Pular para o conteúdo
Publicidade

Nova aliança

Por Bíblia Online

Quando Deus prometeu uma aliança diferente, Ele mudou a história para sempre. Em vez de leis gravadas em tábuas de pedra, o próprio Deus escolheu habitar no interior do ser humano, perdoando falhas e aproximando quem antes estava distante. Esse compromisso definitivo não depende de esforço humano, mas da obra perfeita realizada por Jesus.

O sangue derramado na cruz marcou o fim de um tempo de rituais e abriu o caminho para uma vida guiada pela graça. Conhecer a Deus deixou de ser privilégio de poucos e passou a ser a realidade de todos os que creem. As palavras registradas nas Escrituras revelam a profundidade desse pacto que transforma a identidade e o destino de cada pessoa.

A Nova Aliança é o pacto de graça que Deus estabeleceu através de Jesus Cristo. Diferente da antiga, ela é escrita no coração, mediada pelo sangue de Cristo e acessível a todos.

A profecia da Nova Aliança

Jeremias profetizou uma aliança nova em que Deus escreveria sua lei no coração do povo. Essa promessa se cumpriu em Cristo.

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်ဤ​လူ​မျိုး၏ ဘိုး​ဘေး​တို့​ကို​လက်​ဆွဲ၍ အဲ​ဂု​တ္တု​ပြည်​မှ ဆောင်​သွား​သော​အ​ခါ၊ သူ​တို့၌ ငါ​ပေး​သော​ပ​ဋိ​ညာဉ်​တ​ရား​နှင့် ခြား​နား​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကို ဣ​သ​ရေ​လ အ​မျိုး​သား၊ ယု​ဒ​အ​မျိုး​သား​တို့၌ ငါ​ပေး​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ အ​ရင်​ငါ​ပေး​ဖူး​သော ပ​ဋိ​ညာဉ်​တ​ရား​ကို သူ​တို့​သည်​ဖျက်၍၊ ငါ​သည်​လည်း သူ​တို့​ကို ရွံ​ရှာ၏။ နောင်​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ငါ​ပေး​အံ့​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ပ​ညတ်​တ​ရား​ကို သူ​တို့​အ​တွင်း​ထဲ​သို့ သွင်း​မည်။ သူ​တို့​နှ​လုံး​ပေါ်​မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့၏​ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။ထို​သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​ကို သိ​လော့​ဟု၊ အ​မျိုး​သား​ချင်း၊ ညီ​အစ်​ကို​အ​ချင်း​ချင်း တစ်​ယောက်​ကို တစ်​ယောက် ဆုံး​မ​ဩ​ဝါ​ဒ​မ​ပေး​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော​သူ​တိုင်​အောင်၊ ထို​သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​သိ​ကြ​လိမ့်​မည်။ ထို​အ​ခါ ငါ​သည် သူ​တို့​အ​ပြစ်​များ​ကို သည်း​ခံ​မည်။ သူ​တို့​ပြု​သော​ဒု​စ​ရိုက်​များ​ကို မ​အောက်​မေ့​ဘဲ​နေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ထို​မှ​တစ်​ပါး၊ ယေ​ရှု​သည် သာ၍​မြတ်​သော က​တိ​တော်​တို့၌​တည်​သော၊ သာ၍​မြတ်​သော ပ​ဋိ​ညာဉ်​တ​ရား၏ အာ​မ​ခံ​ဖြစ်​သည်​နှင့်​အ​ညီ၊ သာ၍​မြတ်​သော ဝတ်​ပြု​ခြင်း​အ​ခွင့်​အ​ရာ​ကို ရ​တော်​မူ၏။- ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​သည်၊ အ​ပြစ်​တင်​ခွင့်​မ​ရှိ​သည် မှန်​လျှင်၊ ဒု​တိ​ယ​ပ​ဋိ​ညာဉ်​တ​ရား တည်​ရ​သော​အ​ခွင့်​ကို အ​ဘယ်​ကြောင့်​ရှာ​ရ​သ​နည်း။-

ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဟူ၍ မိန့်​တော်​မူ​သည်​တွင် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​ကို ဟောင်း​စေ​တော်​မူ၏။ ရွေ့​လျော့၍ ဟောင်း​သော​အ​ရာ​မည်​သည်​ကား၊ ကွယ်​ပျောက်​ခြင်း​သို့ ရောက်​လု​နီး​သ​တည်း။

သာ၍​မြတ်​သော ပ​ဋိ​ညာဉ်​တ​ရား၏ အာ​မ​ခံ​ဖြစ်၏။-

Selada com sangue

Jesus instituiu a Nova Aliança na Última Ceia: 'Este cálice é a nova aliança no meu sangue.' Seu sacrifício é definitivo e perfeito.

ထို​နည်း​တူ ည​စာ​စား​ပြီး​မှ ခွက်​ကို​လည်း​ယူ၍၊ ဤ​ခွက်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ သွန်း​သော ငါ၏ အ​သွေး၌​တည်​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဖြစ်၏။-

ခွက်​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ သူ​တို့​အား​ပေး​တော်​မူ၍ သင်​တို့​ရှိ​သ​မျှ​သည် သောက်​ကြ​လော့။- ဤ​ခွက်​ကား ပ​ဋိ​ညာဉ်​တ​ရား​သစ်​နှင့်​ဆိုင်၍ လူ​များ​တို့၏​အ​ပြစ်​ကို လွတ်​စေ​ခြင်း​ငှာ သွန်း​သော ငါ၏​အ​သွေး​ဖြစ်၏။-

ထို​မျှ​မ​က၊ အ​ပြစ်​ကင်း​သော ကိုယ်​တော်​ကို၊ ထာ​ဝ​ရ​ဝိ​ညာဉ်​တော် အား​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့၌ တင်​လှူ​ပူ​ဇော်​သော ခ​ရစ်​တော်၏​အ​သွေး​သည်၊ သေ​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ကျင့်​ကို ပယ်​ရှင်း၍၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​မည်​အ​ကြောင်း၊ သင်​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ သာ၍​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။- ထို​ကြောင့် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​လက်​ထက်၌ ပြစ်​မှား​သော​အ​ပြစ်​ကို​လည်း လွတ်​စေ​ခြင်း​ငှာ၊ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သည် ဖြစ်၍၊ ခေါ်​တော်​မူ​သော သူ​တို့​သည် က​တိ​တော်​နှင့်​ယှဉ်​သော ထာ​ဝ​ရ​အ​မွေ​ကို ခံ​ရ​မည်​အ​ကြောင်း၊ ထို​သ​ခင်​သည် ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​ဖြစ်​တော်​မူ၏။-

အ​မွေ​ခံ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး၍ စာ​ချုပ်​သည်​အ​မှု​မှာ​လည်း စာ​ချုပ်​တည်​လျှင် စာ​ချုပ်​သော​သူ​သည် ဧ​ကန်​သေ​ရ​မည်​မှန်​ပြီ။- အ​ကယ်၍ မ​သေ​လျှင်၊ ထို​စာ​ချုပ်​သည်​မ​တည်၊ သေ​မှ​သာ​တည်၏။- ထို​ကြောင့် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​ကို စီ​ရင်​သော​အ​ခါ၊ အ​သွေး​နှင့်​ကင်း၍ မ​စီ​ရင်။- တ​ရား​တော်၌ ပါ​သ​မျှ​သော ပ​ညတ်​တို့​ကို မော​ရှေ​သည် လူ​အ​ပေါင်း​တို့​အား ဟော​ပြော​ပြီး​မှ၊ ရေ​နှင့်​ရော​နှော​သော​နွား၊ ဆိတ်၏​အ​သွေး​ကို​ယူ၍၊ အ​နီ​ဆိုး​သော သိုး​မွေး​တပ်​သော ဟုဿုပ်​ပင်​ညွန့်​နှင့်၊ ကျမ်း​စာ​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဖျန်း​လျက်၊- ဤ​အ​သွေး​ကား၊ သင်၌​ဘု​ရား​သ​ခင် ဝန်​ခံ​တော်​မူ​သော ပ​ဋိ​ညာဉ်၏ အ​သွေး​ဖြစ်​သည်​ဟု ပြော​ဆို၏။-

ခ​ရစ်​တော်၏​တစ်​ခါ​တည်း​ပူ​ဇော်​ခြင်း

တစ်​နည်း​ကား၊ ပ​ညတ်​တ​ရား​သည် နောက်​ဖြစ်​လ​တ္တံ့​သော မင်္ဂ​လာ​အ​ကျိုး​တို့၏ သေ​ချာ​သော ပုံ​သ​ဏ္ဌာန်​ကို​မ​ပြ၊ အ​ရိပ်​ကို​သာ​ပြ​သည်​ဖြစ်၍၊ နှစ်​စဉ်​မ​ပြတ် ပူ​ဇော်​သော​ယဇ်​အား​ဖြင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​တို့​ကို စုံ​လင်​ခြင်း​အ​ဖြစ်၌ မ​တည်​စေ​နိုင်​ရာ။- တည်​စေ​နိုင်​လျှင်၊ ဝတ်​ပြု​သော​သူ​တို့​သည် တစ်​ခါ​တည်း​နှင့် စင်​ကြယ်​ခြင်း​သို့ ရောက်​ပြီး​မှ၊ နောက်​တစ်​ဖန် သံ​ဝေ​ဂ​တ​ရား​ရ​စ​ရာ​အ​ကြောင်း အ​လျှင်း​မ​ရှိ​သည်​ဖြစ်​သော​ကြောင့်၊ ထို​ယဇ်​တို့​ကို တစ်​ခါ​တည်း​သာ​ပူ​ဇော်၍၊ နောက်​တစ်​ဖန် မ​ပူ​ဇော်​ဘဲ​နေ​ရ​ကြ​မည် မ​ဟုတ်​လော။- ယ​ခု​မူ​ကား ယဇ်​ပူ​ဇော်​သည်​တွင် အ​ပြစ်​များ​ကို နှစ်​တိုင်း အောက်​မေ့​ခြင်း​ရှိ၏။- အ​ကြောင်း​မူ​ကား၊ နွား၊ ဆိတ်၏​အ​သွေး​သည် အ​ပြစ်​ကို မ​ပယ်​နိုင်​ရာ။

Reconciliação e vida nova

Pela Nova Aliança somos reconciliados com Deus, trazidos para perto pelo sangue de Cristo e feitos embaixadores da reconciliação.

လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။- ထို​သို့​ဖြစ်​သော် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့၏​ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို ဟော​ရ​သော အ​ခွင့်​အ​ရာ​ကို ငါ​တို့၌​အပ်​ပေး​တော်​မူ၏။- ထို​တ​ရား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​အ​ထဲ၌ ရှိ​နေ​လျက်၊ လော​ကီ​သား​တို့၏ အ​ပြစ်​များ​ကို မှတ်​တော်​မ​မူ၊ ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို​လည်း ငါ​တို့၌ အပ်​ပေး​တော်​မူ၏။- ထို​ကြောင့် ငါ​တို့​သည်​ခ​ရစ်​တော်၏ သံ​တ​မန်​ဖြစ်​ကြ၏။ သင်​တို့​သည်​ရန်​ငြိမ်း၍ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​လော့​ဟု ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​ဖြင့် နှိုး​ဆော် သွေး​ဆောင်​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် ခ​ရစ်​တော်၏ ကိုယ်​စား​ဖြစ်၍ သင်​တို့​ကို တောင်း​ပန် သွေး​ဆောင်​ကြ၏။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။

ငါ​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင့် ရှေ့​တော်၌ ထို​သို့​သော ယုံ​မှတ်​စွဲ​လမ်း​ခြင်း​ရှိ၏။

သို့​ရာ​တွင် ငါ​တို့​သည် ကိုယ်​တန်​ခိုး​ကို အ​မှီ​ပြု၍၊ ကိုယ်​အ​လို​အ​လျောက် တစ်​စုံ​တစ်​ခု​ကို​ကြံ​စည်​ခြင်း​ငှာ တတ်​နိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍​သာ တတ်​နိုင်​သည်​နှင့်​အ​ညီ၊- ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ ဆ​ရာ​ဖြစ်​နိုင်​သော အ​စွမ်း​သ​တ္တိ​ကို ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ပေး​တော်​မူ၏။ ထို​သို့​ဆို​သော် ကျမ်း​ဟောင်း​တ​ရား​ကို မ​ဆို​လို၊ ဝိ​ညာဉ်​တော်​တ​ရား​ကို ဆို​လို၏။ ကျမ်း​ဟောင်း​တ​ရား​သည် အ​သက်​ကို သတ်​တတ်၏။ ဝိ​ညာဉ်​တော်​တ​ရား​မူ​ကား ရှင်​စေ​တတ်၏။-

ခ​ရစ်​တော်၌​တစ်​လုံး​တစ်​ဝ​တည်း

ထို​ကြောင့်၊ လက်​ဖြင့် ကိုယ်​ကာ​ယ၌​ပြု​သော ဝေါ​ဟာ​ရ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့ ခေါ်​ဝေါ် သော​အား​ဖြင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဟူ၍ ခေါ်​ဝေါ်​ကြ​သော သာ​သ​နာ​ပ​လူ​တို့​အ​ထဲ၌ သင်​တို့​သည် အ​ထက်​က ပ​က​တိ​အ​တိုင်း ဖြစ်​ကြ​သည်​ကို​လည်း​ကောင်း၊- ထို​အ​ခါ သင်​တို့​သည် ခ​ရစ်​တော်​ကို​မ​သိ၊ ဣ​သ​ရေ​လ​အ​ပေါင်း၌ မ​ဝင်၊ က​တိ​တော်​ပါ​သော ပ​ဋိ​ညာဉ် တ​ရား​တို့​နှင့်​မ​ဆိုင်၊ မျှော်​လ​င့်​ခြင်း​မ​ရှိ၊ လော​က၌ ဘု​ရား​မဲ့ နေ​ကြ​သည်​ကို​လည်း​ကောင်း၊ အောက်​မေ့​ကြ​လော့။- သင်​တို့​သည် အ ထက်​က ဝေး​လျက်​ရှိ​သော်​လည်း၊ ယ​ခု​မှာ ယေ​ရှု​ခ​ရစ်၌​ဖြစ်၍ အ​သွေး​တော်​အား​ဖြင့် အ​နီး​သို့ ရောက်​ကြ​ပြီ။-

ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ကြ​သည်​ဟု မ​ဆို။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်၍ ငါ​တို့၏​အ​ပြစ် ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ၊ သား​တော်​ကို စေ​လွှတ်​တော်​မူ​သော​အ​ရာ၌ ချစ်​ခြင်း​မေ​တ္တာ​ရှိ၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.