Mundo
A Bíblia tem muito a dizer sobre o mundo e nossa relação com ele. Cristãos estão no mundo, mas não são do mundo — chamados a ser luz e sal sem se conformar com os padrões seculares.
Não ameis o mundo
Não ameis o mundo nem o que nele há. A cobiça da carne, a cobiça dos olhos e a soberba da vida não vêm do Pai, mas do mundo.
သင်ရို့သည် လောကကိုလည်းကောင်း၊ လောကီအရာများကိုလည်းကောင်း မချစ်ကတ်ကေ့။ လောကကို ချစ်သောသူသည် ခမည်းတော်ကို မချစ်။
သင်ရို့သည် လောကကိုလည်းကောင်း၊ လောကီအရာများကိုလည်းကောင်း မချစ်ကတ်ကေ့။ လောကကို ချစ်သောသူသည် ခမည်းတော်ကို မချစ်။ အကြောင်းမူကား လောက၌ ဟိသမျှအရာတည်းဟူသော ကိုယ်ကာယ၏ တပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ ဥစ္စာပစ္စည်း၌ ဝါကြွားခြင်း စသည့်အရာများသည် ခမည်းတော်ထံမှ လာသည် မဟုတ်။ လောကထဲမှ လာခြင်းသာဖြစ်၏။
အကြောင်းမူကား လောက၌ ဟိသမျှအရာတည်းဟူသော ကိုယ်ကာယ၏ တပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ ဥစ္စာပစ္စည်း၌ ဝါကြွားခြင်း စသည့်အရာများသည် ခမည်းတော်ထံမှ လာသည် မဟုတ်။ လောကထဲမှ လာခြင်းသာဖြစ်၏။
လောကနှင့်တကွ လူတိ တပ်မက်သောအရာများသည် ကွယ်ပျောက်လားတတ်၏။ သို့သော်လည်း ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆောင်ရွက်သောသူမူကား ကာလအစဉ် တည်လိမ့်မည်။
ဖောက်ပြန်တတ်သောသူရို့၊ လောကနှင့် မိတ်ဆွီဖွဲ့ခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်ကို သင်ရို့ မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွီ ဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်လာ၏။
ဖောက်ပြန်တတ်သောသူရို့၊ လောကနှင့် မိတ်ဆွီဖွဲ့ခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်ကို သင်ရို့ မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွီ ဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်လာ၏။
O amor de Deus pelo mundo
Porque Deus amou o mundo de tal maneira que deu seu Filho. O mesmo mundo que rejeita a Deus é amado por Ele e objeto de sua redenção.
ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။
ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။
တရားစီရင်ခြင်းကား ဤသို့ဖြစ်၏။ အလင်းသည် ဤလောကထဲသို့ ကြွလာ၏။ သို့သော် လူတိကား အလင်းထက် အမှောင်ကို သာ၍ နှစ်သက်ကြ၏။ အကြောင်းမူကား သူရို့၏ အကျင့်သီလသည် ဆိုးယုတ်သောကြောင့်ဖြစ်၏။
ခရစ်တော်သည် ငါရို့၏ အပြစ်များကို ခွင့်ရွှတ်တော်မူပြီး ငါရို့၏ အပြစ်များသာမက လောကီသားအပေါင်းရို့၏ အပြစ် ဖြေစရာအကြောင်း ဖြစ်တော်မူ၏။
ဘုရားသခင်၏ သားသမီးတိ
ငါရို့သည် ဘုရားသခင်၏ သားသမီးတိဟု အခေါ်ခံရကြသဖြင့် ခမည်းတော်သည် ငါရို့အား မည်မျှလောက် ချစ်တော်မူသည်ကို ဆင်ခြင်ကြလော့။ ငါရို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးတိဖြစ်ကြ၏။ ဤအကြောင်းကြောင့် ဤလောကီသားရို့သည် ဘုရားသခင်ကို မသိသောကြောင့် ငါရို့ကိုလည်း မသိကတ်။
ဘုရားသခင်၏ သားသမီးတိ
ငါရို့သည် ဘုရားသခင်၏ သားသမီးတိဟု အခေါ်ခံရကြသဖြင့် ခမည်းတော်သည် ငါရို့အား မည်မျှလောက် ချစ်တော်မူသည်ကို ဆင်ခြင်ကြလော့။ ငါရို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးတိဖြစ်ကြ၏။ ဤအကြောင်းကြောင့် ဤလောကီသားရို့သည် ဘုရားသခင်ကို မသိသောကြောင့် ငါရို့ကိုလည်း မသိကတ်။
Vencer o mundo
Jesus venceu o mundo e nos dá sua paz e vitória. A fé é a vitória que vence o mundo — e aquele que nasceu de Deus o vence.
သင်ရို့အားလုံး ငါနှင့် တစ်လုံးတစ်ဝတည်းဟိနိန်ခြင်းဖြင့် ငြိမ်သက်ခြင်းဟိကြစီခြင်းငှာ ငါသည် ဤအရာကို သင်ရို့အား ဟောပြောထား၏။ သင်ရို့သည် ဤလောက၌ ဒုက္ခ တွိ့ရကြလိမ့်မည်။ သို့သော်လည်း မကြောက်ကတ်ကေ့၊ ငါသည် လောကကို အောင်ပြီ" ဟု မိန့်တော်မူ၏။
သင်ရို့အားလုံး ငါနှင့် တစ်လုံးတစ်ဝတည်းဟိနိန်ခြင်းဖြင့် ငြိမ်သက်ခြင်းဟိကြစီခြင်းငှာ ငါသည် ဤအရာကို သင်ရို့အား ဟောပြောထား၏။ သင်ရို့သည် ဤလောက၌ ဒုက္ခ တွိ့ရကြလိမ့်မည်။ သို့သော်လည်း မကြောက်ကတ်ကေ့၊ ငါသည် လောကကို အောင်ပြီ" ဟု မိန့်တော်မူ၏။
အကြောင်းမူကား ဘုရားသခင်၏ သားသမီးရို့သည် လောကကို အောင်နိုင်၏။ ထိုသို့ လောကကို အောင်ခြင်းမှာ ငါရို့၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
အကြောင်းမူကား ဘုရားသခင်၏ သားသမီးရို့သည် လောကကို အောင်နိုင်၏။ ထိုသို့ လောကကို အောင်ခြင်းမှာ ငါရို့၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ယုံကြည်သောသူမှတစ်ပါး မည်သူသည် လောကကို အောင်နိုင်သနည်း။
သားသမီးရို့၊ သင်ရို့သည် ဘုရားသခင် ပိုင်ဆိုင်သောသူများဖြစ်ကြ၍ မှားယွင်းသောပရောဖက်တိကို အနိုင်ရထားပြီး ဖြစ်၏။ ဇာကြောင့်ဆိုသော် သင်ရို့ထံ၌ ကိန်းဝပ်တော်မူသော ဝိညာဉ်တော်သည် လောကီသားများထံ၌ ကိန်းဝပ်သောဝိညာဉ်ထက် ကြီးမြတ်တော်မူသောကြောင့် ဖြစ်၏။
No mundo sem ser do mundo
Jesus orou: não peço que os tires do mundo, mas que os guardes do mal. Somos enviados ao mundo como embaixadores do Reino.
အကျွန်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သူရို့အား ဟောထားပြီးဖြစ်ပါ၏။ အကျွန်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ သူရို့သည်လည်း မဆက်ဆံကြသောကြောင့် လောကသားတိက သူရို့ကို မုန်းကြပါ၏။
အကျွန်သည် သူရို့ကို ဤလောကမှ နုတ်ယူပါစီကြောင်း တောင်းလျှောက်နိန်ခြင်း မဟုတ်ပါ၊ ဒုစရိုက်အပြစ်မှ ကင်းဝီးပါစီကြောင်း အကျွန် ဆုတောင်းပါ၏။
အကျွန်သည် သူရို့ကို ဤလောကမှ နုတ်ယူပါစီကြောင်း တောင်းလျှောက်နိန်ခြင်း မဟုတ်ပါ၊ ဒုစရိုက်အပြစ်မှ ကင်းဝီးပါစီကြောင်း အကျွန် ဆုတောင်းပါ၏။ အကျွန်သည် လောကနှင့် မဆက်ဆံသကဲ့သို့ သူရို့လည်း မဆက်ဆံကြပါ။ သမ္မာတရားအားဖြင့် သူရို့ကို သန့်ယှင်းစီတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်အား လောကထဲသို့ စီရွှတ်လိုက်သကဲ့သို့ သူရို့ကိုလည်း အကျွန်သည် ဤလောကထဲသို့ စီရွှတ်လိုက်ပါ၏။
ဖြောင့်မတ်တော်မူသောအဖ၊ လောကီသားရို့သည် ကိုယ်တော့်ကို မသိကြသော်လည်း အကျွန်သည် သိပါ၏။ ကိုယ်တော်သည် အကျွန့်အား စီရွှတ်လိုက်သည်ကို ဤသူရို့သည် သိကြပါ၏။ အကျွန့်ကို ချစ်တော်မူသော ကိုယ်တော်၏ မေတ္တာတော်သည် သူရို့၌ တည်၍ အကျွန်ကိုယ်တိုင်လည်း သူရို့၌ တည်စီခြင်းငှာ ကိုယ်တော်၏နာမတော်ကို သူရို့အား ညွှန်ပြပြီးဖြစ်၏။ အစဉ်အမြဲ ညွှန်ပြပါဦးမည်" ဟု ဆုတောင်းတော်မူ၏။
ဤလောကသည် အဂုပင် တရားစီရင်ခြင်းကို ခံရမည့်အချိန် ဖြစ်၏။ ဤလောကကို အုပ်ချုပ်သူကလည်း အဂုပင် အပြင်သို့ နှင်ထုတ်ခြင်းကို ခံရ၏။
"ငြိမ်သက်ခြင်းကို သင်ရို့နှင့်အတူ ငါထားခ၏။ ငါ၏ငြိမ်သက်ခြင်းကိုလည်း သင်ရို့ကို ငါပီး၏။ လောကသားတိ ပီးသကဲ့သို့ ငါပီးသည် မဟုတ်။ သင်ရို့ စိတ်မပူပန်ခြင်း၊ စိုးရိမ်ခြင်း မဟိကတ်ကေ့။
လောကသားများ၏ မုန်းတီးမှု
"လောကသားတိက သင်ရို့ကို မုန်းကြလျှင် သင်ရို့ကို မမုန်းခင်ကတည်းက ငါ့ကို မုန်းကြခြင်းဖြစ်သည်ဟု မှတ်ယူကြလော့။ သင်ရို့သည် လောကနှင့် သက်ဆိုင်လျှင် လောကသား အချင်းချင်းဖြစ်သောကြောင့် လောကသားများက သင်ရို့ကို ချစ်ကြလိမ့်မည်။ သို့ရာတွင် ငါသည် သင်ရို့ကို လောကထဲက ရွီးကောက်ထားသောကြောင့် လောကနှင့် မသက်ဆိုင်သည်ဖြစ်၍ လောကသားတိက သင်ရို့ကို မုန်းကြ၏။
Sal e luz
Vós sois o sal da terra e a luz do mundo. O cristão transforma o ambiente onde está, sem se conformar com os padrões mundanos.
ဆားနှင့် အလင်း
"သင်ရို့သည် ဤလောက၏ ဆား ဖြစ်ကြ၏။ ဆားသည် အငန်ဓာတ်ကင်းပျောက်လားလျှင် ၎င်းကို တဖန်ဇာပိုင် ပြန်ရဖို့သိမ့်လဲ။ အပြင်သို့ ဝေးပစ်ခြင်းခံရပြီး လူတိ ကျော်နင်းခြင်းမှတစ်ပါး တစ်ခုလည်း အသုံးမဝင်ယာ။
"သင်ရို့သည် ဤလောက၏အလင်း ဖြစ်ကြ၏၊ တောင်ထိပ်၌ တည်ထားသောမြို့ကို ကွယ်ဝှက်၍ မရနိုင်။
နိုင်ငံတော်နှင့်ပတ်သက်သော ဤသတင်းကောင်းကို လူမျိုးအပေါင်းရို့အား သက်သီခံ၍ တစ်ကမ္ဘာလုံး၌ ဟောပြောကတ်လိမ့်မည်။ ထို့နောက် ကပ်ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။
လူသည် လောကတစ်ခုလုံးကို အစိုးရသော်လည်း မိမိအသက်ဆုံးယှုံးလျှင် ဇာမှာ အကျိုး ဟိပါဖို့သိမ့်လဲ။ မိမိအသက်ကို ဇာအရာနှင့် လှဲနိုင်ပါဖို့လဲ။
လူသည် လောကတစ်ခုလုံးကို အစိုးရသော်လည်း မိမိအသက်ဆုံးယှုံးလျှင် ဇာမှာ အကျိုး ဟိပါဖို့သိမ့်လဲ။ မိမိအသက်ကို ဇာအရာနှင့် လှဲနိုင်ပါဖို့လဲ။
လူတိကို ပြစ်မှားစီတတ်သော အရာများသည် ဤလောက၌ ဟိနိန်ကြသောကြောင့် ဤလောကသည် အမင်္ဂလာဟိ၏။ ဤသို့သော အရာများသည် ဟိနိန်ကြရမည်။ သို့သော်လည်း ထိုသို့ ပြစ်မှားစီသောသူသည် အမင်္ဂလာဟိ၏။
ထို့နောက် ကိုယ်တော်က၊ "သင်ရို့သည် လောကီနိုင်ငံအရပ်ရပ်သို့ လားပြီးလျှင် လူသတ္တဝါအပေါင်းရို့အား ဧဝံဂေလိသတင်းကောင်းတရားကို ဟောပြောကြလော့။
ထို့နောက် ကိုယ်တော်က၊ "သင်ရို့သည် လောကီနိုင်ငံအရပ်ရပ်သို့ လားပြီးလျှင် လူသတ္တဝါအပေါင်းရို့အား ဧဝံဂေလိသတင်းကောင်းတရားကို ဟောပြောကြလော့။
လူသည် ဤလောကတစ်ခုလုံးကို အုပ်စိုးရသော်လည်း မိမိ၏အသက်ကို ဆုံးယှုံးလျှင် ဇာချင့် အကျိုးဟိမည်နည်း။
Não se conformar
Não vos conformeis com este mundo. A religião pura é guardar-se da corrupção do mundo e viver segundo o Espírito de Deus.
သင်ရို့သည် လောကီသားတိ ပိုင်ယှောင် အသက်မရှင်ကတ်ကေ့။ သင်ရို့၏ အတွင်းစိတ်သဘော အပြည့်အဝ ပြောင်းလဲစီခြင်းငှာ ဘုရားသခင်ကို အခွင့်ပီးကြလော့။ သို့မှသာ ဇာအရာကား ကောင်းမြတ်၏၊ ဇာအရာကို ဘုရားသခင် နှစ်သက်၏၊ ဇာအရာသည် စုံလင်သောအရာဖြစ်၏ ဟူသော ဘုရားသခင်၏အလိုတော်ကို သင်ရို့ သိနိုင်ကြလိမ့်မည်။
သင်ရို့သည် လောကီသားတိ ပိုင်ယှောင် အသက်မရှင်ကတ်ကေ့။ သင်ရို့၏ အတွင်းစိတ်သဘော အပြည့်အဝ ပြောင်းလဲစီခြင်းငှာ ဘုရားသခင်ကို အခွင့်ပီးကြလော့။ သို့မှသာ ဇာအရာကား ကောင်းမြတ်၏၊ ဇာအရာကို ဘုရားသခင် နှစ်သက်၏၊ ဇာအရာသည် စုံလင်သောအရာဖြစ်၏ ဟူသော ဘုရားသခင်၏အလိုတော်ကို သင်ရို့ သိနိုင်ကြလိမ့်မည်။
အကြောင်းမူကား ဖန်ဆင်းထားသောအရာများကို ထောက်ရှုခြင်းဖြင့် မျက်မြင်မရနိုင်သော အရာများဖြစ်ကြသည့် ဘုရားသခင်၏ထာဝရတန်ခိုးတော်နှင့် ဘုရား၏သဘောသဘာဝတိသည် လောကကို ဖန်ဆင်းတော်မူစဉ်ကပင် ထင်ရှားစွာ ဟိတော်မူပြီးဖြစ်၏။ ထို့ကြောင့် သူရို့သည် ကိုယ့်အပြစ်ကို မဖုံးနိုင်ရာ။
အကြောင်းမူကား ဖန်ဆင်းထားသောအရာများကို ထောက်ရှုခြင်းဖြင့် မျက်မြင်မရနိုင်သော အရာများဖြစ်ကြသည့် ဘုရားသခင်၏ထာဝရတန်ခိုးတော်နှင့် ဘုရား၏သဘောသဘာဝတိသည် လောကကို ဖန်ဆင်းတော်မူစဉ်ကပင် ထင်ရှားစွာ ဟိတော်မူပြီးဖြစ်၏။ ထို့ကြောင့် သူရို့သည် ကိုယ့်အပြစ်ကို မဖုံးနိုင်ရာ။
ပညတ်တရား၏ မိန့်မှာချက်ဟူသမျှသည် ပညတ်တရားအောက်၌ အသက်ရှင်နိန်ကြသောသူရို့၌ သက်ရောက်မှုဟိသည်ကို ငါရို့သည် အဂု သိကြသည်ဖြစ်၍ လူသားအားလုံးသည် စကားတခွန်းမျှ ပြောခွင့်မဟိဘဲ လောကတစ်ခုလုံးသည် ဘုရားသခင်၏ တရားစီရင်ခြင်းအောက်၌ သက်ရောက်နိန်၏။
ငါရို့၏အဖ ဘုရားသခင် လက်ခံတော်မူသော ဘာသာတရားကြည်ညိုခြင်း ဟူသည်မှာ သန့်ယှင်းစင်ကြယ်၍ အပြစ်ကင်းခြင်း၊ ဆင်းရဲဒုက္ခရောက်နိန်ကြသည့် မိဖမဟိသော အသျှေတိနှင့် မုဆိုးမတိကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးများနှင့် ကင်းစင်စီခြင်းပင် ဖြစ်၏။
ငါရို့၏အဖ ဘုရားသခင် လက်ခံတော်မူသော ဘာသာတရားကြည်ညိုခြင်း ဟူသည်မှာ သန့်ယှင်းစင်ကြယ်၍ အပြစ်ကင်းခြင်း၊ ဆင်းရဲဒုက္ခရောက်နိန်ကြသည့် မိဖမဟိသော အသျှေတိနှင့် မုဆိုးမတိကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးများနှင့် ကင်းစင်စီခြင်းပင် ဖြစ်၏။
အကြောင်းမူကား လူအပေါင်းရို့အား ကယ်တင်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ပေါ်ထွန်းတော်မူပြီ။ ဘုရားမဲ့ တရားမဲ့ နီထိုင်ခြင်းနှင့် လောကီတပ်မက်ခြင်းများကို စွန့်ပယ်၍ အဂုမျက်မှောက်ကာလ၌ ဣန္ဒြေသိက္ခာဟိစွာဖြင့် ဖြောင့်မတ်မှန်ကန်ပြီး ဘုရားဝတ်၌ ပျော်မွိ့သော အသက်တာဖြင့် အသက်ရှင်ကြရန်လည်းကောင်း၊
A batalha espiritual
A nossa luta não é contra carne e sangue. Os poderes do mundo são reais, mas o que está em nós é maior que o que está no mundo.
အကြောင်းမူကား ငါရို့သည် အသွီးအသားဟိသော သူရို့နှင့် ဆိုင်ပြိုင်တိုက်ခိုက် ကြရသည် မဟုတ်။ ကောင်းကင်အရပ်မှလာသည့် ဆိုးယုတ်သော ဝိညာဉ်တန်ခိုးသျှင်နှင့် လည်းကောင်း၊ ဤမှောင်မိုက်သော လောကကို အုပ်စိုးသော သူတိ၊ တန်ခိုးသျှင်တိနှင့် လည်းကောင်း၊ အာဏာစက်တိနှင့် လည်းကောင်း ဆိုင်ပြိုင်တိုက်ခိုက်ကြရ၏။
သင်ရို့သည် လှည့်ဖြားတတ်သည့် အချည်းနှီးသော လူ့ပညာအားဖြင့် လွှမ်းမိုးခြင်းကို မခံရစီခြင်းငှာ သတိပြုကြလော့။ ထိုပညာများသည် ခရစ်တော်ထံပါးက လာသည် မဟုတ်၊ စကြာဝဠာကို အစိုးရသည့် ဝိညာဉ်များထံက လည်းကောင်း၊ လူတိ လက်ဆင့်ကမ်း သယ်ဆောင်လာကြသည့် ဩဝါဒတရားပါးက လည်းကောင်း လာ၏။
ငါရို့သည် လောက၌ အသက်ရှင်နီထိုင်လျက် ဟိကြသည် မှန်သော်လည်း လောကီအလိုသို့လိုက်၍ တိုက်ပွဲ ဝင်နိန်ကြသည် မဟုတ်။
ငါရို့သည် ဤလောကနှင့်ဆိုင်သော ဝိညာဉ်ကို ခံယူရဟိကြသည် မဟုတ်။ ငါရို့အား ဘုရားသခင် ပီးတော်မူသောအရာအားလုံးကို သိခြင်းငှာ ဘုရားသခင်ထံပါးမှ လာသော ဝိညာဉ်တော်ကိုသာ ခံယူရဟိကြ၏။
ထို့ကြောင့် ပညာဟိကား ဇာမှာနည်း။ ကျမ်းတတ်ဆရာရို့ကား ဇာမှာဟိသနည်း။ ဤလောက၌ ပညာအလိမ္မာဖြင့် စကားငြင်းခုံတတ်သောသူရို့ကား ဇာမှာဟိသနည်း။ ဘုရားသခင်သည် လောကီပညာကို အချည်းနှီး ဖြစ်စီတော်မူယာ။
အကြောင်းမူကား လူသည် မိမိကိုယ်ပိုင် ဉာဏ်ပညာဖြင့် ဘုရားသခင်အား မသိနိုင်စီခြင်းငှာ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာတော်ဖြင့် စီရင်တော်မူ၏။ "အချည်းနှီးသော" တရားဖြစ်သည်ဟု လူရို့ထင်မှတ်ထားသော ငါရို့ဟောပြောသော သတင်းကောင်းတရားအားဖြင့် ဘုရားသခင်သည် မိမိအား ယုံကြည်သူရို့ကို ကယ်တင်တော်မူခြင်းငှာ စိတ်ပိုင်းဖြတ်တော်မူလေ၏။
ဘုရားသခင်သည် ပညာဟိရို့ကို အရှက်ရစီခြင်းငှာ လောက၌ မိုက်မဲသောသူရို့ကို ရွီးကောက်တော်မူ၏။ လောက၌ ခွန်အားကြီးသောသူရို့ကို အရှက်ရစီခြင်းငှာ ခွန်အားနည်းသောသူရို့ကို ရွီးကောက်တော်မူ၏။
လောက၌ မြတ်သောသူရို့ကို အရှက်ရစီခြင်းငှာ ယုတ်သောသူ၊ အထင်သေးခံရသောသူနှင့် လူရာမဝင်သောသူရို့ကို ရွီးကောက်တော်မူ၏။ သို့ဖြစ်၍ ဘုရားသခင်၏ ရှိ့တော်၌ ဇာသူမျှ ဝါကြွားစရာမဟိ။
ဇာသူမျှ မိမိကိုယ်ကို မလှည့်စားကတ်ကေ့။ သင်ရို့အထဲမှ တစ်စုံတစ်ယောက်သောသူသည် ဤလောကတွင် မိမိကိုယ်ကို ပညာဟိသည်ဟု ထင်မှတ်လျှင်၊ ထိုသူသည် စစ်မှန်သောပညာဟိ ဖြစ်လာခြင်းငှာ မိုက်မဲသောသူဖြစ်ပါစီ။
အကြောင်းမူကား ငါရို့သည် လောကထဲသို့ မည်သည့်အရာကိုမျှ ယူဆောင်၍ မလာကတ်၊ ထိုနည်းတူ လောကထဲမှ မည်သည့်အရာကိုမျှလည်း ယူဆောင်၍ မလားနိုင်။ သို့ဖြစ်၍ ငါရို့မှာ အဝတ် အစား ဟိလျှင်ပင် ထိုအရာများနှင့် ရောင့်ရဲသင့်ပေ၏။
အကြောင်းမူကား ငါရို့သည် လောကထဲသို့ မည်သည့်အရာကိုမျှ ယူဆောင်၍ မလာကတ်၊ ထိုနည်းတူ လောကထဲမှ မည်သည့်အရာကိုမျှလည်း ယူဆောင်၍ မလားနိုင်။ သို့ဖြစ်၍ ငါရို့မှာ အဝတ် အစား ဟိလျှင်ပင် ထိုအရာများနှင့် ရောင့်ရဲသင့်ပေ၏။
Pertencemos a Deus
Do Senhor é a terra e tudo o que nela existe. Vivemos neste mundo como peregrinos, desejando a pátria celestial.
ထိုအလင်းတော်သည် လောကသို့ ကြွလာပြီးလျှင် လူသားအပေါင်းရို့တွင် ထွန်းလင်းပြီး — စစ်မှန်သောအလင်း ဖြစ်တော်မူ၏။
ထိုနှုတ်ကပတ်တော်သည် လောက၌ ဟိတော်မူ၏။ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် လောကကို ဖန်ဆင်းတော်မူသော်လည်း လောကသည် ထိုသူကို မသိ။
ထိုနှုတ်ကပတ်တော်သည် လောက၌ ဟိတော်မူ၏။ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် လောကကို ဖန်ဆင်းတော်မူသော်လည်း လောကသည် ထိုသူကို မသိ။
လောကအလင်း ဖြစ်တော်မူသော ယေသျှု
တဖန် ယေသျှုက ဖာရိယှဲရို့အား "ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရကြပြီးလျှင် မှောင်မိုက်ထဲ၌ လုံးဝ လျှောက်လားရလိမ့်မည် မဟုတ်" ဟု မိန့်တော်မူ၏။
ငါ့သိုးရို့သည် ငါ့စကားကို နားထောင်တတ်ကြ၏။ ငါသည် သူရို့ကို သိသည်ဖြစ်၍ သူရို့လည်း ငါ့နောက်သို့ လိုက်ကြ၏။ ငါသည် သူရို့အား ထာဝရအသက်ကို ပီးသည်ဖြစ်၍ သူရို့သည် သီခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ဇာသူတစ်ယောက်မှ သူရို့တိကို ငါ့လက်ကနိန် လုမယူနိုင်။
ငါအမှန် ဆိုသည်ကား ငါ ထွက်ခွါလားခြင်းသည် သင်ရို့အတွက် သာ၍ ကောင်းပေ၏။ ငါ မလားလျှင် သင်ရို့ကို ကူညီမစမည့်အသျှင်သည် ရောက်လာလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ငါ လားမှသာလျှင် ကူညီမစမည့်အသျှင်ကို သင်ရို့ပါးသို့ ငါ စီရွှတ်လိမ့်မည်။ ထိုအသျှင် ရောက်လာသောအခါ အပြစ်တရားကို ပြုလျက် ဟိနိန်ကြကြောင်းကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းအကြောင်းကိုလည်းကောင်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းအကြောင်းကိုလည်းကောင်း ထိုလောကီသားတိကို ဖော်ပြလိမ့်မည်။ သူရို့သည် ငါ့ကို မယုံကြည်ကြသောကြောင့် အပြစ်နှင့်ပတ်သက်၍ မှားယွင်းလျက်ဟိကြ၏။ ငါသည် ခမည်းတော်ထံသို့ လားမည်ဖြစ်၍ သင်ရို့သည် ငါ့ကို မမြင်ရသောကြောင့် ဖြောင့်မတ်ခြင်းတရားကို ဖော်ပြမည်။ ဤလောကကို အုပ်စိုးသောသူသည် တရားစီရင်ခြင်းကို ခံရသောကြောင့် သူရို့သည် တရားစီရင်ခြင်းအကြောင်းနှင့် ပတ်သက်၍ မှားယွင်းလျက်ဟိကြ၏။
ဤနည်းအားဖြင့် ကတိထားတော်မူသော အလွန်ကြီးမြတ်၍ အဖိုးထိုက်သည့် ဆုကျေးဇူးများကို ကိုယ်တော်သည် ငါရို့အား ပီးတော်မူ၏။ ထို ဆုကျေးဇူးအားဖြင့် သင်ရို့သည် ဤလောက၌ဟိသော ပျက်စီးတတ်သည့် ကိလေသာတပ်မက်ခြင်းမှ လွတ်မြောက်၍ ဘုရားပကတိအဖြစ်တော်ကို မျှဝီခံစားကြရ၏။
ပထမဦးစွာ သိထားရမည့်အချက်မှာ နောက်ဆုံးသောကာလ၌ မိမိရို့၏ ကိလေသာစိတ်အလိုသို့ လိုက်၍ အသက်ရှင်သောသူတိ ပေါ်ပေါက်လာမည့် အကြောင်းပင်ဖြစ်၏။ ထိုသူရို့သည် သင်ရို့အား ပြက်ရယ်ပြုလျက်၊ "ကိုယ်တော်၏ ကြွလာတော်မူခြင်းနှင့်ဆိုင်သော ကတိတော်သည် ဇာမှာဟိသနည်း။ ငါရို့ အဖိုးအဖီးရို့သည် သီလွန်သည့် အချိန်မှစ၍ ခပ်သိမ်းသောအမှုအရာများသည် ကမ္ဘာလောကကို ဖန်ဆင်းတော်မူချိန်က ဟိခသည့်အတိုင်းပင် မဟုတ်လော" ဟု ဆိုကြလိမ့်မည်။ ဘုရားသခင်သည် ရှီးကာလ၌ မိုးကောင်းကင်နှင့် မြီကြီးကို အမိန့်တော်အားဖြင့် ဖန်ဆင်းတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် မြီကြီးကို ရီထဲမှ ပေါ်ထွန်းစီတော်မူပြီး ရီအားဖြင့် ပတ်လည်ဝိုင်းထားတော်မူကြောင်းကိုလည်းကောင်း၊ ထိုကမ္ဘာမြီကြီးကို ရီအားဖြင့်ပင် လွှမ်းမိုး ဖျက်ဆီးတော်မူခကြောင်းကိုလည်းကောင်း သူရို့သည် တမင်တကာ မိ့ထားကြ၏။ သို့သော်လည်း ဘုရားသခင်သည် အဂုဟိသော မိုးကောင်းကင်နှင့် မြီကြီးကို မီးအားဖြင့် ဖျက်ဆီးသည့် နိ့တိုင်အောင် ဘုရားသခင်၏ အမိန့်တော်အားဖြင့် ဆက်လက် တည်စီတော်မူပေ၏။ ဘုရားတရားမဲ့သော သူရို့အား တရားစီရင်၍ ဖျက်ဆီးခြင်းကို ခံရမည့်နိ့တိုင်အောင် ထိုအရာများကို ထိန်းသိမ်းလျက်ဟိ၏။
အကြောင်းမူကား ဘုရားသခင် အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းကို ရစီသည့် နောင်တစိတ်ကို ဖြစ်ပေါ်စီတတ်၏။ ထို့ကြောင့် ဝမ်းနည်းမိသည့်အတွက် စိတ်မကောင်းမဖြစ်သင့်။ သို့ရာတွင် လောကီ ဝမ်းနည်းခြင်းသည်ကား သီဆုံးခြင်းကို ဖြစ်စီတတ်၏။
ထို့ကြောင့် ညီအစ်ကိုမောင်နှမရို့၊ လောကီသားရို့သည် သင်ရို့ကို မုန်းကြလျှင် မအံ့သြ ကတ်ကေ့။
ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသည်ကိုလည်းကောင်း၊ လောကတစ်ခုလုံးသည် မာရ်နတ်၏ အုပ်ချုပ်မှုအောက်၌ ဟိကြသည်ကိုလည်းကောင်း ငါရို့ သိကြ၏။
ကောင်းကင်နှင့် မြီကြီး မတည်သော်လည်း ငါ့စကားသည် တည်လိမ့်မည်။
ယေသျှုခရစ်တော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ကာလအစဉ် ဟိတော်မူသောအသျှင် ဖြစ်တော်မူ၏။
ထိုစကားကို ယေသျှုကြားတော်မူလျှင် ယာကုရုအား၊ "မစိုးရိမ်ကေ့၊ ယုံကြည်ခြင်း တစ်ခုရာ ဟိလော၊ သူငယ်မချေ ကျန်းမာလိမ့်မည်" ဟု မိန့်တော်မူ၏။
ထို့အပြင် လူတစ်ယောက်သည် ပြစ်မှားခြင်းဖြင့် ထိုတစ်ယောက်သောသူကြောင့် သီခြင်းတရားသည် စတင်၍ အစိုးရလျှင် ဘုရားသခင်၏ကြွယ်ဝသော ကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်း လက်ဆောင်ကို ခံစားရသောသူရို့သည် ယေသျှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူအားဖြင့် အသက်ရှင်ခြင်းတရားသည် သာ၍ အစိုးရပေလိမ့်မည်။