Pular para o conteúdo
Publicidade

Nascer de novo

Por Bíblia Online

A transformação espiritual que muda o rumo da nossa história não acontece pelo esforço humano, mas pela ação de Deus. Quando Jesus conversou com Nicodemos na noite escura, Ele deixou claro que a vida eterna exige uma mudança profunda, um recomeço que nasce do alto e alcança o mais íntimo do ser.

Esse processo de conversão significa deixar para trás a velha maneira de viver para caminhar em novidade de vida. A Palavra de Deus mostra que todo aquele que se entrega a Cristo recebe uma nova identidade, deixando de lado o passado para pertencer de fato à família do Pai.

Nascer de novo é a porta de entrada para a vida em Deus. Jesus ensinou que sem o novo nascimento espiritual, ninguém pode ver nem entrar no Reino de Deus.

A necessidade do novo nascimento

Jesus declarou a Nicodemos: 'Aquele que não nascer de novo não pode ver o Reino de Deus.' O novo nascimento é pelo Espírito.

ယေ​ရှု​က၊ ဒု​တိ​ယ​မွေး​ခြင်း​ကို မ​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မ​မြင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို​သည်​ဟု ပြန်၍​မိန့်​တော်​မူ၏။-

ယေ​ရှု​က၊ ဒု​တိ​ယ​မွေး​ခြင်း​ကို မ​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မ​မြင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို​သည်​ဟု ပြန်၍​မိန့်​တော်​မူ၏။- နိ​ကော​ဒင်​က​လည်း၊ အ​သက်​ကြီး​သော​သူ​သည် မွေး​ခြင်း​ကို​အ​ဘယ်​သို့​ခံ​နိုင်​ပါ​မည်​နည်း။ အ​မိ​ဝမ်း​ထဲ​သို့ တစ်​ဖန်​ဝင်၍ မွေး​ခြင်း​ကို ခံ​နိုင်​ပါ​မည်​လော​ဟု လျှောက်၏။- ယေ​ရှု​က​လည်း၊ ရေ​နှင့် ဝိ​ညာဉ်​တော် မ​မွေး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို၏။- ဇာ​တိ​ပ​က​တိ​မွေး​သော​အ​ရာ​သည် ဇာ​တိ​ပ​က​တိ​ဖြစ်၏။ ဝိ​ညာဉ်​တော်​မွေး​သော​အ​ရာ​သည် ဝိ​ညာဉ်​ဖြစ်၏။- ဒု​တိ​ယ​မွေး​ခြင်း​ကို ခံ​ရ​မည်​ဟု ငါ​ဟော​ပြော​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။- လေ​သည် အ​လို​ရှိ​တိုင်း​သွား​လာ၏။ လေ၏​အ​သံ​ကို သင်​သည်​ကြား​ရ​သော်​လည်း အ​ဘယ်​အ​ရပ်​က​ဖြစ်​သည်၊ အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို မ​သိ​နိုင်။ ထို​နည်း​တူ ဝိ​ညာဉ်​တော်​မွေး​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

ယေ​ရှု​က​လည်း၊ ရေ​နှင့် ဝိ​ညာဉ်​တော် မ​မွေး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို၏။- ဇာ​တိ​ပ​က​တိ​မွေး​သော​အ​ရာ​သည် ဇာ​တိ​ပ​က​တိ​ဖြစ်၏။ ဝိ​ညာဉ်​တော်​မွေး​သော​အ​ရာ​သည် ဝိ​ညာဉ်​ဖြစ်၏။- ဒု​တိ​ယ​မွေး​ခြင်း​ကို ခံ​ရ​မည်​ဟု ငါ​ဟော​ပြော​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။-

ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို သူ​ငယ်​ကဲ့​သို့​မ​ခံ​မ​ယူ၊ ထို​သူ​သည် နိုင်​ငံ​တော်​သို့​မ​ဝင်​ရ​ဟု မိန့်​တော်​မူ​ပြီး​မှ၊-

အ​ဘယ်​သူ​သာ၍​ကြီး​မြတ်​သ​နည်း

ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကောင်း​ကင်​နိုင်​ငံ​တော်၌ အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ် ပါ​အံ့​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-သူ​ငယ်​တစ်​ယောက်​ကို ခေါ်​တော်​မူ၍၊ တ​ပည့်​တော်​တို့​အ​လယ်၌ ထား​ပြီး​မှ၊- ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ သူ​ငယ်​ကဲ့​သို့​မ​ဖြစ်​လျှင် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မ​ရောက်​ရ​ကြ။-ထို​ကြောင့် အ​ကြင်​သူ​သည် ဤ​သူ​ငယ်​ကဲ့​သို့ မိ​မိ​ကိုယ်​မိ​မိ နှိမ့်​ချ​အံ့၊ ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ သာ၍ ကြီး​မြတ်​လိမ့်​မည်။-

Nova criação em Cristo

Quem está em Cristo é nova criação. Morremos e ressuscitamos com Ele para viver em novidade de vida, livres do velho homem.

လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။-

ထို​ကြောင့်၊ အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို ခံ​သော​အား​ဖြင့်၊ ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ခ​မည်း​တော်၏ ဘုန်း​တန်​ခိုး​အား​ဖြင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နည်း​တူ၊ ငါ​တို့​သည်​လည်း အ​သစ်​သော​အ​သက်၌ ကျင်​လည်​ရ​ကြ​သ​တည်း။-တစ်​နည်း​ကား၊ အ​သေ​ခံ​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍၊ ထို​သ​ခင်​နှင့်​အ​တူ ငါ​တို့​သည် စိုက်​ပျိုး​လျက်​ရှိ​သည်​မှန်​လျှင်၊ ထ​မြောက်​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍ စိုက်​ပျိုး​လျက်​ရှိ​ကြ​လိမ့်​မည်။- ထို​မှ​တစ်​ပါး၊ ငါ​တို့၏​လူ​ဟောင်း​သည် ထို​သ​ခင်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​သတ်​ခြင်း​ကို​ခံ​ပြီ​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် နောက်​မှ အ​ပြစ်​တ​ရား၏​အ​စေ​ကို မ​ခံ​စေ​ခြင်း​ငှာ၊ အ​ပြစ်​တ​ရား၏​ကိုယ်​ကို ဖျက်​ဆီး​မည်​အ​ကြောင်း​တည်း။- သေ​သော​သူ​သည် အ​ပြစ်​တ​ရား၏​လက်​မှ လွတ်​လျက်​ရှိ၏။-

ထို​ကြောင့်၊ အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို ခံ​သော​အား​ဖြင့်၊ ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ခ​မည်း​တော်၏ ဘုန်း​တန်​ခိုး​အား​ဖြင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နည်း​တူ၊ ငါ​တို့​သည်​လည်း အ​သစ်​သော​အ​သက်၌ ကျင်​လည်​ရ​ကြ​သ​တည်း။-

ထို​နည်း​တူ သင်​တို့​သည် အ​ပြစ်​တ​ရား​နှင့် ဆိုင်​သော​အ​ရာ၌​ကား၊ အ​သေ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော အ​ရာ၌​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သက်​ရှင်​သည်​ဟူ၍​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ် ထင်​မှတ်​ကြ​လော့။

ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ။ သို့​သော်​လည်း အ​သက်​ရှင်​သေး၏။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​တိုင်​မ​ရှင်၊ ခ​ရစ်​တော်​သည် ငါ၌ ရှင်​တော်​မူ၏။ ကိုယ်​ခ​န္ဓာ၌ ယ​ခု​ငါ​ရှင်​သော အ​သက်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် တည်၏။ သား​တော်​သည် ငါ့​ကို​ချစ်၍ ငါ့​အ​ဖို့ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ၏။-

အ​ထက်​က ကျင်​လည်​ကြ​သည်​အ​ရာ​မှာ လှည့်​ဖြား​တတ်​သော လော​ဘ​စိတ်​တို့​ဖြင့် ပုပ်​ပျက်​သော​လူ​ဟောင်း​ကို ချွတ်​ပယ်၍၊ စိတ်​နှ​လုံး​သ​ဘော​သစ်​ကို ရ​ပြီး​လျှင်၊ မှန်​သော​ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​အ​တူ​အ​မျှ ဖန်​ဆင်း​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏​စ​ကား​ကို ကြား​နာ​ရ​သည်​ဖြစ်၍၊ ယေ​ရှု၌ သ​မ္မာ​တ​ရား​ရှိ​သည်​နှင့်​အ​ညီ၊ ထို​သ​ခင်​ထံ၌ နည်း​ခံ​ကြ​ပြီ​သ​တည်း။

အ​ချင်း​ချင်း မု​သား​စ​ကား​ကို မ​ပြော​မ​သုံး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် လူ​ဟောင်း၏ အ​ကျင့်​တို့​နှင့် လူ​ဟောင်း၏​ကိုယ်​ကို ချွတ်​ပယ်၍၊- ဖန်​ဆင်း​တော်​မူ​သော​သူ၏ ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ၊ မှန်​သော​ပ​ညာ​အား​ဖြင့် အ​သစ်​ပြု​ပြင်​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​သော​သူ ဖြစ်​ကြ၏။- ထို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​ရာ၌ ဟေ​လ​သ​လူ​မ​ရှိ၊ ယု​ဒ​လူ​မ​ရှိ၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ခြင်း​မ​ရှိ၊ မ​ခံ​ခြင်း​မ​ရှိ၊ လူ​ရိုင်း​မ​ရှိ၊ သ​ကု​သိ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ၊ လူ​လွတ်​မ​ရှိ၊ ခ​ရစ်​တော်​သည် အ​လုံး​စုံ​တို့၌ အ​လုံး​စုံ​ဖြစ်​တော်​မူ၏။

Filhos de Deus

Nascemos de novo pela Palavra viva de Deus. Quem crê em Jesus recebe o direito de se tornar filho de Deus, nascido do Espírito.

ထို​သူ​ကို​လက်​ခံ​သ​မျှ​သော သူ​တည်း​ဟူ​သော ကိုယ်​တော်​ကို ယုံ​ကြည်​သော​သူ​တို့​အား၊ ဘု​ရား​သ​ခင်၏ သား​ဖြစ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။- ထို​သား​တို့​မူ​ကား၊ လူ​မျိုး​နှင့်​စပ်​ဆိုင်၍ ဖွား​သော​သား​မ​ဟုတ်။ မေ​ထုန်​သံ​ဝါ​သ​အား​ဖြင့် ဖွား​သော​သား​မ​ဟုတ်။ လူ​အ​လို​အ​လျောက် ဖွား​သော​သား​မ​ဟုတ်။ ဘု​ရား​သ​ခင်​ဖွား​တော်​မူ​သော​သား ဖြစ်​သ​တည်း။

ရှင်​သန်​သော​မျှော်​လ​င့်​ခြင်း

အ​သက်​ရှင်​ခြင်း​နှင့်​စပ်​ဆိုင်​သော မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊ ဖောက်​ပြန်​ခြင်း၊ ညစ်​စွန်း​ခြင်း၊ ညှိုး​နွမ်း​ခြင်း​နှင့်​ကင်း​စင်​သော အ​မွေ​တော်​ကို ငါ​တို့​သည် ခံ​ရ​စေ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့်၊ ကြီး​စွာ​သော က​ရု​ဏာ​တော်​နှင့်​အ​ညီ ငါ​တို့​ကို တစ်​ဖန် ဖြစ်​ဖွား​စေ​တော်​မူ​သော၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။- ထို​အ​မွေ​တော်​သည်​ကား၊ နောက်​ဆုံး​သော​ကာ​လ၌ ထင်​ရှား​စေ​ခြင်း​ငှာ ပြင်​ဆင်​သော ကယ်​တင်​ခြင်း​သို့ ရောက်​စေ​မည်​အ​ကြောင်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​သည် စောင့်​ရှောက်​တော်​မူ​သော သင်​တို့​အ​ဖို့ ကောင်း​ကင်​ဘုံ၌ သို​ထား​လျက်​ရှိ​သော အ​မွေ​တည်း။-

မ​ဖောက်​ပြန်​မ​ပျက်​စီး​တတ်​သော မျိုး​စေ့​တည်း​ဟူ​သော အ​သက်​ရှင်၍ အ​စဉ်​အ​မြဲ​တည်​တော်​မူ​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​အား​ဖြင့် ဖြစ်​ဖွား​သော​ကြောင့်၊ ညီ​အစ်​ကို​များ​ကို ချစ်​ယောင်​မ​ဆောင်၊ အ​မှန်​ချစ်​ခြင်း​အ​လို​ငှာ စိတ်​ထဲ​မှာ​သ​မ္မာ​တ​ရား​ကို နား​ထောင်​လျက်၊ ကိုယ်​စိတ်​နှ​လုံး​ကို စင်​ကြယ်​စေ​ပြီး​သည်​နှင့် အ​ညီ၊ စင်​ကြယ်​သော​စိတ်​နှင့် အ​ချင်း​ချင်း အား​ကြီး​သော​ချစ်​ခြင်း​မေ​တ္တာ ရှိ​ကြ​လော့။-

ထို​ကြောင့်၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို မြည်း​စမ်း​ကြ​သည်​ဖြစ်၍၊ အ​မျိုး​မျိုး​သော မ​နာ​လို​ခြင်း၊ လှည့်​ဖြား​ခြင်း၊ လျှို့​ဝှက်​ခြင်း၊ ငြူ​စူ​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ရှိ​သ​မျှ​ကို ပယ်​ရှား၍၊ ကယ်​တင်​ခြင်း​အ​လို​ငှာ နှုတ်​က​ပတ်​တ​ရား၏ နို့​စစ်​အား​ဖြင့် ကြီး​ပွား​မည်​အ​ကြောင်း၊ ဖွား​စ​သော​သူ​ငယ်​ကဲ့​သို့၊ ထို​တ​ရား​နို့​ကို အ​လွန် လို​ချင်​သော စိတ်​ရှိ​ကြ​လော့။-

ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ

ဘု​ရား​သ​ခင်၏ သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ငါ​တို့​သည်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ လော​ကီ​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​ကြောင့်၊ ငါ​တို့​ကို​လည်း မ​သိ​ကြ။- ချစ်​သူ​တို့၊ ယ​ခု​တွင် ငါ​တို့​သည် ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ၏။ နောက်​မှ အ​ဘယ်​သို့​သော​သူ​ဖြစ်​မည်​ဟု မ​ထင်​ရှား​သေး။ သို့​သော်​လည်း ကိုယ်​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် ကိုယ်​တော်​နှင့် တူ​ကြ​လ​တ္တံ့​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော် ဖြစ်​တော်​မူ​သည်​အ​တိုင်း​ကို ငါ​တို့​သည် မြင်​ရ​ကြ​လ​တ္တံ့။-

အ​ချိန်​ကာ​လ​စေ့​သော​အ​ခါ၊ ငါ​တို့​သည် သား၏​အ​ခွင့်​အ​ရာ​ကို ခံ​ရ​မည်​အ​ကြောင်း၊- ပ​ညတ်​တ​ရား​လက်၌​ရှိ​သော ငါ​တို့​ကို ရွေး​နုတ်​စေ​ခြင်း​ငှာ၊ မိန်း​မ​ဝမ်း၌ ပ​ဋိ​သ​န္ဓေ​ယူ၍ ပ​ညတ်​တ​ရား​အောက်၌ ဖွား​မြင်​ရ​သော သား​တော်​ကို ဘု​ရား​သ​ခင်​သည် စေ​လွှတ်​တော်​မူ၏။-

ငါ​သည်​လည်း၊ ညီ​ညွတ်​သော​စိတ်​နှ​လုံး​နှင့် အ​သစ်​သော​သ​ဘော​ကို သွင်း​ပေး​မည်။ သူ​တို့​ကိုယ်​ခ​န္ဓာ​ထဲ​က ကျောက်​နှ​လုံး​ကို​နုတ်၍၊ အ​သား​နှ​လုံး​ကို ပေး​သော​ကြောင့်၊သူ​တို့​သည် ငါ​စီ​ရင်​ထုံး​ဖွဲ့​သော ပ​ညတ်​တ​ရား​လမ်း​သို့​လိုက်၍ စောင့်​ရှောက်​သ​ဖြင့်၊ ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။

သို့​သော်​လည်း က​ရု​ဏာ​တော်​နှင့် ကြွယ်​ဝ​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော မ​ဟာ​မေ​တ္တာ​တော်​အား​ဖြင့်၊- ဒု​စ​ရိုက်​အ​ပြစ်၌​သေ​လျက်​ရှိ​နေ​သော ငါ​တို့​ကို ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​စေ​တော်​မူ​ပြီ။ ကျေး​ဇူး​တော်​ကြောင့်​သာ ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.