Oportunidades
As oportunidades são dádivas de Deus que exigem sabedoria e prontidão. A Bíblia nos chama a aproveitar o tempo, agir com diligência e não desperdiçar os kairos divinos.
Aproveitando o tempo
Remindo o tempo, porque os dias são maus. O cristão é chamado a reconhecer e aproveitar cada oportunidade com sabedoria.
ဟေနေ့ရက်များဟ ဆိုးယုတ်သော ကာလများဖြစ်သောကျောန့် နင်ရနိန်သော အခွင့်အရေးတိုင်းဟို ကောင်းစွာ အသုံးချလော့။
နင်လို့ ရဆိလဲ့ အခွင့်ကောင်း မန်သမျှဟို အသုံးပြုကာ မယုံကြည်သောသူလို့အား ပညာသတိနဲ့ ဆက်ဆံကြလော့။
ငါ့ဟို စေလွှတ်သော သူရဲ့အမှုဟို နေ့အချိန်နှိုက် ဆိစဉ် ငါလို့ လုပ်ရမယ်၊ စသူမျှ မလုပ်ဆောင်နိန်သော အချိန်တည်းဟူသော ညအချိန် ရောက်လာလိမ့်မယ်။
အေးလိုမို့ ငါလို့အခွင့်ရသလိုမျိုး၊ အားပင်း အထူးသဖြင့် ယုံကြည်ခြင်းနှိုက် ငါလို့ရဲ့ မိသားစုနဲ့ သက်ဆိုင်သူများနဲ့ လူတိုင်းဟို ကောင်းသောအမှုပြုသင့်တယ်။
Prontidão e ação
Pregue a Palavra a tempo e fora de tempo. As oportunidades às vezes surgem inesperadamente e exigem decisão imediata.
နှုတ်ကပတ်တော်ဟို ဟောပြောလော့၊ အချိန်ဆိတာ ဖြစ်စေ၊ မဆိတာ ဖြစ်စေ၊ ကြိုးစားအားထုတ်လော့၊ အပစ်ဟို ဖော်ပြလော့၊ ဆုံးမခြင်းဟို ပြုလော့၊ ရမ်းဆာ့ဆှည်သောစိတ်နဲ့ ဩဝါဒမျိုးဟို ပေးယွေ့ တိုက်တွန်းနှိုးဆော်လော့။
ပေတရုဟ သူလို့ဟို "နင်လို့ အယောက်စီတိုင်း အပစ်မှ နောင်တရကြပင်း၊ နင်လို့ အပစ်များ ဖြေလွှတ်စေရန် ယေရှု ခရစ်ရဲ့ နာမနှိုက် နှစ်ခြင်းဟို ခံလော့။ အားပင်း နင်လို့ဟ သန့်ဆှင်းသော ဝိညာဉ်တော် တည်းဟူသော ဘုရားသခင်ရဲ့ လက်ဆောင်ဟို ရဆိကြလိမ့်မယ်။
အခု ပစာကျောန့် အချိန်အကြာရီး စောင့်နေလုန်း။ ထပင်း နှစ်ခြင်းဟို ခံလော့။ နင့်ရဲ့ အပစ်များဟို လွှတ်ဖို့ ကိုယ်တော်ရဲ့ နာမဟို ခေါ်ပင်း ဆုတောင်းလော့’ ဟု ဆိုလေအယ်။
ငါ့ညီ အာပေါလုရဲ့ အကျောန်းမှာ သူဟ အခြား ခရစ်ယာန် ညီအကိုများနဲ့အတူ နင်လို့ဆေဟို လည်ပတ်ရန် အထူးပင် ငါ အားပေး တိုက်တွန်းခဲ့အယ်။ အားပေမဲ့ ဟေအချိန်နှိုက် သူသွားသင့်အယ်လို့ လုံးလုံး မယုံကြည်ဝူး။ အဲလိုမို့ သူအခွင့် သာသောအခါ သူလာလိမ့်မယ်။
တန်ခိုးတော်အားဖြင့် ငါ့ဟိုပေးသော ဘုရားသခင်ရဲ့ကျေးဇူးတော် အထူးလက်ဆောင်အားဖြင့် ငါဟ ဧဝံဂေလိတရားရဲ့ အစေခံဖြစ်ခဲ့အယ်။
သူပြောတဲ့ စကားဟို ကြားရတော့ သူလို့ဟ ဝမ်းသာကြယွေ့၊ သူ့အား ငွေပေးမယ်လို့ ကတိပြုကြအယ်။ အေးလို့မို့ ယုဒဟ ယေရှုဟို သူ့လို့ လက်ထဲဟိုအပ်ရန် အခွင့်ကောင်းဟို စတင် ဆှာလျက်နေအယ်။