Nova aliança
A Nova Aliança é o pacto de graça que Deus estabeleceu através de Jesus Cristo. Diferente da antiga, ela é escrita no coração, mediada pelo sangue de Cristo e acessível a todos.
A profecia da Nova Aliança
Jeremias profetizou uma aliança nova em que Deus escreveria sua lei no coração do povo. Essa promessa se cumpriu em Cristo.
အယ်ဘေမဲ့ ခုခီမာ ယေရှုဟှာ ပိုဘီး မြတ်ဟှူ ဂဒိတော်လေနတည်ဘီး ပိုဘီး မြတ်ဟှူ ပဋိညာဉ်တရားရဲ့ အာမခံဖြစ်ဟှူကြောန့် ပိုဘီး မြတ်ဟှူ ယဇ်ပုရောဟိတ်ခွမ့်ရာဟှို ရတော်မူဟှယ်။
တကယ်ကြောန့် ပထမပဋိညာဉ်တရားဟှ ပြစ်တန်ခွမ့်န လွတ်ကင်းမယ် ဆိုဟှာ ဒုတိယပဋိညာဉ်တရားဟှာ တည်ဟှို့လိုအပ်ဟှ။
ဘုရားသခင်ဟှာ ပဋိညာဉ်သစ် ဆိုဘီး မိန့်တော်မူဟှူဇာဟှ ပထမပဋိညာဉ်တရားဟှို ဟောန်းစေတော်မူကြောန့် ဖြစ်ဟှယ်။ ရွေ့လျော့ဘီး ဟောန်းနွမ်းဟှားဟှူ ဇာဟှာ ကြာခန်မာ ပျော့-က်ကွယ်ဟှားလေ့မယ်။
အယ်မျိုး ကွာခြားမှုရှိဟှူကြောန့် ယေရှုဟှာ ပိုဘီး မြတ်ဟှူ ပဋိညာဉ်တရားသစ်ရဲ့ အာမခံ ဖြစ်တော်မူဟှယ်။
Selada com sangue
Jesus instituiu a Nova Aliança na Última Ceia: 'Este cálice é a nova aliança no meu sangue.' Seu sacrifício é definitivo e perfeito.
အယ်မျိုးဘဲ့ ညဉ့်ဇာစားဘီးန ကိုယ်တော်ဟှာ ခွပ်ဟှိုလည်း ယူဘီးဟှာ "အယ်ခွပ်ဟှာ နန်းနို့တွပ် သွန်းလောန်းဟှူ ငါ့ရဲ့ သွီးန ဇိခတ်ဟှားဟှူ ဘုရားသခင်ရဲ့ ပဋိညာဉ်တရားသစ် ဖြစ်ဟှယ်"
ခွပ်ဟှိုလည်း ယူဘီးဟှာ ကျေးဇူးတော် ချီးမွမ်းဘီးမှ တဗဲ့တော်လေဟှို ပေးလေဟှယ်။ ကိုယ်တော်ဟှ "နန်းနို့အားလောင်း သော့-က်ဂေ့ပါ။ အယ်ခွပ်ဟှာ ဘုရားသခင်ရဲ့ ပဋိညာဉ်တော်ဟှို ဇိခတ်ဟှားဟှူ လူလေရဲ့ပြစ်ဟှို ဖြေလွှတ်ပေးဟှို့တွပ် သွန်းလောန်းဟှူ ငါ့ရဲ့သွီး ဖြစ်လေဟှယ်။
အယ်လော့-က်နမကဟှ ပြစ်တန်ဇာမှေ့ဘဲဟှူ ကိုယ်တော့်ဟှို ထာဝရ ဝိညာဉ်တော်အားဖြင့် ဘုရားသခင် ရှေ့တော်နှိုက် တန်လှူပူဇော်ဟှူ ခရစ်တော်ရဲ့ သွီးတော်ဟှာ သေရှင်းန စပ်ဆိုင်ဟှူ ကျင့်ဟှို ပယ်ရှင်းဘီး နန်းနို့လေဟှာ သတ်ရှင်တော်မူဟှူ ဘုရားသခင်ဟှို ဝတ်ပြုဟှို့ကြောန်းကြောန့် ကိုယ့်ကိုယ်ကိုယ် သိဟှူစိ ကြည်လင် သန့်ရှင်းစေဟှို့တွပ် ပိုဘီး တတ်နိုင်တော်မူဟှယ် မှုဟှလော။
အယ်ကြောန့် ပထမ ပဋိညာဉ်တရား လတ်ထတ်မာ ပြစ်မှားဟှူ ပြစ်ဟှိုလည်း လွတ်ဟှို့တွပ် ခရစ်တော်ဟှာ ကြားဝမ်စေ့စပ်ဘီး သေခံတော်မူဟှူကြောန့် ခေါ်တော်မူဟှူ သူလေဟှာ ဂဒိတော်နယှဉ်ဟှူ ထာဝရမွီဟှို ခံရဟှို့တွပ် အယ်သခင်ဟှာ ပဋိညာဉ်တရားသစ်ရဲ့ အာမခံ ဖြစ်တော်မူဟှယ်။
မွီခံရဟှို့ ခွမ့်ဟှို ပေးဘီး စာချောက်ချောက်ဟှူ မူရာမာလည်း စာချောက်တည်ဟှယ် ဆိုဟှာ စာချောက်ချောက်ဟှူ သူဟှာ တကယ်သေဟှားဘီ ဖြင့်ဟှူကြောန်း ထော့-က်ထားပြဟှို့ လိုအပ်ဟှယ်။ တကယ်ကြောန့် သတ်ရှင်နေသေးဟှာ အယ်စာချောက်ဟှာ တည်ဟှ သေမှဘဲ့ တည်ဟှူဇာ ဖြစ်ဟှယ်။ အယ်ကြောန့် ပထမ ပဋိညာဉ်တရားဟှိုမှ စီရင်ဟှူ ခီမာ သွီးန လွတ်ကင်းဘီး စီရင်ဟှူဇာ မှုဟှ။ တရားတော်မာပါဟှူ ပညတ်လေဟှို မောရှေဟှာ လူလေရှိဟှူမျှဟှို ဟောပြောဘီးမှ ရေနရောဟှားဟှူ နွားသားဂန်းသွီးန ဘဲ့သွီးဟှို ယူဘီး နီရောန်ဆိုးဟှားဟှူ သိုးမွီးန ဟုဿုပ်ဗန်ခတ်အားဖြင့် ကျမ်းစာလိန လူလေဟှို ဖျန်းဘီး၊ "အယ်သွီးဟှာ နန်းနို့ဟှို ဘုရားသခင် ဝန်ခံတော်မူဟှူ ပဋိညာဉ်ရဲ့ သွီးဖြစ်ဟှယ်" ဆိုဘီး ပြောဆိုဟှယ်။
ပညတ်တရားဟှာ နော့-က်ဖြစ်လာမယ့် ကောန်းကျိုးလေရဲ့ ရိလော့-က်ဘဲ့ဖြစ်ဘီး အယ်မူဇာလေဟှာ ပေါင်သဏ္ဌာန် စစ်မှန်မှုဘဲဟှူကြောန့် နှစ်စဉ်မပြတ် ပူဇော်ဟှူ ယဇ်အားဖြင့် ကိုယ်တော်နားဟှို ချဉ်းကပ်ဟှူ သူလေဟှို စောင်လင်စေနိုင်ဟှ။ တကယ်ဟှိ စောင်လင်စေနိုင်ဟှယ် ဆိုဟှာ ဝတ်ပြုဟှူ သူလေဟှာ တခါဒဲန စင်ကြယ်ရှင်းဟှို ရော့-က်ဘီးမှ နော့-က်ထပ် ပြစ်ရှိနေသေးဟှယ် ဆိုဘီး သံဝေဂတရား ရဇာကြောန်း လောင်းဝမှေ့ဘဲကြောန့် အယ်ယဇ်လေဟှို တခါဒဲ ပူဇော်ဘီးဟှာ နော့-က်ထပ် ပူဇော်ဘဲန နေမယ်မှုဟှလော။ ခုဆို ယဇ်ပူဇော်ရှင်းအားဖြင့် ပြစ်လေဟှိုဘဲ့ နှစ်စဉ်နှစ်တိုင်း ပ္လန်အော့-က်မေ့ ဒိရစေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နွားသွီး၊ ဘဲ့သွီးဟှာ ပြစ်လေဟှို ဖယ်ရှားပေးနိုင်ဘဲကြောန့် ဖြစ်ဟှယ်။
Reconciliação e vida nova
Pela Nova Aliança somos reconciliados com Deus, trazidos para perto pelo sangue de Cristo e feitos embaixadores da reconciliação.
ခရစ်တော်နှိုက် တလောင်းတဝဒဲ ရှိဟှူလူဟှာ သတ္တဝါသစ် ဖြစ်ဟှယ်။ သူဟှာ ဘဝဟောန်းဟှို စွန့်ဘီးဟှာ ဘဝသစ်ဟှို ဝမ်စားဟှယ်။ အယ်မှုလေဟှာ ဘုရားသခင်ရဲ့ တဂိုးကြောန့် ဖြစ်ဟှယ်။ ဘုရားသခင်ဟှာ နို့လေဟှို သူ့ရဲ့ ရန်သူဟှနေဘီးဟှာ ခရစ်တော်အားဖြင့် မိဆွေဖြစ်ဟှို့တွပ် ပ္လောန်းလဲပေးဘီး ကိုယ်တော်န ပ္လန်ဘီးဟှာ သင့်မြတ်စေဟှယ်။ အယ် သင့်မြတ်ဇာနဆိုင်ဟှူ မှုဆောန်ဟှိုတွပ် တာဝန်ဟှို နို့လေဟှို ပေးအပ်လေဟှယ်။ ဘုရားသခင်ဟှာ ခရစ်တော်အားဖြင့် လောကသား ဂူလောင်းဟှို သူ့ရဲ့ မိဆွေလေ ဖြစ်စေရှင်းဟှာ နို့လေရဲ့ တရားဖြစ်ဟှယ်။ ကိုယ်တော်ဟှာ လူသားလေရဲ့ ပြစ်လေဟှို မှတ်ဟှားဟှ။ လူသားလေဟှို ကိုယ်တော်နပ္လန်ဘီး သင့်မြတ်စေဟှူ တရားဟှို နို့လေဟှို အပ်ပေးဟှားဟှယ်။
အယ်ကြောန့် နို့လေဟှာ ခရစ်တော်ရဲ့ သံတမန်ဖြစ်န နန်းနို့လေဟှို မြစ်တာရပ်ခံဟှယ်။ ဘုရားသခင် ကိုယ်တိုင်ဘဲ့ နို့လေဟှနေဘီးတဆင့် နန်းနို့ဟှို မြစ်တာရပ်ခံမျိုးဘဲ့ မြစ်တာရပ်ခံဟှယ်။ နန်းနို့ဟှာ ဘုရားသခင်ရဲ့ရန်သူ ဖြစ်နေဇာဟှနေဘီး မိဆွေဖြစ်န ပ္လောန်းလဲဂေ့ပါ ဆိုဘီး ခရစ်တော်ရဲ့ ကိုယ်စား နို့လေဟှာ တောန်းဗန်ဟှယ်။ ဘုရားသခင်ဟှာ ပြစ်မှေ့ဘဲဟှူ သခင်ဟှို နို့လေတွပ်ကြောန့် ပြစ်ရှိဟှူသူ ဖြစ်ဟှားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ အယ်လူအားဖြင့် ဘုရားသခင်ရှေ့မာ ဖြောန့်မတ်သူ ဖြစ်ဟှို့တွပ် ဖြစ်ဟှယ်။
နို့လေဟှာ ခရစ်တော်ဟှို မှီပြုဘီး ဘုရားသခင်ရဲ့ရှေ့မာ အယ်မျိုး ယောင်ကြည်စိခ္လမှုဟှို ရဂေ့ဟှယ်။ အယ်ကြောန့် နို့လေဟှာ အယ်မှုဟှို ထမ်းဆောန်နိုင်ဟှယ်ဆိုဇာ ပြောနိုင်ဟှို့တွပ် နို့လေမာ ဖြားစွမ်းရည် သတ်တိလေလည်း မှေ့ဟှ။ နို့လေမာရှိဟှူ စွမ်းရည်ဟှ ဘုရားသခင်နားဟှဘဲ့ ရလာဟှယ်။ နို့လေဟှာ ပဋိညာဉ်တရားသစ်တွပ် မှုဆောန်နိုင်ဟှို့တွပ် ဘုရားသခင်ဟှာ နို့လေဟှို စွမ်းသတ်တိလေဟှို ပေးဟှားဟှယ်။ အယ်ပဋိညာဉ် တရားသစ်ဟှ အက္ခရာတန်ဟှားဟှူ ပညတ်တရား မှုဟှ။ ဝိညာဉ်တော်တရား ဖြစ်ဟှယ်။ အက္ခရာတန်ဟှားဟှူ ပညတ်ဟှာ သတ်ဟှို သေစေတတ်ဘေမဲ့ ဝိညာဉ်တော်ဟှာ သတ်ရှင်စေဟှယ်။
ဇာတိအားဖြင့် လူမျိုးခြားဖြစ်ဂေ့ဟှူ နန်းနို့ဟှို ရေဖျားလှီးဇာဟှို ခံဘဲဟှူသူလေ ဆိုဘီး ယုဒလူမျိုးလေဟှ ခေါ်ဂေ့ဟှယ်။ ယုဒလူမျိုးလေဟှ သူးနို့ကိုယ်သူးနို့ ရေးဖျားလှီးဇာဟှို ခံဟှူသူလေ ဆိုဘီး ခေါ်ဂေ့ဟှယ်။ ရေဖျားလှီးဇာ ဆိုဘီး ပြောဟှူဇာဟှာ ကိုယ်ကာယနဆိုင်ဟှူ မှုဖြစ်ဟှယ်။ ရင်းရင်ဒူးဟှ နန်းနို့ ခြေနေလေဟှို ဒိရဂေ့ပါ။ အယ်ခီဒူးဟှ နန်းနို့ဟှာ ခရစ်တော်န ဝီးနေဘီးဟှာ ဘုရားသခင် ဝီးကော့-က်ဟှားဟှူ ဣသရေလလူမျိုး စာရင်းထဲမာလည်း ဝမ်ဟှ။ သူ့ရဲ့လူမျိုးဟှို ဘုရားသခင်ထားဟှားဟှူ ဂဒိတော်နဆိုင်ဟှူ ပဋိညာဉ်လေနလည်း ဆိုင်ဟှ၊ အယ်လောကမာ မျှော်လင့်ဇာမှေ့ဘဲ၊ ဘုရားတရားမှေ့ဘဲ ဖြစ်နေဂေ့ဟှယ်။ အယ်ခီမာ တခီဒူးဟှ ဝီးနေဟှူ နန်းနို့ဟှာ ခုခီမာ ခရစ်တော်ရဲ့ သွီးတော်အားဖြင့် ခရစ်တော်ယေရှုနှိုက် တလောင်းတဝဒဲဖြစ်ဘီး နီးဟှို ရော့-က်ဟှားဂေ့ဟှယ်။
နို့လေဟှာ ဘုရားသခင်ဟှိုရှစ်ဇာ မှုဟှ။ ဘုရားသခင်ဟှဘဲ့ နို့လေဟှို ရှစ်ဘီးဟှာ နို့လေဟှာ ပြစ်ဖြေလွှတ်ခံရဘီး ပူဇော်ဆစ်ကပ်ဟှူဖြစ်န သူ့ရဲ့ သားတော်ဟှို စေလွှတ်လိုက်ဇာမာ ရှစ်ရှင်းမြစ်တာရှိဟှယ်။