Pular para o conteúdo
Publicidade

Não temas

Por Bíblia Online

Quando o medo aperta o peito, é natural buscar um lugar de refúgio. A Escritura mostra que o Criador conhece bem a fragilidade humana e, por isso, repete incansavelmente um chamado para acalmar o coração aflito.

As palavras registradas nas páginas sagradas lembram que nenhuma situação foge do controle divino. Encontre descanso para a sua alma e firmeza para os próximos passos nas verdades deixadas por Deus para os momentos de incerteza.

'Não temas' é uma das frases mais repetidas na Bíblia. Deus a pronuncia nos momentos de maior temor, lembrando que sua presença e poder são maiores que qualquer ameaça.

Deus está contigo

Não temas, porque eu sou contigo. Deus repete essa promessa em cada crise, guerra e desafio que seus filhos enfrentam.

မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။

အ​ကြောင်း​မူ​ကား၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ မ​စိုး​ရိမ်​နှင့်။ ငါ​မ​စ​မည်​ဟု သင့်​အား​ဆို​လျက်၊ သင်၏​လက်​ယာ​လက်​ကို ကိုင်​မည်။ အို တီ​ကောင်​ယာ​ကုပ်၊ အ​မျိုး​ငယ်​ဣ​သ​ရေ​လ၊ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ကို မ​စ​သော​သူ​ဖြစ်၏။ သင့်​ကို ရွေး​နုတ်​သော​သူ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ဖြစ်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဇိ​အုန်​တောင်​သို့ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ဆောင်​ခဲ့​သော​သူ၊ မြင့်​သော​တောင်​ပေါ်​သို့ တက်​လော့။ ယေ​ရု​ရှ​လင်​မြို့​သို့ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို​ဆောင်​ခဲ့​သော​သူ၊ ကျယ်​သော​အ​သံ​ကို လွှင့်​လော့။ မ​စိုး​ရိမ်​ဘဲ အ​သံ​ကို​လွှင့်​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ကြည့်​ရှု​ကြ​ဟု ယု​ဒ​မြို့​ရွာ​တို့​အား​ပြော​လော့။

သင့်​ကို ငါ​မှာ​ထား​သည်​မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သွား​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ မ​စိုး​ရိမ်​ကြ​နှင့်။ သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဘု​ရား​သ​ခင်​ဖြစ်၍ သင်​တို့​နှင့်​အ​တူ ကိုယ်​တိုင်​ကြွ​တော်​မူ မည်။ သင်​တို့​ကို စွန့်​တော်​မ​မူ၊ ပစ်​ထား​တော်​မ​မူ​ဟု ဟော​ပြော၏။

အာ​ဗြံ​နှင့်​ပြု​သော​ပ​ဋိ​ညာဉ်

ထို​နောက်​မှ ဗျာ​ဒိတ်​တော်​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် အာ​ဗြံ​သို့​ရောက်၍၊ အ​ချင်း​အာ​ဗြံ၊ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင်၏​အ​ကွယ်​အ​ကာ​ဖြစ်၏။ သင်၏​အ​ကျိုး​သည်​အ​လွန်​ကြီး​လှ၏​ဟု မိန့်​တော်​မူ​လျှင်၊

Coragem diante do perigo

Não tenhas medo — o Senhor teu Deus está no meio de ti, poderoso para salvar. Ele luta por nós e dá forças aos medrosos.

မ​စိုး​ရိမ်​ပါ​နှင့်​ဟု၊ ယေ​ရု​ရှ​လင်​မြို့​အား​လည်း​ကောင်း၊ လက်​အား မ​လျှော့​စေ​နှင့်​ဟု၊ ဇိ​အုန်​တောင်​အား​လည်း​ကောင်း ထို​အ​ခါ ဆို​ရ၏။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​လယ်၌​ရှိ၍၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သည် သင့်​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ သင်၌ အား​ရ၍ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။ ချစ်​ခြင်း​မေ​တ္တာ၌ ကျိန်း​ဝပ်၍၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ သင်၌ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။

ဧ​လိ​ရှဲ​က မ​စိုး​ရိမ်​နှင့်။ ငါ​တို့​ဘက်၌​နေ​သော​သူ​တို့​သည် ရန်​သူ​တို့​ဘက်၌ နေ​သော​သူ​တို့​ထက် သာ၍​များ​ကြ​သည်​ဟု​ဆို​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​သည် မြင်​နိုင်​မည်​အ​ကြောင်း သူ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ​ဟု ဆု​တောင်း​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​လု​လင်၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ ဧ​လိ​ရှဲ​ပတ်​လည်၌ တစ်​တောင်​လုံး​သည်​မီး​မြင်း၊ မီး​ရ​ထား​နှင့်​ပြည့်​သည်​ကို မြင်​လေ၏။

အို ပြည်​တော်၊ မ​စိုး​ရိမ်​နှင့်။ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​သော​အ​မှု​တို့​ကို ပြု​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ကျွန်ုပ်​သည်​သူ​ငယ်​ဖြစ်​ပါ၏​ဟု မ​ပြော​နှင့်။ အ​ကြင်​သူ​ရှိ​ရာ​သို့ သင့်​ကို​ငါ​စေ​လွှတ်၏။ ထို​သူ​ရှိ​ရာ​သို့ သင်​သွား​ရ​မည်။ အ​ကြင်​စ​ကား​ကို ငါ​မှာ​ထား၏။ ထို​စ​ကား​ကို သင်​ဆင့်​ဆို​ရ​မည်။ သူ​တို့​ကို မ​ကြောက်​နှင့်။ သင့်​ကို​ကယ်​နုတ်​ခြင်း​ငှာ သင်​နှင့်​အ​တူ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​ပြီး​မှ၊

ည​အ​ခါ သ​ခင်​ဘု​ရား​သည် ပေါ​လု​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ပြ၍၊ သင်​သည်​မ​ကြောက်​နှင့်။ တိတ်​ဆိတ်​စွာ မ​နေ​နှင့်။ ဟော​ပြော​လော့။- ငါ​သည် သင်​နှင့်​အ​တူ​ရှိ၏။ သင့်​ကို​ညှဉ်း​ဆဲ​ခြင်း​ငှာ အ​ဘယ်​သူ​မျှ အ​နိုင်​အ​ထက်​မ​ပြု​ရ။ ဤ​မြို့၌ ငါ၏​လူ​အ​များ​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။-

အ​ချင်း​လူ​သား၊ သင်​သည် ဆူး​ပင်​အ​မျိုး​မျိုး​နှင့် တွေ့၍၊ ကင်း​မြီး​ကောက်​တို့​တွင် နေ​ရ​သော်​လည်း သူ​တို့​ကို မ​ကြောက်​နှင့်။ သူ​တို့​စ​ကား​ကို​လည်း မ​ကြောက်​နှင့်။ သူ​တို့​သည် ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်၍၊ သူ​တို့​စ​ကား​ကို မ​ကြောက်​နှင့်။ သူ​တို့ မျက်​နှာ​ရည်​ကြောင့် စိတ်​မ​ပျက်​နှင့်။ သူ​တို့​သည် အ​လွန်​ပုန်​ကန်​တတ်​သော​သ​ဘော​ရှိ​သည်​ဖြစ်၍၊ နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင်​သည် ဖြစ်​စေ၊ ငါ့​စ​ကား​ကို သူ​တို့​အား ဟော​ပြော​ရ​မည်။

Fé que vence o medo

O medo não vem de Deus. Jesus disse: não temas, crê somente! A fé dissipa o medo e nos conecta ao poder de Deus.

ထို​စ​ကား​ကို ယေ​ရှု​သည်​ကြား​လျှင်၊ မ​ကြောက်​ကြ​နှင့်။ ယုံ​ကြည်​ခြင်း​စိတ်​တစ်​ခု​သာ ရှိ​စေ​လော့​ဟု တ​ရား​ဇ​ရပ်​မှူး​အား ချက်​ချင်း​မိန့်​တော်​မူ၏။-

သင်​သည် ခံ​ရ​မည့်​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကြောက်​နှင့်။ သင်​တို့​သည် စုံ​စမ်း​ခြင်း​ကို​ခံ​ရ​မည်​အ​ကြောင်း၊ မာရ်​နတ်​သည် သင်​တို့​တွင် အ​ချို့​ကို ထောင်​ထဲ၌ လှောင်​ထား၍၊ သင်​တို့​သည် ဆယ်​ရက်​ပတ်​လုံး ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သေ​သည်​တိုင်​အောင် သ​စ္စာ​စောင့်​လော့။ သို့​ဖြစ်​လျှင်၊ အ​သက်​သ​ရ​ဖူ​ကို ငါ​ပေး​မည်။-

တစ်​နည်း​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သာ သတ်၍ စိတ်​ဝိ​ညာဉ်​ကို မ​သတ်​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို င​ရဲ၌ ဖျက်​ဆီး​နိုင်​သော​သူ​ကို သာ၍ ကြောက်​ကြ​လော့။-

ထို​သို့ ကြံ​စည်၍ နေ​စဉ်​တွင် အိပ်​မက်​ကို​မြင်​ရ​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ ဒါ​ဝိဒ်​အ​မျိုး​ယော​သပ်၊ သင်၏​ခင်​ပွန်း​မာ​ရိ​ကို ထိန်း​သိမ်း​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ဤ​ပ​ဋိ​သ​န္ဓေ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့်​ဖြစ်၏။-

ကောင်း​ကင်​တ​မန်​က​လည်း၊ မာ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ မျက်​နှာ​ရ​ပြီ။-

ရှိ​မုန်​ပေ​တ​ရု​သည် မြင်​လျှင်၊ ယေ​ရှု၏ ပု​ဆစ်​တော်​ကို ဦး​တိုက်၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ပြစ်​များ​သော​သူ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​ဆီ​မှ ကြွ​သွား​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.