Pular para o conteúdo
Publicidade

Morte de Jesus

Por Bíblia Online  - 

O calvário marca o momento em que o Filho de Deus entregou a própria vida para resgatar a humanidade. Naquela cruz, o peso dos nossos erros foi totalmente suportado por quem não conheceu o pecado, cumprindo o plano perfeito de redenção planejado desde a antiguidade.

Olhar para esses registros bíblicos nos faz lembrar a profundidade da graça divina. Cada palavra revela a dor do sacrifício, o silêncio do sepulcro e a certeza de que o amor de Deus foi levado até as últimas consequências para nos aproximar Dele.

A morte de Jesus é o sacrifício supremo do amor de Deus. Na cruz, o Cordeiro de Deus carregou os pecados do mundo, satisfez a justiça divina e abriu o caminho da salvação para todos.

O sacrifício na cruz

Jesus disse: 'Está consumado!' Na cruz, Ele cumpriu toda a lei, pagou o preço do pecado e reconciliou a humanidade com Deus.

ထို​နောက်​မှ ကျမ်း​စာ​ပြည့်​စုံ​စေ​ခြင်း​ငှာ အ​မှု​ရှိ​သ​မျှ​ကုန်​စင်​ပြီး​သည်​ကို သိ​တော်​မူ​လျှင်၊ ရေ​ငတ်​သည်​ဟု မိန့်​တော်​မူ၏။-ထို​အ​ရပ်၌ ပုံး​ရည်​နှင့်​ပြည့်​သော အိုး​တစ်​လုံး​ရှိ​သည်​ဖြစ်၍၊ ထို​သူ​တို့​သည် ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ဟုဿုပ်​ပင် အ​ကိုင်း​ဖျား၌​တပ်၍ ခံ​တွင်း​တော်​သို့​ကပ်​ထား​ကြ၏။- ယေ​ရှု​သည် ပုံး​ရည်​ကို​ခံ​ပြီး​မှ၊ အ​မှု​ပြီး​ပြီ​ဟု မိန့်​တော်​မူ​လျက်၊ ခေါင်း​တော်​ကို ငိုက်​စိုက်​ညွှတ်၍ အ​သက်​တော်​ကို စွန့်​တော်​မူ၏။(ရှင်ယောဟန် 19:28-30)

စစ်​သူ​ရဲ​တို့​သည် ယေ​ရှု​ကို လက်​ဝါး​ကပ်​တိုင်၌ ရိုက်​ထား​ပြီး​မှ၊ အ​ဝတ်​တော်​တို့​ကို လေး​ပိုင်း​ပိုင်း၍ တစ်​ယောက်​တစ်​ပိုင်း​စီ ယူ​ကြ​လေ၏။ အ​တွင်း​အင်္ကျီ​တော်​ကား၊ မ​ချုပ်​ဘဲ​လျက် အ​ထက်​စွန်း​မှ​သည် အောက်​စွန်း​တိုင်​အောင် ရက်​သော​အင်္ကျီ​ဖြစ်​သော​ကြောင့်၊- ထို​သူ​တို့​က၊ အင်္ကျီ​ကို​မ​ဆုတ်​ကြ​နှင့်။ အ​ဘယ်​သူ​ယူ​ရ​မည်​ကို စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း ဆို​ကြ၏။ ကျမ်း​စာ​လာ​သည်​ကား၊ သူ​တို့​သည် အ​ကျွန်ုပ်​အ​ဝတ်​ကို အ​ချင်း​ချင်း​ဝေ​ဖန်၍ အ​ကျွန်ုပ်​အင်္ကျီ​ကို စာ​ရေး​တံ​ချ​ကြ​ပါ၏​ဟူ​သော အ​ချက်​စ​ကား​ကို ပြည့်​စုံ​စေ၍၊ စစ်​သူ​ရဲ​တို့​သည် ထို​သို့​ပြု​ကြ၏။

ယေ​ရှု၏ လက်​ဝါး​ကပ်​တိုင်​တော်​နား​မှာ မယ်​တော်​နှင့် မယ်​တော်၏​ညီ​မ​ဖြစ်​သော က​လော​ဖ၏​မ​ယား မာ​ရိ​နှင့် မာ​ဂ​ဒ​လ​မာ​ရိ​တို့​သည် ရပ်​နေ​ကြ၏။- ထို​အ​ခါ မယ်​တော်​နှင့် ချစ်​တော်​မူ​သော​တ​ပည့်​တော်​သည် အ​နား​မှာ​ရပ်​နေ​သည်​ကို ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ မယ်​တော်​အား၊ အ​ချင်း​မိန်း​မ၊ သင်၏​သား​ကို ကြည့်​ပါ​ဟူ၍​လည်း​ကောင်း၊- တ​ပည့်​တော်​အား​လည်း၊ သင်၏​အ​မိ​ကို ကြည့်​ပါ​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။ ထို​အ​ခါ​မှ​စ၍ ထို​တ​ပည့်​တော်​သည် မယ်​တော်​ကို မိ​မိ​အိမ်၌ သိမ်း​ထား၏။

(မ၊ ၂၇:၄၅-၅၆။ မာ၊ ၁၅:၃၃-၄၁။ လု၊ ၂၃:၄၄-၄၉)(ရှင်ယောဟန် 19:23-27)

က​ရာ​နိ​အ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ကြ​သော်၊ ကိုယ်​တော်​နှင့်​တ​ကွ ထို​လူ​ဆိုး​တို့​ကို လက်​ယာ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။- ယေ​ရှု​က​လည်း၊ အို အ​ဘ၊ သူ​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​ပြု​သော​အ​မှု​ကို မ​သိ​ကြ​ဟု မြွက်​ဆို​တော်​မူ၏။ အ​ဝတ်​တော်​ကို​လည်း စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။-လူ​များ​တို့​သည်​လည်း ကြည့်​ရှု​လျက် ရပ်​နေ​ကြ၏။ ထို​သူ​တို့​နှင့်​အ​တူ မင်း​အ​ရာ​ရှိ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။ ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင် ရွေး​ချယ်​တော်​မူ​သော​သူ​မှန်​လျှင် ကိုယ်​ကို​ကယ်​တင်​ပါ​လေ​စေ​ဟူ၍ ပြက်​ရယ်​ပြု​ကြ၏။-စစ်​သူ​ရဲ​တို့​သည်​လည်း လာ၍ ပုံး​ရည်​ကို ကပ်​ပေး​လျက်၊-သင်​သည် ယု​ဒ​ရှင်​ဘု​ရင်​မှန်​လျှင် ကိုယ်​ကို ကယ်​တင်​လော့​ဟူ၍ ပြက်​ရယ်​ပြု​လျက် ဆို​ကြ၏။- ခေါင်း​တော်​ပေါ်​မှာ​တပ်၍ အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင် ဘု​ရင်​ပေ​တည်း​ဟု ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့်​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။

ဆွဲ​ထား​သော လူ​ဆိုး​နှစ်​ယောက်​တွင် တစ်​ယောက်​က၊ သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ကိုယ်​ကို​လည်း​ကောင်း၊ ငါ​တို့​ကို​လည်း​ကောင်း၊ ကယ်​တင်​လော့​ဟု ကိုယ်​တော်​ကို ကဲ့​ရဲ့၍ ဆို​လေ၏။- တစ်​ယောက်​မူ​ကား၊ မိ​မိ​အ​ဖော်​ကို​ဆုံး​မ၍၊ သင်​သည် ဤ​သူ​နည်း​တူ အ​ပြစ်​ဒဏ်​ခံ​လျက်​ပင် ဘု​ရား​သ​ခင်​ကို မ​ကြောက်​သ​လော။- ငါ​တို့​သည် ကိုယ်​ပြု​မိ​သော​အ​ပြစ်​နှင့်​အ​လျောက် ခံ​ရ​သည်​ဖြစ်၍ တ​ရား​သ​ဖြင့် ခံ​ရ​ကြ၏။ ဤ​သူ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ မ​ပြု​ဟု​ဆို​ပြီး​လျှင်၊- သ​ခင်၊ ကိုယ်​တော်​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ​ဟု ယေ​ရှု​ကို လျှောက်​ဆို၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​တွင် သင်​သည် ငါ​နှင့်​အ​တူ ပ​ရ​ဒိ​သု​ဘုံ၌​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

(မ၊ ၂၇:၄၅-၅၆။ မာ၊ ၁၅:၃၃-၄၁။ ယော၊ ၁၉:၂၈-၃၀)(ရှင်လုကာ 23:33-43)

မွန်း​တည့်​အ​ချိန်​မှ​စ၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။- သုံး​ချက်​တီး​အ​ချိန်၌ ယေ​ရှု​က၊ ဧ​လိ၊ ဧ​လိ၊ လာ​မ​ရှာ​ဗ​ခ​သာ​နိ​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ၏။ အ​နက်​ကား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း​ဟု ဆို​လို​သ​တည်း။-(ရှင်မာကု 15:33,34)

ထို​အ​ခါ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် အ​ထက်​စွန်း​မှ​အောက်​စွန်း​တိုင်​အောင် စုတ်​ကွဲ​လေ၏။ မြေ​ကြီး လှုပ်​လေ၏။ ကျောက်​များ​တို့​သည်​ကွဲ​ပြား​ကြ၏။-သင်္ချိုင်း​တွင်း​တို့​သည် ပွင့်​လစ်​သ​ဖြင့် ကျိန်း​စက်​လျက်​ရှိ​သော သန့်​ရှင်း​သူ​တို့၏ အ​လောင်း​များ​စွာ​တို့​သည် ထ​ကြ၍၊- ကိုယ်​တော် ထ​မြောက်​တော်​မူ​သည်​နောက်၊ ထို​သူ​တို့​သည် သင်္ချိုင်း​တွင်း​မှ​ထွက်၍ သန့်​ရှင်း​သော​မြို့​ထဲ​သို့ ဝင်​ပြီး​လျှင်၊ လူ​များ​စွာ​တို့​အား ထင်​ရှား​ကြ၏။- ယေ​ရှု​ကို​စောင့်​သော တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​များ​တို့​သည် မြေ​ကြီး​လှုပ်​ခြင်း​စ​သည်​တို့​ကို မြင်​လျှင် အ​လွန်​ထိတ်​လန့်၍၊ စင်​စစ် ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​ပေ၏​ဟု ဆို​ကြ၏။-(ရှင်မဿဲ 27:51-54)

ထို​သူ​သည် ငါ​တို့​လွန်​ကျူး​ခြင်း အ​ပြစ်​များ​ကြောင့်၊ နာ​ကျင်​စွာ ထိုး​ခြင်း၊ နှိပ်​စက်​ခြင်း​ကို ခံ​ရ​လေ၏။ ငါ​တို့၏ ငြိမ်​သက်​ခြင်း​ချမ်း​သာ​ကို ဖြစ်​စေ​သော ဆုံး​မ​ခြင်း​သည် သူ့​အ​ပေါ်​သို့​ရောက်၍၊ သူ​ခံ​ရ​သော ဒဏ်​ချက်​အား​ဖြင့် ငါ​တို့​သည် အ​နာ​ပျောက်​လျက်​ရှိ​ကြ၏။ငါ​တို့​ရှိ​သ​မျှ​သည် သိုး​ကဲ့​သို့​လမ်း​လွဲ​လျက်၊ ကိုယ်​လမ်း​သို့ အ​သီး​အ​သီး လိုက်​သွား​ကြ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ငါ​တို့၏​အ​ပြစ်​များ​ကို သူ့​အ​ပေါ်၌​တင်​တော်​မူ၏။ထို​သူ​သည် ညှဉ်း​ဆဲ​ခြင်း​နှင့် နှိမ့်​ချ​ခြင်း​ကို​ခံ၍ နှုတ်​ကို မ​ဖွင့်​ဘဲ​နေ၏။ အ​သေ​သတ်​ခြင်း​ငှာ ဆောင်​သွား​သော သိုး​သ​ငယ်​ကဲ့​သို့ သူ့​ကို​ဆောင်​သွား၍၊ သိုး​သည် အ​မွေး​ညှပ်​သော​သူ​ရှေ့​မှာ မ​မြည်​ဘဲ​နေ​သ​ကဲ့​သို့၊ သူ​သည် နှုတ်​ကို​မ​ဖွင့်​ဘဲ နေ၏။(ဟေရှာယ 53:5-7)

ခွေး​တို့​သည် အ​ကျွန်ုပ်​ကို​ဝိုင်း​လျက်၊ စု​ဝေး​သော​လူ​ဆိုး​တို့​သည် ဝန်း​ရံ​လျက်​နေ၍၊ အ​ကျွန်ုပ်၏​လက်​ခြေ​တို့​ကို ထိုး​ဖောက်​ကြ​ပါ​ပြီ။ ကိုယ်​အ​ရိုး​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​ရေ​တွက်​နိုင်​ပါ၏။ သူ​တို့​သည် အ​ကျွန်ုပ်​ကို​ကြည့်​မြင်၍ အား​ရ​လျက်​နေ​ကြ​ပါ၏။ အ​ကျွန်ုပ်​အ​ဝတ်​ကို အ​ချင်း​ချင်း​ဝေ​ဖန်၍၊ အ​ကျွန်ုပ်​အင်္ကျီ​ကို စာ​ရေး​တံ​ချ​ကြ​ပါ၏။(ဆာလံ 22:16-18)

အ​ကျွန်ုပ်​ကို မြင်​သ​မျှ​သော​သူ​တို့​သည် ပြက်​ရယ်​ပြု​ခြင်း၊ နှုတ်​ခမ်း​ဖြဲ​ခြင်း၊ ခေါင်း​ညိတ်​ခြင်း​ကို ပြု​ကြ​ပါ၏။သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ပြီ၊ သူ့​ကို​နုတ်​တော်​မူ​ပါ​လေ​စေ။ သူ၌​အ​လို​ရှိ​လျှင် ယ​ခု​ပင် ကယ်​တင်​တော်​မူ​ပါ​လေ​စေ​ဟု ဆို​ကြ​ပါ၏။(ဆာလံ 22:7,8)

O amor que se entrega

Ninguém tem maior amor do que aquele que dá a vida pelos amigos. Deus prova seu amor em que Cristo morreu por nós quando ainda éramos pecadores.

ကိုယ်​အ​ဆွေ​တို့​အ​ဖို့​အ​လို​ငှာ ကိုယ်​အ​သက်​ကို စွန့်​ခြင်း​မေ​တ္တာ​ထက် သာ၍ မြတ်​သော​မေ​တ္တာ​သည် အ​ဘယ်​သူ၌​မျှ​မ​ရှိ။-(ရှင်ယောဟန် 15:13)

ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-(ရှင်ယောဟန် 3:16)

အ​ကြောင်း​မူ​ကား၊ ရန်​သူ​ဖြစ်​လျက်​ပင် ဘု​ရား​သ​ခင်၏​သား​တော် အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​မှန်​လျှင်၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီး​မှ၊ အ​သက်​တော်​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​မည်​ဟု သာ၍​မျှော်​လင့်​စ​ရာ​ရှိ၏။-(ရောမ 5:10)

ခ​ရစ်​တော်​သည် ငါ​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​တော်​ကို စွန့်​တော်​မူ​သည်​အ​ရာ​ကို ငါ​တို့​သည် ထောက်၍၊ မေ​တ္တာ​တော်​ကို သိ​ရ​ကြ​ပြီ။ ငါ​တို့​သည်​လည်း ညီ​အစ်​ကို​ချင်း​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​ကို​စွန့်​ရ​ကြ၏။-(၁ ရှင်ယောဟန် 3:16)

ထို​သ​ခင်​သည် ငါ​တို့၏​အ​ပြစ်​မ​က၊ လော​ကီ​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​တော်​မူ၏။-(၁ ရှင်ယောဟန် 2:2)

ထို​သို့ လူ၏ ဂုဏ်​အင်္ဂါ​လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​လျက်၊ အ​သေ​ခံ​ခြင်း​သာ​မ​ဟုတ်၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ခြင်း​တိုင်​အောင် အ​စေ​ကျွန်​ခံ၍ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​တော်​မူ၏။-(ဖိလိပ္ပိ 2:8)

Morte e ressurreição

Jesus morreu e ressuscitou, e a morte não mais tem domínio sobre Ele. Pelo batismo, participamos de sua morte e ressurreição.

သေ​ခြင်း​တ​ရား​သည် နောက်​တစ်​ဖန် ကိုယ်​တော်​ကို မ​အုပ်​စိုး​ရ​သည်​ကို ထောက်​သော်၊ ငါ​တို့​သည် ခ​ရစ်​တော်​နှင့် အ​တူ​သေ​လျှင်၊ ထို​သ​ခင်​နှင့် အ​တူ ရှင်​လိမ့်​မည်​ဟု သ​ဘော​ရှိ​ကြ၏။- ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​ရာ​မှာ၊ အ​ပြစ်​တ​ရား​ကြောင့် တစ်​ကြိမ်​သာ​ခံ​တော်​မူ၏။ အ​သက်​ရှင်​တော်​မူ​ရာ​မှာ၊ ဘု​ရား​သ​ခင့်​အ​ဖို့ ရှင်​တော်​မူ၏။-(ရောမ 6:9,10)

ယေ​ရှု​ခ​ရစ်၌ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​သည်​ဟု သင်​တို့ မ​သိ​သ​လော။- ထို​ကြောင့်၊ အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို ခံ​သော​အား​ဖြင့်၊ ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ခ​မည်း​တော်၏ ဘုန်း​တန်​ခိုး​အား​ဖြင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နည်း​တူ၊ ငါ​တို့​သည်​လည်း အ​သစ်​သော​အ​သက်၌ ကျင်​လည်​ရ​ကြ​သ​တည်း။-(ရောမ 6:3,4)

လူ​သည် တစ်​ခါ​တည်း​သေ၍ ထို​နောက်​မှ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊- ထို​နည်း​တူ၊ ခ​ရစ်​တော်​သည် လူ​များ​အ​ပြစ်​တို့​ကို ခံ​ခြင်း​ငှာ တစ်​ခါ​တည်း ကိုယ်​ကို​ပူ​ဇော်​ပြီး​မှ၊ နောက်​တစ်​ဖန် ထို​သ​ခင်​ကို မျှော်​လ​င့်​လျက်​နေ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ၊ အ​ပြစ်​နှင့်​မ​ဆိုင်​ဘဲ ပေါ်​ထွန်း​တော်​မူ​လ​တ္တံ့။(ဟေဗြဲ 9:27,28)

ဣ​သ​ရေ​လ​လူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့ သိ​ကြ​သည်​အ​တိုင်း နာ​ဇ​ရက်​မြို့​သား ယေ​ရှု​သည် ထူး​ဆန်း​သော​တန်​ခိုး၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို သင်​တို့​တွင်​ပြု​ရ​သော​အ​ခွင့်​နှင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော သက်​သေ​ကို ရ​သော​သူ​ဖြစ်၍၊- ဘု​ရား​သ​ခင်​ပြ​ဌာန်း​တော်​မူ​သော အ​လို​တော်​အား​ဖြင့်​လည်း​ကောင်း၊ အ​နာ​ဂ​တံ​သ ဉာဏ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ အပ်​နှံ​ခြင်း​ကို​ခံ​သော ထို​ယေ​ရှု​ကို သင်​တို့​သည် ဖမ်း​ဆီး၍ မ​တ​ရား​သော​သူ​တို့​လက်​ဖြင့် လက်​ဝါး​ကပ်​တိုင်၌ ရိုက်၍ ကွပ်​မျက်​ကြ​ပြီ။-ထို​သူ​ကို သေ​ခြင်း​ဝေ​ဒ​နာ​သည် အ​စဉ်​ချည်​နှောင်​ချုပ်​ကိုင်၍ မ​ဖြစ်​နိုင်​သည်​နှင့်၊ ထို​ဝေ​ဒ​နာ​ကို ဘု​ရား​သ​ခင်​သည် ချွတ်​ပယ်၍ ထ​မြောက်​စေ​တော်​မူ​ပြီ။-(တမန်တော် 2:22-24)

ငါ​သည် ကောင်း​သော​သိုး​ထိန်း​လည်း​ဖြစ်၏။ ကောင်း​သော​သိုး​ထိန်း​သည် သိုး​တို့​အ​ဖို့​အ​လို​ငှာ မိ​မိ​အ​သက်​ကို စွန့်​တတ်၏။-(ရှင်ယောဟန် 10:11)

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​မုန့်​ကို​စား၍ ထို​ခွက်​ကို သောက်​သော​အ​ခါ​ခါ၊ သ​ခင်​ဘု​ရား​အ​သေ​ခံ​တော်​မူ​ခြင်း​ကို ကြွ​လာ​တော် မ​မူ​မီ​တိုင်​အောင် ပြ​ကြ၏။-(၁ ကောရိန္သု 11:26)

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.