Pular para o conteúdo
Publicidade

Nascimento

Por Bíblia Online

O nascimento de uma criança carrega a marca direta do Criador. Cada vida que começa traz consigo a promessa de um propósito traçado por Deus antes mesmo da formação no ventre. Olhar para o início de uma existência é reconhecer o cuidado de quem sustenta todas as coisas e governa a história humana com perfeição.

As Escrituras revelam a grandeza da vida desde a concepção e apontam para o acontecimento que transformou o destino do mundo. O nascimento de Jesus cumpriu profecias antigas e manifestou o amor de Deus na terra, lembrando a cada pessoa o valor infinito que a existência tem diante do Senhor.

O nascimento é obra das mãos de Deus. Cada criança é formada por Ele no ventre materno com propósito e amor. A Bíblia celebra a vida desde a concepção até a eternidade.

O nascimento de Jesus

O maior nascimento da história mudou o curso da humanidade. Jesus nasceu de uma virgem pelo poder do Espírito Santo, conforme as profecias.

ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ခြင်း

ယေ​ရှု​ခ​ရစ်​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ မယ်​တော်​မာ​ရိ​သည် ယော​သပ်​နှင့် ထိမ်း​မြား​ဆောင်​နှင်း၍ မ​ယှက်​တင်​မီ​တွင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့် ပ​ဋိ​သ​န္ဓေ​စွဲ​နေ၏။သူ၏​ခင်​ပွန်း​ယော​သပ်​သည် သူ​တော်​ကောင်း​ဖြစ်၍၊ မာ​ရိ​အ​သ​ရေ​ကို မ​ပျက်​စေ​ချင်​သော​ကြောင့် တိတ်​ဆိတ်​စွာ​စွန့်​ပယ်​မည်​ဟု အ​ကြံ​ရှိ၏။- ထို​သို့ ကြံ​စည်၍ နေ​စဉ်​တွင် အိပ်​မက်​ကို​မြင်​ရ​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ ဒါ​ဝိဒ်​အ​မျိုး​ယော​သပ်၊ သင်၏​ခင်​ပွန်း​မာ​ရိ​ကို ထိန်း​သိမ်း​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ဤ​ပ​ဋိ​သ​န္ဓေ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့်​ဖြစ်၏။- သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​သည် မိ​မိ​လူ​တို့​ကို​အ​ပြစ်​မှ ကယ်​ချွတ်​မည်​သူ ဖြစ်​သော​ကြောင့်၊ ယေ​ရှု​ဟူ​သော​အ​မည်​ဖြင့် မှည့်​ရ​မည်​ဟု ကောင်း​ကင်​တ​မန်​ဆို၏။-

ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​ဖြင့် ထား​တော်​မူ​သော ဗျာ​ဒိတ်​တော် ပြည့်​စုံ​မည် အ​ကြောင်း​အ​တည်း။- ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​ကြ​လ​တ္တံ့​ဟု လာ​သ​တည်း။ ဧ​မာ​နွေ​လ​အ​နက်​ကား ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ဟု ဆို​လို​သ​တည်း။-ယော​သပ်​သည် အိပ်​ပျော်​ရာ​မှ​နိုး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန် မှာ​ထား​သည်​အ​တိုင်း​ပြု၍ မိ​မိ​ခင်​ပွန်း​ကို ထိန်း​သိမ်း​လေ၏။- သို့​သော်​လည်း၊ သား​ဦး ကို မ​ဖွား​မီ​တိုင်​အောင် သံ​ဝါ​သ​မ​ပြု​ဘဲ​နေ၏။ ထို​သား​ကို​လည်း ယေ​ရှု​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် နိ​မိတ်​လ​က္ခ​ဏာ​ကို သင်​တို့​အား​ပေး​တော်​မူ​မည်။ ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​လ​တ္တံ့။

ယေ​ရှု​ဖွား​မြင်​မည့်​အ​ကြောင်း

ငါး​လ​လွန်​သော​အ​ခါ၊ ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့၌ ဒါ​ဝိဒ်​အ​မျိုး​သား၊ ယော​သပ်​အ​မည်​ရှိ​သော​လူ​နှင့် ထိမ်း​မြား​ဆောင်​နှင်း၍၊- မ​ယှက်​တင်​သေး​သော သ​တို့​သ​မီး​က​ညာ​ဆီ​သို့ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ဂါ​ဗြေ​လ​ကို စေ​လွှတ်​တော်​မူ၏။ သ​တို့​သ​မီး​က​ညာ​ကား၊ မာ​ရိ​အ​မည်​ရှိ၏။-

ကောင်း​ကင်​တ​မန်​က​လည်း၊ မာ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ မျက်​နှာ​ရ​ပြီ။- သင်​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ယေ​ရှု​အ​မည်​ဖြင့် မှည့်​ရ​မည်။-ထို​သား​သည်​ကား၊ ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်။ အ​မြင့်​ဆုံး​သော ဘု​ရား၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ့​အ​ဘ​ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ကို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သူ့​အား​ပေး​တော်​မူ​မည်။-ထို​သူ​သည်​လည်း ယာ​ကုပ်​အ​မျိုး​အ​နွယ်​ကို အ​စဉ်​မ​ပြတ် အုပ်​စိုး​လိမ့်​မည်။ သူ၏​နိုင်​ငံ​သည်​လည်း ဆုံး​ခြင်း​မ​ရှိ​ရ​ဟု ပြော​ဆို၏။

မာ​ရိ​က​လည်း၊ ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​နည်း။ အ​ကျွန်ုပ်​သည် ယောက်ျား​နှင့် မ​ဆက်​ဆံ​ပါ​ဟု ကောင်း​ကင်​တ​မန်​အား ပြန်​ပြော၏။- ကောင်း​ကင်​တ​မန်​က​လည်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်၏​အ​ပေါ်​မှာ သက်​ရောက်​တော်​မူ၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ တန်​ခိုး​အာ​နု​ဘော်​တော်​သည် သင့်​ကို​လွှမ်း​မိုး​လိမ့်​မည်။ ထို​အ​ကြောင်း​ကြောင့် ထို​သန့်​ရှင်း​သော​သား​သည်​လည်း ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

Formados desde o ventre

Deus nos teceu no ventre de nossa mãe. Antes de nascermos, Ele já nos conhecia e nos separou para um propósito sagrado.

ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကျောက်​ကပ်​ကို​ပင် ဖန်​ဆင်း၍၊ အ​မိ​ဝမ်း​ထဲ​မှာ အ​ကျွန်ုပ်​ကို ဖုံး​အုပ်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။ မ​ထင်​ရှား​သော အ​ရပ်၌ အ​ကျွန်ုပ်​ကို​ဖန်​ဆင်း၍၊ မြေ​ကြီး​အောက်​အ​ရပ်၌ စေ့​စပ်​စွာ ပြု​ပြင်​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်၏​ကိုယ်​ခ​န္ဓာ​သည် ရှေ့​တော်၌ ထင်​ရှား​လျက်​ရှိ​ပါ၏။ မ​စုံ​လင်​သေး​သော အ​ကျွန်ုပ်၏​အ​လုံး​အ​ထွေး​ကို​လည်း ကိုယ်​တော်​သည် ကြည့်​ရှု၍ မြင်​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​ကို ပြု​ပြင်၍ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​မီ​ကာ​လ​တွင်၊ ကိုယ်​တော်၏​စာ​ရင်း၌ အ​ကုန်​အ​စင်​မှတ်​သား​လျက် ရှိ​ကြ​ပါ၏။

သင့်​ကို အ​မိ​ဝမ်း​ထဲ၌ ငါ​မ​ဖန်​ဆင်း​မီ သင့်​ကို​ငါ​သိ​ပြီ။ မ​ဖွား​မီ​က​ပင် သင့်​ကို ငါ​သန့်​ရှင်း​စေ၍၊ လူ​အ​မျိုး​မျိုး​တို့​အ​ဖို့၊ ပ​ရော​ဖက်​အ​ရာ၌ ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။

သို့​သော်​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​မိ​ဝမ်း​ထဲ​က​ဆွဲ​ယူ၍၊ နို့​စို့​သည်​ကာ​လ၌ စိုး​ရိမ်​ခြင်း​အ​ကြောင်း​ကို ပယ်​ရှင်း​တော်​မူ၏။

အ​ကျွန်ုပ်​သည် ဖွား​က​တည်း​က​ပင် လက်​တော်​သို့​ရောက်​ပါ၏။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​ပြီ။

အ​ကျွန်ုပ်​သည် ဖွား​က​တည်း​က​ပင် ကိုယ်​တော်​ကို​မှီ​ဝဲ​ပါ​ပြီ။ အ​မိ​ဝမ်း​တွင်း​မှ​စ၍ ကျေး​ဇူး​တော်​ကို ခံ​ရ​ပါ​ပြီ။ ကိုယ်​တော်​ကို အ​စဉ်​ချီး​မွမ်း​ပါ​မည်။

မိန်း​မ​သည် မိ​မိ​ဖွား​သော​သား​ကို မ​သ​နား​သည်​တိုင်​အောင်၊ မိ​မိ​နို့​စို့​သူ​ငယ်​ကို မေ့​လျော့​နိုင်​သ​လော။ အ​ကယ်၍ မေ့​လျော့​သော်​လည်း၊ သင့်​ကို ငါ​မ​မေ့​လျော့။

သား​ဖွား​မည်​အ​ကြောင်း​ကို ငါ​သည် စီ​ရင်​ပြီး​မှ၊ မ​ဖွား​စေ​ဘဲ​နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။ ငါ​သည်​ပ​ဋိ​သ​န္ဓေ​ပေး​ပြီး​မှ၊ မ​ဖွား​နိုင်​အောင် ချုပ်​ထား​ရ​မည်​လော​ဟု သင်၏​ဘု​ရား​သ​ခင် မေး​တော်​မူ၏။

Crianças — bênção e promessa

Jesus acolheu as crianças e disse: delas é o Reino dos céus. Os filhos são herança do Senhor e motivo de alegria para os pais.

ယေ​ရှု​က​လည်း၊ ထို​သူ​ငယ်​တို့​ကို ရှိ​စေ​တော့။ ငါ့​ထံ​သို့​လာ​သည်​ကို မ​ဆီး​တား​ကြ​နှင့်။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့၏ နိုင်​ငံ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၍၊-

ထို​ကြောင့် အ​ကြင်​သူ​သည် ဤ​သူ​ငယ်​ကဲ့​သို့ မိ​မိ​ကိုယ်​မိ​မိ နှိမ့်​ချ​အံ့၊ ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ သာ၍ ကြီး​မြတ်​လိမ့်​မည်။- အ​ကြင်​သူ​သည် ငါ့​မျက်​နှာ​ကို​ထောက်၍ ဤ​ကဲ့​သို့​သော သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို လက်​ခံ၏၊ ထို​သူ​သည် ငါ့​ကို​ပင် လက်​ခံ၏။-

သူ​ငယ်​တို့​ကို ချီ​ပိုက်၍ သူ​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​လျက် ကောင်း​ချီး​ပေး​တော်​မူ၏။

ဖွား​မြင်​သော သား​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဆု​ချ၍ ပေး​သ​နား​တော်​မူ​သော အ​မွေ​ဥ​စ္စာ​ဖြစ်​ကြ၏။

ထို​အ​ခါ ဤ​သူ​ငယ်​ကို​ရ​မည်​အ​ကြောင်း ဆု​တောင်း​ပါ၏။ တောင်း​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည် ပေး​သ​နား​တော်​မူ​ပြီ။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​မှု​တော်​များ​အား​ဖြင့် အ​ကျွန်ုပ်​ကို ဝမ်း​မြောက်​စေ​တော်​မူ​သည်​ဖြစ်၍၊ လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​သ​မျှ​တို့​ကြောင့် ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ပါ​မည်။

Nascer de novo

Jesus ensinou que é preciso nascer de novo para ver o Reino de Deus. O novo nascimento é espiritual — pelo Espírito e pela Palavra.

ယေ​ရှု​က၊ ဒု​တိ​ယ​မွေး​ခြင်း​ကို မ​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မ​မြင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို​သည်​ဟု ပြန်၍​မိန့်​တော်​မူ၏။-

မိန်း​မ​သည်​သား​ကို ဖွား​စဉ်​အ​ခါ ဖွား​ရ​သော​အ​ချိန်​စေ့​သော​ကြောင့် ဝမ်း​နည်း​ခြင်း​ရှိ၏။ ဖွား​မြင်​ပြီး​မှ ဤ​လော​က၌ လူ​တစ်​ယောက်​ကို​ဖွား​မြင်​သော​ကြောင့် ဝမ်း​မြောက်​ခြင်း​ရှိ၍၊ အ​ထက်​ခံ​ရ​သော​ဝေ​ဒ​နာ​ကို မေ့​လျော့​တတ်၏။-

ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ မည်​သည်​ကား၊ ဒု​စ​ရိုက်​ကို​မ​ပြု​တတ်။ အ​ကြောင်း​မူ​ကား၊ ထို​သူ၌ မျိုး​စေ့​တော်​တည်​လျက်​ရှိ၏။ ထို​သူ​သည် ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့် ဒု​စ​ရိုက်​ကို​မ​ပြု​နိုင်။-

ထာ​ဝ​ရ​ဘု​ရား​ကို သီ​ချင်း​ဆို​ကြ​လော့။ ဆာ​လံ​သီ​ချင်း​ကို ဆို​ကြ​လော့။ အံ့​ဖွယ်​သော အ​မှု​တော်​အ​ပေါင်း​တို့​ကို ဟော​ပြော​ကြ​လော့။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.