Nova aliança
A Nova Aliança é o pacto de graça que Deus estabeleceu através de Jesus Cristo. Diferente da antiga, ela é escrita no coração, mediada pelo sangue de Cristo e acessível a todos.
A profecia da Nova Aliança
Jeremias profetizou uma aliança nova em que Deus escreveria sua lei no coração do povo. Essa promessa se cumpriu em Cristo.
သို့ရာတွင် ယေသျှုသည် ဘုရားသခင်နှင့် မိမိ၏လူရို့ကြားမှာ ပျင်ဆင်ထားတော်မူသော ပဋိညာဉ်တရားသည် ကတိတော်၌ တည်သောကြောင့် သာ၍ ကောင်းမြတ် သည်ဖြစ်၍ အဂုအခါ ကိုယ်တော့်အား ယဇ်ပုရောဟိတ်တိထက် သာ၍ မြင့်မြတ်သော ယဇ်ပုရောဟိတ်တာဝန်ကို ပီးအပ်ထားတော်မူ၏။
အကြောင်းမူကား ပထမ ပဋိညာဉ်တရား၌ အပြစ်မဟိခလျှင် ဒုတိယ ပဋိညာဉ်တရား ဖြစ်တည်ရန် မလိုအပ်ပေ။
ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော်မူရာ၌ ဘုရားသခင်သည် ပထမ ပဋိညာဉ်တရားကို ဟောင်းနွမ်းစီတော်မူသည်ဖြစ်၍ ထိုဟောင်းနွမ်းလားသောအရာဟူသမျှသည် မကြာခင် ကွယ်ပျောက်လားလိမ့်မည်။
ဤသို့ ကျိန်ဆိုတော်မူခြင်းကြောင့် ယေသျှုသည် သာ၍မြတ်သော ပဋိညာဉ်တရားတော်၏ အာမခံ ဖြစ်တော်မူ၏။
Selada com sangue
Jesus instituiu a Nova Aliança na Última Ceia: 'Este cálice é a nova aliança no meu sangue.' Seu sacrifício é definitivo e perfeito.
ထိုနည်းတူ ညစာစားပြီးနောက် ခွက်ကို ယူတော်မူလျက် "ဤခွက်ကား သင်ရို့အဖို့ သွန်းသော ငါ၏အသွီးနှင့်ပြုသည့် ပဋိညာဉ်တရားသစ်ဖြစ်၏။
ထို့နောက် ကိုယ်တော်သည် ခွက်ကို ယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ "သင်ရို့ အားလုံးသည် ဤခွက်ကို သောက်ကြလော့" ဟု မိန့်တော်မူ၏။ "ဤသည်ကား အပြစ်များမှ လွတ်ခြင်းငှာ လူအများကို သွန်းလောင်းသည့် ပဋိညာဉ်တရားနှင့်ဆိုင်သောငါ၏သွီး ဖြစ်၏။
မှန်လျှင် ခရစ်တော်၏အသွီးတော်သည် မည်မျှလောက်ထိ စင်ကြယ်ခြင်းသို့ ရောက်ကြပါမည်နည်း။ ခရစ်တော်သည် ထာဝရဝိညာဉ်တော်အားဖြင့် ပြည့်စုံသော ပူဇော်သကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်အား ပူဇော်ပီးခ၏။ ကိုယ်တော်၏အသွီးတော်သည် သီခြင်းတရားနှင့်ဆိုင်သော အကျင့်များမှ ငါရို့၏စိတ်ဝိညဉ်ကို သန့်ယှင်းစီလိမ့်မည်။ အကြောင်းမူကား ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိုင်ကြစီရန် ဖြစ်၏။
ထို့ကြောင့် ခရစ်တော်သည် အသစ်သောပဋိညာဉ်ကို ပျင်ဆင်တော်မူသော ကြားဝင်စိ့စပ်ပီးသူ ဖြစ်၏။ အကြောင်းမူကား ဘုရားသခင်သည် မိမိခေါ်ထားတော်မူသော သူရို့အား ကတိပီးထားတော်မူသည့် ထာဝရကောင်းကြီးမင်္ဂလာများကို ရကြစီခြင်းငှာ ဖြစ်၏။ ပထမပဋိညာဉ်တရား အောက်၌ ပြစ်မှားမိခသော လူတိကို အပြစ်မှ လွတ်မြောက်ရန် ကိုယ်တော်သည် အသီခံ ပီးတော်မူခ၏။
သီတမ်းစာတစ်စောင် တရားဝင်ဖြစ်လာစီခြင်းငှာ ထိုသီတမ်းစာကို ရီးသားထားသောသူသည် သီဆုံးလားပြီဖြစ်ကြောင်းကို သက်သီပြဖို့ရန် လိုအပ်၏။ ထိုသီတမ်းစာကို ရီးသားထားသောသူသည် အသက်မသီသိမ့်လျှင် ထိုသီတမ်းစာသည် တရားမဝင်သိမ့်၊ ထိုသူ သီပြီးမှသာ တရားဝင်လာ၏။ ထို့ကြောင့် ပထမပဋိညာဉ်တရားပင်လျှင် အသွီးအားဖြင့်သာ တည်၏။ အစဦးကပင် မောသျှေသည် ပညတ်တော်၌ ပါသော တရားအားလုံးကို လူတိအား ကြော်ငြာပြီးသောအခါ ရီနှင့်ရောထားသော နွား၏အသွီး၊ ဆိတ်၏အသွီးများကို ယူ၍ အနီရောင်သိုးမွှီးနှင့် ဟုဿုပ်ပင်ညွန့်ကို အသုံးပြုကာ ကျမ်းစာလိပ်ကိုလည်းကောင်း၊ လူတိအားလုံးကိုလည်းကောင်း ဖြန်းလေ၏။ ထို့နောက် မောသျှေက "ဤအသွီးသည်ကား သင်ရို့ နာခံကြစီခြင်းငှာ ဘုရားသခင် ပညတ်တော်မူသော ပဋိညာဉ်တရား၏ သက်သီဖြစ်၏" ဟု မိန့်တော်မူ၏။
ပညတ်တရားသည် နောင်ဖြစ်လာမည့် ကောင်းသောအရာများ၏ ပုံရိပ်မျှသာဖြစ်ပြီး စစ်မှန်သောအရာများ မဟုတ်ကြပေ။ ထို့ကြောင့် ဝတ်ပြုသူတိကို ပြည့်စုံစီခြင်းငှာ ဆောင်ရွက်မပီးနိုင်သောကြောင့် တူညီသောယဇ်များကို နှစ်စဉ် ပူဇော်ကြရ၏။ အကယ်၍ ပြည့်စုံနိုင်ခလျှင် ဝတ်ပြုသူရို့သည် တစ်ခါတည်းဖြင့် စင်ကြယ်ခြင်းသို့ ရောက်ကြသည်ဖြစ်၍ အပြစ်ဟိသည်ဟု မခံစားရသောကြောင့် သူရို့သည် ယဇ်ပူဇော်ခြင်းကို မပြုလုပ်ဘဲနိန်ကြလိမ့်မည် မဟုတ်ပါလော။ သို့ရာတွင် ထိုသို့ ယဇ်ပူဇော်ခြင်းများသည် သူရို့၏အပြစ်များကို နှစ်စဉ် ဖော်ပြနိန်ခြင်းဖြစ်၏။ အကြောင်းမူကား နွားနှင့် ဆိတ်များ၏အသွီးသည် အပြစ်များကို လုံးဝ ဖယ်ယှားမပီးနိုင်သောကြောင့်ဖြစ်၏။
Reconciliação e vida nova
Pela Nova Aliança somos reconciliados com Deus, trazidos para perto pelo sangue de Cristo e feitos embaixadores da reconciliação.
မည်သူမဆို ခရစ်တော်၌ဟိလျှင် အသစ် ဖန်ဆင်းခံရသော သတ္တဝါဖြစ်၏။ ဟောင်းသောအရာများသည် ကွယ်ပျောက်လား၍ ခပ်သိမ်းသောအရာရို့သည် အသစ် ဖြစ်လာကြ၏။ ဤအမှုအရာ အားလုံးသည် ဘုရားသခင် ပြုတော်မူခြင်း ဖြစ်၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ငါရို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စီ၍ ပြန်လည်သင့်မြတ်ခြင်းနှင့်ဆိုင်သော အမှုတော်ကို ငါရို့အား ပီးအပ်တော်မူ၏။ ထိုအမှုတော်ကား ဘုရားသခင်သည် လောကလူသားအပေါင်းရို့အား ခရစ်တော်အားဖြင့် မိမိနှင့် သင့်မြတ်စီခြင်းဖြစ်၏။ ဘုရားသခင်သည် လောကီသားရို့၏ အပြစ်ဒုစရိုက်များကို မှတ်ထားတော်မမူ။ သူရို့အား ခရစ်တော်နှင့် ပြန်လည်သင့်မြတ်ခြင်းနှင့်ဆိုင်သော သတင်းစကားကို ငါရို့၌ အပ်ထားတော်မူပေသည်။
သို့ဖြစ်၍ ငါရို့သည် ခရစ်တော်၏ သံတမန်ဖြစ်ကြ၍ ဘုရားသခင်သည် ငါရို့အားဖြင့် သင်ရို့ကို တိုက်တွန်းတော်မူ၏။ သင်ရို့သည် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြလော့ဟု ခရစ်တော်၏ကိုယ်စား ငါရို့သည် တောင်းပန်၏။ ခရစ်တော်သည် အပြစ်ကင်းသော်လည်း ဘုရားသခင်သည် ငါရို့အပြစ်အတွက်ကြောင့် ခရစ်တော်အား အပြစ်ဟိသောသူဟု မှတ်တော်မူ၏။ ဤသည်ကား ငါရို့သည် ထိုအသျှင်အားဖြင့် ဘုရားသခင်ရှိ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။
ငါရို့သည် ဘုရားသခင်၏ ရှိ့တော်၌ ခရစ်တော်ကို အမှီပြု၍ ထိုသို့ ယုံကြည်စိတ်ချမှုကို ရကြ၏။ မိမိရို့သည် ဤအမှုကို လုပ်ဆောင်နိုင်သည်ဟု ပြောဆိုနိုင်ရန် ငါရို့၌ အစွမ်းအစမဟိ။ ငါရို့၏ အစွမ်းအစသည် ဘုရားသခင်ထံပါးမှ လာခြင်းဖြစ်၏။ ပဋိညာဉ်တရားအသစ်အတွက် ဆောင်ရွက်နိုင်ရန် ကိုယ်တော်သည် ငါရို့အား အစွမ်းအစကို ပီးတော်မူ၏။ ထိုပဋိညာဉ်တရားအသစ်ကား ပညတ်တရားတွင် ပါဝင်သည် မဟုတ်။ ဝိညာဉ်တော်၏ တရားဖြစ်၏။ ရီးသားထားသော ပညတ်တရားသည် အသက်ကို သီစီတတ်သော်လည်း ဝိညာဉ်တော်မူကား အသက်ကို ရှင်စီတတ်၏။
ခရစ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်ခြင်း
ယုဒအမျိုးသားများက ဇာတိအားဖြင့် တစ်ပါးအမျိုးသားများဖြစ်ကြသော သင်ရို့အား "အရီဖျားလှီးခြင်းကို မခံသောသူများ" ဟု ခေါ်ကြပြီး၊ သူရို့သည် သူရို့ကိုသူရို့ "အရီဖျားလှီးခြင်းကို ခံယူကြသောသူရို့" ဟု ခေါ်ကြ၏။ အရီဖျားလှီးခြင်း ဟုဆိုရာ၌ ကိုယ်ကာယနှင့် သက်ဆိုင်သောအမှုဖြစ်၏။ အတိတ်က သင်ရို့၏အခြေအနေကို အောက်မိ့သတိရကြလော့။ ထိုအချိန်က သင်ရို့သည် ခရစ်တော်နှင့် ကွာဝီးလျက် ဟိခ၏။ သင်ရို့သည် တခြားလူမျိုးတိဖြစ်၍ ဘုရားသခင်၏လူစုတော်တွင် မဝင်ရခ။ ဘုရားသခင်သည် မိမိ၏ လူစုတော်အတွက် ထားတော်မူသော ကတိတော်နှင့်ဆိုင်သော ပဋိညာဉ်တရားများနှင့် မသက်ဆိုင်။ သင်ရို့သည် ဤလောက၌ မျှော်လင့်စရာမဟိ၊ ဘုရားမဟိဘဲ နီထိုင်ခကြ၏။ သို့ရာတွင် အဂုအခါ သင်ရို့သည် ခရစ်တော်ယေသျှု၌ ဟိကြသည်ဖြစ်၍ တစ်ချိန်က ဝီးကွာလျက် ဟိခကြသော သင်ရို့သည် ခရစ်တော်၏ အသွီးတော်အားဖြင့် အပါးတော်သို့ ရောက်ကြရလေ၏။
ချစ်ခြင်းမေတ္တာဟုဆိုရာ၌ ငါရို့သည် ဘုရားသခင်အား ချစ်သည့်မေတ္တာကို မဆိုလို။ ကိုယ်တော်သည် ငါရို့ကိုချစ်၍ ငါရို့၏ အပြစ်အတွက် အပြစ်ဖြေစရာယဇ်ဖြစ်စီခြင်းငှာ မိမိ၏သားတော်ကို စီရွှတ်တော်မူခြင်းအားဖြင့် ပြတော်မူသော မေတ္တာတော်ကို ဆိုလို၏။