှစီခြင်းငှာ တပည့်တော်ရို့အား ပီးအပ်တော်မူ၏။ သူရို့အားလုံးသည် ဝစွာစားကြပြီးနောက် တပည့်တော်ရို့သည် စားကြွင်းများကို စုသိမ်းရာ တောင်းတစ်ဆယ့်နှစ်တောင်း အပြည့်ရ၏။
မသန်မစွမ်းသော မိန်းမကို ဥပုသ်နိ့၌ ယေသျှု ကျန်းမာစီခြင်း
တစ်နိ့သော ဥပုသ်နိ့၌ ယေသျှုသည် တရားဇရပ်တစ်ခုတွင် ဟောပြောသွန်သင်လျက်ဟိရာ၊ တစ်ဆယ့်သျှစ်နှစ်ပတ်လုံး နတ်ဆိုးပူး၍ ရောဂါနှိပ်စက်ခြင်းကို ခံနိန်ရသော မိန်းမတစ်ယောက်ဟိ၏။ သူမသည် ကျောကုန်း၍ မိမိခါးကို လုံးဝမဆန့်နိုင်။ ယေသျှုသည် သူမကို မြင်သောအခါ အထံတော်သို့ ခေါ်တော်မူလျက်၊ "အချင်းမိန်းမ၊ သင်၏ရောဂါမှ လွတ်မြောက်ဗျာယ်" ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် သူမ၏အထက်၌ လက်ကို တင်တော်မူသဖြင့် သူမသည် ချက်ချင်းပင် ခါးဆန့်လားပြီး ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
ထိုသို့ ဥပုသ်နိ့၌ ယေသျှုသည် အနာရောဂါကို ပျောက်ကင်းစီတော်မူ၍ တရားဇရပ်မှူးသည် စိတ်ဆိုးသဖြင့် "အလုပ်လုပ်ရသောရက် ခြောက်ရက်ဟိ၏။ ထိုနိ့တိ၌ လာပြီး ရောဂါပျောက်ကင်းခြင်း ကျေးဇူးကို ခံယူကတ်ပါ။ ဥပုသ်နိ့၌ကား မလုပ်ကတ်ပါကေ့" ဟု လူတိအား ဆို၏။
သခင်ဘုရားက၊ "သူတော်ကောင်းယောင်ဆောင်သောသူတိ၊ သင်ရို့သည် ဥပုသ်နိ့၌ သင်ရို့၏ နွားတိ၊ မြည်းတိကို တင်းကုတ်က ကြိုးကို ဖြီပြီးလျှင် ရီတိုက်ဖို့ ခေါ်ယူလားကြသည် မဟုတ်လော။ အဂုတွင် အာဗြဟံ၏သမီးဖြစ်သည့် ဤမိန်းမသည် တစ်ဆယ့်သျှစ်နှစ်ပတ်လုံး စာတန်၏တုပ်နှောင်ခြင်းကို ခံနိန်ရ၏။ သူမကို ဥပုသ်နိ့၌ ထိုတုပ်နှောင်ခြင်းမှ မလွှတ်အပ်သလော" ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူလိုက်သောအခါ ကိုယ်တော့်ကို ရန်ဖက်ပြုသူရို့သည် အရှက်ရကြ၏။ လူထုပရိတ်သတ် အပေါင်းရို့သည် ကိုယ်တော်ပြုတော်မူသော အံ့သြစရာများကြောင့် ရွှင်လန်းဝမ်းမြောက်ကြ၏။
ယေသျှုသည် ဂါလိလဲပြည်၊ ကာနမြို့၌ ထိုသို့ ပထမဆုံးသော နိမိတ်လက္ခဏာကို ပြတော်မူလျက် မိမိ၏ဘုန်းတန်ခိုးတော်ကို ထွန်းတောက်စီ၏။ တပည့်တော်ရို့သည်လည်း ကိုယ်တော့်ကို ယုံကြည်ကြ၏။
ယေသျှုပြုတော်မူသော နိမိတ်လက္ခဏာကို မြင်သောသူအပေါင်းရို့က "ဤသူသည် ဤလောကသို့ ကြွလာသော စစ်မှန်သော ပရောဖက်ဖြစ်၏" ဟု ဆိုကြ၏။
ယေသျှုက သောမအား "သင်သည် ငါ့ကို မြင်ရသောကြောင့် ယုံကြည်သလော။ ငါ့ကို မမြင်ဘဲ ယုံကြည်သောသူသည် မင်္ဂလာဟိ၏" ဟု မိန့်တော်မူ၏။
ဤစာအုပ်၏ ရည်ရွယ်ချက်
ယေသျှုသည် ဤစာအုပ်၌ ရီးမထားသော တခြားသော နိမိတ်လက္ခဏာများစွာကို သူ၏တပည့်တော်တိ ရှိ့၌ ပြခ၏။ သို့သော်လည်း ယေသျှုသည် မေသျှိယတည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်သည်ကို ယုံကြည်ကြစီခြင်းငှာလည်းကောင်း၊ ထိုသို့ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နာမတော်မြတ်၌ အသက်ကို ရစီခြင်းငှာ လည်းကောင်း ဤအရာများကို ရီးထားခြင်းဖြစ်၏။
သင်္ချိုင်းဂူသို့ အယင်ရောက်သော တပည့်တော်သည်လည်း ဂူထဲသို့ ဝင်ကြည့်သောအခါမှ မြင်ရသည်ဖြစ်၍ ယုံလေ၏။ ကိုယ်တော်သည် သီဆုံးခြင်းက ထမြောက်ရမည်ဆိုသော ကျမ်းစာကို သူရို့သည် နားမလည်ကြသိမ့်ပေ။
Discernimento nos sinais
A Bíblia alerta contra falsos milagres e sinais enganosos. Devemos provar os espíritos e não seguir sinais que desviam de Deus.
ထို့နောက် ဖားနှင့်တူသည့် ညစ်ညူးသော ဝိညာဉ်သုံးပါးကို ငါ မြင်၏။ သူရို့သည် နဂါး၊ သားရဲ၊ မိစ္ဆာပရောဖက်ရို့၏ ခံတွင်းအသီးသီးမှ ထွက်လာကြ၏။ သူရို့သည် နိမိတ်လက္ခဏာများကို ပြနိုင်သော နတ်မိစ္ဆာများ၏ ဝိညာဉ်များဖြစ်ကြ၏။ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ နိ့ရက်ကြီး၌ စစ်ပွဲဝင်ရန် တစ်လောကလုံးတွင်ဟိသော သျှင်ဘုရင်တိကို စုရုံးခြင်းငှာ သူရို့သည် ထွက်လားကြ၏။
နိမိတ်လက္ခဏာကို တောင်းခံကြခြင်း
ထို့နောက် ကျမ်းတတ်ဆရာတချို့နှင့် ဖာရိယှဲတချို့က "ဆရာ၊ အကျွန်ရို့သည် ကိုယ်တော်ပြသော နိမိတ်လက္ခဏာတစ်ခုကို မြင်ချင်ပါ၏" ဟု ကိုယ်တော့်ကို တောင်းလျှောက်ကြ၏။
ယေသျှုက "ဆိုးယုတ်ပြီး ဘုရားတရားမဲ့နိန်ကြသော ဤခေတ်လူရို့၊ သင်ရို့သည် ငါ့အား နိမိတ်လက္ခဏာကို တောင်းဆိုနိန်ကတ်တေလား။ မဖြစ်နိုင်။ သင်ရို့ကို ပြမည့်နိမိတ်လက္ခဏာမှာ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမျှသာ ဖြစ်၏။ ယောနသည် ငါးကြီးဝမ်းခေါင်းထဲ၌ သုံးရက်နှင့် သုံးည ကြာနိန်ခသည့်နည်းတူ လူသားသည် မြီကြီးထဲမှာ သုံးရက်နှင့် သုံးည နီရလိမ့်မည်။
မယုံကြည်သောမြို့ရွာများ
ထို့နောက် ယေသျှုသည် မိမိ၏နိမိတ်လက္ခဏာကို အများဆုံး ပြတော်မူခသောမြို့များမှ လူရို့သည် နောင်တမရကြသောကြောင့် ထိုမြို့ များကို အပြစ်တင်တော်မူ၏။ "အို၊ ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာဟိ၏။ အို၊ ဗက်ဇဲဒမြို့ သင်သည် အမင်္ဂလာဟိ၏။ သင်ရို့အား ငါ ပြခသော နိမိတ်လက္ခဏာတိကို တုရုနှင့် ဇိဒုန်မြို့၌သာ ငါ ပြခလျှင် ထိုမြို့သူမြို့သားများသည် ထိုကာလ၌ လျှော်တေအဝတ်ကို ဝတ်ကာ ပြာမှာ လူးလျက် မိမိရို့အပြစ်မှ နောင်တရကြောင်းကို ဖော်ပြကြလိမ့်မည်။ ငါအမှန်ဆိုသည်ကား၊ တရားစီရင်မည့်နိ့ရက်၌ တုရုမြို့နှင့် ဇိဒုန်မြို့မှ လူရို့သည် ဘုရားသခင်၏ သနားကရုဏာကို သင်ရို့ထက် သာ၍ ခံစားရကြလိမ့်မည်။ အို၊ ကပေရနောင်မြို့ သင်သည် မိမိကိုယ်ကို ကောင်းကင်နိုင်ငံထိတိုင်အောင် ချီးမြှောက်လိုသော်လည်း သင်သည် ငရဲထဲသို့ ပစ်ချခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား၊ သင်၌ ငါ ပြခသော နိမိတ်လက္ခဏာကို သောဒုံမြို့၌သာ ပြခလျှင် ထိုမြို့သည် အဂုကာလတိုင်အောင် တည်နိန်လိမ့်မည်။ တရားစီရင်သောနိ့ရက်၌ ဘုရားသခင်သည် သောဒုံအရပ်ဒေသကို သင်ရို့ထက် သနားခြင်းကရုဏာပြလိမ့်မည်မှာ အမှန်ပင် ဖြစ်၏" ဟု မိန့်တော်မူ၏။
A criação como milagre
O próprio corpo humano é milagre de Deus. Toda a criação testifica do poder e da sabedoria do Criador.
အကြောင်းမူကား၊ ထာဝရဘုရားသည် ပရောဖက်အားဖြင့် မိန့်မှာထားသော ဗျာဒိတ်တော်အားလုံး ပြည့်စုံရန် ဖြစ်လေ၏။ ဗျာဒိတ်တော်သည်ကား "အပျိုစင်တစ်ယောက်သည် ပဋိသန္ဓေတည်၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်၊ ထိုသားကို ဧမာနွေလဟူ၍ အမည်မှည့်ရလိမ့်မည်" ဟု လာသတည်း (ဧမာနွေလ၏အဓိပ္ပာယ်ကား "ငါရို့နှင့်အတူဟိသော ဘုရားသခင်" ဖြစ်၏)။
ထိုသို့ ရီထက်မှာ စက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူရို့သည် မြင်လျှင် "စစ္ဆီ" ဟု ထင်မှတ်ပြီး အော်ကျွီးကြ၏။ ထိုသူအပေါင်းရို့သည် ကိုယ်တော့်ကို မြင်သောအခါ ထိတ်လန့်ကြောက်ရွံ့ကြ၏။
ကိုယ်တော်သည် ချက်ချင်းနှုတ်ဆက်၍ "မစိုးရိမ်ကတ်ကေ့။ မကြောက်ကတ်ကေ့။ ငါ ရာဖြစ်၏" ဟု သူရို့အား မိန့်တော်မူ၏။
ထိုစကားကို ယေသျှုကြားတော်မူလျှင် ယာကုရုအား၊ "မစိုးရိမ်ကေ့၊ ယုံကြည်ခြင်း တစ်ခုရာ ဟိလော၊ သူငယ်မချေ ကျန်းမာလိမ့်မည်" ဟု မိန့်တော်မူ၏။
ယေရုဆလင်မြို့အနားသို့ ရောက်လာစဉ် သံလွင်တောင်အဆင်းလမ်းတွင် သူ၏တပည့်တော် လူအပေါင်းရို့သည် မိမိရို့ တွိ့မြင်ခရသည့် အံ့သြဖွယ်အမှုအရာများအတွက် ဝမ်းမြောက်ရွှင်လန်းလျက် ဘုရားသခင်အား ကျယ်သောအသံနှင့် ချီးမွမ်းကြ၏။ "ထာဝရဘုရား၏ နာမတော်နှင့် ကြွလာတော်မူသော ဘုရင်သည် မင်္ဂလာဟိစီသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်း ဟိစီသတည်း။ ဘုရားသခင်သည် ဘုန်းကြီးတော်မူစီသတည်း" ဟု ကြွေးကြော်ကြ၏။
ဤသို့ မိန့်တော်မူပြီးနောက် တမန်တော်ရို့ ကြည့်လျက်နိန်ကြစဉ် ကိုယ်တော်သည် ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော့်ကို ဖုံးကွယ်သဖြင့် သူရို့ မမြင်ရပေ။
ငါသည်လည်း မြီထက်မှာ လဲကျပြီး ‘သျှောလု၊ သျှောလု၊ ငါ့ကို ဇာကြောင့် ညှဉ်းဆဲနိန်သနည်း’ ဟု ငါအား ပြောသောစကားသံကို ကြားရ၏။