Morte de Jesus
A morte de Jesus é o sacrifício supremo do amor de Deus. Na cruz, o Cordeiro de Deus carregou os pecados do mundo, satisfez a justiça divina e abriu o caminho da salvação para todos.
O sacrifício na cruz
Jesus disse: 'Está consumado!' Na cruz, Ele cumpriu toda a lei, pagou o preço do pecado e reconciliou a humanidade com Deus.
ယေသျှုအသက်စွန့်တော်မူခြင်း
ယေသျှုသည် ကျမ်းစာပြည့်စုံစီခြင်းငှာ အလုံးစုံကို လုပ်ဆောင်ပြီးဖြစ်ကြောင်းကို သိတော်မူ၍ "ငါ ရီသောက်ငတ်တေ" ဟု မိန့်တော်မူ၏။
ထိုနီရာတွင် ပုံးရည် အပြည့်ထည့်ထားသော အိုးတစ်လုံး ဟိ၏။ ရီမြုပ်တစ်ခုကို ယူ၍ ထိုအနား၌ဟိသော ပုံးရည်အိုးထဲတွင် နှိုက်ပြီးလျှင် ထိုရီမြှုပ်ကို ဟုဿုပ်ပင် အကိုင်းဖျားမှာ တပ်၍ ကိုယ်တော်၏နှုတ်ခမ်းကို ကပ်၍ ထားကြ၏။ ယေသျှုသည် ထိုပုံးရည်ကို သောက်တော်မူပြီးမှ "အမှုပြီးပြီ" ဟု နှုတ်မှ မြွက်ဆိုလေ၏။
ထို့နောက် ဦးဂေါင်းကို ငိုက်စိုက်ချကာ မိမိ၏အသက်တော်ကို စွန့်တော်မူလေ၏။
စစ်သားရို့သည် ယေသျှုကို လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ထားပြီးနောက် သူ၏အပြင်ဝတ်ရုံကို လေးပိုင်းပိုင်းကာ တစ်ယောက်လျှင် တစ်ပိုင်းစီ ခွဲဝီ၍ ယူကြလေ၏။ ကိုယ်တော်၏အတွင်းခံ အဝတ်သည် အထက်မှ အောက်သို့ထိတိုင်အောင် ခြုပ်ရိုး လုံးဝမဟိဘဲ ရက်လုပ်ထားခြင်းဖြစ်၏။ စစ်သားတိက "ဤဝတ်ရုံကို မဆုတ်မဖြဲ ကတ်ကေ့။ ရထိုက်သောသူ ရယူစီခြင်းငှာ မဲနှိုက်၍ ဆုံးဖြတ်ကတ်မေ" ဟု အချင်းချင်း ပြောဆိုကြ၏။ ဤကား ကျမ်းစာ၌ ရီးထားသည့်အတိုင်း၊
"သူရို့သည် ငါ၏အဝတ်ကို ပိုင်းဖြတ်ကာ ခွဲဝီ၍ ယူကြပြီးလျှင်
ငါ၏ဝတ်ရုံကိုကား မဲနှိုက်၍ ယူကြလေ၏" ဟူသော စကား ပြည့်စုံလာစီရန် ဖြစ်လာခြင်း ဖြစ်၏။
သို့ဖြစ်၍ စစ်သားရို့ ဤသို့ ပြုလုပ်ကြခြင်း ဖြစ်၏။
ယေသျှု၏အမိ မာရိ၊ မယ်တော်မာရိ၏ညီမဖြစ်သူ ကလောဖ၏မယား မာရိနှင့် မာဂဒလရွာသူ မာရိရို့သည် ယေသျှု၏ လက်ဝါးကပ်တိုင်နားတွင် ရပ်လျက်ဟိကြ၏။
ယေသျှုသည် ထိုနီရာ၌ မတ်တပ်ရပ်နိန်ကြသည့် သူ၏မိခင်နှင့် သူချစ်သော တပည့်တော် တစ်ယောက်ကို မြင်သောအခါ ကိုယ်တော်က မယ်တော်အား "သူသည် မယ်တော်၏သားဖြစ်၏" ဟု မိန့်တော်မူ၏။
ထို့နောက် ဤတပည့်တော်အား "ထိုမိန်းမသည် သင်၏အမိ ဖြစ်၏" ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ဤတပည့်တော်က မယ်တော်အား မိမိအိမ်၌ နီထိုင်ရန် ခေါ်ဆောင်လားလေ၏။
"ဦးဂေါင်းခွံအရပ်" ဟု နာမည်ဟိသော အရပ်သို့ ရောက်သောအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ဦးကို လက်ယာဖက်တစ်ယောက် လက်ဝဲဖက်တစ်ယောက်ထား၍ လက်ဝါးကပ်တိုင်တွင် ရိုက်ထားကြ၏။ ယေသျှုက "အိုအဖ၊ သူရို့၏ အပြစ်ကို ခွင့်ရွှတ်တော်မူပါ။ သူရို့သည် ကိုယ်ပြုနိန်သောအမှုကို မသိကတ်ပါ" ဟု မြွက်ဆိုတော်မူ၏။
ထိုသူရို့သည် ကိုယ်တော်၏အဝတ်တော်ကို မဲချ၍ ဝီယူကြ၏။ လူအပေါင်းရို့သည် ရပ်လျက် ကြည့်နိန်ကြစဉ်၊ ယုဒခေါင်းဆောင်ရို့က "ဤသူသည် အခြားသူတိကို ကယ်တင်၏။ အကယ်၍ ဘုရားသခင် ရွီးချယ်တော်မူသော မေသျှိယ ဖြစ်သည်ဆိုလျှင် ကိုယ့်ကိုကိုယ် ကယ်တင်ပါစီ" ဟု ဆို၍ လှောင်ပြောင်ကြ၏။
စစ်သားတိကလည်း ကိုယ်တော့်ကို လှောင်ပြောင်ကြပြီး ပုံးရည်ကို တိုက်လျက်၊ "သင်သည် ယုဒသျှင်ဘုရင် ဖြစ်သည်ဆိုလျှင် သင့်ကိုသင် ကယ်တင်ပါ" ဟု ဆိုကြ၏။
ကိုယ်တော်၏ ဦးဂေါင်းထက်တွင် "ဤသူကား ယုဒသျှင်ဘုရင်ပေတည်း" ဟု ကမ္ပည်း ရီးထိုးထား၏။
လက်ဝါးကပ်တိုင်တွင် ရိုက်ဆွဲထားသော လူဆိုးနှစ်ဦးထဲက တစ်ယောက်က "သင်သည် မေသျှိယမှန်လျှင် မိမိကိုယ်ကိုလည်းကောင်း၊ အကျွန်ရို့ကိုလည်းကောင်း ကယ်တင်ပါ" ဟု ကိုယ်တော့်ကို ကဲ့ရဲ့ပြောဆို၏။
အခြားလူဆိုးတစ်ယောက်က ထိုသူအား "သင်သည် ဘုရားသခင်ကို မကြောက်သလော၊ အကြောင်းမူကား သင်သည် ဤသူနည်းတူ အပြစ်စီရင်ခြင်းကို ခံရ၏။ ငါရို့ကား မိမိအပြစ်အလျှောက် ထိုက်သင့်သည့် အပြစ်ဒဏ်ကို ခံရကြ၏။ သို့ရာတွင် ဤအသျှင်ကား ဇာအပြစ်ကိုလည်း မကျူးလွန်ခ" ဟု ပြောဆိုဆုံးမ၏။ ထို့နောက် ယေသျှုအား၊ "အသျှင်သည် သျှင်ဘုရင်အဖြစ် ကြွလာသောအခါ အကျွန့်ကို သတိရတော်မူပါ" ဟု လျှောက်၏။
ယေသျှုက "ဤနိ့ပင် သင်သည် ငါနန့်အတူ ပရဒိသုဘုံ၌ ဟိလိမ့်မည်ဟု ငါ ကတိပီး၏" ဟု မိန့်တော်မူ၏။
ယေသျှု အသက်ချုပ်တော်မူခြင်း
မွန်းတည့်အချိန်မှ စ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြီကြီးတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။ မွန်းလွဲ သုံးနာရီအချိန်၌ ယေသျှုသည် "ဧလိ၊ ဧလိ၊ လာမ ရှာဗခသာနိ" ဟု အသံကျယ်စွာ အော်ကြွီးတော်မူ၏။ အဓိပ္ပာယ်ကား "အကျွန့် ဘုရားသခင်၊ အကျွန့် ဘုရားသခင်၊ အကျွန့်ကို ဇာကြောင့် စွန့်ပစ်သနည်း" ဟူ၍ဖြစ်၏။
ထိုအချိန်၌ ဗိမာန်တော်ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်း ကွဲလေ၏။ မြီကြီးတုန်လှုပ်သဖြင့် ကျောက်ဆောင်တိ ပြိုကွဲကြ၏။ သင်္ချိုင်းဂူများလည်း ပွင့်ထွက်ကာ သီနိန်ပြီးသော သန့်ယှင်းသူများစွာ၏အလောင်းများသည် ထမြောက်ခြင်းသို့ ရောက်ကြလေ၏။ ယေသျှုသည် သီခြင်းက ထမြောက်လာပြီးနောက် ထိုသူရို့သည် သင်္ချိုင်းဂူများကို စွန့်ခွါပြီး သန့်ယှင်းမြင့်မြတ်သောမြို့တော်သို့ ဝင်လားကြပြီးလျှင် လူများစွာရို့အား ထင်ရှားစီ၏။
ယေသျှုကို စောင့်ကြည့်နိန်ကြသော တပ်မှူးနှင့်တကွ ရောမစစ်သားများသည် ငလျှင်လှုပ်ခြင်းမှစ၍ ဖြစ်ပျက်သမျှအားလုံးကို မြင်တွိ့ကြသည့်အခါ ကြောက်ရွံ့တုန်လှုပ်ကြပြီးလျှင် "ယေသျှုသည် ဘုရားသခင်၏သား အမှန်ပင် ဖြစ်သည်" ဟု ဝန်ခံပြောဆိုကြ၏။
O amor que se entrega
Ninguém tem maior amor do que aquele que dá a vida pelos amigos. Deus prova seu amor em que Cristo morreu por nós quando ainda éramos pecadores.
ကိုယ့်မိတ်ဆွီရို့အတွက် ကိုယ့်အသက်ကို စွန့်ပီးခြင်းမေတ္တာထက် သာ၍ ကြီးမြတ်သော မေတ္တာဟူ၍ မဟိ။
ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။
အကြောင်းမူကား၊ ငါရို့သည် ဘုရားသခင်၏ ရန်သူတိ ဖြစ်ခလျက်ပင်၊ သားတော်၏ အသီခံပီးတော်မူခြင်းအားဖြင့် ငါရို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စီတော်မူ၏။ ပြန်လည်သင့်မြတ်ခွင့်ကို ရထားပြီးသော ငါရို့သည် သားတော်၏အသက်အားဖြင့် ကယ်တင်တော်မူခြင်းကို သာ၍ ခံရလိမ့်မည်။
ခရစ်တော်သည် ငါရို့အတွက် မိမိ၏အသက်ကို စွန့်တော်မူသည်ကို ထောက်၍ ငါရို့သည် မေတ္တာအကြောင်းကို သိရကြ၏။ ငါရို့သည်လည်း မိမိရို့၏ ညီအစ်ကို မောင်နှမတိအတွက် အသက်ကို စွန့်သင့်ပေ၏။
ခရစ်တော်သည် ငါရို့၏ အပြစ်များကို ခွင့်ရွှတ်တော်မူပြီး ငါရို့၏ အပြစ်များသာမက လောကီသားအပေါင်းရို့၏ အပြစ် ဖြေစရာအကြောင်း ဖြစ်တော်မူ၏။
မိမိကိုယ်ကို နှိမ့်ချပြီး လက်ဝါးကပ်တိုင်ထက်တွင်
အသီခံသည့်တိုင်အောင် နာခံ၍ လိုက်လျှောက်တော်မူ၏။
Morte e ressurreição
Jesus morreu e ressuscitou, e a morte não mais tem domínio sobre Ele. Pelo batismo, participamos de sua morte e ressurreição.
အကြောင်းမူကား ခရစ်တော်သည် သီခြင်းမှ ထမြောက်လာပြီးဖြစ်၍ ကိုယ်တော်သည် နောက်တဖန် မသီနိုင်ကြောင်းကိုလည်းကောင်း၊ သီခြင်းတရားသည်လည်း ကိုယ်တော့်ကို မအုပ်စိုးနိုင်ကြောင်းကိုလည်းကောင်း ငါရို့ သိကြ၏။ ထို့အပြင် ခရစ်တော်သည် အသီခံပြီးပြီဖြစ်၍ အပြစ်တရားသည် ကိုယ်တော့်ကို မအုပ်စိုးနိုင်ယာ။ အဂုတွင် ကိုယ်တော်သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ အသက်ရှင် လျက်ဟိ၏။
ယေသျှုခရစ်တော်၌ ဗတ္တိဇံခံယူထားကြသော ငါရို့အားလုံးသည် ထိုအသျှင်၏အသီခံခြင်း၌ ဗတ္တိဇံခံယူထားကြသည်ကို သင်ရို့ မသိကြသလော။ ထို့ကြောင့် ထိုအသျှင်၏အသီခံခြင်း၌ ဗတ္တိဇံကို ခံယူထားကြသည်ဖြစ်၍ ထိုအသျှင်နှင့် အတူ သင်္ဂြိုဟ်ခြင်းကို ခံထားပြီးဖြစ်ကြ၏။ သို့ဖြစ်၍ ခရစ်တော်သည် အဖ၏ဘုန်းတန်ခိုးတော်ဖြင့် သီခြင်းမှ ထမြောက်လာသကဲ့သို့၊ ငါရို့သည်လည်း အသစ်သော အသက်တာတစ်ခုဖြင့် ရှင်သန်ရကြ၏။
လူသည် တစ်ခါတည်းသာ သီဆုံး၍၊ တရားစီရင်ခြင်းကို ခံရသကဲ့သို့ ခရစ်တော်သည်လည်း များစွာသောသူရို့၏အပြစ်များကို ဖယ်ယှားရန် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက် မဟုတ်ဘဲ မိမိအား စောင့်မျှော်နိန်ကြသောသူရို့ကို ကယ်တင်ရန် ပေါ်ထွန်းလာတော်မူလိမ့်မည်။
"အို၊ ဣသရေလအမျိုးသားရို့၊ ငါ့စကားကို နားထောင်ကြလော့။ နာဇရက်မြို့သား ယေသျှုသည် ဘုရားသခင်၏ အံ့ဖွယ်ရာများနှင့် နိမိတ်လက္ခဏာများကို ပြသခသော ဘုရားသခင်၏ အခွင့်အာဏာရသည့် လူသားတစ်ယောက်ဖြစ်ကြောင်းကို သင်ရို့အား ထင်ရှားစွာ သက်သီပြတော်မူခယာ။ ထိုအရာများသည် သင်ရို့ကြားမှာ ဖြစ်ပျက်ခသည်ကို သင်ရို့ကိုယ်တိုင် သိခကြ၏။ ဘုရားသခင်သည် ယေသျှုကို သင်ရို့လက်သို့ အပ်နှံလိမ့်မည်ဟု ဆုံးဖြတ်ထားသော မိမိ၏ အကြံအစည်တော်အတိုင်း သင်ရို့သည် မတရားသောသူရို့လက်သို့ အပ်နှံ၍ လက်ဝါးကပ်တိုင်၌ ထိုအသျှင်ကို တင်၍ ကွပ်မျက်ကြ၏။ သို့သော်လည်း ဘုရားသခင်သည် ထိုအသျှင်ကို သီခြင်းတရားမှ ထမြောက်စီတော်မူပြီး သီခြင်းတရား၏တန်ခိုးမှ လွတ်မြောက်စီတော်မူ၏။ ဇာကြောင့်ဆိုသော် သီခြင်းတရားသည် ထိုအသျှင်ကို အစဉ်အမြဲ ချုပ်နှောင်ထား၍ မရနိုင်။
"ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ကောင်းသော သိုးထိန်းသည် သိုးတိအတွက် မိမိအသက်ကို စွန့်တတ်၏။
သင်ရို့သည် ထိုမုန့်ကို စား၍ ထိုခွက်ဖလားမှ စပျစ်ရည်ကို သောက်သည့်အခါတိုင်း သခင်ဘုရား အသီခံတော်မူကြောင်းကို ကိုယ်တော် ကြွလာတော်မူချိန်ထိတိုင် ကြေညာကြ၏။