Nova aliança
A Nova Aliança é o pacto de graça que Deus estabeleceu através de Jesus Cristo. Diferente da antiga, ela é escrita no coração, mediada pelo sangue de Cristo e acessível a todos.
A profecia da Nova Aliança
Jeremias profetizou uma aliança nova em que Deus escreveria sua lei no coração do povo. Essa promessa se cumpriu em Cristo.
အားပေမဲ့ ဘုရားနဲ့ လူအကြားတွင် ယေရှု စီစဉ်ပေးအပ်လဲ့ ပဋိညာဉ်တရားဟ ပိုယွေ့ မြတ်သော ကတိတော်များအပေါ်တွင် အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက် ပိုမိုမြတ်သလို ယေရှု ထမ်းဆောင်ရလဲ့ ယဇ်ပုရောဟိတ် တာဝန်ဟလည်း အဲယဇ်ပုရောဟိတ်လို့ရဲ့ တာဝန်များထက် ရမ်းဆာ့ ကြီးမြတ်အယ်။
အကျောန်းမှာ ပထမ ပဋိညာဉ်နှိုက် အပစ်တင်ခွင့် မဆိခဲ့ရင် ဒုတိယ ပဋိညာဉ်ဟ လိုအပ်စရာအကျောန်း ဆိခဲ့မယ် မဟုတ်။
ဘုရားသခင်ဟ ဟေလို ပဋိညာဉ်သစ်အကျောန်းဟို မိန့်ခြင်းအားဖြင့် ပထမ ပဋိညာဉ်ဟို ဟောင်းနွမ်းစေအယ်၊ ဟောင်းနွမ်းလာသောအရာဟလည်း မကြာမီ ပျောက်ကွယ်သွားလိမ့်မယ်။
ဟေလိုဖြင့် ယေရှုဟ သာယွေ့ မြတ်သော ပဋိညာဉ်တရားရဲ့ အာမခံ ဖြစ်အယ်။
Selada com sangue
Jesus instituiu a Nova Aliança na Última Ceia: 'Este cálice é a nova aliança no meu sangue.' Seu sacrifício é definitivo e perfeito.
အေးနည်းတိုင်းတိုင်းပင် ညစာစားပီးမှ မုတ်ဟို သူလို့အား ပေးယွေ့၊ ပြောတာဟ "ဟေမုတ်မှာ နင်လို့ဖို့ သွန်းသော ငါရဲ့ အသွေးအားဖြင့် တည်သော ဘုရားသခင်ရဲ့ ပဋိညာဉ်တရားသစ် ဖြစ်အယ်။
အဲပင်းရင် မုတ်ဟို ယူယွေ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းပင်းနောက် တဘဲ့တော်လို့အား ပေးအယ်။ ကိုယ်တော်ဟ "နင်လို့အားလုံး ဟေမုတ်ဟို သောက်ကြလော့။ ဟေစာဟ ဘုရားသခင်ရဲ့ ပဋိညာဉ်တော်ဟို တံဆိပ်ခတ်သော လူတို့အပစ် ဖြေလွှတ်ရန်အတွက် သွန်းသော ငါရဲ့ အသွေးဖြစ်အယ်။
ခရစ်တော်ရဲ့ အသွေးဟ အဲအရာလို့ထက် စလောက်ပိုယွေ့ သန့်ဆှင်းနိန်လိမ့်မလုန်း၊ ခရစ်တော်ဟ ထာဝရ ဝိညာဉ်တော်အားဖြင့် မိမိတတ်တိုင်း အပစ်အနာအဆာ ကင်းလဲ့ ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အား ပူဇော်ဆက်သအယ်။ အသက်ဆှင်သော ဘုရားသခင်ရဲ့ အစေဟို ငါလို့ ဆောင်ရွက်နိန်ကြစေရန် ခရစ်တော်ရဲ့ အသွေးဟ အကျိုးမဲ့လဲ့ လုပ်ထုံးလုပ်နည်းများဟို လိုက်နာမှုကျောန့် မစင်ကြယ်သော ငါလို့ရဲ့ အသိစိတ်ဟို စင်ကြယ်စေလိမ့်မယ်။
အဲကျောန့် ခရစ်တော်ဟ ပဋိညာဉ်သစ်ရဲ့ ကြားဝင်စေ့စပ်သူ ဖြစ်အယ်၊ ဟေဟာဟ ပထမ ပဋိညာဉ် လက်အောက်နှိုက် ဖောက်ဖျက်ကျူးလွန်သော အပစ်များမှ လူလို့ဟို ရွေးနုတ်ရန် ကိုယ်တော်ဟ အသေခံခြင်းအားဖြင့် ခေါ်ယူသောသူလို့ဟ ထာဝရ အမွေနဲ့ဆိုင်သော ကတိတော်ဟို ရဆိမဲ့ အကျောန်းဖြစ်အယ်။
သေတမ်းစာ အတည်ဖြစ်နိန်ရန် သေတမ်းစာဟို ရေးသားခဲ့သူဟ အမန်သေပီ ဖြစ်ကျောန်း အထောက်အထား ပြရမယ်။ သေတမ်းစာရေးသူ အသက်ဆှင်နေစဉ် သူရဲ့ သေတမ်းစာဟ အတည် မဖြစ်၊ အဲသူသေဆုံးပင်းမှသာ အတည် ဖြစ်အယ်။ အဲပထမ ပဋိညာဉ်ပင် အသွေးဖြင့် အတည် ဖြစ်အယ်။ မောရှေဟ ပညတ်တရားတွင် ပါဆိလဲ့ ပညတ်ဆိသမျှလို့ဟို လူအားလုံးလို့အား နီမြန်းသော သိုးမွေးနဲ့ ဟုဿုပ်ပင်ခက်ဟို အသုံးပြုကာ ယေနဲ့ ရောသော နွားအသွေး၊ ဆိတ်အသွေးဖြင့် ပညတ်ကျမ်းစာဟို လည်းကောင်း၊ လူအားလုံးလို့ဟို လည်းကောင်း၊ ပက်ဖျန်းအယ်။ အေးနောက် မောရှေဟ "ဟေအသွေးဟ နင်လို့ လိုက်နာရန် ဘုရားသခင် ပေးအပ်သော ပဋိညာဉ်နဲ့ဆိုင်သော အသွေးဟို အတည် ဖြစ်စေအယ်" ဟု ဆိုအယ်။
ပညတ်တရားဟ နောင်လာမဲ့ ကောင်းသောအရာများရဲ့ အရိပ်မျှသာ ဖြစ်ပင်း ၎င်းလို့ရဲ့ ပုံသဏ္ဌာန် အစစ်အမန် မဟုတ်သောကျောန့် နှစ်စဉ် အမြဲမပြတ် ပူဇော်နေလဲ့ တူညီသောယဇ်များအားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူလို့ဟို မစုံလင်စေနိန်၊ အကယ်ယွေ့ စုံလင်စေနိန်ခဲ့ရင် ကိုးကွယ်သောသူလို့ဟ တခါတည်းနဲ့ သန့်ဆှင်းခြင်းဟို ရောက်လျက် အပစ်ဆိတာဟု အသိစိတ် မဆိတော့သဖြင့် ယဇ်ပူဇော်ခြင်းဟို ရပ်တန့်ကြလိမ့်မယ် မဟုတ်လော။ အားပေမဲ့ ဟေလို ပူဇော်ခြင်းအားဖြင့် အပစ်များဟို နှစ်စဉ် ပြန်လည်အောက်မေ့ကြအယ်။ အကျောန်းမှာ နွားနဲ့ ဆိတ်လို့ရဲ့ အသွေးဟ အပစ်များဟို မဖယ်ဆှားနိန်။
Reconciliação e vida nova
Pela Nova Aliança somos reconciliados com Deus, trazidos para perto pelo sangue de Cristo e feitos embaixadores da reconciliação.
အဲကျောန့် စသူမဆို ခရစ်တော်နှိုက်ဆိရင် အသစ်ဖန်ဆင်းခံရသူ ဖြစ်အယ်၊ ဟောင်းသောအရာလို့ဟ ကွယ်ပျောက်သွားယွေ့ ခပ်သိမ်းသောအရာလို့ဟို အသစ်ဖြစ်ကြပီ။ ဟေအရာအားလုံးဟို ဘုရားသခင် ပြုအယ်၊ ဘုရားသခင်ဟ ငါလို့အား မိမိရဲ့ ရန်သူများအဖြစ်မှ မိတ်ဆွေများအဖြစ်ဟို ခရစ်တော်အားဖြင့် ပြောင်းလဲစေပင်း အခြားသောသူလို့ဟိုလည်း မိမိရဲ့ မိတ်ဆွေများ ဖြစ်လာစေရန် ဆောင်ရွက်လဲ့အလုပ်ဟို ငါလို့အား ပေးလေအယ်။ ငါလို့ရဲ့ သတင်းစကားမှာ ဘုရားသခင်ဟ ခရစ်တော်အားဖြင့် လူသားအားလုံးဟို သူရဲ့ မိတ်ဆွေ ဖြစ်စေခဲ့အယ်။ ဘုရားသခင်ဟ လူသားလို့ရဲ့ အပစ်များဟို မှတ်မထားဘဲ၊ လူသားလို့အား မိတ်ဆွေဖွဲ့ပုံအကျောန်းဟို ပြောပြလဲ့ သတင်းစကားဟို ငါလို့အား ပေးသနားအယ်။
အဲကျောန့် ဘုရားသခင်ဟ ငါလို့မှတဆင့် တိုက်တွန်းတာဖြစ်ယွေ့ ငါလို့ဟ ခရစ်တော်ရဲ့ သံတမန်များ ဖြစ်ကြအယ်။ အဲကျောန့် "ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်ကြလော" ဟု ခရစ်တော်ရဲ့ ကိုယ်စား ငါလို့ တောင်းပန်အယ်။ ဘုရားသခင်ဟ အပစ်နဲ့ ကင်းစင်သောသူဟို ငါလို့အတွက်ကျောန့် အပစ်ဆိသောသူ ဖြစ်စေအယ်၊ ဟေဟာဟ ငါလို့သည် အဲသူအားဖြင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ဖြစ်လာမဲ့အကျောန်း ဖြစ်အယ်။
ငါလို့ဟ ခရစ်တော်အားဖြင့် ဘုရားသခင် ဆေ့နှိုက် အဲလို့သော ယုံကြည်စိတ်ချမှုဟို ရဆိကြအယ်။ ငါလို့ဟ မိမိအတွက် စလိုအရာဟို မဆို တောင်းဆိုရန် မိမိတတ်တိုင်း အရည်အချင်းဆိခြင်း မဟုတ်ဘဲ ငါလို့ရဲ့ အရည်အချင်းဟ ဘုရားသခင်ဆေမှ လာအယ်။ ဘုရားသခင်ဟ ပဋိညာဉ်သစ်ရဲ့ အမှုတော်ဆောင်များအဖြစ် ငါလို့အား အရည်ချင်း ပြေ့မီစေခြင်းငှာ ပေးအယ်၊ အဲပဋိညာဉ်သစ်ဟ ကျမ်းဟောင်းတရားနဲ့ မဆိုင် ဝိညာဉ်တော်နဲ့သာ ဆိုင်အယ်။ ကျမ်းဟောင်းတရားဟ အသက်ဟို သေစေတတ်အယ်၊ အားပေမဲ့ ဝိညာဉ်တော်ဟ အသက်ဆှင် စေတတ်အယ်။
ခရစ်တော်နှိုက် တလုံးတဝတည်း
အေးကျောန့် တချိန်ဟ နင်လို့ဟ ဇာတိအားဖြင့် လူမျိုးခြားများ ဖြစ်ကြပင်း ကိုယ်ကာယနှိုက် လက်ဖြင့် အရေဖျားလှီးထားသောသူလို့ဟ နင်လို့ဟို အရေဖျားမလှီးသောသူဟု ခေါ်ဝေါ်ခဲ့ကြတာဟို သတိရကြလော။ အေးအချိန်တွင် နင်ဟ ခရစ်တော်နဲ့ ကွဲကွာနေခဲ့ကြအယ်။ ဣသရေလနိုင်ငံသား ဖြစ်ခွင့်မှ ဖယ်ထုတ်ထားသော ကတိတော်ရဲ့ ပဋိညာဉ်များတွင် နိုင်ငံခြားသားများနဲ့ မသက်ဆိုင်၊ ဟေလောကနှိုက် မျှော်လင့်ခြင်း မဆိ၊ ဘုရားမဲ့လျက် နေခဲ့ကြအယ်။ အဲလိုလဲ အခုမှာ မခင်ဟ ဝေးကွာသော နင်လို့ဟ ခရစ်တော် ယေရှုနှိုက် ခရစ်တော်ရဲ့ အသွေးတော်အားဖြင့် အနီးသို့ ရောက်ရကြပီ။
ငါလို့ဟ ဘုရားသခင်ဟို ချစ်ခဲ့တာ မဟုတ်၊ ဘုရားသခင်ဟသာ ငါလို့ဟို ချစ်ယွေ့ ငါလို့ရဲ့ အပစ်များအတွက် အသနားခံခြင်း ပူဇော်သကာအဖြစ် မိမိရဲ့ သားတော်ဟို စေလွှတ်အယ်။ ဟေအမှုအရာနှိုက် ချစ်ခြင်းမေတ္တာ ဆိအယ်။