Pular para o conteúdo
Publicidade

Misericórdia

Por Bíblia Online

Quando erramos ou quando o peso da vida nos esmaga, a tendência natural é nos afastarmos de Deus, achando que merecemos o pior. Mas a Escritura mostra exatamente o oposto. O coração de Deus se inclina para a nossa fraqueza com bondade imerecida, oferecendo perdão completo e recomeços que não conseguimos conquistar por esforço próprio.

As palavras que você vai ler revelam quem Deus é quando nos aproximamos dele de mãos vazias. Elas lembram que a paciência dele é maior do que nossas falhas e que a sua graça nos alcança bem onde estamos, sustentando nossos passos nos dias mais difíceis.

A misericórdia de Deus é eterna e inesgotável. Ele se compadece dos que sofrem, perdoa os arrependidos e derrama graça sobre os que não merecem. Grande é a sua fidelidade.

A misericórdia de Deus

Quem é Deus como tu, que perdoa a iniquidade? Ele se deleita em ter misericórdia e não retém a ira para sempre.

အ​ပြစ်​မှ လွှတ်​တော်​မူ​ထ​သော၊ ကျန်​ကြွင်း​သော အ​မွေ​တော်​လူ​တို့၏ လွန်​ကျူး​ခြင်း​များ​ကို သည်း​ခံ​တော်​မူ​ထ​သော၊ က​ရု​ဏာ၌ မွေ့​လျော်​သော​ကြောင့် အ​စဉ်​အ​မျက်​ထွက်​တော်​မ​မူ​သော ကိုယ်​တော်​ကဲ့​သို့ အ​ဘယ်​ဘု​ရား ရှိ​ပါ​သ​နည်း။

စင်​ကြယ်​စေ​ရန်​ဆု​တောင်း

"ဒါ​ဝိဒ်​သည် ဗာ​သ​ရှေ​ဘ​နှင့်​မှား​ယွင်း၍၊ ပ​ရော​ဖက်​နာ​သန်၏ ဆုံး​မ​ခြင်း​ကို​ခံ​ပြီး​မှ စပ်​ဆို​သော​ဆာ​လံ။"

အို​ဘု​ရား​သ​ခင်၊ ကျေး​ဇူး​ပြု​ချင်​သော စေ​တ​နာ​စိတ်​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ စုံ​မက်​တော်​မူ​ခြင်း က​ရု​ဏာ​များ​ပြား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​လွန်​ကျူး​ခြင်း​အ​ပြစ်​ကို ဖြေ​တော်​မူ​ပါ။ ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​ကို အ​ကုန်​အ​စင်​ဆေး​ကြော၍၊ အ​ကျွန်ုပ်​ကို သန့်​ရှင်း​စေ​တော်​မူ​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ ရှေး​ကာ​လ​မှ​စ၍၊ ပြ​တော်​မူ​သော က​ရု​ဏာ​နှင့် မေ​တ္တာ​သ​ဘော​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် အ​သက်​အ​ရွယ်​ငယ်​စဉ်၊ ပြစ်​မှား​မိ​သော အ​ပြစ်​တို့​ကို​အောက်​မေ့​တော်​မ​မူ​ပါ​နှင့်။ ကောင်း​မြတ်​တော်​မူ​သည် ဖြစ်၍၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို​အောက်​မေ့​တော်​မူ​ပါ ထာ​ဝ​ရ​ဘု​ရား။

ကူ​မ​တော်​မူ​ရန်​ဆု​တောင်း

အို​ထာ​ဝ​ရ​ဘု​ရား၊ နက်​နဲ​ရာ​ထဲ​က ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​စ​ကား​သံ​ကို​ကြား၍၊ အ​ကျွန်ုပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သံ​ကို နား​ညောင်း​တော်​မူ​ပါ။

ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ခြင်း

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၌ သ​နား​စုံ​မက်​တော်​မူ​ခြင်း​စိတ်​ကို မ​ချုပ်​တည်း​ပါ​နှင့်။ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​သည် အ​ကျွန်ုပ်​ကို အ​စဉ်​စောင့်​မ​ပါ​စေ​သော။

အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​သည် ကျေး​ဇူး​နှင့်​က​ရု​ဏာ​ကို တစ်​သက်​လုံး​ခံ​စား​၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှာ အ​စဉ်​အ​မြဲ နေ​ရ​ပါ​လိမ့်​မည်။

အ​ဘ​သည် သား​တို့​ကို သ​နား​စုံ​မက်​သည်​နည်း​တူ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြောက်​ရွံ့​သော​သူ​တို့​ကို သ​နား​စုံ​မက်​တော်​မူ၏။

Graça e perdão

Onde o pecado abundou, superabundou a graça. Deus convida todos ao arrependimento e promete perdão total aos que confessam.

သို့​သော်​လည်း၊ ပြစ်​မှား​ခြင်း​သ​ဘော​နှင့် ကျေး​ဇူး​တော်​သ​ဘော မ​တူ။ အ​ကြောင်း​မူ​ကား၊ လူ​တစ်​ယောက်​သည် ပြစ်​မှား​သော​အား​ဖြင့်၊ လူ​များ​တို့​သည် သေ​ခြင်း​သို့ ရောက်​ကြ၏။ တစ်​ယောက်​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့် ကျေး​ဇူး​တော်၏​အ​ကျိုး​သည် လူ​များ​တို့၌​သာ၍ ကြွယ်​ဝ​ပြည့်​စုံ၏။-

ဖြော​င့်​မတ်​ခြင်း​တ​ရား​၏​ကျွန်​များ

ထို​သို့​ဖြစ်​လျှင် အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် ပ​ညတ်​တ​ရား​လက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိ​သော​ကြောင့်၊ ဒု​စ​ရိုက်​ကို ပြု​ရ​မည်​လော။ ထို​သို့​မ​ပြု​ရ။-

သို့​သော်​လည်း က​ရု​ဏာ​တော်​နှင့် ကြွယ်​ဝ​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော မ​ဟာ​မေ​တ္တာ​တော်​အား​ဖြင့်၊- ဒု​စ​ရိုက်​အ​ပြစ်၌​သေ​လျက်​ရှိ​နေ​သော ငါ​တို့​ကို ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​စေ​တော်​မူ​ပြီ။ ကျေး​ဇူး​တော်​ကြောင့်​သာ ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။-

ငါ့​ကျေး​ဇူး​သည် သင့်​အ​ဖို့​လောက်​ပေ၏။ ငါ့​တန်​ခိုး​သည် အား​နည်း​ခြင်း​အ​ဖြစ်၌ စုံ​လင်​တတ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​ကြောင့် ခ​ရစ်​တော်၏ တန်​ခိုး​သည် ငါ့​အ​ပေါ်၌ ကျိန်း​ဝပ်​မည်​အ​ကြောင်း ငါ့​ကိုယ်၌ အား​နည်း​ခြင်း​အ​ဖြစ်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝါ​ကြွား​ခြင်း​ငှာ သာ၍ ငါ​အ​လို​ရှိ၏။-

မိ​မိ​အ​ပြစ်​ကို ဝှက်​ထား​သော​သူ​သည် ချမ်း​သာ​မ​ရ။ မိ​မိ​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ချ၍ စွန့်​ပစ်​သော​သူ​မူ​ကား၊ က​ရု​ဏာ​တော်​ကို ခံ​ရ​လိမ့်​မည်။

ဆိုး​သော​သူ​သည် မိ​မိ​လမ်း​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကြံ​တို့​ကို​လည်း​ကောင်း စွန့်​ပစ်၍၊ ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် သ​နား​တော်​မူ​လိမ့်​မည်။ ငါ​တို့ ဘု​ရား​သ​ခင့် ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် အ​ထူး​သ​ဖြင့် အ​ပြစ်​ကို လွှတ်​တော်​မူ​လိမ့်​မည်။

9*8/သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ကျေး​ဇူး​ပြု​လို​သော​ငှာ မျှော်​လင့်​တော်​မူ​မည်။ က​ရု​ဏာ​ပြု​လို​သော​ငှာ ချီး​မြှောက်​ခြင်း​ကို ခံ​တော်​မူ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

Misericórdia e compaixão

Misericórdia quero e não sacrifício. Deus nos chama a ser misericordiosos como Ele é, perdoando e acolhendo o próximo.

ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း က​ရု​ဏာ​အ​ကျင့်​ကို ငါ​နှစ်​သက်၏​ဟူ​သော ကျမ်း​စ​ကား​ကို နား​လည်​ခြင်း​ငှာ သင်​တို့​သွား၍ သင်​ကြ​လော့။ ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့ ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သည် မ​ဟုတ်။ ဆိုး​သော​သူ​တို့​ကို ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။-

အ​ပြစ်​မ​လွှတ်​သ​ည့်​ကျွန်​ဥ​ပ​မာ

ထို​အ​ခါ ပေ​တ​ရု​သည် ချဉ်း​ကပ်၍၊ သ​ခင်၊ ညီ​အစ်​ကို​သည် အ​ကျွန်ုပ်​ကို​ပြစ်​မှား၍ အ​ကျွန်ုပ်​သည် သူ၏​အ​ပြစ်​ကို ဘယ်​နှစ်​ကြိမ် လွှတ်​ရ​ပါ​အံ့​နည်း။ ခု​နစ်​ကြိမ်​မြောက်​အောင် လွှတ်​ရ​ပါ​အံ့​လော​ဟု မေး​လျှောက်​သော်၊ ယေ​ရှု​က၊ ခု​နစ်​ကြိမ်​မြောက်​အောင် လွှတ်​ရ​မည် ငါ​မ​ဆို။-အ​ကြိမ်​ခု​နစ်​ဆယ် ခု​နစ်​လီ​မြောက်​အောင် လွှတ်​ရ​မည် ငါ​ဆို၏။-

သင်​တို့​သည် သူ​တစ်​ပါး​တို့၏ အ​ပြစ်​ကို​လွှတ်​လျှင်၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-

သို့​ရာ​တွင် ကိုယ်​တော်​သည် ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ​သော​ဘု​ရား​ဖြစ်၍၊ က​ရု​ဏာ​တော် ကြွယ်​ဝ​သော​ကြောင့်၊ သူ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​တော်​မ​မူ။ စွန့်​ပစ်​တော်​မ​မူ။

က​ရု​ဏာ​စိတ်​ရှိ၍ ချေး​ငှား​တတ်​သော​သူ​သည် ကောင်း​စား​တတ်၏။ တ​ရား​ဆုံး​ဖြတ်​ရာ​ကာ​လ၌ အောင်​ခြင်း​သို့ ရောက်​လိမ့်​မည်။

အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ​စေ​သော။ အ​ကျွန်ုပ်​တို့​ပြု​သော​အ​မှု​တို့​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အ​ဖို့ မြဲ​မြံ​စေ​တော်​မူ​ပါ။

Acessar a misericórdia

Cheguemos com confiança ao trono da graça. Ali encontramos misericórdia e graça para socorro no tempo oportuno.

ထို​ကြောင့်၊ ငါ​တို့​သည် သ​နား​ခြင်း က​ရု​ဏာ​ကို​လည်း​ကောင်း၊ တော်​လျော်​သော​မ​စ​ခြင်း ကျေး​ဇူး​တော်​ကို​လည်း​ကောင်း ခံ​ရ​မည်​အ​ကြောင်း၊ ရဲ​ရင့်​သော​စိတ်​နှင့် ကျေး​ဇူး​ပ​လ္လင်​တော်​သို့ တိုး​ဝင် ချဉ်း​ကပ်​ကြ​ကုန်​အံ့။

ခ​ရစ်​တော်၌​အ​သစ်​သော​အ​သက်​တာ

ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​ခြင်း​လ​က္ခ​ဏာ၊ သန့်​ရှင်း​ခြင်း​လ​က္ခ​ဏာ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​သော​ယဇ်​ကို သင်​တို့​သည် ပူ​ဇော်၍၊ မိ​မိ​ကိုယ်​ခ​န္ဓာ​ကို ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ခြင်း​တည်း​ဟူ​သော သင်​တို့​ပြု​အပ်​သော​ဝတ်​ကို ပြု​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်၏ က​ရု​ဏာ​တော်​ကို ထောက်​ထား၍၊ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပေ၏။-

ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​ထက်​က​မြင်​သည်​အ​တိုင်း၊ ယ​ခု​လည်း ကြား​သည်​အ​တိုင်း ငါ​ခံ​ရ​သော တိုက်​လှန်​ခြင်း​ကို ခံ​ရ​သည်​နည်း​တူ၊ သင်​တို့​သည် ခံ​ရ​ကြ​သည်​ဖြစ်၍၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အ​ခွင့်​မှ​တစ်​ပါး၊ ခ​ရစ်​တော်​အ​တွက်​ကြောင့် ဆင်း​ရဲ​ခံ​ရ​ခြင်း​အ​ခွင့်​ကို ကျေး​ဇူး​တော်​အား​ဖြင့် ရ​ကြ၏။

ပ​သ​ခါ​ပွဲ​တော်​ပြင်​ဆင်​ခြင်း

တစ်​ဖန် ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​သို့​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ပ​သ​ခါ​ပွဲ​ကို ခံ​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​သည် စာ​ရေး၍ ပေး​လိုက်​လေ၏။ ဒု​တိ​ယ​လ​တွင်၊ ပ​သ​ခါ​ပွဲ​ကို​ခံ​ခြင်း​ငှာ ရှင်​ဘု​ရင်​သည် တိုင်​ပင်၍၊ မှူး​တော်​မတ်​တော်​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့၌ စည်း​ဝေး​သော​သူ အ​ပေါင်း​တို့​သည် စီ​ရင်​ကြ​ပြီ။ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​ကို​သန့်​ရှင်း​စွာ မ​ပြု​ကြ​သေး။ ပြည်​သူ​ပြည်​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ မ​စည်း​ဝေး​သော​ကြောင့် လွန်​ခဲ့​သော​လ​တွင် ထို​ပွဲ​ကို​မ​ခံ​နိုင်​ကြ။ ရှင်​ဘု​ရင်​နှင့်​စည်း​ဝေး​သော သူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကို​နှစ်​သက်​သော​ကြောင့်​လည်း​ကောင်း၊ ကျမ်း​စာ၌​လာ​သည်​အ​တိုင်း၊ ကြာ​မြင့်​စွာ​သော ကာ​လ​ပတ်​လုံး၊ ပ​သ​ခါ​ပွဲ​ကို မ​ခံ​သော​ကြောင့်​လည်း​ကောင်း၊ အ​ရပ်​ရပ်​တို့​က​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ယေ​ရု​ရှ​လင်​မြို့၌ ပ​သ​ခါ​ပွဲ​ကို​ခံ​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး၊ ဗေ​ရ​ရှေ​ဘ​မြို့​မှ​စ၍ ဒန်​မြို့​တိုင်​အောင်၊ ကြော်​ငြာ​စေ​မည်​အ​ကြောင်း အ​မိန့်​တော်​နှင့်​စီ​ရင်​ကြ၏။ ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​ပေး​လိုက်​သော​စာ​ကို စာ​ပို့​လု​လင်​တို့​သည်​ယူ၍၊ အ​မိန့်​တော်​အ​တိုင်း ဣ​သ​ရေ​လ​ပြည်​နှင့် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​သို့ ပြေး​ကြ၏။ စာ၌​ပါ​သော​စ​ကား​ဟူ​မူ​ကား၊ အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်သို့ ပြန်​လာ​ကြ​လော့။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​လက်​မှ​လွတ်၍၊ ကျန်​ကြွင်း​သေး​သော​သူ​တို့​ရှိ​ရာ​သို့ ပြန်​လာ​တော်​မူ​မည်။ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော သင်​တို့၏​အ​ဘ​များ၊ ညီ​အစ်​ကို​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်။ ပြစ်​မှား​သော ထို​သူ​တို့​ကို သင်​တို့​မြင်​သည်​အ​တိုင်း၊ သုတ်​သင်​ပယ်​ရှင်း​ခြင်း​သို့ အပ်​တော်​မူ​ပြီ။ သင်​တို့​အ​ဘ​များ​ကဲ့​သို့ ခိုင်​မာ​သော​သ​ဘော မ​ရှိ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား၌ ကိုယ်​ကို​အပ်​နှံ​ကြ​လော့။ အ​စဉ်​သန့်​ရှင်း​စေ​တော်​မူ​သော သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့ လာ​ကြ​လော့။ ပြင်း​စွာ​သော အ​မျက်​တော်​သည် သင်​တို့​မှ လွှဲ​သွား​မည်​အ​ကြောင်း၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို စောင့်​ကြ​လော့။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ​လျှင်၊ သင်​တို့၏​ညီ​အစ်​ကို သား​သ​မီး​တို့​သည် သိမ်း​သွား​သော​သူ​တို့​ထံ​မှာ၊ က​ရု​ဏာ​စိတ်​နှင့် တွေ့​ကြုံ၍၊ ဤ​ပြည်​သို့ တစ်​ဖန် ပြန်​လာ​ကြ​လိမ့်​မည်။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ သ​နား​တတ်​သော​သ​ဘော​ရှိ​သော​ကြောင့်၊ သင်​တို့​သည် အ​ထံ​တော်​သို့​ပြန်​လာ​လျှင်၊ မျက်​နှာ​တော်​ကို သင်​တို့​မှ လွှဲ​တော်​မ​မူ​ဟု စာ၌​ပါ​သ​တည်း။ စာ​ပို့​လု​လင်​တို့​သည် ဧ​ဖ​ရိမ်​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင် တစ်​လျှောက်​လုံး၊ ဇာ​ဗု​လုန်​ခ​ရိုင်​တိုင်​အောင် တစ်​မြို့​မှ တစ်​မြို့​သို့ ပြေး​ကြ၏။ ပြည်​သား​တို့​သည် ပြက်​ရယ်​ပြု၍ ကဲ့​ရဲ့​ကြ၏။ သို့​ရာ​တွင် အာ​ရှာ​ခ​ရိုင်​သား၊ မ​နာ​ရှေ​ခ​ရိုင်​သား၊ ဇာ​ဗု​လုန်​ခ​ရိုင်​သား​အ​ချို့​တို့​သည် ကိုယ်​ကို​နှိမ့်​ချ၍ ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ကြ၏။ ယု​ဒ​ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရားအ​မိန့်​တော်​အ​တိုင်း၊ ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့ စီ​ရင်​သည်​အ​တိုင်း၊ တ​ညီ​တ​ညွတ်​တည်း ပြု​ချင်​သော စေ​တ​နာ​စိတ်​ကို၊ ဘု​ရား​သ​ခင်​တန်​ခိုး​တော်​ကြောင့်​ရ​ကြ၏။

ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​ခြင်း

ဒု​တိ​ယ​လ​တွင် အ​ဇု​မ​ပွဲ​ကို​ခံ​လို​သော​ငှာ၊ များ​စွာ​သော​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌​စည်း​ဝေး​ကြ၍၊ အ​လွန်​ကြီး​သော​ပ​ရိ​သတ် ဖြစ်​လေ၏။ သူ​တို့​သည်​ထ၍၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ယဇ်​ပ​လ္လင်​တို့​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ယဇ်​ပ​လ္လင် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ပယ်​ရှင်း၍၊ ကေ​ဒြုန်​ချောင်း​ထဲ​သို့ ပစ်​ချ​ကြ၏။ ဒု​တိ​ယ​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် သ​တိ​ရ၍ ကိုယ်​ကို​သန့်​ရှင်း​စေ​လျက်၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို ဗိ​မာန်​တော်​ထဲ​သို့ သွင်း​ကြ၏။ ဘု​ရား​သ​ခင်၏​လူ မော​ရှေ​ပ​ညတ်​တ​ရား၌ စီ​ရင်​သော ထုံး​စံ​အ​တိုင်း၊ မိ​မိ​တို့​နေ​ရာ၌ ရပ်​နေ​လျက်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် လေ​ဝိ​သား​တို့​လက်​မှ အ​သွေး​ကို​ယူ၍​ဖျန်း​ကြ၏။ မ​သန့်​ရှင်း​သော​သူ​အ​များ​တို့​သည် ပ​ရိ​သတ်၌​ပါ​သော​ကြောင့်၊ ထို​မ​သန့်​ရှင်း​သော​သူ ရှိ​သ​မျှ​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ပ​သ​ခါ​သိုး​သ​ငယ်​သတ်​ခြင်း​အ​မှု​ကို၊ လေ​ဝိ​သား​တို့​သည် စောင့်​ရ​ကြ၏။ များ​စွာ​သော​လူ​တည်း​ဟူ​သော၊ ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး၊ ဣ​သ​ခါ​အ​မျိုး၊ ဇာ​ဗု​လုန်​အ​မျိုး​သား​အ​များ​တို့​သည် ကျမ်း​စာ၌​ပါ​သော တ​ရား​သို့​မ​လိုက်၊ ကိုယ်​ကို​မ​သန့်​ရှင်း​စေ​ဘဲ၊ ပ​သ​ခါ​သိုး​သ​ငယ်​ကို စား​ကြ၏။ သို့​ရာ​တွင်၊ ဟေ​ဇ​ကိ​က၊ သန့်​ရှင်း​ရာ​ဌာ​န​ထုံး​စံ​အ​တိုင်း၊ သန့်​ရှင်း​ခြင်း​မ​ရှိ​သော်​လည်း၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​ခြင်း​ငှာ၊ သ​ဘော​ကျ​သော​သူ​အ​ပေါင်း​တို့၏ အ​ပြစ်​ကို ကောင်း​မြတ်​သော ထာ​ဝ​ရ​ဘု​ရား​သည် လွှတ်​တော်​မူ​ပါ​စေ​သော​ဟု ထို​သူ​တို့​အ​ဖို့ ဆု​တောင်း​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဟေ​ဇ​ကိ​စ​ကား​ကို နား​ထောင်​တော်​မူ၍၊ လူ​များ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့၌ စည်း​ဝေး​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ခု​နစ်​ရက်​ပတ်​လုံး အ​လွန်​ရွှင်​လန်း​သော​စိတ်​နှင့် အ​ဇု​မ​ပွဲ​ကို​ခံ​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​သည် အ​သံ​ကျယ်​သော​တူ​ရိ​ယာ​မျိုး​ကို တီး​မှုတ်​လျက်၊ နေ့​ည​မ​ပြတ် ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း ဆို​ကြ၏။

ဒု​တိ​ယ​အ​ကြိမ်​ပွဲ​တော်​ကျင်း​ပ​ခြင်း

ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​မြတ်​ကို သွန်​သင်​သော လေ​ဝိ​သား​အ​ပေါင်း​တို့​ကို၊ ဟေ​ဇ​ကိ​သည် အား​ပေး​သော​စ​ကား​နှင့် နှုတ်​ဆက်​သ​ဖြင့်၊ သူ​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး​ပွဲ​ခံ​စဉ်​အ​ခါ၊ စား​သောက်​လျက် မိတ်​သ​ဟာ​ယ ပူ​ဇော်​သ​ကာ​ကို​ပြု​လျက်၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​လျက် နေ​ကြ၏။ စည်း​ဝေး​သော​သူ အ​ပေါင်း​တို့​သည် ခု​နစ်​ရက်​ထပ်၍ ပွဲ​ခံ​ခြင်း​ငှာ တိုင်​ပင်​ပြီး​မှ၊ ရွှင်​လန်း​သော​စိတ်​နှင့် ခု​နစ်​ရက်​ထပ်၍ ပွဲ​ခံ​ကြ၏။ ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​သည် နွား​တစ်​ထောင်​နှင့် သိုး​ခု​နစ်​ထောင်​တို့​ကို​လည်း​ကောင်း၊ မှူး​မတ်​တို့​သည် နွား​တစ်​ထောင်​နှင့် သိုး​တစ်​သောင်း​ကို​လည်း​ကောင်း၊ စည်း​ဝေး​သော​သူ​တို့​အား ပေး​ကြ၏။ များ​စွာ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကိုယ်​ကို သန့်​ရှင်း​စေ​ကြ၏။ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​နှင့်​တ​ကွ ယု​ဒ​ပ​ရိသတ်​များ၊ ဣ​သ​ရေ​လ​ပြည်​မှ​လာ​သော ပ​ရိ​သတ်​များ၊ ယု​ဒ​ပြည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား၊ ဣ​သ​ရေ​လ​ပြည်​မှ​လာ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် ဝမ်း​မြောက်​ဝမ်း​သာ​ကြ၏။ ထို​သို့ ယေ​ရု​ရှ​လင်​မြို့၌ ကြီး​စွာ​သော​ဝမ်း​မြောက်​ခြင်း​ရှိ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​သား​ရှော​လ​မုန် လက်​ထက်​မှ​သည်၊ နောက်​တစ်​ဖန် ယေ​ရု​ရှ​လင်​မြို့၌ ထို​မျှ​လောက်​ကြီး​စွာ​သော ဝမ်း​မြောက်​ခြင်း​မ​ရှိ။ ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည်​ထ၍ လူ​များ​တို့​ကို ကောင်း​ချီး​ပေး​ကြ၏။ သူ​တို့​စ​ကား​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ၏။ သန့်​ရှင်း​သော​ကျိန်း​ဝပ်​တော်​မူ​ရာ၊ ကောင်း​ကင်​ဘုံ​သို့ ပ​တ္ထ​နာ​စ​ကား​တက်​လေ၏။

သစ္စာ​ဖောက်​ဣ​သ​ရေ​လ

ယောက်ျား​စွန့်​ပစ်​သော မိန်း​မ​သည် ထွက်​သွား၍၊ အ​ခြား​သော​သူ၏ မ​ယား​ဖြစ်​ပြီး​မှ၊ အ​ရင်​လင်​သည် ထို​မိန်း​မ​ကို ပြန်၍​ယူ​သင့်​သ​လော။ ထို​သို့​ပြု​သော​ပြည်​သည် ညစ်​ညူး​သည်​မ​ဟုတ်​လော​ဟု ဆို​လေ့​ရှိ​လျက်​နှင့်၊ သင်​သည် များ​စွာ​သော ရည်း​စား​တို့၌ မှီ​ဝဲ၍ မှား​ယွင်း​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်​လာ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ မြင့်​သော​အ​ရပ်​များ​ကို မျှော်​ကြည့်၍၊ လင်​မ​နေ​ဖူး​သော​အ​ရပ် တစ်​စုံ​တစ်​ခု​ကို​ရှာ​လော့။ အာ​ရပ်​လူ​သည် တော၌​စောင့်​သ​ကဲ့​သို့၊ သင်​သည် လမ်း​တို့၌​စောင့်​နေ၍၊ မ​တ​ရား​သော မေ​ထုန်​အား​ဖြင့်​လည်း​ကောင်း၊ အ​ဓ​မ္မ​အ​မှု​အား​ဖြင့်​လည်း​ကောင်း ပြည်​ကို ညစ်​ညူး​စေ​ပြီ။ မိုး​ခေါင်၍ နောက်​မိုး​တိုင်​အောင် မ​ရွာ​သော်​လည်း၊ သင်​သည် ပြည့်​တန်​ဆာ​န​ဖူး​ရှိ၍၊ ရှက်​ခြင်း​သ​ဘော​ကို ပယ်​ရှား​ပြီ။ ယ​ခု​မှ​စ၍ သင်​က၊ အ​ကျွန်ုပ်​အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​သက်​ငယ်​စဉ်၊ စောင့်​မ​ပါ​ပြီ​ဟု ငါ့​အား အော်​ဟစ်​ပါ​စေ​သော။ ဘု​ရား​သ​ခင်​သည် အ​စဉ်​အ​မျက်​ထွက်​တော်​မူ​မည်​လော။ အ​ဆုံး​တိုင်​အောင် အ​ပြစ်​ကို မှတ်​တော်​မူ​မည်​လော​ဟု ဆို​ပါ​စေ​သော။ ထို​သို့​ဆို​သော်​လည်း၊ တတ်​နိုင်​သ​မျှ​အ​တိုင်း အ​ဓ​မ္မ​အ​မှု​ကို ပြု​ပါ​သည်​တ​ကား။

နောင်​တ​ရ​ရန်​ဖိတ်​ခေါ်​ခြင်း

ယော​ရှိ​မင်း​ကြီး​လက်​ထက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ ဖောက်​ပြန်​သော ဣ​သ​ရေ​လ​အ​မျိုး ပြု​သော​အ​မှု​ကို သင်​မြင်​ပြီ​လော။ မြင့်​သော​တောင်​ရှိ​သ​မျှ အ​ပေါ်​သို့​တက်၍​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​လည်း​ကောင်း ပြည့်​တန်​ဆာ​လုပ်​လေ​ပြီ။သူ​သည် ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ပြီး​မှ၊ ငါ့​ထံ​သို့ ပြန်​လာ​ပါ​ဟု ငါ​ပြော​သော်​လည်း၊ သူ​သည် ပြန်၍​မ​လာ။ ထို​အ​မှု​ကို သူ၏​ညီ​မ၊ သ​စ္စာ​ပျက်​သော​ညီ​မ​ယု​ဒ​သည် ကြည့်​မြင်​လေ၏။ ဖောက်​ပြန်​သော ဣ​သ​ရေ​လ​သည် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု၍၊ မှား​ယွင်း​သော​အ​ပြစ်​များ​ကြောင့်၊ သူ​နှင့်​ငါ​ကွာ၍ ဖြတ်​စာ​ကို အပ်​သော်​လည်း၊ သ​စ္စာ​ပျက်​သော​ညီ​မ ယု​ဒ​သည်​လည်း၊ မ​ကြောက်​ဘဲ​သွား၍၊ ပြည့်​တန်​ဆာ​လုပ်​ကြောင်း​ကို ငါ​မြင်​ရ၏။ သူ​သည် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု၍ အ​လွန်​လော်​လည်​သော​အား​ဖြင့် ပြည်​ကို​ညစ်​ညူး​စေ၍၊ ကျောက်​နှင့်​လည်း​ကောင်း၊ သစ်​တုံး​နှင့်​လည်း​ကောင်း မှား​ယွင်း​လေ၏။ ထို​မျှ​လောက်​အ​ပြစ်​ရှိ​သော်​လည်း၊ သ​စ္စာ​ပျက်​သော​ညီ​မ​ယု​ဒ​သည် ငါ့​ထံ​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ပြန်၍​မ​လာ။ ပြန်​လာ​ဟန်​ဆောင်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ သ​စ္စာ​ပျက်​သော​ယု​ဒ​သည် ဖောက်​ပြန်​သော​ဣ​သ​ရေ​လ​ထက် အ​ပြစ်​ကြီး၏။ သင်​သည်​သွား၍ မြောက်​မျက်​နှာ​သို့ ဟစ်​ကြော်​ရ​မည်​စ​ကား​ဟူ​မူ​ကား၊ အို ဖောက်​ပြန်​သော ဣ​သ​ရေ​လ၊ ပြန်​လာ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ သင်၌ ငါ​သည် မျက်​မုန်း​ကျိုး​ခြင်း​ကို​မ​ပြု၊ က​ရု​ဏာ​စိတ်​သ​ဘော​ရှိ၏။ အ​စဉ်​အ​မျက်​ထွက်​တတ်​သည် မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ သင်​သည် ငါ့​စ​ကား​ကို နား​မ​ထောင်။ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား၍၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​တွေ့​သော ဧည့်​သည်​တို့​နှင့် မှား​ယွင်း​သော​အ​ပြစ်​ရှိ​ကြောင်း​ကို ဝန်​ချ​ရုံ​မျှ​သာ ပြု​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ အို ဖောက်​ပြန်​သော သူ​ငယ်​တို့၊ ပြန်​လာ​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ငါ​သည် သင်​တို့​ကို ရွံ​ရှာ​ဖူး​သော်​လည်း၊ သင်​တို့​မြို့​များ​ထဲ​က တစ်​မြို့​လျှင် လူ​တစ်​ယောက်၊ အ​မျိုး​သား​ချင်း​အ​စု​စု​ထဲ​က တစ်​စု​လျှင် လူ​နှစ်​ယောက်​ကို ရွေး​ယူ၍ ဇိ​အုန်​မြို့​သို့ ပို့​ဆောင်​မည်။ ငါ​သည် နှစ်​သက်​သော​သူ​တို့​ကို သင်း​အုပ်​အ​ရာ၌ ခန့်​ထား၍၊ သူ​တို့​သည် ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​လျက် သင်​တို့​ကို အုပ်​ကြ​လိမ့်​မည်။ ထို​ကာ​လ​တွင် သင်​တို့​သည် ပြည်​တော်၌ တိုး​ပွား​များ​ပြား​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ဟူ၍ နောက်​တစ်​ဖန် မ​ပြော​မ​ဆို​ရ။ ထို​သေ​တ္တာ​တော်​ကို စိတ်​မ​စွဲ​လမ်း၊ မ​အောက်​မေ့၊ မ​ပြု​စု​ရ။ နောက်​တစ်​ဖန်​မ​လုပ်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​ကို ထာ​ဝ​ရ​ဘု​ရား၏​ပ​လ္လင်​ဟူ၍ ခေါ်​ကြ​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​အ​မှီ​ပြု၍၊ ထို​ပ​လ္လင်​သို့ စည်း​ဝေး​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် မိ​မိ​တို့၌ ဆိုး​သော​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​သ​ဘော​သို့​လိုက်၍ မ​ကျင့်​ရ​ကြ။ ထို​ကာ​လ၌ ယု​ဒ​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ပေါင်း​ဖော်​လျက်၊ မြောက်​မျက်​နှာ​အ​ရပ်​က တစ်​စု​တည်း​လာ၍၊ သင်​တို့​ဘိုး​ဘေး​များ အ​မွေ​ခံ​ဖို့၊ ငါ​ပေး​ဖူး​သော​ပြည်​သို့​ရောက်​ကြ​လိမ့်​မည်။

ငါ​သည်​သင့်​ကို သား​တို့​တွင် အ​ဘယ်​သို့​ထား​ရ​အံ့​နည်း။ သာ​ယာ​သော​ပြည်၊ တိုင်း​နိုင်​ငံ​အ​ပေါင်း​တို့၏​အထွတ်၊ ဘုန်း​ကြီး​သော အ​မွေ​ခံ​ရာ​ပြည်​ကို သင့်​အား အ​ဘယ်​သို့​ပေး​ရ​အံ့​နည်း​ဟု ငါ​မေး​သော​အ​ခါ၊ သင်​သည် ငါ့​ကို အ​ကျွန်ုပ်​အ​ဘ​ဟူ၍ ခေါ်​ရ​လိမ့်​မည်။ ငါ့​ထံ​မှ​လွှဲ၍ မ​သွား​ရ​ဟု ငါ​ပြန်​ပြော​၏။

အို ဣ​သ​ရေ​လ​အ​မျိုး၊ မ​ယား​သည် မိ​မိ​ခင်​ပွန်း၌ သ​စ္စာ​ဖျက်​သ​ကဲ့​သို့၊ အ​ကယ်​စင်​စစ် သင်​တို့​သည် ငါ၌​သ​စ္စာ​ဖျက်​ကြ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မြင့်​သော​အ​ရပ်​တို့၌ ငို​ကြွေး၍ တောင်း​ပန်​သော​အ​သံ​ကို ငါ​ကြား​ရ​ပြီ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် လမ်း​လွှဲ၍၊ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​ကြ​ပြီ။ အို ဖောက်​ပြန်​သော​သူ​ငယ်၊ သင်​တို့​ပြန်​လာ​ကြ​လော့။ ဖောက်​ပြန်​ရာ​များ​ကို ငါ​ပြု​ပြင်​မည်။ သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ထံ​သို့ လာ​ကြ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ၏။ အ​ကယ်​စင်​စစ် ကုန်း​များ​နှင့် တောင်​ရိုး​များ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့​၏ ဘုရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​ရာ​အ​ကြောင်း​ဖြစ်​တော်​မူ​၏။ ရှက်​ဖွယ်​သော​အ​ရာ​သည် အ​ကျွန်ုပ်​တို့၏ ဘိုး​ဘေး​ဥ​စ္စာ​တည်း​ဟူ​သော သူ​တို့ သိုး​နွား၊ သား​သ​မီး​များ​ကို အ​ကျွန်ုပ်​တို့ ငယ်​သော​အ​ရွယ်​က​ပင် စား၍​ကုန်​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် ရှက်​ကြောက်​လျက် အိပ်​ရ​ကြ၏။ အ​သ​ရေ​ပျက်​ခြင်း၌ နစ်​မွန်း​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် ဘိုး​ဘေး​နှင့်​တ​ကွ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်။ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု ဆို​ကြ​၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.