Pular para o conteúdo
Publicidade

Obediência aos pais

Por Bíblia Online

Respeitar e cuidar de quem gerou você é um princípio que sustenta as famílias e agrada a Deus. A convivência diária exige paciência, escuta atenta e disposição para aprender com a experiência daqueles que vieram antes, mesmo quando as diferenças geracionais geram atritos.

As Escrituras tratam o relacionamento entre pais e filhos com seriedade, mostrando que a maneira como você lida com sua família reflete diretamente a sua fé. Deus orienta a conduta dentro do lar para que reine a paz, a sabedoria e o respeito mútuo, alinhando a vida cotidiana aos mandamentos revelados.

A obediência aos pais é mandamento divino com promessa de vida longa. A Bíblia valoriza a honra filial e ensina os filhos a respeitar e obedecer aos pais com amor.

Honrar pai e mãe

O quinto mandamento ordena honrar pai e mãe. É o primeiro mandamento com promessa: para que vá bem e vivas muito na terra.

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်​သည် အ​သက်​တာ​ရှည်၍ ကောင်း​စား​ရ​မည်​အ​ကြောင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်၏​မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။

ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ကား၊ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ အ​ကြင်​သူ​သည် မိ​ဘ​ကို နှုတ်​ဖြင့်​ပြစ်​မှား၏၊ ထို​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ဟု​လာ​သ​တည်း။-

သား​သ​မီး​နှ​င့်​မိ​ဘ

သား​သ​မီး​တို့၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​အ​ညီ မိ​ဘ​စ​ကား​ကို နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား ကို​နား​ထောင်​ခြင်း​အ​မှု​သည် တ​ရား​သော​အ​မှု ဖြစ်၏။- မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ဤ​ပ​ညတ်​တော်​ကား၊ သင်​သည် ပြည်​တော်၌ ကောင်း​စား၍ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း ဟူ၍ က​တိ​တော်​နှင့်​ဆိုင်​သော ပ​ထ​မ​ပ​ညတ်​ဖြစ်၏။- အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​ညီ​သော ဆုံး​မ သွန်​သင်​ခြင်း​ကို​ပြု​လျက် ကျွေး​မွေး​ကြ​လော့။

Obedecer e respeitar

Filhos, obedecei a vossos pais no Senhor. A obediência filial é expressão de amor e temor a Deus.

သား​သ​မီး​တို့၊ မိ​ဘ​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား​ကို နား​ထောင်​ခြင်း​အ​မှု​သည် သ​ခင်​ဘု​ရား နှစ်​သက်​တော်​မူ​သော အ​မှု​ဖြစ်၏။-

ပ​ညာ​ဆိုင်ရာသတိစကား

ငါ့​သား၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်​လော့။ အ​မိ၏​တ​ရား​ကို​လည်း မ​ပယ်​နှင့်။ ထို​နည်း​ဥ​ပ​ဒေ​သ​တ​ရား​တို့​သည် သင်၏​ခေါင်း၌ တင့်​တယ်​သော​ဦး​ရစ်၊ သင်၏​လည်​ပင်း၌ ပတ်​ရစ်​သော​လည်​ဆွဲ ဖြစ်​ကြ​လိမ့်​မည်။

သူ​တစ်​ပါး​အိမ်​ရာ​ကို​မ​ပြစ်​မှား​ရန်သ​တိ​ပေး​ခြင်း

ငါ့​သား၊ အ​ဘ၏​ပ​ညတ်​စ​ကား​ကို နား​ထောင်​လော့။ အ​မိ​ပေး​သော တ​ရား​ကို မ​ပယ်​နှင့်။ နှ​လုံး​ပေါ်​မှာ အ​မြဲ​ချည်၍ လည်​ပင်း၌ ဆွဲ​ထား​လော့။ သင်​သည် အ​ခြား​သို့​သွား​သော​အ​ခါ၊ ထို​ပ​ညတ်​တ​ရား​သည် လမ်း​ပြ​လိမ့်​မည်။ အိပ်​သော​အ​ခါ သင့်​ကို​စောင့်​လိမ့်​မည်။ နိုး​သော​အ​ခါ သင်​နှင့် နှုတ်​ဆက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တော်​သည် မီး​ခွက်​ဖြစ်၏။ တ​ရား​တော်​သည် အ​လင်း​ဖြစ်၏။ အ​ပြစ်​ကို ပြ​တတ်​သော ဩ​ဝါ​ဒ​စ​ကား​သည် အ​သက်​လမ်း​ဖြစ်၏။

မိ​ဘ​ပေး​သော​အ​ကြံ​ဉာဏ်

ငါ့​သား​တို့၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်၍၊ ဉာဏ်​သ​ဘော​ကို နား​လည်​ခြင်း​ငှာ စေ့​စေ့​မှတ်​ကြ​လော့။ ကောင်း​သော​ဩ​ဝါ​ဒ​ကို ငါ​ပေး၏။ ငါ့​ပ​ညတ်​တ​ရား​ကို မ​ပယ်​ကြ​နှင့်။ ငါ​မူ​ကား၊ အ​ဘ၏​ရင်​နှစ်၊ အ​မိ​ရှေ့​မှာ​နူး​ညံ့၍ အ​ချစ်​ဆုံး​သော​သား​ဖြစ်၏။ ငါ့​အ​ဘ​သွန်​သင်၍ မြွက်​ဆို​လေ​သည်​ကား၊ ငါ့​စ​ကား​ကို သင်၏​နှ​လုံး၌​သွင်း​မိ၍၊ ငါ့​ပ​ညတ်​တို့​ကို ကျင့်​စောင့်​သ​ဖြင့် အ​သက်​ရှင်​လော့။ ပ​ညာ​ကို ဆည်း​ပူး​လော့။ ဉာဏ်​ကို ဆည်း​ပူး​လော့။ သ​တိ​မ​လစ်​စေ​နှင့်။ ငါ၏​နှုတ်​ထွက်​စ​ကား​ကို မ​လွှဲ​မ​ရှောင်​နှင့်။ ပ​ညာ​ကို မ​စွန့်​နှင့်။ သူ​သည်​သင့်​ကို ထိန်း​သိမ်း​လိမ့်​မည်။ သူ့​ကို​ချစ်​လော့။ သင့်​ကို စောင့်​မ​လိမ့်​မည်။

ပ​ညာ​ရှိ​သော​သား​သည် အ​ဘ၏​သွန်​သင်​ခြင်း​ကို နား​ထောင်​တတ်၏။ မ​ထီ​မဲ့​မြင်​ပြု​သော​သား​မူ​ကား၊ အ​ပြစ်​တင်​ခြင်း​ကို နား​မ​ထောင်​တတ်။

သူ​ငယ်​သွား​ရာ​လမ်း​ဝ၌ ဆုံး​မ​သွန်​သင်​လော့။ သို့​ပြု​လျှင် သူ​သည် အို​သော​အ​ခါ ထို​လမ်း​မှ​မ​လွှဲ၊ လိုက်​သွား​လိမ့်​မည်။

Disciplina e consequências

A vara e a repreensão dão sabedoria. A Bíblia adverte sobre as consequências sérias da rebeldia e desonra aos pais.

ကြိမ်​လုံး​နှင့်​ရိုက်​ခြင်း၊ နှုတ်​နှင့် ဆုံး​မ​ခြင်း​အား​ဖြင့် ပ​ညာ​တိုး​ပွား​တတ်၏။ တတ်​တိုင်း​နေ​စေ​သော သူ​ငယ်​သည် အ​မိ​ကို အ​ရှက်​ခွဲ​တတ်၏။

အ​ဘ​ဥ​စ္စာ​ကို​ဖြုန်း၍ အ​မိ​ကို နှင်​ထုတ်​သော​သား​သည် အ​ရှက်​ခွဲ​သော​သား၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​စေ​သော​သား​ဖြစ်၏။

အ​ဘ​ကို ကျီ​စား​သော​သူ၊ အ​မိ​စ​ကား​ကို နား​မ​ထောင်၊ မ​ထီ​မဲ့​မြင်​ပြု​သော​သူ၏​မျက်​စိ​ကို ချိုင့်၌​ကျင်​လည်​သော ကျီး​အ​တို့​သည် နှိုက်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ သူငယ်​တို့​သည်​လည်း စား​ကြ​လိမ့်​မည်။

မိ​ဘ​ကို​အ​သေ​သတ်​သော​သူ​သည်၊ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။

ပုန်​ကန်​သော​သား

အ​ဘ၌ ဆိုး​သော​သား၊ ခက်​ထန်​သော​သ​ဘော​ရှိ၍ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​သော​သား၊ မိ​ဘ​တို့​ဆုံး​မ​သော်​လည်း ဆုံး​မ​ခြင်း​ကို မ​ခံ​သော​သား​ရှိ​လျှင်၊ မိ​ဘ​တို့​သည် ထို​သား​ကို ဆွဲ​ကိုင်၍၊ မြို့၌ အ​သက်​ကြီး​သူ​တို့​ရှိ​ရာ မြို့​တံ​ခါး​ဝ​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ အ​ကျွန်ုပ်​တို့​သား​သည် ဆိုး​သော​သူ၊ ခက်​ထန်​သော​သ​ဘော​ရှိ၍ အ​ကျွန်ုပ်​တို့​စ​ကား​ကို နား​မ​ထောင်​သော​သူ​ဖြစ်​ပါ၏။ စား​ကြူး​သော​သူ၊ သောက်​ကြူး​သော​သူ​ဖြစ်​ပါ၏​ဟု မြို့၌ အ​သက်​ကြီး​သူ​တို့​အား လျှောက်​ဆို​ရ​မည်။ မြို့​သား​ယောက်ျား​အ​ပေါင်း​တို့​သည် ထို​သား​ကို ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား၍ ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လိမ့်​မည်။

အ​ကြင်​သူ​သည် မိ​ဘ​ကို​ကျိန်​ဆဲ၏။ ထို​သူ၏​မီး​ခွက်​သည် ထူ​ထပ်​သော မှောင်​မိုက်၌ သေ​လိမ့်​မည်။

သင်​တို့​သည် ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​လျှင်၊ သား​တို့​ကို​ပြု​သ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ပြု​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ အ​ဘ​မ​ဆုံး​မ​သော​သား တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။-

သား​မြေး​ရှိ​သော မု​ဆိုး​မ​ဖြစ်​လျှင်၊ ထို​သား​မြေး​တို့​သည် ရှေ့​ဦး​စွာ ဘု​ရား​ဝတ်​ကို ရည်​မှတ်​လျက်၊ မိ​မိ​အိမ်​ကို ပြု​စု၍ မိ​ဘ​ဘိုး​ဘွား၌ ကျေး​ဇူး​ဆပ်​ခြင်း​ငှာ သင်​ကြ​စေ။ ထို​အ​မှု​သည် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော​အ​မှု​ဖြစ်၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.