A nova jerusalém
A Nova Jerusalém é a cidade de Deus que desce do céu, morada eterna dos redimidos. Nela não haverá mar, morte, choro nem dor — Deus habitará com seu povo para sempre.
A cidade celestial
João viu a santa cidade, a Nova Jerusalém, descendo do céu como noiva adornada para o esposo. Ali Deus morará com seu povo.
ဘုရားသခင်၏ သန့်ယှင်းသောမြို့တည်းဟူသော ယေရုဆလင်မြို့သစ်ကို ငါမြင်၏။ ထိုမြို့သည် သတို့သားအဖို့ လှပစွာ ဆင်ယင်ထားသည့် သတို့သမီးကဲ့သို့ အဆင်သင့် ပျင်ဆင်လျက်၊ ဘုရားသခင်ထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ငါမြင်ရ၏။ ငါသည် ပလ္လင်တော်မှ ကျယ်လောင်သော အသံတစ်သံကို ကြားရ၏။ ထိုအသံကား "အဂုအခါ ဘုရားသခင်သည် လူသားရို့၌ ကိန်းဝပ်တော်မူယာ။ ကိုယ်တော်သည် သူရို့နှင့်အတူ ကိန်းဝပ်တော်မူလိမ့်မည်။ ထိုသူရို့သည် ကိုယ်တော်၏လူတိ ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်ပင်လျှင် သူရို့နှင့်အတူ ဟိနိန်တော်မူပြီး သူရို့၏ဘုရားဖြစ်လိမ့်မည်။ ကိုယ်တော်သည် သူရို့၏ မျက်ရည်ဟိသမျှကို သုတ်တော်မူလိမ့်မည်။ နောက်တဖန် သီဆုံးခြင်း၊ ဝမ်းနည်းပူဆွီးခြင်း၊ ငိုကြွီးခြင်းနှင့် နာကျင်ခြင်းများသည် မဟိရ။ ရှိ့ဖြစ်ဖူးသော အရာများသည် ပျောက်ကွယ်လားယာ" ဟု ဆို၏။
ကောင်းကင်တမန်သည် ငါ့ကို ဝိညာဉ်တော်အားဖြင့် အလွန်မြင့်သော တောင်ထိပ် တစ်ခုထက်သို့ ခေါ်ဆောင်လားပြီးလျှင် ဘုရားသခင်စံတော်မူရာ ကောင်းကင်ဘုံမှ သန့်ယှင်းသော ယေရုဆလင်မြို့သည် ဆင်းသက်လာသည်ကို ပြ၏။ ထိုမြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ထွန်းတောက်၍ သလင်းကျောက်သဖွယ် ကြည်လင်သည့် နဂါးသွဲ့ကျောက်မျက်ကဲ့သို့ အရောင်အဝါတောက်ပလျက် ဟိ၏။ ထိုမြို့တွင် တန်းခါးပေါက် တစ်ဆယ့်နှစ်ပေါက်နှင့် မြင့်မားသောမြို့ရိုးကြီး ဟိ၏။ ထိုတန်းခါးပေါက်များ၌ ကောင်းကင်တမန် တစ်ဆယ့်နှစ်ပါး စောင့်ရှောက်ထား၏။ ဣသရေလအမျိုး တစ်ဆယ့်နှစ်ပါးရို့၏ နာမည်များကို တံခါးများထက်၌ ရီးထားလျက် ဟိ၏။ အရှိ့ဖက်တွင် တန်းခါးပေါက်သုံးပေါက်၊ မြောက်ဖက်တွင် သုံးပေါက်၊ တောင်ဖက်တွင် သုံးပေါက်၊ အနောက်ဖက်တွင် သုံးပေါက် ဟိ၏။ မြို့ရိုးတွင် အုတ်မြစ်ကျောက် တစ်ဆယ့်နှစ်ခုဟိ၏။ ထိုကျောက်များအထက်တွင် သိုးသူငယ်တော်၏ တမန်တော် တစ်ဆယ့်နှစ်ပါးရို့၏ နာမည်များကို ရီးထားလျက် ဟိ၏။
ထိုမြို့တော်ထဲတွင် ဗိမာန်တော်ကို ငါမတွိ့ရ။ အကြောင်းမူကား ထိုမြို့၏ ဗိမာန်တော်သည် အနန္တတန်ခိုးသျှင် ဘုရားသခင်နှင့် သိုးသူငယ်တိပင် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ထိုမြို့၌ ထွန်းလင်း၍ သိုးသူငယ်တော်သည် ထိုမြို့၏ဆီမီးဖြစ်သဖြင့် ထိုမြို့သည် နီ၏ အလင်းရောင်၊ လ၏ အလင်းရောင်ကို မလို။
ထို့နောက် ကောင်းကင်တမန်သည် ငါ့အား အသက်ရီစီးရာ မြစ်ကိုလည်း ပြ၏။ ထိုမြစ်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပကာ ဘုရားသခင်နှင့် သိုးသူငယ်တော်၏ပလ္လင်မှ ထွက်၍၊ မြို့တော်၏အလယ် လမ်းမတလျှောက် စီးဆင်းလေ၏။ ထိုမြစ်၏တစ်ဖက်စီ၌ အသီးတစ်ဆယ့်နှစ်မျိုးသီး၍ မိမိအသီးကို လစဉ်ပီးတတ်သည့် အသက်ပင်ဟိ၏။ ထိုအပင်၏ အရွက်များသည် လူမျိုးတကာရို့၏ အနာရောဂါများကို ပျောက်ကင်းစီရန်အတွက် ဖြစ်၏။ ထိုမြို့တွင် ဘုရားသခင်၏ ကျိန်ခြင်းကို ခံရသည့်အရာဟူ၍ မတွိ့ရ။
ဘုရားသခင်နှင့် သိုးသူငယ်တော်၏ ပလ္လင်တော်သည် ထိုမြို့တွင် ဟိ၍ ကိုယ်တော်၏ အစီခံရို့သည် ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်ကြလိမ့်မည်။ သူရို့သည် ကိုယ်တော်၏ မျက်နှာတော်ကို ဖူးမြင်ရကြလိမ့်မည်။ နာမတော်ကို သူရို့၏ နဖူးတွင် ရီးထားလျက် ဟိလိမ့်မည်။ ထိုမြို့တွင် ညမဟိရ။ သူရို့သည် ဆီမီး၏အလင်းရောင်၊ နီ၏အလင်းရောင်ကို လိုအပ်ကြလိမ့်မည် မဟုတ်။ အကြောင်းမူကား အသျှင်ဘုရားသခင်သည် သူရို့အား အလင်းကို ပီးတော်မူမည်ဖြစ်၍၊ သူရို့သည် ထာဝရ အုပ်စိုးရကြလိမ့်မည်။
A pátria celestial
Os patriarcas aguardavam uma cidade que tem fundamentos, cujo arquiteto e construtor é Deus. Nosso lar eterno está além desta vida.
အမှန်အားဖြင့် သူရို့သည် ကောင်းကင်အရပ်၌တည်ဟိသော သာ၍မြင့်မြတ်သော ပြည်ကို အလွန် လိုချင်တောင့်တနိန်ခကြ၏။ ထို့ကြောင့် ဘုရားသခင်က သူရို့၏ဘုရားဟု ခေါ်ဝေါ်ခြင်းခံရသည်ကို ရှက်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် သူရို့အတွက် မြို့တော်တစ်မြို့ကို ပျင်ဆင်ထားတော်မူ၏။
သို့သော် သင်ရို့သည် ဇိအုန်တောင်သို့ လည်းကောင်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏မြို့တော် တည်းဟူသော ကောင်းကင်အရပ်၌ ဟိသော ယေရုဆလင်မြို့သို့ လည်းကောင်း၊ ထောင်ပေါင်းများစွာသော ကောင်းကင်တမန်တိ ရွှင်လန်းဝမ်းမြောက်စွာ စုဝေးရာအရပ်သို့ လည်းကောင်း၊ ကောင်းကင်ဘုံ၌ နာမည်စာရင်းဝင်လျက်ဟိကြသော အဦးဆုံးသောသားများ၏အသင်းတော်သို့ လည်းကောင်း၊ လူသားအားလုံးကို တရားစီရင်တော်မူသော ဘုရားသခင်ထံပါးသို့ လည်းကောင်း၊ စုံလင်ခြင်းသို့ ရောက်ကြကုန်သော ဖြောင့်မတ်သူရို့၏ ဝိညာဉ်များသို့ လည်းကောင်း၊ ပဋိညာဉ်သစ်၏ ကြားဝင် စိ့စပ်ပီးသူ ဖြစ်သော ယေသျှုထံပါးသို့ လည်းကောင်း၊ အာဗေလ၏အသွီးထက် သာ၍ မြတ်သော နှုတ်ကပတ်တော်ကို မြွက်ဆိုခြင်းဖြင့် ပက်ဖြန်းထားသော အသွီးတော် ထံပါးသို့ လည်းကောင်း ရောက်လာကြ၏။
သို့ရာတွင် အထက်အရပ်နှင့်ဆိုင်သော ယေရုဆလင်မြို့သည်ကား လွတ်လပ်သောမြို့ဖြစ်၍ ငါရို့၏ မိခင်ဖြစ်၏။
ယေသျှုသည် ခမည်းတော်ထံသို့ ပို့ဆောင်သောလမ်းဖြစ်သည်
ယေသျှုက "သင်ရို့ စိတ်ပူပန်ခြင်း မဟိကတ်ကေ့။ ဘုရားသခင်ကို ယုံကြည်ပါ။ ငါ့ကိုလည်း ယုံကြည်ပါ။ ငါ့အဖအိမ်တော်၌ အခန်းများစွာဟိ၏။ သင်ရို့အတွက် နီရာကို ပျင်ဆင်ရန် ငါလားရဦးမည်။ ထိုသို့ မဟုတ်လျှင် မဟုတ်ကြောင်းကို သင်ရို့အား ငါမပြောဘဲမနိန်။ ငါလားပြီးလျှင် သင်ရို့အတွက် နီရာကို ပျင်ဆင်ပြီးမှ ငါသည် ပြန်လာ၍ ငါဟိသည့်အရပ်၌ သင်ရို့ ဟိကြစီရန်အတွက် သင်ရို့ကို ငါ့ထံသို့ ခေါ်ဆောင်မည်။
A glória da Nova Jerusalém
Deus habitará no meio do seu povo. Sua presença será a luz da cidade, e o rio da vida fluirá do trono de Deus e do Cordeiro.
ငါသည် မကြာခင် ကြွလာမည်။ သင်၏ ဆုသရဖူကို ဇာသူမျှ မလုမယူနိုင်စီခြင်းငှာ သင် ရဟိထားသောအရာကို စွဲကိုင်လော့။ အောင်မြင်သော သူကို ငါ၏ဘုရားသခင်ဗိမာန်တော်တွင် တိုင်ဖြစ်စီမည်။ ထိုသူရို့သည် နောင်ဇာအခါမျှ ဗိမာန်တော်အပြင်သို့ မရောက်ရ။ ငါ၏ဘုရားသခင်ထံတော်မှ ထွက်၍ ကောင်းကင်ဘုံမှ ဆင်းသက်လာသော ယေရုဆလင်မြို့သစ်တည်းဟူသော ငါ့ဘုရားသခင်၏ မြို့တော်နာမကိုလည်းကောင်း၊ ငါ၏ဘုရားသခင် နာမတော်ကိုလည်းကောင်း ငါသည် ထိုသူ၌ ကမ္ပည်းရီးထိုးမည်။ ငါ၏အသစ်သော နာမတော်ကိုလည်း ထိုသူ၌ ငါရီးထိုးမည်။
ဇာသူမဆို ဤစာစောင်တွင် ပရောဖက်ပြုထားသော စကားများမှ တစ်စုံတစ်ရာကို နုတ်ပယ်ပါက ဘုရားသခင်သည် ဤစာစောင်၌ ဖော်ပြသော အသက်ပင်၏အသီးကို စားသုံးခွင့်နှင့် မြင့်မြတ်သန့်ယှင်းသော မြို့တော်သို့ ဝင်စားခွင့်ကို ထိုသူပါးမှ နုတ်ပယ်တော်မူလိမ့်မည်။